1. ကျွန်တော့် အမျိုးသမီးက ၃ဝ ရက်ပတ်ပါ။
2. ကျွန်တော်တို့က (့) မြို့ကပါ။
3. ကျွန်တော် မိန်းမရပြီး နောက်တစ်နှစ် အကြာမှာ ၆ လခြား နှစ်ခါ အဆင့်မြင့် ဆေးရုံမှာ HIV test လုပ်ဖူးပါတယ်။
4. ကိုယ်ဝန်အပါတ် ၂ဝ ရောက်ရင် Ultrasound ရိုက်လို့ရပါပြီဆိုတာကို ဖတ်လိုက်ရပါတယ်။
Fri, Jul 6, 2012 at 11:43 AM
ကျွန်တော့် အမျိုးသမီးက ၃ဝ ရက်ပတ်ပါ။ ၂ဝ-၄-၂ဝ၁၂ ရက်နေ့က ၃ လခံ ထိုးဆေး ထိုးလိုက်ပါတယ်။ ၁၂-၇-၂ဝ၁၂ ရက်နေ့မှာ ပြန်လာထိုးဖို့ မှာလိုက်ပါတယ်။ ဒါပေမယ့် တားဆေးကဒ် ပြောင်းသောက်မှာပါ။ ဘယ်ရက်မှာ စသောက်ရမယ် ဆိုတာကို ဖြေကြားပေးပါခင်ဗျာ။ ရာသီရာတဲ့ ရက်ထိအောင် စောင့်ရမှာလား ဒါမှမဟုတ်။ ၁၂-၇-၂ဝ၁၂ ရက်နေ့မှာ စသောက်ရမှာလား။
၃ လ ပြည့်ရက်မှာ ဆေး-နည်းပြောင်းသောက်နိုင်ပါတယ်။ ရာသီကိုတွက်ရင် ရာသီသွေး စဆင်းတဲ့နေ့ကို ပဌမနေ့လို့ တွက်လေ့ရှိပါတယ်။ သီအိုရီ နဲ့ ဆေးသင်ခန်းစာအရ ပြောတာပါ။ လက်တွေ့မှာ ၁ ရက်လောက် လွဲတာတော့ အကြောင်း မဟုတ်ပါ။
Fri, Jul 6, 2012 at 10:41 AM
ကျွန်တော်တို့က (့) မြို့ကပါ။ ကျွန်တော့်ဇနီးက အသက် ၃ဝ ပြည့်တော့မှာပါ။ ကလေးမရလို့ ဆရာဝန်သွားပြတော့ သားအိမ်သွေးလျှံတယ်လို့ ပြောပါတယ်၊ ဆေးထိုးပေးလိုက်ပါတယ်။ သောက်ဆေးကတော့ Denocil 200 mg ကိုတစ်နေ့ တစ်လုံးနဲ့ Medformin Denk တစ်ခြမ်းကို တစ်နေ့ ၂ ကြိမ်သောက်ခိုင်းပါတယ်။ ဆေးခန်းပြပြီး နောက်ရက်မှာပဲ ဇနီးမှာ သွေးနဲနဲဆင်းသလိုဖြစ်ပါတယ်။ ရာသီလာမဲ့ရက်က ၁၃ ရက်လိုပါသေးတယ်။ အများကြီးလဲ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ပြန်သွားပြတော့ Primolute N ကို ဆက်သောက်ခိုင်းပါတယ်။ စိုးရိမ်စရာအခြေနေ ရှိ-မရှိ ရှင်းပြပေးစေလိုပါတယ်။ အဲဒီရောဂါက ပျောက်ကင်းနိုင်ပါသလားလို့လဲ သိချင်ပါတယ်။ ကလေးရောရနိုင်ပါသလား။
သားအိမ်သွေးလျှံတယ်ဆိုတာကိုတော့ အတိအကျ မသိပါ။ Denocil 200 mg ကိုလဲ မသိပါ။ ဆောရီး။ Medformin Denk ဆိုတာ Metformin Denk ဖြစ်ပါမယ်။ ဆီးချိုအတွက် ပေးတယ်။
Primolut and N Penorit အမျိုးသမီးသုံးဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/primolut-and-n-penorit.html ကိုပို့လိုက်ပါတယ်။
Date: 2012/7/2
ကျွန်တော် မိန်းမရပြီး နောက်တစ်နှစ် အကြာမှာ ၆ လခြား နှစ်ခါ အဆင့်မြင့် ဆေးရုံမှာ HIV test လုပ်ဖူးပါတယ်။ HIV မရှိဘူးလို့ဘဲ ပြောပါတယ်။ အခု ကလေး တစ်ယောက် မွေးပြီးပါပြီ။ မိန်းမရော ကလေးပါ ကျန်းမာပါတယ်။ HIV လည်း မရှိပါဘူး။ ဒါပေမဲ့ အခု ကျွန်တော် အမေရိကားမှာ ဆေးနှစ်ခါစစ်ပါတယ်။ ကျန်းမာရေးဌာန တစ်ခုတည်းက ဆရာဝန် နှစ်ယောက်နဲ့ တွေ့ရပါတယ်။ ပထမ တစ်ယောက်က ဆေးထပ်စစ်ရမယ်လို့ပြောတယ်။ နောက် တစ်ယောက်က အဲဒီ အဖြေကိုဘဲ ကြည့်ပြီးတော့ နောက်ထပ် လုံးဝဆေးစစ်စရာ မလိုတော့ဘူးတဲ့ အဖြေက ဒီလိုပါ -
HIV.1/2 plus O - EIA - Reactive by tcho
HIV 1 Western Blot - Nonreactive by tcho
HIV 1 RNA NAAT TEST - Nonreactive လို့ပြထားပါတယ်။ ကျွန်တော်လည်း နောက်တစ်ခေါက် ဆေးစစ်ကြည့်မှာကို ကြောက်နေတယ်။ မိန်းမရပြီးတာ ၂ နှစ် ကျော်ပါပြီး မိန်းမရပြီးနောက် အပျော်အပါး ဘာမှ မလုပ်ပါဘူး။ ဆေးစာရွတ် တစ်ချို့ကို ပို့ပေးလိုက်ပါတယ်။ ကျွန်တော် ဘာလုပ်သင့်လည်း အကြံပေးပါဆရာ။
အဖြေစာရွက်ထဲမှာ HIV ½ Plus O EIA Screen = Reactive လို့ ရေးထားပြီး HIV-1 Western Blot = Negative နဲ့ NAAT = negative လို့ ရေးထားတယ်။ ဒါကြောင့် အဖြေဖတ်တာဟာ False positive များပြီး အပေါင်းပြတာ ထင်တယ်လို့ မှတ်ချက် ပေးထားတယ်။
Nucleic Acid Amplification Testing (NAAT) စစ်ဆေးနည်းဟာ ပိုထိရောက်တယ်လို့ အမေရိကားမှာ မြို့နေလူဦးရေကို လေ့လာလို့ သိရတယ်။ HIV screening method ပိုးကူးစက်နေ-မနေကို လူအများစုထဲကနေ Screening Test ဆန်ကာတင် စစ်နည်းမှာ သုံးတယ်။ Genetic Amplification (NAAT) test လို့ခေါ်တယ်။ အရင်နည်းတွေ Standard HIV antibody tests ထက် ၆% ပိုပြီး ရှာဖွေ ဖေါ်ထုတ်လို့ ရတယ်။
ဒါဆိုရင် ကျွန်တော့်မှာ HIV ပိုး မရှိပေါ့နော်။ အရမ်း ဝမ်းသာသွားတာပါဘဲ။ နောက်တစ်ခုက ဆရာ့ ဘလောက်မှာ ဖတ် ဖူးပါတယ် ကူးစက်ခံရရင် ဖျားတာ နာတာ ရှိတယ်လို့ သိရပါတယ်။ ကျွန်တော် အခု ပိတ်ရက်မရှိ အလုပ် လုပ်တာ ဘာမှလည်း မဖြစ်ဘူး။ HIV ပိုး ကူးစက် ခံရသူဟာ ခန္ဓာကိုယ် ပိုပြီးဝလာတာမျိုး ရှိပါသလား။ ကျွန်တော် အခု အရင်ကထက် စိတ်ညစ်လို့လား မသိ နည်းနည်း ပိုဝလာပါတယ်။
လူဝလာတာက HIV နဲ့ ဆက်စပ်မှု မရှိနိုင်ပါ။ ဝလာသူတွေက အဆီ၊ မကောင်းတဲ့ (ကိုလက်စထော) ကို ဂရုစိုက်ရမယ်။
July 5, 2012 7:33 PM
ကိုယ်ဝန်အပါတ် ၂ဝ ရောက်ရင် Ultrasound ရိုက်လို့ရပါပြီဆိုတာကို ဖတ်လိုက်ရပါတယ်။ သမီးက အခု ကိုယ်ဝန် ၁၇ ပါတ်ထဲမှာပါ။ ဒါဆို နောက် ၃ ပါတ်လောက်နေရင် ရပြီပေါ့နော်။ ကလေးရဲ့ လိင်အဂါင်္ကိုရော သိနိုင်ပါပြီလား။ ဒီရင်သွေးလေး မွေးပြီးရင် ဘာတားဆေးမှ မသုံးချင်တော့ပါ။ ယောက်ျားလေးဘက်က သုက်ပြွန်ကို ထုံးပြီးတားလို့ရတယ်လို့တော့ ကြားဖူးပါတယ်။ အဲဒါက ဘာတွေ ဖြစ်နိုင်ပါလဲ။ ဘာဆိုးကျိုး ကောင်းကျိုးတွေ ရှိပါသလဲ ရှင်းပြပေးပါ။
Ultrasound ရိုက်ရင် ကလေးရဲ့ လိင်အင်္ဂါကို သိနိုင်ပါတယ်။ ဒါပေမဲ့ နေတဲ့တိုင်းပြည် ဥပဒေအရ ဆရာဝန်ကနေ ထုတ်ပြောလို့ ရတာနဲ့ မရတာ ကွာတယ်။ ဥပမာ တရုတ်၊ အိန္ဒိယမှာ မပြောရဘူး။ ယောက်ျားကို အကျောဖြတ်တာ တမျိုးတည်းကို ထုံးတယ် ဘာရယ်ခေါ်တယ်။ ရာသက်ပန်ကလေး မရစေတော့ပါ။ ပြန်ကြိုးစားရတာလဲ အင်မတန် ခက်ခဲတယ်။
သားသမီးခြာတာ ကောင်းပါတယ်။ နည်းတွေ အများကြီးရှိတယ်။ စားဆေး အမျိုးမျိုး၊ ထိုးဆေးအမျိုးမျိုး၊ သားအိမ်ထဲ ပစ္စည်းထည့်နည်း အမျိုးမျိုး၊ (ကွန်ဒွမ်) နည်း၊ အရေပြားအောက် ဆေးချောင်းထည့်၊ ဆေးကပ်ခွါ၊ ကြိုက်တာ ရွေးနိုင်ပါတယ်။ ကောင်းကျိုး ဆိုးပြစ် အကုန်လဲ မချွင်းမချန် ရေးထားပါတယ်။
Vasectomy ယောက်ျား သားကြောဖြတ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/vasectomy.html ကို ဖတ်ပါ။
ယမုန်နာဆေးခန်း - အမေးအဖြေ (၅၄) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




