1. ကျွန်တော့် မိန်းမဟာ သားအိမ် ခွဲထုတ်ဖို့ ရှိနေပါတယ်။
2. အိမ်ထောင်ဖက်နဲ့ အတူနေပြီးရင် သုတ်ရည်ပြန်ထွက်သွားပါတယ်။
3. ကျွန်တော်တို့ သူငယ်ချင်းတွေ မူးပြီး (့) ခေါ်ပြီး အိပ်ခဲ့တယ်။
4. ရုံးကဆေးစစ်ခိုင်းတော့ HIV positive ပြနေပါတယ်။
5. လိင်တူဆက်ဆံသူတစ်ယောက်ပါ။
Fri, Jul 13, 2012 at 11:49 PM
ကျွန်တော့် မိန်းမဟာ သားအိမ် ခွဲထုတ်ဖို့ ရှိနေပါတယ်။ ဒါပေမယ့် သူငယ်ချင်းမိတ်ဆွေတွေက ပြောကြပါတယ် သားအိမ် ထုတ်ပြီးတဲ့ အမျိုးသမီးကို အမျိုးသားက စိတ်ဝင်စားမှူနည်းသွားတယ်၊ အသစ်ရှာတယ်၊ အိမ်ထောင်ရေးသုခ မရှိတော့ဘူး ဆိုတာတွေ ပြောလာလို့ ကျွန်တော်တို့ လင်မယား စိတ်ကသိကအောက် ဖြစ်နေရပါတယ်။ အဲဒါကြောင့် သားအိမ် ထုတ်ပြီးတဲ့နောက် လင်မယားကိစ္စမှာ ဘယ်လို ရှိနိုင် မရှိနိုင် အရင်လို ဆက်ဆံရေးမှာ အဟန့်အတား ဖြစ်နိုင်မှုတွေကို ရှင်းပြပေးစေလိုပါတယ်။
စိုးရိမ်စရာ မလိုပါ။ သားအိမ်ကို ဘာအတွက် ခွဲထုတ်ရမလဲ။ သားအိမ်ကိုထုတ်ရင် ရောဂါအရ သားအိမ်တခုလုံး၊ မျိုးဥအိမ် ၂ ခုလုံး ထုတ်ဘို့ လို-မလို ရှိတယ်။ သားအိမ်တခုတည်းထုတ်ရင် မျိုးဥအိမ်တွေကျန်လို့ ဟော်မုန်းအပြောင်းအလဲ မရှိစေဘူး။ အမျိုးသမီးဘက်က လိင်စိတ် ပြောင်းစရာမရှိဘူး။ အမျိုးသမီးမှာ ဟော်မုန်းနည်းသွားအုံးတော့ ဟော်မုန်းအစားဖြည့်နည်း လုပ်လို့ ရသေးတယ်။ လူတိုင်းတော့ မဟုတ်ပါ။ သားအိမ်ထုတ်လိုက်ရတဲ့ ရောဂါကိုကြည့်ရတယ်။
သူ့အမျိုးသား ဘက်ကကြည့်ရင် ဘာတခုမှ အပြောင်းအလဲ ဖြစ်ရာမရှိပါ။
နှစ်ယောက်လုံးအတွက် ကိုယ်ဝန်မရတော့နိုင်တာကိုသိပြီး ကိုယ်ဝန်တားနည်းတခုမှ မလိုတော့တာမို့ စိတ်အေးစေနိုင်လို့ ဆက်ဆံလိုစိတ် ပိုလို့တောင်ရှိချင် ရှိနိုင်သေးတယ်။ ဥပမာ သားကြောဖြတ်ပြီး တိုးလာကြတာ ရှိတယ်။ နှစ်ယောက်လုံးက အဲဒီကျန်းမာရေးသုတအခြေခံကိုသိကြရင် အနုတ်ဖြစ်စရာ မရှိစေပါ။
Sat, Jul 14, 2012 at 6:46 AM
နားနဲ့မနာ ဖဝါးနဲ့နာပါဆရာ။ ကျမ အိမ်ထောင်ဖက်နဲ့ အတူနေပြီးရင် သုတ်ရည်ပြန်ထွက်သွားပါတယ်။ ကလေး မရတာ အဲဒါနဲ့ရော ဆိုင်လား။ ဆရာပြောဖူးတာတခုလည်း သတိရမိပါတယ် တီဘီဆေးကြောင့် ကလေးမရတာလားမေးတော့ ဆရာပြောတယ်လေ ကလေးမရလို့ တီဘီဆေးပေးရတာလို့။ ဒါပေမဲ့ သိချင်တာတခုရှိပါတယ်။ သာမန် မိန်းကလေးတယောက်နဲ့ တီဘီဆေး သောက်ထားတဲ့ မိန်းကလေးတယောက်က ကလေး ရနိုင်ခြေဘ ယ်သူက ပိုများနိုင်လဲ။ ဒါမှမဟုတ် ဘယ်သူက ပိုမြန်နိုင်မလဲ။ တီဘီဆေး သောက်ထားတဲ့လူက ကလေးရဖို့ ကြာနိုင်တယ် ဆိုရင်တောင် ဘယ်လိုကြောင့်ကြာတာလဲဆိုတာ သိချင်ပါတယ်။ ဆေးခန်းသွားရတာ အဆင်မပြေဘူးဆရာ။ သူများ နိုင်ငံဆိုတော့ အားမရဘူး။ ဝေးလည်းဝေးပါတယ်။ မျိုးဥကြွေဆေးကို ဆရာဝန်မညွန်ကြားပဲ သောက်ကြည့်ချင်ပါတယ်။ သောက်လို့ ရ-မရ ဖြေပေးပါနော်။ သောက်လို့ ရမယ်ဆိုရင်လည်း ဘယ်လိုအချိန်မှာ သောက်ရမယ်ဆိုတာ ဖြေကြားပေးပါ။
ဆရာရေးတာတွေ ဖတ်ဖြစ်မယ်ထင်ပါတယ်။ ရှာမရရင်ပြောပါ။
1. Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adultblogspotin/2012/03/infertility-1html
2. Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adultblogspotin/2012/04/infertility-2html
3. Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း http://dts-medicaleducation-adultblogspotin/2012/04/fallopian-tube-procedures-forhtml
4. Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adultblogspotin/2012/05/infertility-and-tbhtml
5. Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adultblogspotin/2012/03/tb-and-infertilityhtml
6. Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁) http://dts-medicaleducation-adultblogspotin/2012/03/infertility-treatmentshtml
7. Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂) http://dts-medicaleducation-adultblogspotin/2012/05/infertility-treatments-2html
8. Clomiphene Citrate ကလေးမရနိုင်သူများအတွက်ဆေး http://dts-medicaleducation-adultblogspotin/2012/05/clomiphene-citratehtml
9. Semen Leakage (1) သုက်ရည်ထွက်ကျခြင်း (၁) http://dts-medicaleducation-adultblogspotin/2012/03/semen-leakagehtml
10. Semen Leakage (2) သုက်ရည်ထွက်ကျခြင်း (၂) http://dts-medicaleducation-adultblogspotin/2012/04/why-semen-comes-out-of-vaginahtml
မျိုးဥထွက်ဆေးကို သောက်လို့ရပါတယ်။ စာကိုသေခြာဖတ်ပါ။ မရှင်းသေးရင် မေးပါ။ ရာသီတလရဲ့ အစောပိုင်းရက်တွေမှာ (သွေးဆင်းပြီးပြီးချင်း) ၅ ရက်ဆက်တိုက် သောက်ပါ။ 50 mg tablet တလုံးကို နေ့တိုင်း ၅ ရက်သောက်ပါ။ ၃ လတိတိ အဲဒီအတိုင်းသောက်ပါ။ ကြားထဲ ကိုယ်ဝန် ရသွားနိုင်တယ်။ ရရင်မလိုတော့ဘူး။ မျိုးဥမထွက်သေးရင် (ကိုယ်ဝန်မရသေးရင်) 100 mgs ကို အဲလိုရက်တွေမှာဘဲ နေ့တိုင်း ၅ ရက်ဆက်သောက်ပါ။ စုစုပေါင်း ၆ လနေလို့မှ ကိုယ်ဝန်မတည်ရင်တော့ ဒီနည်းနဲ့ မရနိုင်ဘူးလို့ ပြောနိုင်ပြီ။ တီဘီကို ဆေးပတ်လည်အောင်သောက်ရင် ပျောက်တာဘဲ။ ဆေးဖြတ်ပြီးနောက် ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးတွေလဲ ကြာလေပျောက်လေ ပျောက်တယ်။ မစိုးရိမ်ပါနဲ့။
Sun, Jul 15, 2012 at 11:32 AM
ကျွန်တော်တို့ သူငယ်ချင်းတွေ မူးပြီး (့) ခေါ်ပြီး အိပ်ခဲ့တယ်။ မူးနေတော့ စစချင်းအကာအကွယ် မသုံးဘဲ အစပြုမိခဲ့ကြတယ်။ (့) ရက်ကပါ။ (့) ရက်မှာ HIV1/2 antibody direction test စစ်ခဲ့တယ်။ (့) နဲ့ (့) မှာ HIV DUO ULTRA စစ်ခဲ့တယ်။ အဖြေက negative ပဲ။ (့) မှာ ဆရာဝန်က AMPICLOX ရယ် Famotack (famotidine USP 20 mg) ရယ် TRIZYN ရယ် cebit ရယ်တိုက်တယ်။ ရင်ဘက်နဲ့ နောက်ကျောက ယားတယ်။ ဒါ့အပြင် penis အရင်းမှာ အဖုသေးသေးလေးတွေတွေ့တယ်။ ယားတာက ရာသီအပြောင်းအလဲမို့တဲ့။ အဖုက လူတိုင်းရှိတယ်တဲ့။ အဖုကစိတ်လာရင် သိသာတယ် မာမာလေး။ (့) မှာ ပြန်ယားတယ်. စိတ်ကရောဂါရှိတယ်ထင်ရင် ပိုယားတယ်။ လက်မှာ အနီစက် လေးဖု နောက်ကျောမှာ အဖုအနီ ငါးဖုလောက်ထွက်တယ်။ ဆရာဝန်က ဆေးအတူတူပဲ ပေးတယ်။ ယားတာက မိုးရာသီမို့ မှိုကြောင့်တဲ့။ ယားတာတော့ ပျောက်ပြီ။ ဆေးကို (၇) ရက်စာပေးတယ်။ Penis က အဖုက ရှိတုံးဘဲ။ ဆေးထပ်စစ်ရမှာလား။ ရောဂါရှိနိုင်လား။ လက်မောင်းရယ် ရင်ဘက်မှာ အဖြူကွက်လေးတွေ ရှိလာတယ်။ လူတော်တော် များများမှာ တွေ့တယ်။ ပေါင်ခြံမှာကော။ (့) နောက်ပိုင်း sex မလုပ်တော့ဘူး။
စာကို ၃-၄ ခေါက်ပြန်ဖတ်ပါတယ်။ နေ့စွဲတွေစစ်နေရလို့။ သဘောပေါက်တာက ဖြစ်ပျက်ခဲ့တာက ဆေးစစ်တာရဲ့ နောက်မှာ မဟုတ်လား။ ဆရာဝန်ဆေးပေးတာတွေကလဲ အဲဒီအရင်က ဖြစ်နေတာတွေအတွက် မဟုတ်လား။ ဆရာဝန် ပေးတာတွေက ဗကိတီးရီးယားနဲ့ ယားတာအတွက်ဖြစ်တယ်။ STD ခေါ် လိင်ကတဆင့်ကူးစက်ရောဂါအတွက် မဟုတ်လောက်ပါ။ HIV သံသယရှိရင် ဖြစ်ပျက်တဲ့နေ့ နောက် ၃-၆ လမှာစစ်ပါ။ ၆ လကတော့ရှိ-မရှိ သေခြာသိမယ်။ အင်္ဂါအရင်းနေရာက အဖုလေးတွေဆိုတာကို အာရုံထားမိတယ်။ HIV တော့မဟုတ်ပါ။ STD လဲဖြစ်နိုင်တယ်။ ဆရာ ရေးထားတာထဲက ဆင်တူအဖြစ်ဆုံးဆေးနည်းကိုလုပ်ပါ။ ဆေးလဲမရှား၊ ကြာကြာလဲကုစရာမလိုပါ။ ကောင်းမှပါ။ ကျန်းမာရေးအတွက် သတိရှိတာကောင်းတယ်။ တခါဖြစ်ဘူးလို့ ဆင်ခြင်နိုင်သူဟာ လူတော်ဖြစ်တယ်။ ကျန်းမာသူဖြစ်မယ်။
- Lesions on penis (1) ကျားအင်္ဂါ အနာများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/lesions-on-penis_31.html
- Lesions on penis (2) ကျားအင်္ဂါ အနာများ (၂) http://dts-medicaleducation-adult.blogspot.in/2012/03/lesions-on-penis.html
Sun, Jul 15, 2012 at 1:04 PM
သမီး အမျိုးသား အသက်က ၃ဝ ပါ၊ သူက (့) မှာနေပါတယ်။ သမီးက (့) မှာ အလုပ်လုပ်နေပါတယ်။ အမျိုးသားက အလုပ်ရလို့ (့) ကို လိုက်လာပါတယ်။ ထုံးစံအတိုင်း ရုံးကဆေးစစ်ခိုင်းတော့ HIV positive ပြနေပါတယ်။ အဲဒါ ရှေ့ဘယ်ကစပြီး ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး။ တခြားဆေးခန်းတခုမှာလည်း ဆေးထပ်စစ် ထားပါတယ်။ သူနဲ့ အိမ်ထောင်ကျတာ (့) မှာပါ။ အိမ်ထောင်ကျပြီးနောက်ပိုင်း သမီးဆေးစစ်တော့ အားလုံး pass ဖြစ်ပါတယ်။ အဲနောက်ပိုင်း ရန်ကုန်မှာ သူနဲ့ ၃ ပတ်နေဖြစ်ပါတယ်။ ပြီးတော့ (့) သူဒီလိုက်လာပြီး ဒီနေ့ထိ ၂ ခါ နေဖြစ်ထားပါတယ်။ HIV ဖြစ်နေမှန်း သိပြီးနောက်ပိုင်း မဆက်ဆံတော့ပါဘူး။ သမီးအနေနဲ့ ရန်ကုန်မှာ ဆေးထပ်စစ်မယ်လို့ စိတ်ကူးထားပါတယ်။ (့) မှာက HIV ဖြစ်နေမှန်းသိရင် ချက်ချင်း ပြန်လွတ်မှာပါ။ သူတို့နိုင်ငံက လက်မခံပါဘူး။ ဗုဒ္ဓဘုရား အဆုံးမအတိုင်း အကြောင်းတရားကြောင့် အကျိုးတရားရှိနေတဲ့ သဘောကို ဆင်ခြင်ပြီး စိတ်ဓါတ်တော့ မကျပါဘူးဆရာ။
၁။ သမီးအမျိုးသား ရန်ကုန်ရောက်ရင် ဘယ်က စပြီး HIV အတွက် ဘယ်သူ့ကို ဆက်သွယ်ပြီး ဘယ်လို ဆေးဝါး စောင့်ရှောက်မှု ခံယူရမယ်ဆိုတာသိပါရစေဆရာ။
၂။ သမီးမှာပါ positive ပြနေရင် ကိုယ့်ကျန်းမာရေးအတွက် ချက်ချင်း ရန်ကုန်ပြန်ပြီး ဆေးဝါးစောင့်ရှောက်မှု ခံယူသင့်သလား။ (့) မှာက လစာလေးကောင်းတော့ အလုပ်ဆက်လုပ်ချင်သေးတယ်။ ရှေ့လျှောက် နေမကောင်းရင် ငွေလိုမှာမို့ပါ။ နောက်တချက်က (့) မှာ ငွေနောက်လိုက်ပြီး အလုပ်ဆက်လုပ်နေရင် HIV ဝေဒနာသည်အတွက် နိုင်ငံခြားသား အလုပ်သမားကို စောင့်ရှောက်မှုဆိုတာ မရှိတော့ သမီး ကျန်းမာရေးအတွက် အမြန်ဆုံး ရန်ကုန်ကိုပဲ ပြန်သင့်သလားဆရာ။ (့) မှာ ဆရာ့မိတ်ဆွေ မြန်မာထဲက HIV consulting service ပေးတဲ့ သူများရှိရင် သိပါရစေဆရာ။ ဒါမေမယ့် သမီးအလုပ်ကို မထိခိုက်စေချင်တဲ့ လူမှဖြစ်မှာဆရာ။
စိတ်မပျက်တတ်တာအတွက် ချီးကျူးပါတယ်။ အနာဂတ်အတွက် အားရှိစေတယ်။ ဘာသာတရား အဆုံးအမကလဲ စောင့်ရှောက်ပါလိမ့်မယ်။ HIV ရှိသူနဲ့အတူနေရင် (ကွန်ဒွမ်) အမြဲ စနစ်တကျသုံးပါ။ ဆရာ့တပည့်မလေးတယောက် အဲလို အိမ်ထောင်ပြုမိတာ ခုထိ မိန်းကလေးမှာ ပိုးမရှိသေးဘူး။ အိမ်ထောင်ပြုတာတောင် နှစ်တွေ အတော်ကြာနေပြီ။ ဆေးစစ်တာ ၆ လတခါလုပ်သင့်တယ်။ ပိုးတွေ့တိုင်း ဆေးကုဘို့ မလိုသေးပါ။ ခုနောက်ပိုင်း ကိုယ်တိုင်အိမ်မှာတင် နမူတာယူပြီး ဓါတ်ခွဲခမ်းပို့နည်းကို အတော်သုံးလာနေကြတယ်။
ဆရာရေးထားတာတွေ မနည်းပါ။ အချိန်ယူပြီး အေးအေးဆေးဆေးဖတ်ပါ။ လိုက်နာပါ။ ကိုယ်လိုလူတွေ သန်းပေါင်း မနည်းမနော ရှိတယ်။ မြန်မာပြည်ထဲမှာ ဆရာ သိပ်မသိပါ။ မေးတဲ့သူပြောတဲ့နေရာမှာလဲ မသိလှပါ။ မြန်မာပြည်မှာ HIV အတွက် ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်နဲ့ လိပ်စာတွေဆိုပြီး တင်ထားတာ ရှိပါတယ်။ လူနာရဲ့ လုံခြုံမှုကို နည်းလည်ကြသူ များပါတယ်။
1. HIV - How to live with a positive person အတူနေမယ် မကူးစေရ http://dts-medicaleducation-adult.blogspot.in/2012/05/hiv-how-to-live-with-positive-person.html
2. HIV Acute infection ချက်ချင်းဖြစ်လာသော HIV ကူးစက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/acute-hiv-infection-hiv.html
3. HIV and AIDS drugs (1) ခုခံအားကျရောဂါ ဆေးတွေ (၁) http://dts-medicaleducation.blogspot.com/2012/01/hiv-and-aids-drug-treatment.html
4. HIV and AIDS drugs (2) ခုခံအားကျရောဂါ ဆေးတွေ (၂) http://dts-medicaleducation.blogspot.com/2012/01/hiv-medicines-art.html
5. HIV - How to live with a positive person အတူနေမယ် မကူးစေရ http://dts-medicaleducation-adult.blogspot.in/2012/05/hiv-how-to-live-with-positive-person.html
6. HIV and AIDS ခုခံစွမ်းအားကျ ဗိုင်းရပ်စ် နဲ့ ရောဂါ http://dts-medicaleducation.blogspot.com/2008/10/human-immunodeficiency-virus-hiv-and_27.html
7. HIV and CD4 စီ-ဒီ-ဖိုး http://dts-medicaleducation-adult.blogspot.in/2012/05/hiv-and-cd4-and-viral-load.html
8. HIV and Oral Sex ပါးစပ်သုံးပြီး လိင်ဆက်ဆံတာနဲ့ (အိတ်ခ်ျအိုင်ဗွီ) http://dts-medicaleducation-adult.blogspot.in/2012/03/hiv-and-oral-sex.html
9. HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ http://dts-medicaleducation-adult.blogspot.in/2012/03/hiv-faq.html
10. HIV latest news သတင်းများ http://dts-medicaleducation-adult.blogspot.in/2012/05/hiv-latest-news.html
11. HIV medicines Side effects (1) ART ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများ http://dts-medicaleducation.blogspot.com/2012/01/hiv-medicines-side-effects-1-art.html
12. HIV medicines Side effects (2) ART ဆေး ဘေးထွက်-ဆိုးကျိုးတွေ နည်းအောင်နေခြင်း http://dts-medicaleducation.blogspot.com/2012/01/hiv-medicines-side-effects-2-art.html
13. HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ http://dts-medicaleducation.blogspot.com/2011/11/hiv-opportunistic-infections.html
14. HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/hiv-sexual-transmission-hiv.html
15. HIV Summary (အိတ်ခ်ျအိုင်ဗွီ) အတိုချုပ် http://dts-medicaleducation.blogspot.com/2011/11/hiv-summary.html
16. HIV testing kits စစ်ဆေးနည်း သတိပေးချက် http://dts-medicaleducation.blogspot.com/2011/11/warning-over-hiv-home-test-kits.html
17. HIV Tests (1) စမ်းသပ်နည်းများ http://dts-medicaleducation.blogspot.com/2011/11/hiv-tests_27.html
18. HIV Tests (2) အမေး-အဖြေ http://dts-medicaleducation.blogspot.com/2011/11/hiv-tests.html
19. HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ http://dts-medicaleducation.blogspot.com/2011/03/hiv-tests.html
20. HIV vaccine reduces infection အားတက်ဖွယ် HIV ကာကွယ်ဆေး သုတေသနအဖြေတခု http://dts-medicaleducation.blogspot.com/2009/09/24-9-09-hiv-vaccine-reduces-infection.html
21. HIV victims in Myanmar မြန်မာ့ HIV-AIDS တိုက်ဖျက်ရေး၏ သားကောင်များ http://dts-medicaleducation.blogspot.com/2011/12/victims-of-myanmars-hivaids-struggle.html
22. HIV ကာကွယ်ဆေး မျောက်တွေကို စမ်းသပ်နေပြီ http://dts-medicaleducation.blogspot.com/2012/01/hiv.html
23. HIV အတွက် တနေ့တခါ သောက်ရမဲ့ ဆေးသစ် http://dts-medicaleducation-adult.blogspot.in/2012/05/hiv.html
24. HIV ဆေးသစ် Edurant ကို FDA က အသိအမှတ်ပြုလိုက်ပြီ http://dts-medicaleducation.blogspot.com/2011/05/hiv-edurant-fda.html
25. HIV/AIDS Myths and Facts (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) အထင်မှား နဲ့ အမှန်တရား http://dts-medicaleducation.blogspot.in/2012/04/hivaids-myths-and-facts.html
26. HIV/AIDS နဲ့ပတ်သက်ပြီး စုံစမ်းနိုင်သော လိပ်စာများနှင့် ဖုန်းနံပါတ်များ http://dts-medicaleducation.blogspot.com/2011/12/hivaids.html
Sat, Jul 14, 2012 at 9:41 PM
ဆ၇ာ ကျနော့်နာမည် (့) လို့ခေါ်ပါတယ်။ ကျနော်က လိင်တူဆက်ဆံသူတစ်ယောက်ပါ။ တစ်ခါတစ်လေလည်း အဖော်မပါဘဲ ဆက်ဆံမိပါတယ်။ အဲ့ဒါခု တစ်လအတွင်း ကျနော်နဲ့ဆက်ဆံမိသူ ၃ ယောက်က ဆီးပူ၊ ဆီးသွားရင်နာနေပြီး၊ ဂနို လိုလို ဖြစ်နေပါတယ်။ ကျနော်ကတော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ကျနော်စိုးရိမ်နေပါတယ်။ ကျနော် ဘာဆက်လုပ်ရမလည်း မသိလို့ပါ။ ဆေးသောက်ရမလား။ ကျနော်ကို ရောပါ ဘာမှမပြပေမဲ့ ဘာလုပ်သင့်လည်းလို့ပါ။ ကျနော်နဲ့ ဆက်ဆံမိသူတွေက ဖြစ်တာဆိုတော့ ကျနော် ဘယ်လိုလုပ်ရမလည်း အကြံပေးပါဦး။
Gonorrhea ဂနိုရောဂါ ကို ပို့လိုက်ပါတယ်။
ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၅၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




