4
Sep

အမေးအဖြေ (၅၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. Abortion လုပ်ဖြစ်ပါတယ်။
2. Endometrosis ရောဂါရှိပါတယ်။
3. လက်မောင်းမှာ အပ်ထည့်တာ ပေါ်နေတယ်ဆိုတာတော့ သိထားတယ်။
4. ကိုယ်ဝန် ၅ လ ကျော် ၆ လအတွင်းမှာ ဆံပင်ဖြောင့်/ကောက်လို့ ရ/မရလဲ
5. လင်ယောက်ျားရဲ့ အလိုကိုပဲ လိုက်ပြီး
6. အဲဒါ အခုအချိန်အထိ မလာသေးဘူးဖြစ်နေတယ်။
7. ယောက်ျားလေးတစ်ယောက်ရဲ့အားတွေ ပြန်ဖြစ်တယ်။
8. မူးနေတော့ စစချင်းအကာအကွယ် မသုံးဘဲ အစပြုမိခဲ့တယ်။

Sun, Aug 26, 2012 at 5:51 PM
သူက ၁ဝ-၈-၂ဝ၁၂ က Abortion လုပ်ဖြစ်ပါတယ်။ ပြီးတော့ ၅ ရက်အတွင်းမှာ သွေးဆင်းတာများတယ်။ နောက် ၅ ရက်လောက်မှာ ဆင်းတယ်ဆိုရုံနည်းသွားပြီး ၂ ပတ်လောက်မှာပြန်များလာပါတယ်။ အခုထိ ရပ်မသွားသေးပါဘူး။ သွေးပေါင်ကျလို့ ခေါင်းမူးပြီး အားနည်နေပါတယ်။ အဲဒါ ဘာ့ကြောင့်ပါလဲ။ ဘယ်လို လုပ်သင့်တယ်ဆိုတာ ပြောပြပေးပါဉီး။

သွေးဆင်းရင် သွေးအားနည်းမယ်။ ခေါင်းမူးမယ်။ ဖြူဖတ်ဖြူရော်ဖြစ်မယ်။ ခြေလက်အေးစက်မယ်။ များများဆင်းရင် များများဖြစ်မယ်။ များပေမဲ့ ဖြေးဖြေးချင်းဆင်းရင် လူကခံနိုင်တယ်။ ရုတ်တရက်ဆင်းရင် သွေးဖိအား ကျမယ်။ အခံရခက်မယ်။ သွေးဆင်းတာကို သွေးပေးကုရတယ်။ သောက်ဆေးက အချိန်ယူတယ်။ အဆင်းများသူကို သွေးသွင်းရတယ်။ ကိုယ်ဝန်ပျက်တာ-ဖျက်တာအတွက် သွေးသွင်းရတာ ရှားပါတယ်။  နားရ မယ်။ သွေး အားကောင်းဆေး သံဓါတ်ဆေး ကြာကြာသောက်ရမယ်။ သွေးအားကောင်း သံဓါတ်ကြွယ်အစားအသောက်လိုတယ်။

• Anemia (အနီးမီးယား) ခေါ် ဒုက္ခသည်ရောဂါတမျိုး http://dts-medicaleducation.blogspot.com/2009/07/anemia.html
• Anemia and Blood pressure သွေးအားနည်းတာနဲ့ သွေးဖိအားနည်းတာ http://dts-medicaleducation.blogspot.com/2011/01/anemia-and-blood-pressure.html

Sun, Aug 26, 2012 at 3:45 PM
ကျွန်တော့် အမျိုးသမီးက အသက် ၂၉ နှစ်ပါ အိမ်ထောင်ပြုတာ ၁ နှစ် ရှိပါပြီ။ ကိုယ်ဝန်မရလို့ ဆရာဝန်သွားပြတော့ Endometrosis ရောဂါရှိပါတယ်။ အဲ့ဒါနဲ့ ဆရာဝန်က Danogen ကို တစ်နေ့တစ်လုံး သောက်ခိုင်း ပါတယ်။ အဲ့ဆေးကို သောက်တာ ခုဒီလ ကုန်ရင် ၃ လ ပြည့်ပါတော့မယ်။ ပထမ နှစ်လတုန်းက ရာသီပုံမှန်ပေါ်ပါတယ်။ ခါတိုင်းထက်တော့ နဲသွားပါတယ်။ ဗိုက်လဲ မနာတော့ပါဘူး။ ခု ၃ ကဒ် မြောက် ဆေးကုန်တော့ မှာပါ။ ရာသီမလာသေးပါဘူး။ ရာသီလာမဲ့ရက်က ၁ ပါတ်ကျော်နေပါပြီ။ အဲ့ဆေးတွေ သောက်နေလို့ ရာသီမလာတာလား ဆိုတာရယ်၊ အဲ့ဆေးသောက်နေရင်းနဲ့ ကိုယ်ဝန်ရနိုင်ပါသလားဆိုတာကိုပါ ကိုယ်ဝန်ကြောင့် ဆို ဘယ်ရက်လောက်ဆိုရင် ဆီးစစ်လို့ သိနိုင်ပါသလဲ။

ဒီဆေးဟာ danazol ဖြစ်တယ်။ endometriosis အတွက်ပေးတယ်။ Androgens & Related Synthetic Drugs ဆေးအုပ်စုဝင်ဖြစ်တယ်။ ဘေးထွက်-ဆိုးကျိုးတွေတော့ ရှိတာပေါ့။ ဒီဆေးကြောင့် ကိုယ်ဝန်မရစေပါ။ ဒါပေမဲ့ ပင်မရောဂါ သက်သာမှသာ ကိုယ်ဝန်ရမယ်။ ရော၈ါအကြောင်း စာ ၂ ပုဒ် ပို့လိုက်ပါတယ်။
Endometriosis (2) သားအိမ်ရောဂါ (၂) http://dts-medicaleducation-adult.blogspot.in/2012/08/endometriosis-2.html
Endometriosis (1) သားအိမ်ရောဂါ (၁) http://dts-medicaleducation-adult.blogspot.in/2012/08/endometriosis-1.html

Mon, Aug 27, 2012 at 6:36 PM ကောင်မလေးနဲ့ ကျွန်တော် လက်ထပ်တော့မှာပါ။ လက်ထပ်ပြီးရင် ရင်သွေးယူဖို့ အစီအစဉ် မရှိသေးပါဘူး။ အဲ့ဒါသူက ဘာဆေးထိုးဆေးစားမှ မလုပ်ချင်ပဲနဲ့ ကျွန်တော်ကို အဖော်သုံးဖို့ပဲ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်က မသုံးချင်ဘူး။ အိမ်ထောင်ကျပြီးသွားရင် အမြဲတမ်း အဖော်သုံးဖို့က အဆင်မပြေဘူး။ ဆေးထိုးဆေးစားရင် ဝလာတာတို့ ခါးတွေ တုတ်လာတာတို့ မတည့်ရင် အသားတွေခြောက်ပြီးမဲ သွားတတ်တာကို သူကသိထားတော့ ကြောက်နေတယ်။ အဲ့ဒါကြောင့် လက်မောင်းမှာ အပ်ထည့်တာ ပေါ်နေတယ်ဆိုတာတော့ သိထားတယ်။ ဒါပေမယ့် သေသေချာချာ မသိဘူး။ ပြီးတော့ ဘယ်လို ဆိုဒ်အဖက်စ် ရှိတယ်ဆိုတာလေးပါထည့်ပြီး ပြန်ကြားပေးစေလိုပါတယ်။ အဲ့တော့မှသူ့ကိုပြန်ပြောပြပြီး သူကြောက်စိတ် မရှိတော့အောင်ပေါ့ဆရာ။

ရေးပြီးသားတွေ ရှိပါတယ်။ ရှာမရရင် ဖတ်ချင်တဲ့ခေါင်းစဉ်ပြောပါ။
Birth Control Methods How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-how-decide.html
Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-pill-types.html
Birth Control Pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု http://dts-medicaleducation-adult.blogspot.in/2012/05/birth-control-pills-faqs.html
Condom Standards စိတ်ချရတဲ့ (ကွန်ဒွမ်) ဆိုတာ http://dts-medicaleducation-adult.blogspot.in/2012/04/condom-standards.html
Condoms Safety and Effectiveness (ကွန်ဒွမ်) ရဲ့ ထိရောက်မှု နဲ့ စိတ်ချရမှု http://dts-medicaleducation-adult.blogspot.in/2012/04/condoms-safety-and-effectiveness.html
Contraception and Fertility တားဆေး-တားနည်း ဖြတ်ပြီးသည့်နောက် http://dts-medicaleducation-adult.blogspot.in/2012/03/contraception-and-fertility.html
Contraception and Non-medical view ကိုယ်ဝန် တားနည်းတွေဟာ အပြစ်လွတ်ပါသလား http://dts-medicaleducation-adult.blogspot.in/2012/03/contraception-and-nonmedical-view.html
Contraceptive implant (1) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/contraceptive-implant-1.html
Contraceptive implant (2) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/contraceptive-implant-2.html
Contraceptive Injections ကိုယ်ဝန်တား ထိုးဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/contraceptive-injections.html
Contraceptive patch အရေပြား ကပ်ထားရတဲ့ တားဆေးကပ်ခွါ http://dts-medicaleducation-adult.blogspot.in/2012/07/contraceptive-patch.html
Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး http://dts-medicaleducation-adult.blogspot.in/2012/04/contraceptive-pills.html
Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/contraceptives-and-breastfeeding.html
Contraceptives for women with STI/HIV လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ HIV ရှိ အမျိုးသမီးတွေအတွက် ကိုယ်ဝန်တားနည်းများ http://dts-medicaleducation-adult.blogspot.in/2012/06/contraceptives-for-women-with-stihiv.html

Tue, Aug 28, 2012 at 12:18 PM
ကိုယ်ဝန်ဆောင်ကာလမှာ လက်ဘက်ရည် (ဥပမာ Sunday teamix) သောက်လို့ ရ/မရ သိချင်လို့ပါ။ ပြီးတော့ ကိုယ်ဝန် ၅ လ ကျော် ၆ လအတွင်းမှာ ဆံပင်ဖြောင့်/ကောက်လို့ ရ/မရလဲ ဆွေးနွေးပေးပါဦး။

အားလုံး လုပ်လို့ရမှာပါ။

Tue, Aug 28, 2012 at 3:30 PM
အမျိုးသမီးတွေဟာ ဘယ်အရွယ်လောက်ဟာ လိင်ဆက်ဆံလိုတဲ့စိတ် အပြင်းထန်ဆုံး ဖြစ်နိုင်ပါသလဲ။ နောက်ပြီး သွေးဆုံးသွားရင်ကော လိင်စိတ်နည်းသွားတတ်သလား။ ဒါမှမဟုတ် လုံးဝမရှိတတ်ပဲ လင်ယောက်ျားရဲ့ အလိုကိုပဲ လိုက်ပြီး ဆောင်ရွက်သွားတတ်ကြပါသလား။ ဆရာ့ ဆိုဒ်ထဲမှာရှိတယ်ဆိုရင်လည်း ညွန်ပေးပါဦး။

ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လိင်စိတ်ဆိုတာ အကြောင်းခံတွေနဲ့ အကြောင်းတိုက်ဆိုင်မှုတွေအပေါ်မှာ မူတည်ပါတယ်။

အကြောင်းခံဆိုတာ လိင်ဟော်မုန်းတွေကနေ ငုပ်နေတဲ့အစွမ်းဆိုတာ လူပျို၊ အပျိုဖြစ်ချိန်ကစပြီး ရှိလာတယ်။ တိုးတက်လာတယ်။ သွေးဆုံးချိန်မှာ အမျိုးသမီးတွေက သိသိသာသာ နည်းသွားကြတယ်။ အမှန်ဆိုရင် လူပျို၊ အပျို တကယ်ဖြစ်ချိန်မရောက်မီကတည်းက နည်းနည်းစီရှိနေကြတာပါ။ သွေးဆုံးပြီး အမျိုးသမီးတွေမှာ ရုပ်ပိုင်းအရ (ဗဂျိုင်းနား) ခြောက်တာနဲ့ ပါတာဖြစ်ရှိတယ်။ ဒါကို ဟော်မုန်းဆေးနဲ့ ပြင်ပေးနိုင်တယ်။ စိတ်ပိုင်းအရတော့ မတူကြဘူး။

အကြောင်းတိုက်ဆိုင်မှုတွေကတော့ စိတ်၊ နုတ်၊ ရုပ် ကံသုံးပါးနဲ့ သူများကဖြစ်ဖြစ် ကိုယ်တိုင်ဖြစ်ဖြစ် ဆွဲဆောင်တာရှိရင် နိုးထလာမယ်။

Tue, Aug 28, 2012 at 9:26 PM
ကျွန်တော်နဲ့ ကျွန်တော့ ကောင်မလေးနဲ့ အတူတူနေမိတာ ဆေးကလည်း မသောက်မိဘူး။ ကျွန်တော်ကလည်း အစွပ်မစွပ်မိဘူး။ အဲဒါ အခုသူရာသီမလာဘူး ဖြစ်နေတယ်။ ၈ လပိုင်း၂ ရက်နေ့က အတူတူနေခဲ့တာ။ အဲဒါအခုအချိန်အထိ မလာသေးဘူးဖြစ်နေတယ်။ သူနဲ့ကျွန်တော်နဲ့က အခုအချိန်မှာ လက်ထပ်လို့ကလည်း မရသေးဘူးဖြစ်နေလို့ပါ။ အဲဒါ အခုသူရာသီမလာသေးတာကလည်း တစ်လကျော်သွားပြီဆိုတော့ ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ။ သူလည်း အရမ်းစိုးရိမ်နေပါတယ်။ ကလေးရလို့ ဘယ်လိုမှ မဖြစ်လို့ပါဆရာ။

ဒီမေးခွန်းမျိုးလာတိုင်းဖြေသလိုဘဲ ထပ်ဖြေရမှာဘဲ။ ဆရာက ဖျက်မပေးပါ။ ဖျက်နည်းမပေးပါ။ ဆေးစာမှာတော့ စုံအောင်ရေးပါတယ်။ ကြိုက်တာရှာဖတ်ပါ။
http://dts-medicaleducation-adult.blogspot.in/

Fri, Aug 31, 2012 at 6:09 AM
ကျွန်တော် ညဘက်မကြာခဏ သုတ်ထွက်တတ်ပါတယ်။ အခုဆေးဝန်းထမ်းတစ်ယောက်က အဲ့အားဆေးကို ညွန်းပါတယ်။ ယောက်ျားလေး တစ်ယောက်ရဲ့အားတွေ ပြန်ဖြစ်တယ်။ နောက်ဒူးချောင်တာတို့ မျက်စိမှေးနေ တာတို့ ကောင်းတယ် ပြောတယ်။ အခု ၁ဝ ရက်စာ သောက်ပြီးပြီး။ သိပ်တော့မထူးဘူး။ ဈေးကအရမ်းကြီးတော့ ရေရှည်သောက်ရင် အကျိုးတကယ်ဖြစ်နိုင်ပါ့မလား။ အဲ့ဆေးက ဘာအတွက်ကောင်း တာလဲ။ ဘာဆေးလဲ။ နောက်တကယ်တန်ဖိုးရှိတဲ့ အားဆေးတစ်ခုလား သိချင်ပါတယ်။ ဆေးနာမည်က Verona (promotes men's health)
Composition
tribulus terrestris (Fruit) 2000.0mg
desmodium gangeticum (stem) 750.0mg
Asparagus racemosus (Root) 62.5mg
Hygrophila auriculata (seed) 50.0mg
Argyreia speciosa (seed) 37.5mg
Myristica fragrance (fruit) 25.0mg
Asparagus adscendens (Root) 25.0mg
Orchis latifolia (tuber) 25.0mg
other ingredients: maize starch, Di-Calcium phosphate, Microcrystalline cellulose, Citic acid, Sodium benzoate, Potassium sorbate and Di water.
တစ်နေ့ မနက်တစ်လုံးညတစ်လုံး သောက်ခိုင်းပါတယ်။

Verona Tablet ဆေးဟာ (ဟာဗယ်) ခေါ်တဲ့ တိုင်းရင်းဆေးအမျိုးအစားဖြစ်တယ်။ ဆရာတို့သင်ရတဲ့ဆေးပညာထဲမှာ မပါဘူး။ သူ့ကြော်ညာ ဆိုက်မှာဖတ်ရတာကတော့ Premature ejaculation သုက်လွှတ်စောတာ အတွက်အသုံးခိုင်းတယ်။ ဆေးရောင်းသူတွေပြောတာကတော့ အကောင်းချည်းသာဖတ်ရပါတယ်။
- Elevate Your Sex Drive လိင်စိတ်များစေသည်၊
- Enhance Your Sexual Pleasure လိင်သာယာမှုပိုစေသည်၊
- Harden & Prolong Your Erections အင်္ဂါသန်မာမှုပိုစေသည်၊
- Improve Your Ejaculation Control အပြီးမရောက်စေအာင်ထိန်းထားစေနိုင်သည်၊
- Increase Your Seminal Output သုက်ရည်များစေသည်၊
- Intensify Your Orgasms အပြီးဖြစ်တာကို အားကောင်းစေသည်။
ဘေးထွက်-ဆိုးကျိုးဆိုတာ ရေးမထားပါ။

Thu, Aug 30, 2012 at 11:18 AM
ကျွန်တော်တို့ သူငယ်ချင်းတွေ မူးပြီးအပျော်မယ်ခေါ်ပြီး အိပ်ခဲ့တယ်။ မူးနေတော့ စစချင်းအကာအကွယ် မသုံးဘဲ အစပြုမိခဲ့တယ်။ ၁၄-၄-၂ဝ၁၂ ပါ။ ၁၆-၂-၂ဝ၁၂ ရက်မှာ HIV1/2 antibody direction test စစ်ခဲ့တယ်။ ၉-၃-၂ဝ၁၂ နဲ့ ၂၁-၅-၂ဝ၁၂ မှာ HIV DUO ULTRA စစ်ခဲ့တယ်။ အဖြေက negative ပဲ။ ဆရာဝန်ပြတော့ မရှိဘူးတဲ့။ ၂ဝ-၂-၂ဝ၁၂ မှာ AMPICLOX ရယ် Famotack (famotidine USP 20 mg) ရယ် TRIZYN ရယ် cebit ရယ်တိုက်တယ်။ ရင်ဘက်နဲ့ နောက်ကျောက ယားတယ်။ ဒါအပြင် penis အရင်းမှာ အဖုသေးသေးလေးတွေတွေ့တယ်။ ယားတာက ရာသီ အပြောင်းအလဲမို့တဲ့။ အဖုကလူတိုင်းရှိတယ်တဲ့။ အဖုကစိတ်လာရင် သိသာတယ် မာမာလေး။ ၈-၇-၂ဝ၁၂ မှာ ပြန်ယားတယ်။ စိတ်ကရောဂါရှိတယ်ထင်ရင် ပိုယားတယ်။ ဆေးအတူတူပဲပေးတယ်။ ယားတာတော့ပျောက်ပြီ။ ပျော်ပါးခဲ့တာက ၁၄-၂-၂ဝ၁၂ ပါ။ ၁၆-၂-၂ဝ၁၂ မှာက antibody ဘဲစစ်ခဲ့တာပါ။ အဖြေက negative ပါ။ ၂ဝ-၂-၂ဝ၁၂ မှာ ယားပြီး penis အရင်း အဖုတွေ့ခဲ့လို့ ဆရာဝန်ပြတယ်။ ၉-၃-၂ဝ၁၂ ရယ် ၂၁-၅-၂ဝ၁၂ ရယ်မှာ HIV DUO စစ်ခဲ့တယ်။ negative ဘဲ။ ၂ဝ-၇-၂ဝ၁၂ antibody မှာလည်း negative ပဲ။ ၁၄-၂-၂ဝ၁၂ နောက်ပိုင်း sex မလုပ်ပါ။ ၈-၇-၂ဝ၁၂ မှာ ပြန်ယားတယ်။ အရင်ပေးတဲ့ဆေးဘဲ။ ကူးမယ်ဆိုရင် ၁၄-၂-၂ဝ၁၂ မှာစကူးမှာမလား။ ၂၁-၅-၂ဝ၁၂ ဆိုရင် ၃ လ ပြည့်ပြီ။ HIV DUO က window period မရှိဘူးဆို။ Penis အရင်း ကအဖုကတော့ ရှိတုံးဘဲ။ ၁၄-၈-၂ဝ၁၂ ဆိုရင် ၆ လ ပြည့်ပြီ။ ဆေးစစ်ရင် HIV DUO လား Antibody စစ်ရမှာလား။ ပြန်ယားရင် ဘာဆေးသောက်ရမလဲ။ ၂ဝ-၈-၂ဝ၁၂ က VDRL စစ်တော့ non reactive တဲ့။ နောက်ကျောမှာ အနီရောင်အဖု ၁ဝ ဖုနဲ့ အနီကွက် ၁ ကွက် ဗိုက်မှာ ၄ ဖု ရှိတယ်။ လည်ပင်းမှာ အရည်ကြည်ဖုလေး နည်းနည်းရှိတယ်။

HIV/AIDS ဖြစ်တာ မဟုတ်နိုင်ပါ။ အဲလောက်မမြန်ဘူး။ ဆရာဝန်လဲပြထားလို့ မစိုးရိမ်ပါနဲ့။ စာရေးရင် အထူးသဖြင့် ဆေး-ကျန်းမာရေးမှာ နေ့စွဲရေးရင် သတိပြုပါ။ ရေးကာစမှာ ၁၄-၄-၂ဝ၁၂ နဲ့ ၁၆-၂-၂ဝ၁၂ လို့ရေးထားတော့ ဖတ်ရသူ မျက်စိလည်စေတယ်။ နောက်ပိုင်းမှာ တည့်သွားတာတွေ့ပါတယ်။

HIV Duo Test ဆိုတာဘာလဲ http://dts-medicaleducation-adult.blogspot.in/2012/07/hiv-duo-test.html
HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ http://dts-medicaleducation-adult.blogspot.in/2012/03/hiv-faq.html

ယမုန်နာဆေးခန်း - အမေးအဖြေ (၅၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top