2
Aug

အမေးအဖြေ (၅၈) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. အသက်၂၄ နှစ် အိမ်ထောင် မရှိသေးပါဘူး။
2. ကျွန်တော် ဂနိုရောဂါဖြစ်နေတယ်ထင်ပါတယ်။
3. (အာလ်ထွာဆောင်း) ဟာ လိင်ကို ရာနှုံးပြည့် ခွဲခြားနိုင်ပါသလား။
4. ကိုယ်ဝန်ဘယ်နှစ်လပိုင်းမှစပြီး အတူနေရန် မသင့်တော်ဘူးလဲဆိုတာ
5. လိင်ဆက်ဆံပြီးသည့်နေ့မှစ၍ ရက်မည်မျှအကြာတွင် ကိုယ်ဝန် ရှိ-မရှိ စစ်နိုင်ပါသလဲရှင့်။
6. ကိုယ်ဝန်က ဘယ်နေ့ရတာလည်းဆိုတာ ဖြေပေးပါ။
7. ပန်းတံ အထဲသို့ပြန်ဝင်၊ နည်းနည်းပဲကျန်၊

Wed, Jul 25, 2012 at 8:10 AM
သမီးက အသက်၂၄ နှစ် အိမ်ထောင် မရှိသေးပါဘူး။ သမီးချစ်သူနဲ့ (့) က လိင်ဆက်ဆံခဲ့ပါတယ်။ လိင်ဆက်ဆံမှုကို ဒီတစ်ကြိမ်ပဲ ပြုလုပ်ဖူးသေးတာပါ။ ဆက်ဆံစဉ်မှာလဲ သုက်ရည်ကို အပြင်မှာထုတ်ပါတယ်။ ဒါပေမယ့် သမီးရဲ့အင်္ဂါပေါ်ကို အနည်းငယ် ကျသွားပါတယ်။ စိတ်ချရအောင် ၂၄ နာရီအတွင်း Ecee2 တစ်လုံးကို ၆ နာရီခြားပြီး သောက်ခဲ့ပါတယ်။ ဒီလအတွက် ရာသီမလာသေးပါဘူး။ လာရမယ့်ရက်ကို ကျော်နေလို့ စိုးရိမ်မိပါတယ်။ ရင်သားထိပ်တွေလဲ နာနေပါတယ်။ တခါတလေ ဆီးစပ်ကလဲ အောင့်သလိုလိုဖြစ်ပါတယ်။ ၁။ ကိုယ်ဝန်ရှိသွားနိုင်ပါသလား။ ၂။ ရာသီလာအောင် သွေးဆေး သောက်သင့်ပါသလား။ ၃။ အင်္ဂါပေါ်သုတ်ရည်ကျရုံဖြင့် ကိုယ်ဝန်ဖြစ်လာနိုင်ပါသလား။

သွေးဆေးကို ဆရာဝန်တွေက အကောင်း-အဆိုး မသိကြပါ။ Ecee2 ကို ၁၂ နာရီခြာသောက်ရတယ်။ သုက်ရည် မိန်းမအင်္ဂါထဲ မဝင်တာ သေခြာရင်တော့ ကိုယ်ဝန်မရစေပါ။ ဒါပေမဲ့ ဆက်ဆံနေတုံးမှာ ယောက်ျားလေးက ပြီးဆုံးမှာကို ထိန်းထားနိုင်သူမျိုးဆိုရင် တကယ် သုက်ရည်ပန်းမထွက်ခင် အရည်ထဲမှာ သုက်ပိုးပါနေ-မနေတော့ မပြောနိုင်ပါ။ သုက်ရည် အပြင်စွန့်ထုတ်နည်း သုံးသူတွေထဲက ၁၅-၂၈% ကိုယ်ဝန် ရနိုင်တယ်လို့ လေ့လာမှုတခုက ဆိုထားတယ်။ သေခြာချင်ရင် Urine for pregnancy test ဆီးစစ်ပါ။

ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်။ Ecee2 ကို ၁၂ နာရီမခြားပဲ၊ ၆ နာရီခြားသောက်မိရင် ဆေးအာနိသင် ထိရောက်-မရောက် သိချင်ပါတယ်ရှင့်။

ပြန်မေးနိုင်တယ်လို့ ထင်ထားပါတယ်။ အဲလိုဖြစ်သူတွေကို လေ့လာထားတာ မတွေ့သေးပါ။ ဒါပေမဲ့ ပြဿနာ မရှိနိုင်ပါ။ တချို့ အရေးပေါ်ဆေးကို ၂ လုံး တခါတည်း သောက်ခိုင်းထာလဲရှိတယ်။ ဆေး အလေးချိန်သိမှ နဲနဲ ပိုပြောနိုင်တယ်။ ဆေးတွေကို နိုင်ငံတွေမှာ ဝယ်ရတာ မတူကြဘူး။

Tue, Jul 24, 2012 at 10:45 PM
ကျွန်တော့် အသက်က ၂၉ ပါ။ ဆရာ့ blog မှာဖတ်ရသလောက် ကျွန်တော် ဂနိုရောဂါဖြစ်နေတယ်ထင်ပါတယ်။ စဖြစ်တာက ၁၅-၇-၁၂ ကပါ။ ဖြစ်စက ဆီးကျင်လိုဖြစ်ပြီး အရေဖြူဖြူ၊ နဲနဲပျစ်ပျစ်တွေ ပန်းဖျားက ထွက်ပါတယ်။ ထိပ်ကလည်း သိပ်မနာကျင်ပါဘူး။ အခု ၂၄-၇-၁၂ ကျတော့ ထွက်တဲ့အရည်က ဖြူတယ်၊ ကျဲတယ်၊ ထိပ်က နဲနဲ ပိုနာလာတယ်။ ဆေးသောက်ဖို့ အညွှန်းလေး သိချင်ပါတယ်။

ဂနိုးရီးယားကိုကုရင် ပိုး ၂ မျိုးအတွက်ပါ တခါတည်းကုတာကောင်းတယ်။ တွဲဖြစ်တာများတယ်။
1. Gonococcal Infections (ဂနိုးရီးယား)
(A) Gonococcal infections (ဂနိုးရီးယား) သာမန်ဖြစ်တာအတွက် -
Ceftriaxone 125 mg IM တခါထဲ အသားဆေးထိုးပါ။ ဒါမှမဟုတ် Cefixime 400 mg တခါထဲသောက်ပါ။ ဒါမှမဟုတ် Ciprofloxacin 500 mg တခါထဲသောက်ပါ။ ဒါမှမဟုတ် Ofloxacin 400 mg တခါထဲသောက်ပါ။
(B) Gonococcal disseminated (ဂနိုးရီးယား) ဆိုးဝါးတာအတွက် -
Ceftriaxone 1 Gm IV x 7-10 days or Ceftriaxone 1 Gm IV x 2-3 days followed by Cefixime 400 mg BD or Ciprofloxacin 500 mg BD x 7-8 days
ဒုတိယ-ဦးစားပေးဆေး = Ceftrizoxime or Cefotaxime 1 Gm IV TDS x 2-3 days followed by Cefixime 400 mg BD or Ciprofloxacin 500 mg BD x 7-8 days

2. Chlamydial Infections (ကလာမိုင်ဒီရယ်လ်-အင်ဖက်ရှင်)
Azithromycin 1 Gm တခါထဲ သောက်တာနဲ့ ပျောက်တယ်။ ဒါမှမဟုတ် Doxycycline 100 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ခါ၊ ၇ ရက်သောက်ပါ။
ဒုတိယ-ဦးစားပေး ဆေးတွေကတော့ Ofloxacin 300 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ခါ၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ် Erythromycin 500 mg တခါသောက် ၁ ပြား၊ တနေ့ ၄ ခါ၊ ၇ ရက်သောက်ပါ။

Sun, Jul 22, 2012 at 8:46 PM
ကိုယ်ဝန်ရှိနေတဲ့ လင်မယားနှစ်ယောက်ဟာ ကိုယ်ဝန်ဘယ်နှစ်လပိုင်းမှစပြီး အတူနေရန် မသင့်တော်ဘူးလဲဆိုတာ သိပါရစေ။ မွေးဖွားပြီးရင်လဲ ဘယ်လို နေထိုင်သင့်တယ်ဆိုတာ ဖြေကြားပေးစေလိုပါတယ်။
နောက်ပြီး ကိုယ်ဝန် ၇ လပိုင်းမှာ (အာလ်ထရာဆောင်း) ရိုက်တဲ့အဖြေဟာ လိင်အမျိုးအစားကို ရာနှုံးပြည့် ခွဲခြားနိုင်ပါသလား။

- Pregnancy and Sex (1) ကိုယ်ဝန်ဆောင်စဉ် အရင်လိုနေလို့ရသလား (၂) http://dts-medicaleducation-adult.blogspot.in/2012/03/sex-during-pregnancy.html
- Pregnancy and Sex (2) ကိုယ်ဝန်ဆောင်စဉ် အရင်လိုနေလို့ရသလား (၁) http://dts-medicaleducation-adult.blogspot.in/2012/04/pregnancy-and-sex.html
- Pregnancy and Sex (3) ကလေးဖွါးပြီး အတူနေခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/sex-after-delivery.html
- Pregnancy and Ultrasound (1) ကိုယ်ဝန်ဆောင် (အာလ်ထွာဆောင်း) http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-ultrasound-1.html
- Pregnancy and Ultrasound (2) ကိုယ်ဝန်ဆောင် (အာလ်ထွာဆောင်း) http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-ultrasound-2.html

Wed, Jul 25, 2012 at 6:54 PM
ကိုယ်ဝန် ၇ လမှာ ရိုက်တဲ့ (အာလ်ထွာဆောင်း) ဟာ လိင်ကို ရာနှုံးပြည့် ခွဲခြားနိုင်ပါသလား။

ပို့လိုက်တဲ့စာတွေထဲမှာ ပါပြီးဖြစ်ပါတယ်။ ခွဲခြားနိုင်ပါတယ်။

Thu, Jul 26, 2012 at 6:57 AM
ဆရာရှင့် လိင်ဆက်ဆံပြီးသည့်နေ့မှစ၍ ရက်မည်မျှအကြာတွင် ကိုယ်ဝန် ရှိ-မရှိ စစ်နိုင်ပါသလဲရှင့်။ မည်မျှအကြာတွင် ပေါ်နိုင်ပါသလဲ။

- Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-tests-1.html

Fri, Jul 27, 2012 at 2:30 PM
EDD = 30.7.2012 Ultrasound result ပါဆရာ။ LMP = 17.10.2011 ပါ။ ကိုယ်ဝန်က ဘယ်နေ့ရတာလည်းဆိုတာ ဖြေပေးပါ။

ကိုယ်ဝန်ဆောင်တယောက် ဘယ်နေ့မှာစပြီး ကိုယ်ဝန်ရသလဲဆိုတာ ဘယ်သူမှ ကာယကံရှင်ရော၊ ခင်ပွန်းရော၊ ဆရာဝန်ပါ အတိအကျ မပြောနိုင်ပါ။ ထူးခြားတဲ့အခြေအနေမျိုး ဥပမာ တကြိမ်လွန်ကျူးခံရမှု၊ အဓမ္မပြုကျင့်မှု ခံရသူဆိုရင်တော့ သိမယ်။ နောက်ပြီး အတူနေတဲ့အကြိမ်ကို အမျိုးသမီးက အသိဆုံးဖြစ်တယ်။ သူက ပိုပြီး ဆရာဝန်ထက် မှန်းသိနိုင်တယ်။ ဆရာဝန်တွေကတော့ LMP နောက်ဆုံး ရာသီ လာခဲ့တဲ့နေ့ကိုသာ အခြေခံပြီး၊ EDD ခန့်မှန်းခြေ မွေးမဲ့ရက်ကို တွက်ယူတယ်။ နောက်ဆုံးရာသီလာတဲ့နေ့က ကိုယ်ဝန်မဆောင်ခင်မှာ လာတဲ့နောက်ဆုံးလတုံးက ရာသီစဆင်းတဲ့နေ့ကို ယူတယ်။

• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံး ရက်တွေ ဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “မဆက်ဆံသူ” တွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “ဆက်ဆံသူ” တွေထဲက (ကွန်ဒွမ်) နည်း သုက်ရည်ကို အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးဘဲဆက်ဆံသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ ဆက်ဆံသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ ဆက်ဆံသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ ဆက်ဆံသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ ဆက်ဆံသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

Fri, Jul 27, 2012 at 9:16 PM
ကျွန်တော်တို့က (့) မြို့ (့) (က) ရပ်ကွက်တွင် နေပါတယ်။ ကျွန်တော်ရဲ့သူငယ်ချင်း ကို (့) အကြောင်းကို ပြောပြခွင့်ပြုပါ။ အသက် ၃၈၊ အိမ်ထောင်ကျ (၅)နှစ်၊ လွန်ခဲ့တဲ့ ၁ဝ နှစ်ခန့်က ပန်းတံ အထဲသို့ပြန်ဝင်၊ နည်းနည်းပဲကျန်၊ ဖြစ်နေချိန်တွင် ခြေထောက်ကို ကွေးထားရပြီး လုံးဝဆန့်လို့မရပါ။ ခြေထောက် ဆန့်လျှင် အရမ်းနာသောကြောင့် ဖြစ်ပါသည်။ ယခုဖြစ်သော ပုံစံမှာ ဝှေးစေ့ တစ်လုံးထဲ အောင့်ခြင်း ဖြစ်ပါသည်။ ထိုသို့ အောင့်သော အချိန်တွင် ခြေထောက်ကို ကွေးထားရပါသည်။ စကားကို မပြောချင်ပါ။ စကားပြောလျှင် ဝမ်းဗိုက်ကလှုပ်သောကြောင့် ပိုနာပါသည်။ သူ့ရဲ့ ရောဂါက မိုးတွေရွာတဲ့အချိန် (သို့) ဆောင်းတွင်းပိုင်းဆို ဖြစ်တက်တယ်လို့ပြောပါတယ်။
• Penile retraction တိုနာ ဆိုတာ
• Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း

ဒေါက်တာတင်ဆွေ - အမေးအဖြေ (၅၈) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top