1. အမျိုးသမီးရဲ့ကိုယ်ဝန်ဟာ ရှစ်လကျော်ပါပြီ။
2. လေယာဉ်စီးလို့ ရ-မရသိချင်ပါတယ်။
3. အခြားကာလသားရောဂါ ရှိမရှိကိုထပ်စစ်ရမှာလား။
4. Misoprosiol 800MCg ကို ၃ နာရီခြား သုံးကြိမ်သောက်တယ်။
6. စိတ်ပါပေမယ့် ပြီးဆုံးမှုထိ မရောက်ပါဘူး။
7. အိပ်ရာဝင်ချိန်ဟာ အမြဲတမ်းနောက်ကျပြီး၊ ဇနီးနဲ့နေတဲ့ အချိန်ဟာလည်း
8. ကိုယ်ဝန်ဆောင် တားဆေးအကြောင်းလေး ဗဟုသုတအဖြစ် သိချင်လို့ပါ။
9. ကျွန်တော်လည်း နောင်တရနေမိပါတယ်။
10. Vagina is itchy and swelling after sex.
Sun, Aug 12, 2012 at 6:39 PM
ကျွန်တော့် အမျိုးသမီးရဲ့ကိုယ်ဝန်ဟာ ရှစ်လကျော်ပါပြီ။ အခုရက်ပိုင်းမှာ ခြေသလုံးကြွက်သား နှစ်ဘက်လုံး တစ်ဘက် တစ်ခါစီ ကြွက်တက်ပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာနှင့် ဘယ်လိုပြုစုပေးရမယ်ဆိုတာ သိပါရစေ။ နောက်ပြီး ကိုယ်ဝန်ရှိစဉ် ကင်းမြီှးကောက်ကိုက်ရင် ဆေးမမှီဘူးဆိုတာ ဟုတ်ပါသလား။
• Cramps ကြွက်တက်ခြင်း http://dts-medicaleducation.blogspot.com/2010/06/cramps_06.html
• Scorpion sting ကင်းသုံးကင်း တကင်းပြီးသလား http://dts-medicaleducation.blogspot.com/2011/05/scorpion-sting.html
Sat, Aug 11, 2012 at 10:18 PM
ကျွန်မနာမည်က (့) ပါ။ အသက်က ၃၉ နှစ်ပါ။ ဒီလ ၄ ရက်နေ့ကမှ ရာသီသွေးမဆင်းတာ ရက်လွန်လာလို့ ဆီးစစ်ကြည့်တော့ ကိုယ်ဝန်ရှိနေပါတယ်။ ပထမဦးဆုံးကိုယ်ဝန်ပါ။ အခု (့) မှာ ရောက်နေ တာ။ နောက်အပတ်ထဲ ပြန်ရပါမယ်။ လေယာဉ်စီးလို့ ရ-မရ သိချင်ပါတယ်။ ပြန်တော့ပြန်ရမှာပဲ ဘယ်လို ကြိုတင်ကာကွယ်ရမလဲ အကြံပေးပါဦး။ အသက်ကြီးမှရတာဆိုတော့ တစ်ခုခုဖြစ်မှာလည်း အရမ်းစိုးရိမ်နေ ပါတယ်။ ပြီးတော့ နေရထိုင်းရတာ အရမ်းကြီးကို လေးလံပြီး မကြာခဏမူးမူးနေပါတယ်။ ဝမ်းလည်းချူပ်ပါတယ်။ ဘာဆေးတွေ စားသင့်တယ်ဆိုတာလည်း လမ်းညွှန်ပါဦး။
Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-air-travel.html
• http://dts-medicaleducation-adult.blogspot.in/ ထဲမှာ ကိုယ်ဝန်နဲ့ ပတ်သက်တာတွေ အများကြီး ရေးထားပါတယ်။
Sun, Aug 12, 2012 at 7:56 AM
HIV စစ်ပြီးလို့ မရှိရင် အခြားကာလသားရောဂါ ရှိမရှိကို ထပ်စစ်ရမှာလား။ Antiretrovial thearpy သောက်မိရင် HIV DUO test စစ်ရင်ပေါ်မှာလား။ ၂၈ ၇က်အတွင်း။
HIV အပြင် VDRL စစ်ရင် ဆစ်ဖလစ် ရှိ-မရှိ သိမယ်။ ကျန်တာတွေကို တကယ်လိုအပ်မှသာ စစ်ပါတယ်။ ART မသောက်ခင်က HIV နဲ့ ဆိုင်တာတွေကို စစ်ပြီးသာဖြစ်မယ်ထင်ပါတယ်။
HIV Duo Test ဆိုတာဘာလဲ http://dts-medicaleducation-adult.blogspot.in/2012/07/hiv-duo-test.html
VDRL နဲ့ TPHA ကာလသားရောဂါ စစ်ဆေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/vdrl-tpha.html
Sun, Aug 12, 2012 at 7:28 PM
Misoprosiol 800MCg ကို ၃ နာရီခြား သုံးကြိမ် သောက်တယ်။ ၁၁ ရက်နေ ညနေ ၄ နာရီလောက်က စသောက်တာပါ။ ညကတော့ ဝမ်းတွေသွားတယ်။ နံနက်ကြတော့ သွေးပေရုံလောက်ဆင်းတယ်။ နောက်တော့ ဆက်မဆင်းတော့ဘူး။ ဘာဆက်လုပ်ရမလည်း။
ကိုယ်ဝန်ဖျက်တာကို နည်းပေးတာ၊ ဆေးကုသလိုလုပ်တာမျိုး ကျွန်တော် လုပ်မပေးပါ။ သုတအတွက်ဖတ်ဘို့သာ စာတွေရေးပါတယ်။
• Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/medical-abortion-1.html
• Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/medical-abortion-2.html
• Medical abortion (3) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/03/medical-abortion-3.html
Mon, Aug 13, 2012 at 3:31 PM
ကျွန်တော့်အမျိုးသမီးကို ၃ လခံထိုးဆေး ပထမအကြိမ် ထိုးပေးလိုက်ပါတယ်။ သူအနေနဲ့ ကျွန်တော့်နဲ့ အတူတူနေဖို့ စိတ်ပါပေမယ့် ပြီးဆုံးမှုထိ မရောက်ပါဘူး။ အကြောတွေက သိပ်မလှုပ်ရှားဘူး (စုစည်းလို့ မရ သလိုပါတဲ့။) ဒါကို ဆရာဝန်ဆီမှာ မေးတော့ ထိုးဆေးကြောင့်လို့ ပြောပြီး တားနည်းပြောင်းဖို့ ပြောပါတယ်။ ဒါနဲ့ တားဆေးကဒ် ပြောင်းသောက်ပါတယ်။ အခု တစ်ကဒ်ကုန်လို့ ဒုတိယကဒ်ကို စသောက်နေပါပြီ။ ဒါပေ မယ့် အရင်ကထက် နည်းနည်းပဲ ပိုပါတယ်။ ပြီးဆုံးမှုထိ မရောက်ပါဘူး။ အကြောတွေက စုစည်းလို့ မရပေမယ့် ထိုးဆေးကာလတွေကထက် နည်းနည်းတော့ ပိုစုစည်းပါတယ်တဲ့။
တားဆေး-တားနည်းတချို့ရဲ့ ဘေးထွက်-ဆိုးကျိုးတွေထဲမှာ Libido အတူနေလိုစိတ် နည်းတာ၊ များတာကို ဖြစ်စေတတ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ စိတ်အပြောင်းအလဲ ဖြစ်တာနဲ့ ပြီးဆုံးမှု ဖြစ်-မဖြစ် မတူပါ။
ဒိအရင်က ပြီးဆုံးတာဖြစ်ဘူးပြီး အခုမှသာ မပြီးတာလား။ နည်းသွားတာလား။ ဖြစ်တဲ့သူရဲ့ အသက်၊ ကလေးမွေး အရေအတွက်၊ မွေးပုံမွေးနည်း၊ အလုပ်အကိုင်-အနေအထိုင်တွေလဲ ထည့်စဉ်းစားရမယ်။ စိတ်ဖိအား-တင်းအားကိုလည်း ထည့်တွက်ရပါမယ်။
ကြွက်သား၊ အရွတ်တွေ တင်းအား နည်းတာကကော အရင်ကဖြစ်နိုင်ခဲ့ပြီး အခုမှ မဖြစ်နိုင်တာလား။ အရင်ကထက် လျှော့သွားတာလား။ ဘာကြောင့်ဖြစ်ဖြစ် ကြွက်သား၊ အရွတ်တွေ တင်းအား နည်းတာကို Kegel exercise နဲ့ အများကြီး ပြန်ကောင်းလာစေနိုင်တယ်။ တကယ်လို့ သားအိမ်ကျသလိုနေရင်လဲ ဖြစ်တတ်တယ်။ နောက်ဆုံး ခွဲစိတ်ပြုပြင်လို့ ရပါတယ်။
အတူနေချင်စိတ် နည်းတာဆိုရင် ဖြစ်စေနိုင်တဲ့ အကြောင်းခံတွေကို ဖယ်ရှားရမယ်။ ပြုပြင်ရမယ်။ လိုအပ်ရင် Female Viagra သောက်နိုင်ပါတယ်။
ကိုယ်ဝန်တားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လေ့လာနေကြတာ အနှစ် ၄ဝ ကျော်ရှိသွားပါပြီ။ Sexual desire လိင်စိတ်အပေါ် သက်ရောက်မှုကိုလဲ လေ့လာပါတယ်။ လတ်တလော ဆန်းစစ်မှုအရ Pill, Patch, Ring, Shot စားဆေး၊ ကပ်ခွါဆေး၊ ဆေးကွင်း၊ ထိုးဆေးတွေ အားလုံးကနေ အများစုသော အမျိုးသမီးတွေမှာ လိင်စိတ် မနည်းတာ တွေ့ရပါတယ်။ ကျန်အမျိုးသမီး ကြီးငယ်တွေမှာ တချို့ Sex drive လိင်စိတ် နည်းကြတယ်။ တချို့မှာ များကြတယ်။ ဘာလို့ ဖြစ်ကြရတယ်ဆိုတာ မရှင်းပါ။
(အင်တာနက်) မှာ ကျန်းမာရေးနဲ့ ပတ်သက်တာတွေလဲ တယောက်နဲ့တယောက် သတင်းပုလင်း ဖလှယ်ကြတာတွေ ရှိတယ်။ ခုခေတ်တော့ (ရှယ်) တယ်လို့ သုံးကြမှာပေါ့။
• 04-20-2011 11:41 PM အချိန်မှာ အမျိုးသမီးတယောက်က ရေးတယ်။ “သူ့လိုများဖြစ်ဘူးကြသလား။ သူကတော့ တားဆေးကို ဘယ်တော့မှ ပြန်လှည့်မကြည့်ချင်ဘူးတဲ့။ စိတ်လဲနည်းတယ်၊ အပြီးအဆုံးလဲ မရောက်ဘူး။ တားဆေးလဲ ဖြတ်လိုက်ရော တပတ်နဲ့ အရင်လိုပြန်ရလာတယ်” တဲ့။
• November 11, 2011 နေ့သတင်းမှာ အမျိုးသမီးပေါင်း ၁၁ဝ၁ ယောက်ကို လေ့လာမှုလုပ်တဲ့သတင်း ပါတယ်။ သူတို့ထဲက ၅၃၅ ယောက်က ဟော်မုန်းပါ တားနည်းကိုသုံးပြီး ၅၆၆ က တခြားဟာ သုံးတယ်။ ဟော်မုန်းပါတာ သုံးသူတွေမှာ အတူနေတဲ့အကြိမ် ပိုနည်းတယ်။ စိတ်ဖြစ်ပေါ်တာလဲ နည်းတယ်။ သာယာမှုနဲ့ ပြီးဆုံးမှုလဲ နည်းကြတယ်။ စိုစွပ်မှုလဲ နည်းကြတယ်။
• နောက်မိန်းကလေးတယောက်ဟာ (ကွန်ဒွမ်) နဲ့ မတည့်လို့ (အလားဂျစ် ဖြစ်လို့) တားဆေးသုံးတယ်။ (အော်ဂဇင်) မရတော့ဘူးတဲ့။ သူ့ကိုဆရာဝန်က အကြံပေးတာကတော့ Weakest hormonal pill ဟော်မုန်း အနည်းဆုံး ပါတားဆေး ဖြစ်ဖြစ်၊ ဟော်မုန်းတမျိုးတည်းပါ Progestin-only pill, Mini-pill (Micronor) ဖြစ်ဖြစ် ပြောင်းသုံးပါတဲ့။
• နောက်အမျိုးသမီးတယောက်က Nuva Ring သုံးတာ အဆင်ပြေသွားတယ်တဲ့။
• တချို့သုတေသနတွေမှာတော့ တချို့သောအမျိုးသမီးတွေမှာ Decreased libido စိတ်ဖြစ်ပေါ်မှု နည်းတာကို ဖြစ်စေပေမဲ့ Ability to orgasm ပြီးဆုံးမှုနဲ့ မဆက်စပ်ဘူးလို့ ဆိုပါတယ်။
• သိတဲ့အတိုင်း Orgasms ဆိုတာ Physical and Psychological triggers စိတ်ပိုင်းရော ရုပ်ပိုင်းခလုပ်တွေနဲ့ ဆိုင်တယ်။
Fri, Aug 10, 2012 at 2:27 PM
ကျွန်တော်ဟာ အသက် ၄ဝ ပြည့်ခါနီးသူတစ်ယောက်ပါ။ သို့သော် မင်္ဂလာဆောင်ပြီးတာ ၄ လမပြည့်သေးပါဘူး။ ကျွန်တော် ကြားဖူးနေတာတစ်ခုနဲ့ ဆေးပညာအယူအဆနဲ့ လွဲနေသလား၊ အဲဒါတကယ်လား၊ ကွဲကွဲပြားပြား သိချင်လို့ပါ။ ကျွန်တော်ဟာ တယောက်တည်း နှစ်ပေါင်း ၄ဝ လောက် နေလာသူဖြစ်တဲ့အားလျော်စွာ ညဘက် ညည့်နက်အောင် ဘောပွဲများ၊ ရုပ်ရှင်များ ကြည့်ခြင်းနှင့် အထာကျနေသူပါ။ အဲဒီတော့ အိပ်ရာဝင်ချိန်ဟာ အမြဲတမ်းနောက်ကျပြီး၊ ဇနီးနဲ့နေတဲ့ အချိန်ဟာလည်း ညဘက်ထက် မနက်အိပ်ရာထချိန် ဖြစ်နေတတ်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း မနက်မှ လူကလည်း အိပ်ချင်ပြေ၊ ဆန္ဒကလည်း အဲဒီအချိန်မှ ပိုပြီးရှိပါတယ်။ ဒါဟာ လွဲမှားတဲ့အကျင့်ပါလား။ အနောက်နိုင်ငံမှာ နေသူတွေအဖို့ဆိုရင်တော့ နာရီနဲ့မဆိုင်ပေမဲ့ ကျွန်တော် ကြားဖူးထားတာက မနက်ဖက် လိင်မှုကိစ္စ ပြုသူများဟာ အားယုတ်တတ် ပါတယ်တဲ့။ အဲဒါ မှန်ပါသလား။ ဆေးပညာအမြင်နဲ့ဆိုရင် ဒါဟာ ကျန်းမာရေးနဲ့ ညီညွတ် မညီညွတ် သိချင်လို့ပါ။
ဒီအရေးအရာက တယောက်နဲ့တယောက် မတူကြပါ။ သူများတွေ ဘယ်လိုနေနေ ကိုယ်နဲ့ ကိုယ့်ဇနီး အဆင်ပြေရပါမယ်။
ထုံးစံကတော့ ညအိပ်ချိန်မှာ နေကြတာပါ။ နေ့ခင်းတို့ အိပ်ယာထတို့လဲ နေကြတယ်။ တကြိမ်မကလဲ နေကြတယ်။ သူများနိုင်ငံတွေမှာ တပတ်မှာ ၅ ရက် အချိန်ပြည့် ဝမ်းရေး အလုပ်လုပ်ကြတယ်။ နောက်ပြီး အိမ်ထောင်မပြုသူတွေကများတော့ စနေ၊ တနင်္ဂနွေရက်ကိုဘဲ အချိန်ရကြတယ်။ ကိုယ့်အလုပ်ဇယားနဲ့ကိုယ် ထားနိုင်ပါတယ်။
မနက်ထဆိုတာ ယောက်ျားတိုင်းလိုလို အားအင်ပြည့်နေချိန်ဖြစ်လို့ နေဖြစ်ကြတယ်။ နေလို့လဲ ရောဂါမရစေပါ။ အားယုတ်တယ်ဆိုတာ တကြိမ်ပြုတိုင်း တခဏ အားယုတ်တာသာ ဖြစ်တယ်။ ရောဂါဘယလဲမရှိ၊ အသက်အရွယ် ကောင်းတွေဆိုရင် ပြန်ပြည့်လာတာပါဘဲ။
ဆေးကုတဲ့အခါ ရောဂါအတော်များများကို Life style change လူနေမှုပုံစံ ပြောင်းပေးဘို့ အကြံပေးရတယ်။ အခုလို အခြေအနေမှာလဲ အိမ်ထောင်မပြုသေးခင်နဲ့ ပြုပြီးသူတွေဟာ လူနေမှုဘဝ လုံးဝ ပြောင်းဘို့ သင့်ပါတယ်။
အဓိကအချက်က ဇနီး၊ ခင်ပွန်း နားလည်မှုရှိဘို့ဖြစ်ပါတယ်။ ကိုယ့်ဇနီးက ကိုယ်လို မဟုတ်တာလဲ ဖြစ်တတ်တယ်ဆိုတာ သတိထားသင့်တယ်။ နောက်တချက်က အမျိုးသမီးများဟာ ပွင့်လင်းမှုနည်းကြတယ်။ လင်မယားဖြစ်အုံးတော့ ပွင့်ပွင့်လင်းလင်း ပြောခဲတယ်။ ကိုယ်ကနေ နားလည်မှု ပေးသင့်တယ်။
Tue, Aug 14, 2012 at 2:10 PM
ကိုယ်ဝန်ဆောင် တားဆေးအကြောင်းလေး ဗဟုသုတအဖြစ် သိချင်လို့ပါ။ အိမ်ထောင်သည် အမျိုးသမီးတိုင်း ကြုံတွေ့ရတတ်တဲ့ ကိစ္စတစ်ခုမို့ပါ။ ဆေးသောက်နေရင်းက တစ်ရက်လောက် ဆေးသောက်ဖို့ မေ့သွား ခဲ့ရင် မေ့သွားခဲ့တဲ့ ဆေးလုံးကစပြီး ပြန်သောက်ရမှာလား။ ဒါမှမဟုတ် မေ့သွားခဲ့တဲ့ဆေးလုံးကိုထားပြီး သောက်ရမှာလား။ အမျိုးသမီးဟာ တစ်ရက် နှစ်ရက်လောက်ပဲဖြစ်ဖြစ် ယောက်ကျားနှင့်နေရင် အဲဒီဆေးကဒ်ကို ဆုံးအောင်ထိ ဆက်သောက်ရမှာလား။ ဆေးစားနေရင်းနှင့် မစားချင်တော့ဘူး ထိုးဆေးပဲ ထိုးချင်တယ်ဆိုရင်ကော ဆက်စားရမှာလား။ စားနေရင်းနှင့် မတော်တဆ ကိုယ်ဝန် ရှိသွားခဲ့မယ်ဆိုရင် အဲဒီဆေးကြောင့် ကိုယ်ဝန်ကို ထိခိုက်နှိုင်ပါလား။
ကျနော့် အမျိုးသမီးသုံးတာကတော့ OK နှင့် ဆေးနာမည်ကို မသိတော့ဘူး။ နောက်ကျောမှာ လက်ညှိုးပုံပါတယ်။ ဒါပြီးရင် ဒါကိုသောက်လို့ ညွန်ထားတာပေါ့။ မြားနှင့်ကဒ်ကိုတော့ မသုံးဖြစ်ဘူး။ ဒါပေမဲ့ သိချင်တယ်။ ဘာလို့လဲဆိုရင် တချို့သော မသိတဲ့သူတွေ အတွက်ပေါ့။ ဆေးနာမည်တွေကို အတိအကျ မပြောနှိုင်တာ ခွင့်လွှတ်ပါ။
အများဆုံးသုံးတာဆိုရင် တကပ်မှာ ၂၈ ပြားပါတယ်။ ၂၁ ပြားက အရောင်တမျိုး။ ၇ ပြားက တမျိုး။ ၂၁ ပြားကနေ တနေ့ ၁ လုံးကျ စသောက်ရတာဖြစ်မယ်။ သိချင်သေးတာရှိရင် ဆရာ့ ဝက်ဘ်ဆိုက်မှာ အားလုံးရေး ထားတယ်။ မာတိကာ အောက်ဆုံးမှာ။ ကြိုက်တာရွေးဖတ်ပါ။
http://dts-medicaleducation-adult.blogspot.in/
Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-pill-types.html
Birth Control pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု http://dts-medicaleducation-adult.blogspot.in/2012/05/birth-control-pills-faqs.html
Tue, Aug 14, 2012 at 9:39 PM
ကျွန်တော်က မိန်းမထက် အသက်အများကြီးကြီးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကလေးဖျက်ချမိပါတယ်။ ကလေးဖျက်ချပြီး ဘယ်လောက်ကြာမှ ကလေးရနိုင်ပါသလဲ။ အသက်အရွယ်ကြီးရင့်မှုနဲ့ရော ဆိုင်ပါသလား။ သူက (၂ဝ)၊ ကျွန်တော်က (၄၅) ပါ။ ကလေးဖျက်ချမိပြီး ဘယ်အချိန်လောက်ထိများ ကြာမြင့်နိုင်ပါသလဲ။ ခုမှ ကျွန်တော်လည်း နောင်တရနေမိပါတယ်။
ကိုယ်ဝန် တခါဆောင်ဘူးတဲ့ အမျိုးသမီးတိုင်း နောက်ထပ်ကိုယ်ဝန်ဆောင်ဘို့ များပါတယ်။ ဖျက်ချနည်းက ဘယ်နည်းလဲတော့ မသိပါ။ ဆင်းစရာတွေအကုန်ဆင်းပြီး အကာအကွယ်၊ တားနည်း မသုံးဘဲ အတူနေရင် နောက်ကိုယ်ဝန်ထပ်ရပါမယ်။ အကြမ်းဖျဉ်း ပျက်လို့သွေးဆင်းတာကို ရာသီတလတွက်လာတယ်လို့ မှတ်ယူနိုင်တယ်။ ဒါကြောင့် ဆင်းပြီးနောက် တပတ်နေရင် နောက်ကိုယ်ဝန်ဝန်ရနိုင်ပြီလို့ (သီအိုရီ) အရ ပြောနိုင်တယ်။ ကောင်းတာကတော့ ရာသီလာရက် ၂ လလောက်မှန်ပြီးနောက်မှ ကိုယ်ဝန်ယူသင့်တယ်။
ကိုယ်ဝန်အတွက်မျှော်လင့်ထားရင် အဲဒီလတွေအတွက် တားနည်းရွေးသင့်တယ်။ (ကွန်ဒွမ်) နည်း ရက်ရှောင်နည်းတွေက ကိုယ်ဝန်ယူချင်တဲ့အခါ ဘာမှ အနှောင့်အယှက် မဖြစ်စေပါ။ ဟော်မုန်းပါတာသုံးရင် စောင့် ရမှာရှိတတ်တယ်။ ကလေးရဘို့ အသက်ကလဲ အချက်တခုမှန်ပါတယ်။ အမျိုးသမီးအသက်ကတော့ ပြောစရာမလိုပါ။ ယောက်ျား ဒီအသက်ကလည်း ကလေးရဘို့ မကြီးသေးပါ။
Wed, Aug 15, 2012 at 9:32 AM
Age 21, Sex female, Name (့), Address (့), Married
Symptom 1 = White discharge (color white and smell little bad) for 1 month but now stopped after I put Clotrimazole (Clotrident made in Germany) inside my vagina for 6 days and it relieved itchiness and discharge;
Symptom 2 = Vaginal entrance pain during sex and sexually inactive; and
Symptom 3 = Vagina is itchy and swelling after sex.
Now I am taking Fluconazole 150 mg tablet one for each day and (Clotrimazole) Clotrident 1% cream intra-vaginally 3 times a day for about 7 days. It didn't show any improvement. I also had experience like this at my age of 19. Vaginal pain affects my sex life for my husband.
စာတွေပို့လိုက်ပါတယ်။ လိုသေးရင် မေးပါ။
• Vulvovaginitis အမျိုးသမီးအင်္ဂါ ရောင်ခြင်း
• Vaginal itching မိန်းမကိုယ် ယားခြင်း
ယမုန်နာ ဆေးခန်း - အမေးအဖြေ (၆၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




