1. ရင်သားမှ သာမာန် မဟုတ်သော အနံ့တမျိုး ရရှိနေပြီး
2. အဲဒီအရေပြား ဆက်စပ်မူ အပိုင်းမှာ ဖြတ်တောက်မူ မပြုရသေးပါဘူး။
3. သူကိုယ်ဝန်ရနိုင်ပါသလား။
4. တစ်နှစ်ကျော်လောက်က ကိုယ်ဝန်ပျက်ကျလို့ သားအိမ်ခြစ်ဖူးပါတယ်။
5. သမီးသုံးနေတဲ့ နက်က တရုတ်နက်ဆိုပါတော့။
6. သူကိုယ်ဝန်ရနိုင်ပါသလား။
7. နမ်းစုပ်ရင် ဆီးချိုရောဂါပိုး ဝင်နိုင်ပါသလား။
8. နှစ်လုံးတွဲပါတဲ့ ကိုယ်ဝန် တားဆေးတွေကို
9. ကလေးရဖို့လည်း ခက်တယ်လို့ ပြောပါတယ်။
10. D&C လုပ်ပြီး ဆောင်ရန်ရှောင်ရန်တွေ
Sun, Aug 19, 2012 at 5:00 AM
ကျွန်တော့် အမျိုးသမီးမှာ ငယ်စဉ်က (၁၄/၁၅ နှစ်) ရင်သားတွင် အကြိတ်ပေါ်သောကြောင့် ၂ ကြိမ်တိုင် ခွဲစိတ်မှု ပြုလုပ်ခဲ့ရပါသည်။ ယခုအခါတွင် (၂၆ နှစ်) ရင်သားမှ သာမာန် မဟုတ်သော အနံ့တမျိုး ရရှိနေပြီး ရင်သား ကင်ဆာ ဖြစ်ပွားမည်ကို စိုးရိမ်နေပါသည်။ ခွဲစိတ်မှုပြုစဉ်က သာမာန် အကြိတ်သာဖြစ်ခဲ့ပါသည်။ ရင်သားမှာလည်း အရွယ် ရောက်သည့်တိုင် ကြီးထွားလာခြင်း မရှိခဲ့ပါ။ မည်သည့် ရောဂါအခြေအနေမျိုး ဖြစ်နိုင်ပြီး၊ မည်သို့ ကုသကာကွယ် နိုင်မည်ကို ဖြေကြားပေးပါ။
နှစ်ကြိမ်ခွဲတာက တဖက်တည်းမှာလား၊ နောက်တနေရာမှာ ထပ်ဖြစ်တာလား၊ အနာမကျက်လို့ ထပ်ပြင်ရတာလား မသိပါ။
မိန်းကလေး၊ အမျိုးသမီးတွေ အရွယ်ငယ်တုံးမှာဖြစ်တဲ့ ရင်သား-အကျိတ်ဆိုတာ ကင်ဆာ မဟုတ်ပါ။ Fibroadenoma ခေါ်တာ ဖြစ်ပါမယ်။ နောင်တချိန်မှာ ကင်ဆာကို ပြောင်းတယ်လို့ မရှိပါ။ Fibroadenosis ခေါ်တာကတော့ တမျိုးဖြစ်တယ်။
1. Breast Enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါ http://dts-medicaleducation-adultblogspotin/2012/03/breast-enlargementhtml
2. Breast Fibroadenosis (ဖိုက်ဘရို-အဒီနိုးဆစ်) ရင်သားရောဂါ http://dts-medicaleducation-adultblogspotin/2012/07/fibroadenosishtml
3. Breast Cancer ရင်သား-ကင်ဆာ http://dts-medicaleducation-adultblogspotin/2012/07/breast-cancerhtml
4. Breast Cancer Chemotherapy ရင်သား-ကင်ဆာကို ဆေးပေးကုသခြင်း http://dts-medicaleducation-adultblogspotin/2012/07/breast-cancer-chemotherapyhtml
5. Breast Cancer Today ရင်သား-ကင်ဆာ အရင်ကနဲ့မတူပါ http://dts-medicaleducation-adultblogspotin/2012/07/breast-cancer-todayhtml
6. Breast Cancer Treatment regimes ရင်သား-ကင်ဆာ ကုထုံးများ http://dts-medicaleducation-adultblogspotin/2012/07/breast-cancer-treatment-regimeshtml
7. Breast Conditions ရင်သား ကျန်းမာရေး http://dts-medicaleducation-adultblogspotin/2012/03/breast-conditionshtml တွေကို ဖတ်နိုင်ပါတယ်။
ဖြစ်တဲ့သူရဲ့ ကလေးရပြီး၊ မရသေးမသိပါ။ ရရင်လဲ အငယ်ဆုံးကလေး အသက်သိဘို့ လိုသေးတယ်။ နောက်ပြီး အနံ့က ရင်သားနေရာက လာတာ ဟုတ်-မဟုတ် သေခြာစေသင့်ပါတယ်။
Sun, Aug 19, 2012 at 7:25 AM
ပို့ပေးလာတဲ့ အချက်အလက်တွေကို ဖတ်လိုက်ရလို့ ဗဟုတုသအများ ရလိုက်ပါပြီ။ ကျွန်တော်နဲ့ ကိုက်ညီတဲ့အချက်က သုတ်အစောလွှတ်ခြင်း (၁) နဲ့တူနေပါတယ်။ Glans penis အပိုင်းနဲ့ ပက်သက်တယ်ဆိုတာ နားလည် လိုက်ရပါတယ်။ ကျွန်တော်ရဲ့ အဲ့ဒီ Glans penis အပိုင်းမှာ အားနည်းချက်ရောဂါလို့ ထင်နေခဲ့ပါတယ်။ ဒေါက်တာ့ ဆောင်းပါး ဖတ်ရမှ အဲ့ဒီအပိုင်းရဲ့ သဘာဝကို သိရပါတယ်။ ကျွန်တော့် ပြသနာက အဲဒီအပိုင်းနဲ့ လုံးဝ ဆက်နွယ်နေပါတယ်။ Sensitivity အာရုံခံစားမူ အရမ်းဖြစ်ပါတယ်။ အာရုံခံစားမူအပိုင်း နောက်တခု Frenulum လို့ခေါ်တာလား။ အဲဒီအရေပြား ဆက်စပ်မူ အပိုင်းမှာ ဖြတ်တောက်မူ မပြုရသေးပါဘူး။ အဲဒီနေရာနဲ့လည်း သက်ဆိုင်ပါသလား။ အဲဒီတစ်နေရာမှာ ဆက်ဆက်နေပါတယ်။ အပေါ်ယံအရေပြားတော့ လွန်ခဲ့သော တစ်နှစ်အကြာ ဖုံးအုပ်မူမရှိခဲ့တော့ပါ။
အခေါ်အဝေါ်က အသေအခြာ မစစ်ဆေးသေးရင် လွဲပြီးနားလည်သွားနိုင်တယ်။ သေခြာတာကို ပြောပါမယ်။ ပန်းငုံတာ မရှိရင် ခွဲစိတ်ပြုပြင်စရာ မလိုပါ။ ပန်းငုံတယ်ဆိုတာ ပန်းအဖျားကို တွဲလှန်တဲ့အခါ ကွမ်းသီးခေါင်း အကုန်အထိ လှန်လို့ မရတာကို ခေါ်တယ်။ ဒါကလဲ အရွယ်ရောက်ပြီးသူတွေနဲ့သာ ဆိုင်တယ်။ ကလေးငယ်တွေကို အဲလိုအထိ လုပ်မပေးရဘူး။ သိပ်နာလိမ့်မယ်။ စမ်းတာနဲ့ ရလောက်၊ မရလောက်သိတယ်။ ကလေးကလဲ ဆီးသွားရင် ငိုတာ၊ ဆီးလုံး သေးတာ၊ ပန်းအဖျား ဖေါင်လာတာ တခုခုဖြစ်မယ်။
လူကြီးတွေကို ပန်းမငုံလဲခွဲတာက ဘာသာရေး နဲ့ HIV ကာကွယ်ဘို့ ပိုကောင်းမယ်လို့ ယူဆသူတွေက မလွဲမသွေ လုပ်စေကြတယ်။
ပန်းတံထိပ်ဖျား အောက်နားမှာ လှန်ကြည့်ရင် မြားဦးပုံသဏ္ဌာန် တွဲနေတဲ့ အသားနုလေးရှိတယ်။ ဒီနေရာကို ခွဲစိတ်ကုသရာမှာ မထိခိုက်စေရဘူး။ အာရုံခံစားမှုမှာ သိပ်အရေးပါလို့ဖြစ်တယ်။
အာရုံခံစားမှု များတဲ့နေရာလေးတွေက အတွေ့အထိကြောင့် ထုံလာလိမ့်မယ်။ အဲဒီအခါ ပြီးချင်စိတ်ကို ထိန်းလို့ ပိုရလာမယ်။ အချိန်မတိုင်ခင် အဲလိုဖြစ်ချင်သူတွေက ထုံဆေး လိမ်းဆေး သုံးနိုင်တယ်။ (ကွန်ဒွမ်) ကနေလဲ အာရုံခံမှုကို နည်းနည်းဖြစ်တော့ နည်းစေတယ်။
သိထားဘို့က လိင်ခံစားမှုမှာ အာရုံကြောခံစားမှုက တစိတ်တပိုင်းသာ ဖြစ်တယ်။ စိတ်ပိုင်းလဲ ပါတယ်။ စိတ်ကိုလဲထိန်း၊ အာရုံကြောကိုလဲ ပြောခဲ့သလို ထိန်းမှ အချိန်ကြာစေမယ်။
Sun, Aug 19, 2012 at 5:09 PM
ကွန်ဒွမ် အသုံးပြုပါတယ်။ အဲ့ဒိမှာ ဆက်ဆံတဲ့အခါမှာ ပြီးသွားတဲ့အတွက် ကွန်ဒုံးအသစ်လဲပြီး ဒုတိယအကြိမ် ထပ်ဆက်ဆံပါတယ်။ ဒုတိယအကြိမ်ကို ကွန်ဒွမ် စွပ်ပြီးဆက်ဆံချိန်မှာအချိန် တစ်ဝက်လောက်ရောက်တော့ ကျွန်တော် စိတ်မပါတော့တဲ့အတွက် မိန်းမကိုယ်ထဲမှာ ကွန်ဒွမ်က ကျန်ခဲ့ပါတယ်။ သူကိုယ်ဝန်ရနိုင်ပါသလား။
သုက်ပိုးဟာ ကလေးရချင်သူတွေအတွက် ခက်ခဲလှပြီး တားချင်သူတွေအတွက် တစက်ဆိုတစက် တာသွားလှတယ်။ (ကွန်ဒွမ်) အတွင်းမှာနေရမဲ့ သုက်ရည်က အပြင်ထွက်၊ ဖိတ်စင်ပြီး မွေးလမ်းကြောင်းထဲ ရောက်-မရောက် သေခြာဘို့ လိုတယ်။ ရောက်ချင်ရောက်မယ် ထားပါတော့ သုက်ပိုးတွေက သားအိမ်အဝကနေဖြတ်ပြီး သားအိမ်ထဲဝင်ရမယ်။ သားအိမ်ထဲအထိ ရောက်ပြန်ရင်လဲ အဲလိုဖြစ်ခဲ့တဲ့ရက်ဟာ အမျိုးသမီးရဲ့ ရာသီရက် ဘယ်နှစ်ရက်မြောက်မှာလဲတော့ မသိလို့ စိတ်ချနိုင်လောက်တဲ့ရက် ဟုတ်-မဟုတ် မသိပါ။
သေခြာချင်ရင် ဆီးစစ်ပါ။ ဆီးစစ်နည်းကို အရင်ဖတ်ပါ။ အချိန်က ၇၂ ဒါမှမဟုတ် ၃ ရက်အတွင်းဆိုရင် ကိုယ်ဝန် မရစေချင်သေးရင် အရေးပေါ်တားဆေး၊ တားနည်းသုံးပါ။ တချို့နည်းက ၅ ရက်အထိရပါတယ်။ အရေးပေါ်နည်းစာတွေလဲ ရှိပါတယ်။
Tue, Jul 24, 2012 at 2:09 AM
ကျွန်တော့် အမျိုးသမီးမှာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကိုယ်ဝန်ပျက်ကျလို့ သားအိမ်ခြစ်ဖူးပါတယ်။ ၂ဝ၁၁ မတ်လ လောက်တုန်းကပါ။ နောက်ပိုင်း တစ်လလောက်ထိတော့ နည်းနည်း နာပါတယ်။ အလေးအပင် မပါပါဘူး။ အစစ ဆင်ခြင်ပါတယ်။ နောက်တော့ အားလုံး အဆင်ပြေပြီး ပှုံမှန်အတိုင်းကောင်းသွားပါတယ်။ ပြီးခဲ့တဲ့အပတ်က သူဗိုက်က အလယ်တည့်တည့်က နာတယ်ပြောပါတယ်။ ဓမ္မတာလာပြီး လေးရက်လောက် အကြာမှာဖြစ်တာပါ။ ဒီလကို ၅ ရက် လာတယ် ပြောပါတယ်။ ပုံမှန်ကတော့ ၄ ရက်ထိ အများဆုံးပါ။ တအားအများကြီးတော့ မဟုတ်ပါဘူး။ ဒီလလာပြီး ငါးရက်လောက်မှာ ဗိုက်အလည်တည့်တည့်က နာတယ်ပြောပါတယ်။ ၄ နာရီ သာသာလောက်ထိ နာနေတာပါ။ သူ အဝတ်တွေလည်း မလျော်ပါ။ ဒီနေ့လည်း ညနေပိုင်းက နည်းနည်း နာတယ် ပြောပါတယ်။ ကျွန်တော်က အလုပ်ကိစ္စနဲ့ ပြည်ပမှာပါ။ အတူမနေဖြစ်တာလည်း ကြာပါပြီ။ သူလည်း ပုံမှန် အကောင်းအတိုင်းကနေ နည်းနည်း ပြန်နာတော့ စိုးရိမ်ရပါလား။ သားအိမ်ခြစ်ထားတာကနေ သူ့ကို ထိခိုက်မှာ စိုးရိမ်မိလို့ပါ။
မစိုးရိမ်ပါနဲ့။ သားအိမ်ခြစ်တာက ခဏနဲ့ ပုံမှန်ပြန်ရောက်ပါတယ်။ အခု အတော်ကြာပြီဘဲ။ ရာသီလလဲပုံမှန်၊ တရက်သာ ပိုတယ်။ ရောဂါမဟုတ်လောက်ပါ။ ဖြစ်နိုင်တာ ၂ ခုစဉ်းစားလို့ရတယ်။ (၁) မ-မျိုးဥထွက်ချိန်မို့ နာတာ။ (၂) လေ။ ဝမ်း၊ အစား မှန်ပါသလား။
လက်တန်းဆေးနည်းပေးရရင် (၁) Antacid/Gelmag/Degene စတဲ့ လေဆေး တခုခု တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ခါသောက်ပါ။ (၂) Ibuprofen/Paracetamol/Diclofenic.Buscopan တခုခုကို လေဆေးနဲ့ တွဲသောက်ပါ။ (၃) နာတဲ့နေရာ ရေနွေးအိပ်ကပ်ပါ။
မသက်သာသေးရင် မေးပါ။ အဖြူဆင်းတာ ရှိ-မရှိသိချင်ပါတယ်။ နှိပ်ကြည့်ရင်နာတာလား၊ မနှိပ်ဘဲနာတာလား ခွဲခြားသိချင်တယ်။
Mon, Aug 20, 2012 at 11:56 AM
သမီးဆရာ့ကို ကိုယ်ဝန်ဆောင်စဉ် ရာသီပေါ်သလိုဖြစ်တာနဲ့ပတ်သက်ပြီး ထပ်မေးဖို့ ဖြစ်လာပါတယ်။ သမီးက (့) မှာ နေတော့ သမီးသုံးနေတဲ့ နက်က တရုတ်နက်ဆိုပါတော့။ ဒါကြောင့် ဆရာပေးထားသော လင့်ခ်တွေဆို ဖရီးကိတ် ဒါမှမဟုတ် ဖရီးယူ (ကျော်ခွရသောဆိုဒ်) ကို သုံးပြီးဖွင့်ရပါတယ်။ ဒါပေမယ့် တခါတလေ ဖတ်မရတာရော အများကြီး ရှိပါတယ်။ ဒါကြောင့် တခါတလေ အခက်အခဲရှိတာပေါ့နော်။ ပြီးတော့ သမီးဆေးသောက်နေတာ ၁ဝ ရက်ရှိပါပြီ။ (ကိုယ်ဝန်ခိုင်ဆေး) ဒါပေမယ့် ရာသီလာသောပုံစံ ဖြစ်နေတုန်းပါပဲ။ တချို့ပြောတာတော့ ဆေးသောက်ရင် ရာသီလာတာ ရပ်သွားတယ်လို့ ပြောပါတယ် ဒါပေမယ့် သမီး အဲ့လို မဖြစ်ဘူး။ လာနေတုန်းပါပဲ။ အများကြီးတော့ မဟုတ်ပါ။ ဒါပေမယ့် စိုးရိမ်လာသလို ဖြစ်နေလို့ပါ။ အရမ်းအခြေအနေဆိုးရင် သားအိမ်ခြစ်ရမှာလဲ ကြောက်လို့ပါ။ ဘာဆက်လုပ်ရမှန်းတောင် မသိတော့ပါဘူး။ ချိန်းထားသော ၁၅ ရက်လဲ မပြည့်သေးလို့ သွားမပြရသေးပါဘူး။ ကြားထဲမှာ သမီးလဲ အမျိုးသားနဲ့ ၂ ရက်နေလိုကိမိပါတယ်။ ကိုယ်ဝန်ရှိကတည်းက အခုမှ ၂ ရက်နေမိတာပါ။ ရာသီလာသလို အညိုရောင်လဲ ဆက်တိုက် လာနေတုန်းမို့ ဘာဆက်လုပ်ရမှန်းတောင် မသိတော့ပါဘူး။ ကြာရင် ရောဂါ ပိုဆိုးလာမှာလဲ စိုးလို့ပါ။
မေးခဲ့တာတွေပါ ပြန်ထည့်လို့တော့ ကောင်းပါတယ်။ အကြောင်းအရာတွေက မတူကြလို့ အခုဖြစ်နေတာ ဘာလဲ စဉ်းစားနေရတယ်။ ကိုယ်ဝန်ရှိပြီး သွေးဆင်းနေတာကိုမေးတာထင်ပါတယ်။ နောက်ဆုံးရာသီလာခဲ့တာက ၂ လ ကျော်နေပြီ မဟုတ်လား။ အခုထိဆင်းနေရင် ကိုယ်ဝန်ပျက်တာဖြစ်မယ်။ သောက်တဲ့ဆေးဆိုတာတော့ မရှင်းပါ။ ကိုယ်ဝန်တည်အောင်လား။ အားဆေးလား မသဲကွဲပါ။ ပျက်စရာဆိုရင်တော့ ဆက်ဆင်းမယ်။ ကုန်အောင် ဆင်းမယ်။ သားအိမ်ခြစ်ရင်တော့ တခါတည်းပြီးမယ်။ အင်တာနက်လိုင်း အခက်အခဲ သဘောပေါက်ပါပြီ။ သိချင်တာ၊ ဖတ်ချင်တာကိုသာ ပြောပါ တခါတည်းတွဲပို့ပါမယ်။
Sun, Aug 19, 2012 at 5:09 PM
ကျွန်တော်တို့ လက်မထပ်သေးခင် အတူတူနေကြပါတယ်။ ကျွန်တော် သူ့ကို အရင်ကတော့ သုံးလခံ တားဆေး ထိုးပေးပါတယ်။ ဒါပေမယ့်အခု အဲ့ဒီဆေး ဆက်မထိုးချင်တော့လို့ ကွန်ဒွမ် အသုံးပြုပါတယ်။ ကွန်ဒွမ်အသစ် လဲပြီး ဒုတိယအကြိမ် ထပ်ဆက်ဆံပါတယ်။ ပထမအကြိမ်ပြီးသွားတုန်းက သုတ်ရည်တစ်ချို့က ပေနေတာပေါ့။ မိန်းမကိုယ်ထဲမှာ ကွန်ဒွမ်က ကျန်ခဲ့ပါတယ်။ သူကိုယ်ဝန်ရနိုင်ပါသလား။ စိတ်ပူလို့ပါ။
သုက်ပိုးဟာ ကလေးရချင်သူတွေအတွက် ခက်ခဲလှပြီး တားချင်သူတွေအတွက် တစက်ဆိုတစက် တာသွားလှတယ်။
(ကွန်ဒွမ်) အတွင်းမှာနေရမဲ့ သုက်ရည်က အပြင်ထွက်၊ ဖိတ်စင်ပြီး မွေးလမ်းကြောင်းထဲ ရောက်-မရောက် သေခြာဘို့ လိုတယ်။ ရောက်ချင်ရောက်မယ် ထားပါတော့ သုက်ပိုးတွေက သားအိမ်အဝကနေဖြတ်ပြီး သားအိမ်ထဲ ဝင်ရမယ်။ သားအိမ်ထဲအထိ ရောက်ပြန်ရင်လဲ အဲလိုဖြစ်ခဲ့တဲ့ရက်ဟာ အမျိုးသမီးရဲ့ ရာသီရက် ဘယ်နှစ်ရက်မြောက်မှာလဲတော့ မသိလို့ စိတ်ချနိုင်လောက်တဲ့ရက် ဟုတ်-မဟုတ် မသိပါ။
သေခြာချင်ရင် ဆီးစစ်ပါ။ ဆီးစစ်နည်းကို အရင်ဖတ်ပါ။
အချိန်က ၇၂ ဒါမှမဟုတ် ၃ ရက်အတွင်းဆိုရင် ကိုယ်ဝန်မရစေချင်သေးရင် အရေးပေါ်တားဆေး၊ တားနည်းသုံးပါ။ တချို့နည်းက ၅ ရက်အထိရပါတယ်။ အရေးပေါ်နည်းစာတွေလဲရှိပါတယ်။
Sun, Aug 19, 2012 at 8:17 PM
ကျွန်တော့် အမျိုးသမီးမှာ မျိုးရိုးလိုက်တဲ့ ဆီးချိုရောဂါရှိနေပါတယ်။ သူနဲ့ ပါးစပ်ချင်း နမ်းစုပ်ရင် ဆီးချိုရောဂါပိုး ဝင်နိုင်ပါသလား။ ကျွန်တော်က အသက် ၃၃ နှစ်ရှိပါပြီပါ။
လုံးဝ မကူးစက်ပါ။ အင်္ဂါချင်းဆက်ဆံတာကနေလဲ မကူးပါ။ ဆီးချိုက ပိုးကြောင့်ဖြစ်တာ မဟုတ်ပါ။ သားသမီးရရင်တော့ တချို့ကလေးမှာ လာဖြစ်နိုင်ပါတယ်။
• Diabetes ဆီးချို http://dts-medicaleducationblogspotcom/2010/09/diabeteshtml
• Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ http://dts-medicaleducationblogspotin/2012/06/diabetic-neuropathyhtml
Mon, Aug 20, 2012 at 8:39 PM
မေးလ် ပို့ဖို့ ကော်နက်ရှင်း မကောင်းလို့မဖြစ်နိုင်ပါ။ Ecee2 လို နှစ်လုံးတွဲပါတဲ့ ကိုယ်ဝန် တားဆေးတွေကို နှစ်လုံး တစ်ချိန် တည်သောက်လို့ ထိရောက်မှုရှိနိုင်ပါလား။
Ecee 2 နာမယ်နဲ့ အရေးပေါ် ကိုယ်ဝန်တားဆေးဆိုတာ Levonorgestrel 075mg ပါတဲ့ဆေး ၂ လုံး ဖြစ်တယ်။ Levonorgestrel ဆိုတာ တည်ဆောက်ထားတဲ့ Progestogen ဟော်မုန်း ဖြစ်တယ်။ တခြားနာမယ်တွေနဲ့ ဆေးတွေလဲ ရှိတယ်။
• 72-Hours ဆေးမှာ Levonorgestrel 075mg ပါတယ်။ ပဌမ ၁ လုံး၊ နောက် ၁၂ နာရီခြား ၁ လုံး သောက်ရတယ်။
• G- Pill ဆေးမှာ Levonorgestrel 075mg ပါတယ်။ ပဌမ ၁ လုံး၊ နောက် ၁၂ နာရီခြား ၁ လုံး သောက်ရတယ်။
• G- Pill ဆေးမှာ Levonorgestrel 15mg ပါတဲ့ ဆေး ၁ ပြားထဲဖြစ်တယ်။
• Norlevo ဆေးမှာ Levonorgestrel 075mg ပါတယ်။ ပဌမ ၁ လုံး၊ နောက် ၁၂ နာရီခြား ၁ လုံး သောက်ရတယ်။
• Pill 72 ဆေးမှာ Levonorgestrel 075mg ပါတယ်။ ပဌမ ၁ လုံး၊ နောက် ၁၂ နာရီခြား ၁ လုံး သောက်ရတယ်။
တခါတည်းသောက်ရင် ဆေးရဲ့ ဘေးထွက်-ဆိုးကျိုး ပိုများမယ်။ ထိရောက်မှု ရှိပါတယ်။
ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ဆရာ။ 72Hour ဆေး။ Levo72 ကိုတစ်ချိန်တည်း နှစ်လုံး သောက်မိလို့ ထိရောက်မှုမရှိမှာ စိုးလို့ပါ။ ဘေးထွက်ဆိုးကျိုးအဖြစ် ဆံပင်ကျွတ်တယ်၊ ခေါင်းမူးတယ်၊ အန်ချင်သလိုဖြစ်တယ်လို့ ပြောပါတယ်။ တစ်ခြား မရှိပါ။
Wed, Aug 22, 2012 at 2:58 PM
ကျွန်မ တားဆေး လက်မောင်းထည်းထည့်ပြီးလို့ လေးလလောက်ကြာမှာ ရေအိတ် ၃ စင်တီမီတာ ဖြစ်ပါတယ်ရှင့်။ ဆေးသောက်တော့ သက်သာသွားပါတယ်။ အသက် နှစ်ဆယ့်လေးနှစ် ကျော်ပါပြီ။ ကျွန်မကလေး ယူချင်လို့ လက်မောင်းထည်းကဆေး ထုတ်ပြီးတော့ ရာသီလာတုန်း အရမ်းအောင့်ပါတယ်။ ခုနှစ်လရှိပါပြီ။ အရမ်းအောင့်ပါတယ်။ ဆေးခန်းသွားတော့ သောက်ဆေးပေးပါတယ်။ သာအိမ် အနောက်ရောက်နေတယ်လို့ ပြောပါတယ်။ ကလေးရဖို့လည်း ခက်တယ်လို့ ပြောပါတယ်။ ခုတော့ ဆရာမပေးတဲ့ ဆေးတစ်ချို့က တစ်ပတ်သောက်ရမှာဖြစ်ပြီး၊ ဘီကိုဇင့်နဲ့ ဖောလစ်အက်ဆစ်ကတော့ တစ်လသောက်ရမယ်လို့ ပြောပါတယ်။ ကျွန်မ အောင့်တဲ့နေရာက ချက်နဲ့ ချက်အောက်ပိုင်း ဘယ်ညာဘက်ပါ။
သောက်သောက်ရတဲ့ တားဆေးအမျိုးအစား မသိပါ။ သားအိမ်အနောက်ရောက်ဆိုတာ သားအိမ်အနေအထားကိုပြောတာဖြစ်မယ်ထင်တယ်။ သားအိမ်က ရှေ့ဖက်ကိုကိုင်းတာ နဲ့ နောက်ဖက်ကိုကိုင်းတာ နှစ်မျိုးရှိတယ်။ ဒီအနေအထား နှစ်မျိုးလုံးကြောင့်တော့ ကလေးမရတာ မဖြစ်စေပါ။ တခြားဟာဆို မပြောတတ်သေးပါ။
ဟော်မုန်း ၂ မျိုးတွဲပါ တားဆေးမျိုးက နာတာသက်သာစေတယ်။ လာတာနည်းစေမယ်။ ရာသီလာချိန်နာတာအတွက် Paracetamol, Ibuprofen, Diclofen တမျိုးမျိုးကို တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်သောက်ပါ။ ၂-၃ ရက်ထက်ပိုသောက်စရာမလိုဘူး။
ကလေးရဘို့ခက်တဲ့ တခြားအကြောင်းကို ဆရာဝန်ကစစ်တွေ့ထားသလားမပြောတတ်ပါ။ ဆရာ့ (ဆိုက်) ထဲမှာ သိချင်တာ အားလုံးလောက်နီးပါး ရှာနိုင်ပါတယ်။
Thu, Aug 23, 2012 at 8:54 AM
သမီးက (့) မှာနေပါတယ်။ အသက်က ၂၅ နှစ်ပါ။ အမျိုးသားက ၂၇ ပါ။ ကိုယ်ဝန် ၃ လနီးပါးရှိမှ ပျက်ကျမလိုဖြစ်ပြီး သွေးတွေဆင်းလို့ ဆေးခန်းသွားပြတော့ (့) က D&C လုပ်လိုက်ရပါတယ်။ D&C ဆိုတာ သားအိမ်ခြစ်တာကို ဆိုလိုတာလား။ လုပ်လုပ်ပြီးချင်းတော့ သွေးတွေများများဆင်းတယ်။ တရက်ပေါ့ နောက်ရက်တွေတော့ နည်းနည်း နည်းနည်းပဲဆင်းတော့တယ် ခုထိပဲ။ အောင့်တာတော့မရှိဘူး။ D&C လုပ်ပြီး ၁ဝ ရက်ကြာတော့ ဆေးခန်းပြန်ပြရတယ်။ အားလုံး OK တယ်ပြောပါတယ်။ တစ်လစာဆေးပေးလိုက်တယ်။ သားအိမ်အတွက် Vitamin လို့ ပြောတယ်။ ဆေးဗူးပေါ်မှာတော့ Evening Primorse Oil + Omega 6 ရေးထား တယ်။ ပုံစံကတော့ငါးကြီးဆီလိုပဲ။ တစ်နေ့ တစ်လုံး အစာစားပြီးသောက်လို့ ပြောပါတယ်။ ရှည်ရှည်ဝေးဝေး မမေးဖြစ်လိုက်ဘူး။ ကြောက်နေတာလဲပါတယ်။ အဲဒီဆေးက ဘာဆေးလဲ။ ဘာ Side Effect ရှိလဲ။ အစာစားပြီး မှသောက်ဆိုလို့ မေးကြည့်တာပါ။ ဆေးခန်းကတော့ ပြစရာမလိုတော့ဘူး။ နောက်နှစ်လနေလို့မှ ရာသီမလာရင် ပြန်လာပြလို့ ပြောတယ်။ စိတ်ပူတာက အခုထိ သွေးဆင်းနေတာကိုပါ။
နေ့တိုင်းနည်းနည်းနည်းနည်း ဆင်းနေတာ Pad ကလဲမခံထားလို့မရဘူး။ ခုဆို ပေါင်ကြားမှာ အပူလောင်တဲ့ အနာမျိုးတွေတောင် ပေါက်လာတယ်။ အဒါဘာဆေးမျိုးလိမ်းရမလဲဆရာ။ နောက်ပြီး D&C လုပ်ပြီး Maximum ရက် ဘယ်လောက်ထိ သွေးဆင်းလဲ။ ဘယ်လောက်ရက်အတိုင်းအတာ ကျော်ရင်စိုးရိမ်ရလဲ။ သုံးပတ် ကျော်ပြီဆိုတော့ စိုးရိမ်ရလား။ D&C လုပ်ပြီး ဆောင်ရန်ရှောင်ရန်တွေ သိရအောင် ကျေးဇူးပြု၍ပြန်ဖြေပေးပါနော်။
D and C ဆိုတာ သားအိမ်ခြစ်တာ ဟုတ်ပါတယ်။ အထဲမှာရှိနေသလောက် ဆင်းတာများတယ်။ ရက်ကြာမယ်။ အမှန်က ခြစ်တုံးက ကုန်သလောက်ခြစ်ထုတ်တယ်။ အကပ်အသတ်လောက်သာ နောက်ရက်တွေမှာ နဲနဲ ဆင်းရတယ်။ မရပ်သေးတာဟာ မကုန်သေးလို့နေမယ်။ မကိုက်တော့ရင်တော့ မစိုးရိမ်ပါနဲ့။
အပူလောင်သလိုဖြစ်တာကို ရိုးရိုး သန်ရရှင်းရေးလုပ်ပါ။ နောက်ပြီး ရှေးဦးသူနာပြုမှာသုံးတဲ့ ပိုးသေဆေး တမျိုးမျိုး လိမ်းပါ။ ဥပမာ Clohexadine, Betadine, Burnol ဒါမှမဟုတ် Chloramphenicol eye ointment လိမ်းနိုင်တယ်။
D and C လုပ်တာကို ရာသီလာတာလို့ သဘောထားပြီး ကလေးမယူချင်သေးရင် နောက်ပိုင်းအတွက် တားဆေး၊ တားနည်း လုပ်ရမယ်။ ယူမယ်ဆိုလဲ ၂ လလောက် ရာသီမှန်ပြီးမှ ကလေးယူတာပိုကောင်းတယ်။ ဆက်တိုက်ရှိသွားလဲ ဘာမှတော့မဖြစ်ပါ။
သွေးအားကောင်းဘို့ သံဓါတ်ဆေး၊ သံဓါတ်ပါအစားအစာတွေ စားသောက်ပါ။
Evening primrose oil ညနေခင်း နှင်းဆီ
Omega-3 (အိုမီဂါ သရီး) ဘာလို့ နာမည်ကြီး
ယမုန်နာဆေးခန်း - အမေးအဖြေ (၆၄) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




