1. ကလေး တန်းမယူချင်ပါဘူး။
2. အရေးပေါ်တားဆေး ပြောင်းသုံးရင်လည်း
3. မသိတာလေး ဗဟုသုတ အနေနှင့် ဖတ်ချင်ပါသည်။
4. ကိုယ်ဝန်ရှိမရှိကို ဘယ်အချိန်မှာ စစ်ဆေးကြည့်ရင်
5. သားသမီးနဲ့မိဘ တွဲအိပ်တာ ကောင်းသလား ခွဲအိပ်တာကောင်းပါသလား။
6. စွမ်းတော့ စွမ်းဆောင်နိုင်တယ်။
7. အရေးပေါ်တားဆေး သောက်ပါလျက်နဲ့ ထိရောက်မှုရှိပါ့မလား
Sat, Sep 1, 2012 at 11:21 AM
ကျွန်မ အသက် ၂၅ ကျော်ပါပြီ။ အပျိုပါရှင်။ ရာသီ စလာတာ အသက် ၁၁ နှစ်သမီးမှာပါ။ ရာသီ စလာကတည်းက လ မမှန်ပါဘူး။ ၃ လတစ်ခါ ၂ လတစ်ခါ။ တစ်ခါတစ်လေ ကြရင် ၁ လထဲ ၂ ခါလာတာရှိပါတယ်။ သားဖွားမီးယပ်အထူးကုနဲ့ ပြတော့ စိုးရိမ်စရာမရှိဘူးပြောပါတယ်။ Vifron တစ်နေ့တစ်လုံး သောက်ခိုင်းပါတယ်။ ရာသီလာစဉ် ကိုက်ခဲခြင်းလည်း မခံစားရပါဘူး။ တစ်ခြားရောဂါ ထွေထွေထူးထူးလည်း မရှိပါဘူး။ ကျွန်မ နောက်နှစ်မှာ အိမ်ထောင်ပြုဖို့ရှိပါတယ်။ ကလေး တန်းမယူချင်ပါဘူး။ ဆေးတွေလည်း မသောက်ချင်ပါဘူး။ ကလေးယူရင် ထိခိုက်မှာ စိုးရိမ်လို့ပါ။ ပြက္ခဒိန်နည်းအရ ရှောင်ဖို့ကလည်း ကျွန်မက ရာသီလာရက် မမှန်တော့ ဘယ်လို လုပ်ရပါ့မလဲရှင်။ ကျွန်မ လပ်ထပ်မယ့်သူက ကလေး တန်းယူချင်ပါတယ်။ သူက (့) ပါ။ ကျွန်မ မလိုချင်သေးတာကို သူ့ကိုလည်း မသိစေချင်ပါဘူး။
ကလေးယူ-မယူကို ခဏထားပြီး ရာသီရက်မမှန်တာကို မှန်အောင်လုပ်နိုင် (လုပ်သင့်) ပါတယ်။ ဒီနည်းမှာ မေးတဲ့သူ မလုပ်ချင်တဲ့ ဟော်မုန်း ၂ မျိုးတွဲ၊ အများဆုံးသုံကြတဲ့ တားဆေးဖြစ်နေပါတယ်။မှန်ပါတယ် ရက်မမှန်သူက ပြက္ခဒိန်နည်းသုံးရတာ စိတ်မချရဘူး။ ခင်ပွန်းလောင်းက (့) လဲဖြစ်တော့ အတူနေချိန် အကန့်အသတ် ရှိမယ်ထင်တယ်။ အရေးပေါ်တားဆေးတွေက ခဏခဏသုံးတာ မကောင်းဘူး။ တားဆေး၊ တားနည်တွေက ကိုယ်ဝန်ဆောင်တုံး သုံးတာမဟုတ်ရင် ကလေးကို မထိခိုက်စေပါ။ ဆေးသောက်သူကိုသာ ဘေးထွက်-ဆိုးကျိုးရှိနိုင်တယ်။ ကလေးယူချင်လာလို့ စောင့်ဆိုင်းရတာဖြစ်နိုင်တယ်။
ခင်ပွန်း၏ကိုလဲ မသိစေချင်ရင် ကြိုတင်ပြီး သားအိမ်ထဲ IUD ထည့်နိုင်တယ်။ အရေပြားအောက် ဆေးချောင်း ထည့်ထားတာ သုံးနိုင်တယ်။ ဒါကတော့ အမာရွတ်မြင်စေနိုင်တယ်။ အမျိုးသမီးသုံး (ကွန်ဒွမ်) ကလဲ သူသိမှာဘဲ။ ၃ လခံထိုးဆေးလဲ သုံးနိုင်ပါတယ်။ တာနည်းတွေအကြောင်း အများကြီး ရေးထားပါတယ်။
တကယ်တန်းပြောရရင် နှစ်ဦးသား နားလည်မှုယူသင့်ပါတယ်။ လိမ်ရတာ မကောင်းပါ။ ပေါ်တဲ့အခါ စကားများမယ်။ ကိုယ့်လိပ်ပြာကိုယ်လဲ မသန့်ဖြစ်နေမယ်။
Sun, Sep 2, 2012 at 7:56 PM
အရေးပေါ်တားဆေး ပြောင်းသုံးရင်လည်း ရာသီရက်နောက်ကြတတ်တယ်လို့ ကြား ဖူးပါတယ်။ သုံးနေကြ Pills72 အစား Levo72 ကိုသုံးလိုက်ပါတယ်။ အဲဒါရာသီ လာရမယ့်ရက်ထက် သုံးလေးရက်လောက် နောက် ကျနေပါတယ်။ အဲ့ဒါ ဆေးပြောင်းသုံးလို့များလား။ ဆေးကြောင့်ဆိုရင် ဘယ်လောက်ထိ နောက်ကျနိုင်ပါသလဲ။
အရေးပေါ်တာဆေးတွေထဲမှာပါတဲ့ ဆေးက အတူတူသာဖြစ်တယ်။ ဆေးနာမည်မတူလို့ ကွဲရင် နဲနဲလေးဘဲ။ ဆေးသောက်တဲ့သူရဲ့ ကိုယ်ခံကျန်းမာရေးလဲ ကြည့်ရမယ်။ ရာသီရက်၊ အတူနေတဲ့ရက်၊ ဆေးကို ဘယ်တော့အကွာမှာ သောက်တယ်၊ စတာတွေကြောင့် တယောက်နဲ့ တယောက်၊ တခါနဲ့တခါ တူချင်မှတူပါမယ်။ ဆေးသောက်တဲ့ရည်ရွယ်ချက်က အတူနေပေမဲ့ ကိုယ်ဝန်မရစေဘို့သာ ဖြစ်တယ်။ ရာသီရက် မှန်ဘို့မဟုတ်ပါ။ ခဏခဏမသောက်ရင် စိုးရိမ်စရာ မရှိပါ။
Mon, Sep 3, 2012 at 12:50 PM
မသိတာလေး ဗဟုသုတ အနေနှင့် ဖတ်ချင်ပါသည်။ အဆင်ပြေမယ်ဆိုရင် PDF ဖိုင်လေးများ ရှိလျင် ပြန်ပို့စေလိုပါသည်။ မိန်းခလေးများ၏ ရာသီစက်ဝန်းနှင့်ပတ်သက်သော အကြောင်း၊ ကိုယ်ဝန်မရချင်လျင် မည်သို့ ရှောင်ရှားရမည် ကိုယ်ဝန်ရချင်လျင် မည်သို့ပြုလုပ်ရမည်နည်း ကိုယ်ဝန်ရှိမရှိ မည်သို့သိမည် ဘယ်အချိန်သိမည် စသဖြင့် နှင့် ယောကျာင်္လေးများ၏ သုက်ပိုး အသက်ရှင်ပုံများ မိန်းခလေးများ၏ မျိုးဥ ကြွေသော ရက်တွက်ချက်ပုံများကို သိချင်ပါသည်။
http://dts-medicaleducation-adult.blogspot.in/ ထဲမှာ သိချင်တာ အားလုံးလိုလိုရေးပြီးသာ ရှိပါတယ်။ အောက်ဆုံးမှာ မာတိကာရှိတယ်။ (ဘလော့ခ်) ကိုဖွင့်ရမှာပါ။ ဖေါင့်မရှိလို့ PDF နဲ့သာဖတ်မှာဆိုရင် ခေါင်းစဉ်ပြောပါ။
Mon, Sep 3, 2012 at 5:47 PM
ကျွန်မ အသက် ၂၆ နှစ်ပါရှင့်။ ကလေးတယောက်မိခင်ပါ။ သမီးလေးအသက်က ၅ နှစ်ပြည့်ခါနီးပါပြီ။ လွန်ခဲ့တဲ့ ၁ လ ကျော်လောက်ကမှ သားအိမ်ထဲမှာထည့်ထားတဲ့ iud ကို ထုတ်လိုက်တာပါ။ ၂၄. ၇ရက်နေ့မှာ ရာသီသွေးပေါ်ပါတယ်။ အဲဒီနောက်ပိုင်း ကွန်ဒုံးကိုသုံးပါတယ်။ ဒါပေမယ့် ၁၇. ၈ ရက်နေ့ နောက်ပိုင်းမှာတော့ မသုံးပဲနေခဲ့မိပါတယ်ရှင့်။ အခုကျွန်မ ရာသီထိန်နေတာ ဒီနေ့ထိပါပဲရှင့်။ ကိုယ်ဝန်ရှိမှု ရှိစစ်ဆေး ကြည့်တော့လဲ မရှိပါဘူးရှင့် (အချိန်မရွေး စစ်ဆေးလို့ရသော အရာ)။ ရိုးရိုးထိန်တာလား ကိုယ်ဝန်ကြောင့်လား ကိုယ်ဝန်ရှိမရှိကို ဘယ်အချိန်မှာ စစ်ဆေးကြည့်ရင် ပိုသေချာလဲဆိုတာ သိချင်လို့ပါရှင့်။
မဖြေခင် နောင်မှာ ဆေး-ကျန်းမာရေးအတွက် ရေးရင် စာရိုက်တာကို ပိုဂရုစိုက်စေချင်ပါတယ်။ ၂၄-၇-၁၂၊ ၁၇-၈-၁၂ လို့ ဆိုမှာ ပိုရှင်းတယ်။ မြန်မာစာမှာ (ဖူးလ်စတော့ပ်) ရိုက်တာက ဖတ်ရတဲ့သူအတွက်ခက်တယ်။ အချိန်မရွေးစစ်ဆေးလို့ ရသောအရာ ဆိုတာကိုလဲ မရှင်းပါ။ ဆေးစယနာမည်ပါမှ သိမယ်။ အဲလိုစစ်လို့ရတယ်ဆိုတာ မရှိသေးပါ။ ဆီးစစ်နည်းအကြောင်းစာတွေ ပို့လိုက်ပါတယ်။ ကိုယ်ဝန်အတွက်ဆီးစစ်တာက စနစ် ကျပြီး အနုတ်အဖြေထွက်ရင် ကိုယ်ဝန်မရှိပါ။ တခြားအကြောင်းကို စစ်ဆေးမှသာ သိပါမယ်။
- Pregnancy - (hCG) ကိုယ်ဝန်ရှိ-မရှိစစ်တဲ့ ဟော်မုန်း
- Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း
Mon, Sep 3, 2012 at 4:46 PM
သားသမီးနဲ့မိဘ တွဲအိပ်တာ ကောင်းသလား ခွဲအိပ်တာကောင်းပါသလား။ အကျိုးနဲ့အပြစ်ကို သိချင်လို့ပါ။ ခွဲအိပ်ရင်ကော ဘယ်အရွယ်လောက်မှာ အိပ်သင့်ပါလဲ။ ကလေးယောက်နဲ့ တယောက်ကြား ဘယ်လောက် ခြားသင့်ပါသလဲ။ ခု ကျွန်တော့် သားက ၁ နှစ်ခွဲ နီးပါးရှိနေပါပြီ။ ဇနီးကလဲ ၃၄ နှစ်ထဲရောက်နေပါပြီ။
ကလေးငယ်နဲ့မိဘ တွဲအိပ်တာ၊ မအိပ်တာမှာ အတိအကျ ဥပဒေသရယ်တော့ မရှိပါ။ အနောက်နိုင်ငံတွေမှာတော့ နို့တိုက်အရွယ်တောင်မှ တခန်းစီအိပ်တာရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာ နေရာအခက်အခဲရော၊ အစဉ်အလာအရပါ ကလေးအတော်ကြီးတဲ့အထိ တခန်းတည်း၊ တကုတင်တည်း အိပ်ကြတယ်။
ကျန်းမာရေးအရ သတိထားစရာတွေမှာ ကူးစက်ရောဂါ မိဘတဦးဦးမှာရှိနေရင်တော့ မတွဲသင့်တာ သေခြာတာပေါ့။ ကူးစက်ရောဂါဆိုတာလဲ ရောဂါမခံစားနေရသေးပေမဲ့ ကူးစေနိုင်တာတွေရှိတယ်။
စိတ်ပိုင်းဆိုင်ရာလဲ သတိထားရမယ်။ ကလေးက မခွဲချင်သေးခင်း နားလည်မှု မရလဲ ခွဲတာလဲ သိပ်မကောင်းပါ။ လူမှုရေးအရ သိတဲ့အတိုင်း တချို့မိဘတွေက မဆင်ခြင်ကြတာတွေရှိတယ်။ ကလေးကို အရွယ် မတိုင်ခင် မမြင်သင့်တာကို မမြင်အောင် မလုပ်ကြဘူး။ အိပ်တာမှာတောင် မဟုတ်ပါ။ နေ့ခင်းမှာတောင် မဆင်ခြင်လို့ ကလေးမှာ ဦးနှောက်မမှီခင် မသိသေးသင့်တာတွေ မြင်စေတာ မကောင်းပါ။ ဒီအချက်ကလဲ မိဘတွေသာ မဟုတ်ပါ။ တခြား အမျိုးဖြစ်ဖြစ်၊ အပေါင်းအသင်းဖြစ်ဖြစ် မျက်စိအောက်မှာ မဟုတ်ရင် ဆင်ခြင်ဘို့လိုတယ်။ ရွယ်တူသူငယ်ချင်း နဲနဲပိုကြီးသူတွေကနေ မလုပ်သင့်တာမျိုး သင်ပေးတတ်တာလဲ သတိ ထားရအုံးမယ်။
ကလေးခြာတာလဲ အတိအကျမပြောနိုင်ပါ။ မိဘတွေရဲ့အရွယ်၊ ကျန်းမာရေး၊ စီးပွါးရေး၊ အလုပ်အကိုင် စတာတွေ ထည့်စဉ်းစားသင့်တယ်။ မိခင်ဖြစ်သူအတွက် ကလေးဆက်ရင် ပင်ပန်းမှာတော့သေခြာတယ်။ သွေး အား နည်းနေရင် ပြုပြင်ပြီးမှသာ နောက်တခါ သွေးဆင်း တတ်တာမျိုးကြုံသင့်တယ်။ ခွဲမွေးထားရရင် ၂ နှစ်တော့ ခြာပါလို့ အကြံပေးတာ များတယ်။ မိခင်ဖြစ်သူက အရွယ်မဟိုင်းခင် ယူချင်တဲ့အချက်လဲ စဉ်းစားဘို့ လိုပါမယ်။ ၃၅ နှစ်ကျော်သူတွေ ကလေးမွေးရင် ပိုသတိတော့ထားရပါတယ်။ ဒါပေမဲ့ သားဦးမဟုတ်ရင် မစိုးရိမ်ရပါ။ ကလေးမွေးတာ သိပ်လွယ်သူမိခင်တွေက ကလေးဆက်တိုက်မွေးတတ်တယ်။ အခက်အခဲလဲ မရှိကြဘူး။ ကျန်းမာရေးလဲ မထိခိုက်တာများတယ်။ ခက်တာက ကလေးကိုပြုစုတဲ့အခါ လိုတတ်တယ်။
Mon, Sep 3, 2012 at 7:50 PM
အမျိုးသမီးအသက်က (၃၄) ကျွန်တော်က (၂၇) ပါ။ အိမ်ထောက်ကျတာတော့ (၄) လလောက်ပဲ ရှိပါသေးတယ်။ နှစ်ယောက်လုံးကလဲ ကလေးချက်ချင်းလိုချင်ပါတယ်။ ဘယ်လိုကြိုးစားကြိုးစား မရနိုင်ဘူးဖြစ်နေ ပါတယ်။ ကျွန်တော့်မှာ ပြဿနာဖြစ်နေပါတယ်။ ကျွန်တော်ပြောတာရိုင်းသွားရင်လဲ တောင်းပန်ပါတယ်ဗျာ။ ဆက်ဆံတိုင်း ကျွန်တော်ပြီးအောင် မစွမ်းဆောင်နိုင်ပါဘူး။ ဒါနဲ့ ပန်းသေတာလားဆိုပြီးတော့ ဆရာ့ရဲ့ ဘလော့ ထဲမှာ မှတ်သားမိသမျှ လေ့လာပြီးတော့ ဗိုင်ယာဂရာ (၅ဝ) အားကိုသောက်ပြီးတော့ စမ်းကြည့်ပါတယ်။ စွမ်းတော့ စွမ်းဆောင်နိုင်တယ်။ တော်တော်နဲ့ကို မပြီးဘူး။ ပြီးတော့ အဲ့ဆေးသောက်ပြီးရင် ဆရာပြောတဲ့ အတိုင်း ခေါင်းတွေကော မျက်ရိုးတွေကော အရမ်းကိုကိုက်ပြီး ပျို့အန်ချင်နေတယ်။ အဲ့လိုမျိုးမဖြစ်တဲ့တစ်ခြားဆေးမျိုးရှိရင် ညွန်ပေးစေချင်ပါတယ်။ ကံဆိုးတာက လလယ်ရက်မှာ ဆက်ဆံ တိုင်း စောစောကပြောသလိုမျိုး ပန်းသေသလို ညိုးညိုးသွားတယ်။ တစ်ခြားအချိန်တွေမှာတော့ ဆေးတောင် သောက်စရာမလိုဘူး။ အဲ့ဒါဘာဖြစ်တာလဲ။ ဆေးသောက်ရမယ်ဆိုရင်လဲ ညွန်ပေးပါ။
ယောက်ျားတွေဟာ ပြီးအောင်လုပ်ဘို့ မခက်ပါ။ တခါတလေသာ တော်တော်နဲ့ မပြီးတာသာ ဖြစ်တယ်။ တခါတလေနဲ့တော့ အမျိုးသမီးကို အခက်အခဲ မဖြစ်စေပါ။ ပြီးမှာသာ ကိုယ်ဝန်ရစေပါမယ်။ အမျိုးသမီး ဗဂျိုင်းနာအထဲမှာ တလမှာ တခါပြီးတာနဲ့ ကိုယ်ဝန်တခါ ရစေနိုင်ပါတယ်။ ကလေးမရသေးတာအတွက် တချက်အလက်တွေ စစ်ဆေးစရာ များတယ်။ အမျိုးသာ၊ အမျိုးသမီး။ စာတွေထဲမှာ ပါပါတယ်။ Viagra လိုအလားတူဆေးတွေအကြောင်းလဲ ရေးထားပါတယ်။
Erectile Dysfunction 10 Things ယောက်ျားတွေကို ဒုက္ခပေးနိုင်တဲ့ အချက် (၁ဝ) ချက် http://dts-medicaleducation-adult.blogspot.in/2012/03/10-things-that-can-deflate-your.html
Erectile Dysfunction ပန်းသေ-ပန်းညှိုး http://dts-medicaleducation-adult.blogspot.in/2012/03/erectile-dysfunction-ed.html
Erectile Dysfunction Medicines (1) ကျား-လိင်အင်္ဂါ မသန်မာစေတဲ့ဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/ed-medicines.html
Erectile Dysfunction Medicines (2) ကျား-လိင်အင်္ဂါ သန်မာစေတဲ့ဆေးများ http://dts-medicaleducation-adult.blogspot.in/2012/08/erectile-dysfunction-ed.html
Erectile Dysfunction Risk ပန်းသေ-ပန်းညှိုး သာက်ဆေး သတိပေးချက် http://dts-medicaleducation-adult.blogspot.in/2012/03/erectile-dysfunction-risk.html
Mon, Sep 3, 2012 at 8:06 PM
ဆရာပြောတဲ့ (အရေးပေါ်တာဆေးတွေထဲမှာပါတဲ့ ဆေးကအတူတူသာဖြစ်တယ်။ ဆေးနာမည်မတူလို့ ကွဲရင် နဲနဲလေးဘဲ။ ဆေးသောက်တဲ့သူရဲ့ ကိုယ်ခံကျန်းမာရေးလဲ ကြည့်ရမယ်။ ရာသီရက်၊ အတူနေတဲ့ ရက်၊ ဆေးကို ဘယ်တော့ အကွာမှာ သောက်တယ်၊ စတာတွေကြောင့် တယောက်နဲ့ တယောက်၊ တခါနဲ့တခါ တူချင်မှတူပါမယ်။ ဆေးသောက်တဲ့ ရည်ရွယ်ချက်က အတူနေပေမဲ့ ကိုယ်ဝန်မရစေဘို့သာဖြစ်တယ်။ ရာသီရက် မှန်ဘို့မဟုတ်ပါ။ ခဏခဏမသောက်ရင် စိုးရိမ်စရာ မရှိပါ။) ဆိုတာသိရပါတယ်။ ဆေးသာက်သူရဲ့ ကျန်းမာရေးအားဖြင့် ခဏခဏ သွေးပေါင်းကျတတ်တဲ့ အကျင့်ရှိပါတယ်။ ရာသီရက်ကတော့ ၂၉ ရက်ပါ။ အတူနေဖြစ်တာက ၈ လပိုင်း ၁၇ ရက်နေ့ကပါ။ ရာသီလာရမယ့်ရက် ၂၉ ရက်နေ့ကပါ မလာပါဘူး။ ဆေးခန်းသွားပြတော့လည်း သွေးပေါင်း ကျနေလို့ ဖြစ်တတ်တယ်လို့ သွေး အားကောင်းတဲ့ ဆေးတွေပဲ ပေးကျွေး ပါတယ်။ တားဆေးအဖြစ် ဆက်ဆံပြီပြီးချင် Levo72 နှစ်လုံး တစ်ခါတည်း သောက်လိုက်ပါတယ်။ ကာယကံရှင်ရဲ့ အသက်က ၂၃ နှစ်ပါ။ ဆေးကိုတော့ ခဏခဏ မသုံးဖြစ်ပါဘူး။ နှစ် လ တစ်ကြိမ်း တောင်မရှိပါဘူး။ အရင်ကတော့ Pills72 ကို သုံးပါတယ်။ ဒီလိုမဖြစ်ဖူးပါဘူး။ တကယ်လို့များ အရေးပေါ်တားဆေး သောက်ပါလျက်နဲ့ ထိရောက်မှုရှိပါ့မလား ဆိုတဲ့သံသယ ရှိရင်ဘာဆေးတွေများ သုံးနိုင်ပါသလဲ။ ၈ လပိုင်း ၇ ရက် မှ ၉ လပိုင်း ၃ ရက်ဒီနေ့ထိ ၁၇ ရက်ရှိသွားပြီမို့ ကိုယ်ဝန်ရှိတယ် မရှိဘူးဆိုတာရော စစ်လို့ အဖြေပေါ်ပြီလား။
ကိုယ်ဝန်အတွက် ဆီးစစ်နည်းပို့လိုက်ပါတယ်။
သွေးပေါင် (ပေါင်မဟုတ်ပါ ဖိအားဖြစ်ပါတယ်) နဲ့ သွေးအားနည်းတာ မတူပါ။ အမျိုးသမီးတိုင်း သွေးအားကောင်းဆေး သံဓါတ် အမြဲလိုလိုသောက်နေသင့်ကြပါတယ်။
Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း
ယမုန်နာဆေးခန်း - အမေးအဖြေ (၆၇) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




