11
Sep

အမေးအဖြေ (၆၈) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. အဆိုပါ ပစ္စည်းသည် တကယ်ပဲ ငါးနှစ်ခံပါသလား။
2. သားအိမ်ခေါင်း ကာကွယ်ဆေးက ကလေးယူမယ့် အချိန်မှာ ထိုးလို့ရလား။
3. အဲဒီဆေးတွေက မတည့်ရင် ပိန်တတ်လား။
4. ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ မေးပါရစေ။
5. ကလေးယူဖို့မစဉ်းစားပဲ လှအောင်ပဲ နေလိုက်ပါတော့မယ်။
6. လိင်စိတ်ကုန်ခမ်းသလိုများဖြစ်နေလား မသိဘူး။
7. အရေးပေါ်ဆေး သောက်ခဲ့ပါတယ်။

Wed, Sep 5, 2012 at 9:46 AM
ကျနော့် အမျိုးသမီး (့) ရက်နေ့ကမှ ကလေးကို ခွဲမွေးထားပါတယ်။ ခွဲခန်းဝင်တုန်းက ဆရာဝန်များက ပြောပါတယ်။ ငါးနှစ်သက်တမ်းခံ ကလေးတားပစ္စည်း ထည့်ပေးမည်ဟု ပြောပါသည်။ အဆိုပါ ပစ္စည်းသည် တကယ်ပဲ ငါးနှစ်ခံပါသလား။ အဆိုပါ ပစ္စည်းရှိသည့်အတွက် မည်သည့်အချိန်မှစတင်၍ ဆက်ဆံလို့ ရမည်နည်းကို သိလိုပါသည်။ အန္တရာယ်ရှိ/မရှိလဲ သိလိုပါသည်။

IUD/IUCD ဖြစ်ပါမယ်။ ၃-၅-၁ဝ နှစ်ခံတာရယ်လို့ရှိတယ်။ ထည့်ပြီးကတည်းကနေ တားထားနိုင်ပါပြီ။ ထည့်ပြီး တလနေရင် တခါစစ်ကြည့်သင့်တယ်။ ရာသီဆင်းချိန်မှာလဲ ကိုယ်တိုင်သတိထားကြည့်သင့်တယ်။ ထွက်ကျတတ်တယ်။ အဖြစ်တော့ မများပါ။
IUCD ကိုယ်ဝန်တား သားအိမ်ထဲ ထည့်ထားရတဲ့ ပစ္စည်း http://dts-medicaleducation-adult.blogspot.in/2012/06/iud-for-birth-control.html

Wed, Sep 5, 2012 at 4:21 PM
သားအိမ်ခေါင်း ကာကွယ်ဆေးက ကလေးယူမယ့် အချိန်မှာ ထိုးလို့ရလား။ အခုတော့ ကလေးမရှိသေးဘူး။ ၅ လပိုင်းက ပျက်ကျသွားတာပါ။ အဲဒါ အခုထိုးလို့ရလား။ ကလေးက အခုရရင် ထပ်ယူမှာပါ။ဘာဆေးမှ သုံးမထားပါဘူး။ ဆေးထိုးနေတုန်း ကလေးရသွားရင် ကလေးမှာပြသနာရှိနိုင်လားလို့ပါ။

HPV and Marriage သားအိမ်-ကင်ဆာ ကာကွယ်ဆေး http://dts-medicaleducation-adult.blogspot.in/2012/03/hpv-and-marriage.html

Tue, Sep 4, 2012 at 8:50 AM
ကျွန်တော့အမျိုးသမီးက ok 28 လုံးပါတဲ့ ဆေးသုံးပါတယ်။ သူကနဂိုကလည်း ပိန်ပါတယ်။ အခုပိုပိန်သွားတယ်။ ဆေးနဲ့ မတည့်လို့များလားဆိုပြီး ဆေးပြောင်းသောက်ထားပါတယ်။ အခု mervelon 28 သောက် ပါတယ်။ အဲဒါကရော 28 ရက် ပြည့်ရင် ရာသီသွေးပေါ်လား ဖြေပေးပါ။ အဲဒီဆေးတွေက မတည့်ရင် ပိန်တတ်လား။ ကျွန်တော်တို့က အိမ်ထောင်ကျတာ မကြာသေးပါဘူး။

၂၈ လုံးပါ ကိုယ်ဝန်တားဆေးတွေက နာမည်မတူပေမဲ့ နောက်ဆုံးသောက်ရတဲ့ ဆေး ၇ လုံး သောက်နေတုံးမှာ ရာသီလာတယ်။ ပိန်တာ၊ ဝတာ ဖြစ်နိုင်တယ်။ များသောအားဖြင့် ဝကြတယ်။ ဆေးအမျိုးအစား၊ အမျိုး အမည်ပြောင်းတာ သင့်ပါတယ်။ မရသေးရင် တခြားတားနည်း၊ တားဆေးတွေလဲရှိပါတယ်။ ဆရာ့ဆိုက်ထဲများ အများကြီးရေးထားပါတယ်။

Tue, Sep 4, 2012 at 7:07 PM
ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ မေးပါရစေ။ မိန်းမတစ်ယောက်ရဲ့ (့) ထဲကို ယောက်ကျားတစ်ယောက့့်) နဲ့ အထဲထိ မထည့်ပဲ အပြင်မှာပဲ ပွတ်တိုက်ကစားခြင်းဖြင့် ကိုယ်လေးလက်ဝန်ရနိုင်ပါလားဆရာ။

ယောက်ျားဆီကနေထွက်တဲ့ သုက်ရည်က မိန်းမရဲ့ မိန်းမကိုယ် ခေါ် ဗဂျိုင်းနားထဲကို ဝင်ရမယ်။ မိန်းမကလဲ ကိုယ်ဝန်ရနိုင်တဲ့ ရာသီရက်လဲဖြစ်ရမယ်။ သူ့မှာလဲ ကလေးမရစေနိုင်လောက်တဲ့ မီးယပ်ရောဂါလဲ မရှိ မှာသာ ကိုယ်ဝန်ရနိုင်တယ်။ ယောက်ျားကလဲ သုက်ပိုး အရေအတွက်ရော အရည်အသွေးပါ ကောင်းမွန်ရမယ်။ ထိကပ်တာ၊ ပွတ်သပ်တာ ဘာလုပ်လုပ် ဒီအချက်အလက်တွေ ပြည့်စုံမှသာ ကိုယ်ဝန်ရမယ်။

Tue, Sep 4, 2012 at 5:58 PM
ခုဆရာ့ပို့တဲ့စာထဲက အချက် (၁ဝ) ချက်ထဲမှာ ကျွန်တော်ဖြစ်နေတာကစိုးရိမ်စိတ်ဆရာ။ ဆက်ဆံနေရင်း ညိုးသွားမှာလား ဆိုတဲ့ စိတ်ပါ။ အဲ့စိတ်ကို ကျွန်တော်ဘယ်လိုမှ ဖျောက်လို့မရဘူး။ သန်မာတဲ့ဆေးတွေကို ဘယ်လို သောက်သုံးရမလဲ။ ကျွန်တော်က ပန်းသေတာတော့ မဟုတ်လောက်ဘူးဆရာ။ စိုးရိမ်စိတ်ကြောင့်ဖြစ်နေတာ။ သန်မာတဲ့ ဆေးတွေကိုသုံးတာ များရင်ဘယ်လို ဘေးထွက်ဆိုးကျိုးတွေဖြစ်လာမလဲ။

စိတ်ကို ကိုယ့်ဖါသာ ကြိုးစားကြည့်ပါ။ လိုမယ်ထင်ရင် စိတ်အထူးကုဆရာဝန်နဲ့ ပြသပါ။ ဆေးတွေအကြောင်း ရေးထားတဲ့စာတွေထဲမှာ အားလုံးပါပါတယ်။

Thu, Sep 6, 2012 at 8:27 AM
အဲ့ဒီ Verona Tablet ဆေးက လူကိုအားပြန်လည်ဖြစ်စေတဲ့ (ဗီတာမင်) အားဆေးအဖြစ်နဲ့ရော ညဘက်သုတ်ထွက်တာရော နောက်သုတ်လွတ်မြန်တာအတွက်ပါ သောက်တာပါ။ ဆေးသောက်ခြင်းဖြင့် ဒူးချောင် တာရယ် မလန်းမဆန်းဖြစ်နေတာရယ်ရော ကောင်းနိုင်လား။ အားဆေးဆိုတာရော မဟုတ်ဘူးလား လိင်စိတ်များစေတာကြောင့် ညဘက် သုတ်ထွက်လို့သောက်တာ သင့်လျှော်ပါ့ မလား။ ဆေးကျွမ်းကျင် ၀န်းထမ်းတွေကသာ ကြေညာပြီး ရောင်းတာရယ် ဈေးများတာ ရယ်ကြောင့် သောက်သင့်မသောာက်သင့် ဖြစ်နိုင်ရင်ဆုံးဖြတ်ပေးပါ။ တစ်လကို ၇ ကြိမ်လောက် ပုံမှန်ညဘက်သုတ်ထွက်နေလို့ပါ။

တိုင်းရင်းဆေး၊ ဟာဗယ်ဆေး၊ တရုတ်ဆေး၊ ကုလားဆေး စတာတွေကို ဆရာတို့ ဆေပညာကိုသာ သင်ရသူတွေက အကောင်း-အဆိုး ပြောရတာ မကောင်းပါ၊ မသိပါ။ ကြော်ညာတိုင်းက မမှန်တတ်တာ နေရာတိုင်း မှာရှိပါတယ်။ ကြော်ညာမှာ ပါတာကိုက မေးတဲ့သူဖြစ်စေချင်တာ ပါ-မပါ စစ်ဆေးပါအုံး။

Thu, Sep 6, 2012 at 10:27 AM
သမီးအသက် ၂၅ နှစ်ပါ။ အရင်က အရေပြားအောက် တားဆေးထည့်ထားပါတယ်။ ထုတ်တာလေးလလောက်ရှိပါပြီ။ ဆေးခန်းသွားပြတော့ ဆရာမက သားအိမ်နောက်ရောက်နေလို့ ကလေးရဖို့ ခက်ခဲတယ်လို့ပြော ပါတယ်။ သူက ဖောလစ်အက်စစ်နဲ့ ဘီကိုဇင့်သောက်ခိုင်းပါတယ်။ အရင်လက ရာသီ 8.8.2012 မှပြီးပါတယ်။ ဒီလ 2.9.12 မှာလာပြီး 5.9.12 မှာပြီးပါတယ်။ သမီးဘယ်လိုလုပ်ရမလည်း မသိဘူး။ ကလေးလိုချင် လွန်းလာလည်း မသိပါဘူး။ spem တွေက ပြန်ပြန်ထွက်ပါတယ်။ ဆရာမက လေးဖက်ထောက်ပြီး အမျိုးသားနဲ့နေလို့ပြောပါတယ်။ တစ်နာရီလောက်ရေမဆေးပဲ မှောက်နေလို့လည်းပြောပါတယ်။ သမီးလည်းရချင်လို့ မျိုးးစုံ ကြိုးစားပါတယ်။ အိမ်ထောင်ကျတာကတော့ နှစ်နှစ်ပါ။ ဖောလစ်အက်စစ်သောက်နေတာလည်း လေးလလောက်ရှိပါပြီဆရာ။ ခုဆရာကိုမေးတာက နောက်ဆုံးလက်နက်ပါတယ်ဆရာ။တစ်ကယ်လို့မှာ ဘယ်လိုကြိုးစားစားမရဘူးဆိုရင်တော့ ကလေးယူဖို့မစဉ်းစားပဲ လှအောင်ပဲ နေလိုက်ပါတော့မယ်။

သားအိမ်နောက်ရောက် ဆိုတာ ဆရာဝန်ကပြောတာဆိုရင် RV အမျိုးအစားဖြစ်မယ်။ ပိုများတာက AV ဖြစ်တယ်။ အမှန်က နှစ်မျိုးလုံးကနေ ကိုယ်ဝန်ရစေပါတယ်။ နောင်ကို ရာသီရက်ကိုပြောတယ်ဆိုရင် ရာသီ စဆင်းတဲ့ရက်ကိုသာ ယူပါ။ နောက်ဆုံးရက်ကို မယူပါနဲ့။ သုက်ရည် အပြင်ထွက်တဲ့စာ မဖတ်ရသေးရင် ဖတ်ပါ။ လိုက်နာပါ။ ကလေး မရသေးတာအတွက် ဇနီးရော ခင်ပွန်းပါ စစ်ဘို့လိုတယ်။ စိတ်ရှည်ရမယ်။ ယုံကြည် ချက်ထားရမယ်။ အစိုးရိမ်မလွန်ပါနဲ့။ အမျိုးသမီး မျိုးဥထွက်-မထွက် စစ်တာ။ မထွက်ရင်ထွက်အောင်လုပ်တာဆိုတာကို လုပ်ရမယ်။ စာတွေထဲမှာ ပါပါတယ်။ ကျန်းမာ-ချမ်းသာပြီး သားသမီးရတနာတွေ ထွန်းကား ကြပါစေ။

Thu, Sep 6, 2012 at 10:27 AM
ကျနော်မှာ လိင်စိတ်ကုန်ခမ်းသလိုများဖြစ်နေလား မသိဘူး။ အသက်ကအခု ၂၃ ပါ။ တကိုယ်ရေအာသာဖြေတာကတော့ ခပ်ငယ်ငယ် ၈ တန်းလောက်အရွယ်ထဲက လုပ်ခဲ့တာပါ။ အခု လက်ထပ်ဖို့ ရည်ရွယ် ထားတဲ့ ကောင်မလေးနဲ့ အတူနေမယ်ဆိုတိုင်း ကျနော်ရဲ့ မွေးရာပါက (့) ခြင်းမရှိပါဘူး။ အဲဒါ ဘာလိုပါလဲ။ ငယ်ငယ်ထဲက တကိုယ်ရေ အာသာဖြေလာလို့ လိင်စိတ်ကုန်ခမ်းသလိုဖြစ်နေတာပါလား။ အတူမနေဘဲ ကျန်တဲ့အချိန် စိတ်ရှိတယ်ဆိုရင်တော့ မွေးရာပါက (့) ပါတယ်။ ပြီးတော့ သုက်ရည်ထွက်တာလဲ နည်းပါတယ်။ ကျနော်ကိုယ့်ကိုယ် ယောကျာ်း မပီသတော့ဘူးလို့ကို ထင်လာပါတယ်။ ဘယ်လိုလုပ်ရမလဲ။

တနေ့ကဘဲ တယောက်ကနေ အဲလိုသဘောမေးလာသေးတယ်။
ပဌမအချက် ပန်းသေ-ပန်းညှိုးရောဂါ မဟုတ်ပါလို့ မှတ်စေချင်တယ်။
ဒုတိယအချက် ကိုယ့်စိတ်ကိုယ် ပြင်ပါ။ ဖါသာအာသဖြေလို့ အဲလို လုံးဝ မဖြစ်စေပါ။ ငါစွမ်းဆောင်နိုင်တယ်လို့ ယုံကြည်စိတ် ခိုင်ခိုင်မာမာထားပါ။ လိုအပ်ရင် စိတ်အထူကုဆရာဝန်ကို တိုင်ပင်ပါ။ ကောင်းကိုကောင်းလာပါမယ်။
ဆေးတွေက ပန်းသေ-ပန်းညှိုးတွေအတွက်ဖြစ်တယ်။ သန်မာမှုကို အများကြီးတိုးတက်စေမယ်။ စိတ်ကို မပြင်ဘဲတော့ အားလုံးမကောင်းနိုင်ဘူး။
စာတွေ ရေးထားပါတယ်။ သင့်လျှော်တဲ့ခေါင်းစဉ်ကို ရှာပြီးဖတ်ပါ။ လိုက်နာပါ။
ထပ်ပြောပါရစေ ကောင်းလာပါမယ်။
http://dts-medicaleducation-adult.blogspot.in/

Thu, Sep 6, 2012 at 6:39 PM
သူနဲ့ကျွန်မ အတူနေပြီး အရေးပေါ်ဆေး သောက်ခဲ့ပါတယ်။ ဆေးက ၂ လုံးပါတဲ့ဆေးပါ။ ဖြစ်ချင်တော့ ၁ လုံးပဲ သောက်လိုက်မိပါတယ်။ အတူနေတာကရာသီလာပြီး ၁၁ ရက်ပဲရှိပါသေးတယ်။ အခုအတူနေပြီး ၁၅ ရက်ရှိသည်အထိ ရာသီမလာသေးပါဘူး။ တားဆေးသောက်ရင် ရာသီချက်ချင်း လာတယ်လို့ သိရပါတယ်။ ကျွန်မသိချင်တာက ကျွန်မ ကိုယ်ဝန်ရှိနေနိုင်သလား ဆိုတာပါပဲ။ ကိုယ်ဝန်ရှိ/မရှိ ဆိုတာစစ်တဲ့ပစ္စည်း ဝယ်ဖို့ကလည်း ခက်နေပါတယ်။ ဆရာ့အနေနဲ့အကြံလေးပေးပါအုံး။

၁။ တားဆေးသောက်နည်းမမှန်ရင် ဆေးညွှန်းအတိုင်းမဖြစ်ပါ။ ကိုယ်ဝန်ရချင်လဲရသွားပါမယ်။
၂။ ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်နည်း၊ သွေးစစ်နည်း၊ (အာလ်ထွာဆောင်း) နည်း နဲ့ ဆရာဝန်ကနေ စမ်းသပ်နည်းတွေ သုံးရပါတယ်။ တခုခုကိုကို မလုပ်ရင်တော့ တတ်နိုင်ပါ။

ယမုန်နာဆေးခန်း - အမေးအဖြေ (၆၈) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top