1. ကိုယ်ဝန်မရှိနိုင်ဘူးလို့ ပြောကြပါတယ်။
2. ပြောရရင်တောင် ရှက်ပါတယ်။
3. သားဦးကိုယ်ဝန် (၁၂) ပါတ်ရှိနေပါပြီ။
4. ကျွန်မသားအိမ်မှာ အလုံး ၂ ခုရှိပါတယ်။
5. ၂၄ နာရီအတွင်း Ecee2 သောက်ခဲ့ပါတယ်။
6. ကိုယ်ဝန်လဲမရှိဘဲ ရာသီမလာတာဘာကြောင့်ပါလဲ။
Fri, Sep 7, 2012 at 3:19 AM
ကျွန်တော် (့) မှာ အလုပ် လုပ်နေသူပါ။ အမျိုးသမီးကလဲ (့) မှာ အလုပ်လုပ်နေပါတယ်။ ကျွန်တော်တို့ ကလေး မလိုခြင်သေးပါဘူး။ ဘယ်လို ကိုယ်ဝန်တားနည်ကို သုံးရင် အဆင်ပြေမယ်ဆိုတာလေး သိခြင်လို့ပါ။ ကျွန်တော်တို့ အလုပ်အတူ မဟုတ်တဲ့အတွက် တလမှ တခါ သို့မဟုတ် နှစ်ခါလောက်သာ တွေ့ဆုံနိုင်ပါတယ်။ ရက်ရှောင်နည်းဆိုတာ ဘယ်လို အချိန်မျိုးတွေမှာ စိတ်ချရပါသလဲ။ လူတချို့က ရာသီ လာချိန်နဲ့ မလာခင် (၇) ရက်၊ လာပြီး (၇) ရက်မှာ ဆက်ဆံရင် ကလေးမရနိုင် ကိုယ်ဝန်မရှိနိုင်ဘူးလို့ ပြောကြပါတယ်။ ဟုတ်ပါသလား။ ဘယ်လိုဆိုရင် အတိကျ ကိုယ်ဝန်မရနိုင်ဘူး ဆိုတာကို ပြောပြနိုင်ရင် ကူညီပေးပါ။ (့) မှာ ဆေးသောက်ရန် ဆေးထိုးရန် လုံးဝ အဆင်မပြေလို့။
Condom Standards စိတ်ချရတဲ့ (ကွန်ဒွမ်) ဆိုတာ http://dts-medicaleducation-adult.blogspot.in/2012/04/condom-standards.html
Condoms Safety and Effectiveness (ကွန်ဒွမ်) ရဲ့ ထိရောက်မှု နဲ့ စိတ်ချရမှု http://dts-medicaleducation-adult.blogspot.in/2012/04/condoms-safety-and-effectiveness.html
Contraception and Fertility တားဆေး-တားနည်း ဖြတ်ပြီးသည့်နောက် http://dts-medicaleducation-adult.blogspot.in/2012/03/contraception-and-fertility.html
Contraception and Non-medical view ကိုယ်ဝန် တားနည်းတွေဟာ အပြစ်လွတ်ပါသလား http://dts-medicaleducation-adult.blogspot.in/2012/03/contraception-and-nonmedical-view.html
Contraceptive implant (1) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/contraceptive-implant-1.html
Contraceptive implant (2) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/contraceptive-implant-2.html
Contraceptive Injections ကိုယ်ဝန်တား ထိုးဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/contraceptive-injections.html
Contraceptive patch အရေပြား ကပ်ထားရတဲ့ တားဆေးကပ်ခွါ http://dts-medicaleducation-adult.blogspot.in/2012/07/contraceptive-patch.html
Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး http://dts-medicaleducation-adult.blogspot.in/2012/04/contraceptive-pills.html
Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/contraceptives-and-breastfeeding.html
Contraceptives for women with STI/HIV လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ HIV ရှိ အမျိုးသမီးတွေအတွက် ကိုယ်ဝန်တားနည်းများ http://dts-medicaleducation-adult.blogspot.in/2012/06/contraceptives-for-women-with-stihiv.html
Depo Provera သုံးလခံ ထိုးဆေး http://dts-medicaleducation-adult.blogspot.in/2012/04/depo-provera.html
Birth Control Methods How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-how-decide.html
Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-pill-types.html
Birth Control Pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု http://dts-medicaleducation-adult.blogspot.in/2012/05/birth-control-pills-faqs.html
Birth Control Risk ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-risk.html
Calendar method ပြက္ခဒိန်နည်း http://dts-medicaleducation-adult.blogspot.in/2012/07/calendar-method.html
Fri, Sep 7, 2012 at 1:19 PM
ပြောရရင်တောင် ရှက်ပါတယ်။ အတိတ်ဘဝကကံလို့ဘဲ ပြောရမှာပေါ့။ ကျနော်ကလူဖြစ်ရတဲ့ဘဝမှာ ယောက်ျားလေးဖြစ်ရက်နဲ့ Gay ဘဝရောက်နေရတယ်။ ကျနော်ကအပုန်းလေးပါ။ စကားရိုင်းသွားရင် ကြိုပြီးတောင်းပန် ပါတယ်။ ကျနော် အပြာကားတွေ ကြည့်ပြီးရင် ယောက်ျားတစ်ယောက်နဲ့ လိင်ဆက်ဆံချင်တာက တားလို့မရဘူးဖြစ်နေတယ်။ အဲ့ဒီ စိတ်ကိုဖျောက်ပစ်ဖို့ ကြိုးစားလည်း မရဘူး ဖြစ်နေတယ်။ ကျနော်တသက်လုံး ဒီလိုဘဲနေသွားရတော့မှာလား။ ကျနော့ကိုယ် ကျနော်အရမ်းမုန်းတယ်။ အကြံလေးပေးပါအုံး။
Are you born Gay? မွေးကတည်းက (ဂေး) ဖြစ်နေတာလား
HPV vaccine ယောက်ျားတွေ အထူးသဖြင့် (ဂေး) တွေအတွက် ကာကွယ်ဆေး
Fri, Sep 7, 2012 at 1:58 PM
ကျွန်မအခု သားဦးကိုယ်ဝန် (၁၂) ပါတ်ရှိနေပါပြီ။ မနက်ကစပြီး တနေ့ခင်းလုံးမှာ စားသမျှပြန်အန်ပါတယ်။ ညဘက် စားရင်တော့ မအန်ပါဘူး။ ညဘက်ကောင်းကောင်း အိပ်ပျော်ပေမယ့် မနက်လင်းလို့ နေရောင်မြင် တာနဲ့ ခေါင်းတွေ ကိုက်ပြီး မကြည်မလင်ဖြစ်ပါတယ်။ စိတ်လည်းတိုပါတယ်။ ကိုယ်ဝန် (၁ဝ) ပါတ်ကျော်တုန်းက ကိုယ်ဝန်အပ်ချိန်မှာ ဆရာဝန်က အကြောဆေးသွင်းပေးပါတယ်။ ဂလူးကို့(စ်) နဲ့ ဓါတ်ဆားလည်း သောက်ခိုင်း ပါတယ်။ ဆေးထိုးပြီး (၄) ရက် လောက်ထိတော့ တော်တော်နေလို့ ကောင်းပါတယ်။ ဒါပေမယ့် အခုပြန်ပြီးအန်တယ်၊ ခေါင်းကိုက်တယ်၊ အားအင် ကုန်ခမ်းသလို ပြန်ဖြစ်နေပါတယ်။ ဆရာဝန်ပြတုန်းကတော့ ကျွန်မက ဗိုက်တာမင်ဘီ ထိုးဆေးနဲ့ မတည့်ဘူးလို့ ငယ်ငယ်က လူကြီးတွေပြောလို့ ပြောပြထားပါတယ်။ ဆိုင်မဆိုင်တော့ မသိပါဘူးဆရား။ ကျွန်မကို အိုဘီမင် သောက်ဖို့လည်း မပြော ပါဘူး။ ဖောလစ်အက်ဆစ်လည်း မတိုက်ပါဘူး။ သူများတွေကတော့ ကလေးရှိနေပြီဆိုတာနဲ့ အဲဒီနှစ်မျိုးကို သောက်ရတယ်လို့ ပြောကြလို့ ကျွန်မလည်း သိချင်ပါတယ်ဆရာ။ တစ်ကယ်လို့ အဲဒီဆေးတွေ မသောက် ရဘူးဆိုရင် ဘယ်လိုအစားအစာကများ ဆေးအာနိသင်ကို ရရှိစေနိုင်လဲသိပါရစေရှင်။ အသီးအနှံတွေ တော်တော်စားဖြစ်ပါတယ်။ ရေလည်းသောက်ဖြစ်ပါတယ်။ နွားနို့လည်း တရက်ခြားသောက်ပါတယ်ဆရာ။
Pregnancy and Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ
Pregnancy and Vomiting ကိုယ်ဝန်နှင့် အန်ခြင်း
Fri, Sep 7, 2012 at 2:51 PM
ကျွန်မ အသက်က ၃၆ နှစ်ပြည့်ပြီးပါပြီ။ (့) မှာနေပါတယ်။ အိမ်ထောင်ရှိပါတယ်။ သမီးလေး တယောက်မွေးထားပါတယ်။ (့) မှာပဲ မွေးပါတယ်။ ကလေးက ၁၃ လရှိပါပြီ။ သမီးလေးက G6PD deficient ပါ။ နောက်တခုက ကျွန်မသားအိမ်မှာ အလုံး ၂ ခုရှိပါတယ်။
There are two fibroids seen at the mid body The larger of 3 cm is anterior and subserosal in location
The smaller posterior nodule is 17 cm လို့ ဆရာဝန်က ရေးထားပါတယ်။
ကျွန်မယောကျာ်းအသက်က ၄၇ နှစ်ပါ။ ကျွန်မသိချင်တာက တကယ်လို့ များ ကလေးနောက်တယောက်ယူမယ်ဆိုရင် G6PD ထပ်ဖြစ်နိုင်ချေရှိသလားဆိုတာရယ် ရှိနေတဲ့ အလုံးအကြောင်း (စိုးရိမ်ရ မရ) နားလည်ချင်တာပါ ဆရာ။ ဒီမှာဆေးခန်းပြရတာ ဆရာဝန်က ပြောပေမယ့် လုံးစေ့ပတ်စေ့ နားမလည်နိုင်လို့ပါရှင်။
Uterine Fibroid (2) သားအိမ်အလုံး (၂)
Uterine Fibroid (1) သားအိမ်အလုံး (၁)
Sat, Sep 8, 2012 at 10:11 PM
ကျွန်မ အသက်က ၃ဝ ပါ။ ၁-၉-၂ဝ၁၂ မှာ အတူတူနေခဲ့ပါတယ်။ ၂၄ နာရီအတွင်း Ecee2 သောက်ခဲ့ပါတယ်။ ယခင်လ ရာသီစလာတာက ၈-၈-၂ဝ၁၂ ပါ။ ယနေ့ ၈-၉-၂ဝ၁၂ ထိ ရာသီမပေါ်သေးပါ။ ကိုယ်ဝန်ရှိမရှိ စစ်ဆေးရင် သိရပါပြီလား။ ဘယ်နှစ်ရက်လောက်စောင့်ပြီး စစ်ကြည့်ရမလဲရှင့်။
Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း
Sun, Sep 9, 2012 at 9:50 PM
ကျမအခု (့) မှာ (့) လုပ်ပါတယ် ဆရာ။ အသက် ၃၁ နှစ်ပါ။ နဲနဲလဲ ဝပါတယ်။ အိမ်ထောင်ရှိပြီး ၁၉-၃-၂ဝ၁ဝ မှာ သားလေးကို C session နဲ့ မြန်မာပြည်မှာမွေးပါတယ်။ ကလေး ၁ ယောက် တည်းရှိ ပါသေးတယ်။ အမျိုးသားက (့) မှာနေပါတယ်။ ကလေး ၄၁ ရက်မှာ သားကို ထားခဲ့ပြီးပြန်ခဲ့ပါတယ်။ မွေးပြီး ၄၅ ရက်မှာ ရာသီပြန်လာပါတယ်။ ရာသီ ၃ ရက်မြောက်မှာ ၃ လခံဆေး ၂ လုံးဆက်တိုက် (၆လ) ဒီမှာ ထိုးခဲ့ပါတယ်။ အရင်က ဘာဆေးမှမသုံးဖူးပါ။ အဲဒီနောက်မှာ မြန်မာပြည်မှာ ပြန်နေဖြစ်လို့ ဘာတားဆေးမှ မသုံးတော့ဘဲ နေလိုက်တာ ၂ လအကြာမှာ ရာသီပြန်လာပါတယ်။ နောက်ပိုင်းမှာ လတိုင်းမှန်မှန် လာပါ တယ်။ ၂ဝ၁၁ ခု ၁ဝလပိုင်း ၂၁ မှာ (့) မှာပြန် အလုပ် လုပ်တော့မှာမို့ ၃ လခံဆေး ၁ လုံး ထပ်ထိုးခဲ့ပါတယ်။ ၂၁-၁ဝ-၂ဝ၁၁ မှာတစ်ခါထိုးခဲ့ပြီးနောက် ဆေးကိုရပ်လိုက်ပါတယ်။ ရာသီလာရမယ့် အချိန်မှာ မလာဘဲဖြစ်နေပြီး ၂၈-၅-၂ဝ၁၂ မှာ ခပ်ညိုညို မြင်ရရုံလေး ၂ ရက် နဲနဲလေး လာပါတယ်။ ခုချိန်ထိ ထပ်မလာတော့ပါ။ အဲဒါကို ရာသီလာတာလို့သတ်မှတ်လို့ ရပါသလားရှင့်။ ဆေးခန်းမှာ Test နဲ့ စစ်ကြည့်တော့ လည်း Negative ဖြစ်နေပါတယ်။ ရင်သားများမှာ (နို့အုံပိုင်းသာ) မှာအခုရက်ပိုင်းအတွင်း တင်းပြီး အနဲငယ်လဲ နာနေပါတယ်။ ညာဘက်က ပိုကြီးနေသလို လည်းတွေ့ရပါတယ်။ ရာသီပြန်လာချင်လို့လား၊ ဘာလို့လဲ ဆိုတာ သိချင်ပါတယ်။ ခွဲကြောင်း ညာဖက်အထက်က အနည်းငယ် ပိုမာနေပြီး ညာဘက်နံရိုးအောက်ဘက် (ခါးဖက်ခြမ်း) အတွင်းပိုင်းကလဲ အထဲမှာ တခုခု ခံနေသလို၊ တင်းသလိုလို၊ လှုပ်သလိုလို ခံစားရပါတယ်။ ဝမ်လျားမှောက်လျင် ပိုသိသာပါတယ်။ ပြီးခဲ့တဲ့ ၄ ရက်လောက်က ဆီးပူပြီး ဆီးထဲမှာလဲ အနည်နဲနဲပါလို့ ဒီကဆေးခန်းကို သွားပြပါတယ်။ ဆီးပိုးလဲမရှိပါ။ ဆီးထဲမှာ အက်ဆစ် များလို့ပာု ပြောပါတယ်။ potassium citrate ကို 10ml တနေ့ ၃ ခါ သောက်ခိုင်းပါတယ်။ ရေများများ သောက်ခိုင်းပါတယ်။ pepsmer စစ်ကြည့်မှ ရာသီမလာတဲ့အကြောင်းရင်း သိရမည်ပာု ပြောပါတယ်။ ကိုယ်ဝန်လဲမရှိဘဲ ရာသီမလာတာဘာကြောင့် ပါလဲ။ ဗိုက်ကလဲ ပိုပြီး ပူထွက်နေပါတယ်။ ရာသီပြန်လာအောင် ဘယ်လို ကုသမှုလုပ်ရမလဲဆိုတာ လမ်းညွှန်ပေးစေလို ပါတယ်။ ဒုတိယ ရင်သွေးလဲ ထပ်ယူချင်နေပါပြီ။ ဘာသာစကား အခက်အခဲကြောင့် နားလည်မှု လွဲပြီး အမှားအယွင်းဖြစ်မှာ စိုးရိမ်လို့ပါ။
နည်းနည်းသာဆင်းတာလဲ ရာသီလို့ထင်နိုင်ပါတယ်။ တားဆေးထိုးထားရင် ရပ်လိုက်ပေမဲ့ ရာသီ မမှန်ဖြစ်တတ်တယ်။ မမှန်ဆိုတာ မလာတာ၊ နည်းတာတွေဖြစ်နိုင်တယ်။ တချို့ဆို လအတော်ကြာအထိ မှန်အောင် စောင့်ရတတ်တယ်။ ရင်သားကို ကိုယ့်ဖါသာ စနစ်တကျစမ်းပါ။ အကျိတ်ရှိနေသလား။ ဖိစမ်းရင် နာသလား။ နို့ညှစ်ကြည့်ပါ။ ဘာထွက်လဲ။ Pep smear ကတော့ ကင်တာကိုစစ်တာပါ။ ရာသီမလာသေးတာ အများဆုံးဖြစ်နိုင်တာက တားဆေးထိုးဆေးကြောင့် ဟော်မုန်းတွေ မမှန်သေးလို့ဖြစ်နိုင်ပါတယ်။ ဗိုက်ပူတာကို ပြောလို့တော့ မရသေးပါ။ (အာလ်ထွာဆောင်း) ရိုက်မှ သိမယ်။ နောက်ကလေး မရမှာ သိပ်မစိုးရိမ်ပါနဲ့။ လူက ဝတယ်ဆိုရင် သိတဲ့အတိုင်း အဆီ၊ အချို၊ ကယ်လိုရီ လျှော့စားပါ။ ကိုယ်လက် လေ့ကျင့်ခန်းလဲ လုပ်ပါ။ OG ကနေ မညွှန်သေးဘဲ ရာသီလာဆေး သောက်ဘို့ မလိုသေးပါ။ ခွဲကြောင်း အနီးအနား နာတတ်တာလဲ ခွဲတဲ့သူတိုင်းမှာ ဖြစ်တတ်တယ်။ ပိုဆိုးလာရင်တော့ ဆရာဝန်ပြန်ပြရမယ်။ လိုသေးရင် မေးပါ။
ယမုန်နာဆေးခန်း - အမေးအဖြေ (၆၉) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




