1. ရင်သားက ညှစ်ထုတ်လိုက်ရင် ရေလို အဖြူရောင်လေးတွေ
2. လွန်ခဲ့သော တစ်နစ်ခွဲခန့်က Anal sex ပျြခဲ့ဘူးပါသည်။
3. VDRL စစ်တော့လည်း မရှိဘူး။
4. ကိုယ်ဝန်ကော ရနိုင်ပါသလား။
5. လနုသေးတယ်ဆိုရင် ဆေးနဲ့ ဖျက်ချလို့ရတဲ့ ဆေးအမည်က
6. သားအိမ်ပွင့်ဆေးထိုးပြီး မွေးတာဟာ ဘေးထွက်ဆိုးကျိုး ရှိပါသလားဆရာ။
7. ကွန်ဒွမ်စွပ်တာ ပြောင်းပြန်ဖြစ်နေလို့
Tue, Sep 11, 2012 at 1:57 PM
ကျွန်မ အသက်က ၂ဝ၊ အပျိုပါဆရာ။ ရာသီလာပြီး ၂ ရက်လောက်နေတော့ သမီးရဲ့ရင်သားတွေက တစ်ခုခုနဲ့ထိတာနဲ့ နာပါတယ်။ အဲလို ၂ ရက်လောက်နာပါတယ်။ ပြီးတော့ သမီးရဲ့ရင်သားက ညှစ်ထုတ်လိုက် ရင် ရေလို အဖြူရောင်လေးတွေ အရင်ထွက်လာပြီးရင် နို့အရည်ကြည်လေးတွေ ထွက်လာပါတယ်။ အဲဒါဘာဖြစ်လို့ပါလည်း။ အပျိုတွေမှာလည်း အဲလို ဖြစ်တတ်ပါလား။ ကျွန်မသိထားတာက ကိုယ်ဝန်ရှိမှ နို့အရည် ကြည် ထွက်တယ်လို့ ကြားဖူးလို့ပါ။ သမီးမှာကိုယ်ဝန်ရှိနေမှာ စိုးရိမ်လို့ပါ။ သမီးမှာချစ်သူတော့ရှိပါတယ်။ ဒါပေမယ့်သူနဲကတော့ လွန်လွန်ကျူးကျူး မဖြစ်ဖူးပါဘူး။
ကိုယ်ဝန်ရှိရင် နို့ကနေ အရည်ကြည် (အဖြူ မဟုတ်တာ) ထွက်နိုင်တယ်။ ဒါတောင် ကိုယ်ဝန် ရင့်မှဖြစ်တယ်။ အပျို (ကိုယ်ဝန်မရှိသူ) တွေမှာ မထွက်ပါ။ နို့နာဖြစ်ရင်တော့ ထွက်နိုင်တယ်။ အရည်ကြည်၊ ပြည် ထွက်နိုင်တယ်။ ပြည်ဆိုရင် အနာပြည်လို ခပ်ဖြူဖြူ ခအ်ဝါဝါနေမယ်။ သွေးဆိုရင်တော့ ကင်ဆာကို စစ်ဆေးရမယ်။ မေးတဲ့သူမှာ နာတာလဲ ရှိနေတာမို့ နို့ရောင်တာ ရှိနေနိုင်တယ်။
(၁) အနာသက်သာဆေး (paracetamol, Ibuprofen) တမျိုးကို တခါသောက် ၁ ပြား၊ တနေ့ ၃-၄ ကြိမ်သောက်ပါ။ ၄-၅ ရက်အထိသောက်ပါ။
(၂) ပဋိဇီဝဆေးကတော့ Nafcillin, Vancomycin, Clindamycin, Ampicillin-Sulbactam, Dicloxacillin နဲ့ Oxacillin တွေဖြစ်တယ်။ ဝယ်လို့ရတဲ့ဆေးကို သောက်နည်းမသိရင် မေးပါ။
(၃) ရေနွေးဝတ်၊ ရေနွေးပုလင်းတင်ပေးပါ။
Tue, Sep 11, 2012 at 3:03 PM
ကျွန်တော့်အသက် (၃၁) ပါ။ လွန်ခဲ့သော တစ်နစ်ခွဲခန့်က Anal sex ပျြခဲ့ဘူးပါသည်။ လွန်ခဲ့သောသုံးလခန့်က Penis ထိပ်ဖျားတွင် အညိုအမဲကွက် ဖြစ်လာပြီး ငါးရက်လောက်နေတော့ အပေါ်ယံအလွာ ပါးပါးလေး ဖြစ်ပြီး ခြောက်ပြီး ကွာကျပြီး ပုံမှန်ပြန်ဖြစ်သွားပါသည်။ နာကျင်မူ အနည်းငယ်သာရိုပါသည်။ ယခုအခါ ဆီးလမ်းကြောင်းမှာ ပူစပ်ပူလောင်ပါ တွဲလျက်ခံစားလာရပါသည်။ စဖြစ်ပြီး ၁ လလောက် ကြာတော့ ဆေးခန်းပြပါသည်။ ဆရာဂန်က ဆေးနစ်လက်ထိုးပြီး ၅ ရက် သောက်ဆေးပေးပါသည်။ သို့သော် မပျောက်ပါ။ တိုးလဲမလာပါ။ ဆစ်ဖလစ်လဲမဟုတ်ပါ။ သွေးစစ်ပြိးပါပြီ။ (၁) ဂနိုရောဂါလား။ (၂) ဘောင်းဘီကျပ်လို အပူလောင်တာလား။ (၃) ကလိုင်မားရီးယားလား။ (၄) ရိုးရိုးဆီးလမ်းကြောင်း ပိုးဂင်တတ်ပါသလား ဆိုတာနင့် ဘယ်လိုကုသရမလဲဆိုတာကို ကျေးဇူးပြုပြီး ဖြေကြားပေးပါခင်ဗျား။
Lesions on penis (1) ကျားအင်္ဂါ အနာများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/lesions-on-penis_31.html
Lesions on penis (2) ကျားအင်္ဂါ အနာများ (၂) http://dts-medicaleducation-adult.blogspot.in/2012/03/lesions-on-penis.html
Tue, Sep 11, 2012 at 6:01 PM
ကျွန်တော့် အသက်က ၂၃ နှစ်ပါ။ ရန်ကုန်ကပါ။ ကျွန်တော် အကာအကွယ်အသုံးပြုရင်း ပြဲသွားလို့ပါ။ 13.2.2012 ကပါ။ 20.5.2012 က HIV DUO စစ်တယ်။ အဖြေကအနှတ်ပြတယ်။ 20.7.2012 မှာ antibody စစ်တယ်။ အဖြေက အနှတ်ပြတယ်။ ဆရာ့စာတွေဖတ်တော့ antibody က 6 လမှ စိတ်ချရတာလား။ HIV DUO က 3 လ ဆိုရင် စိတ်ချတယ်မလား။ VDRL စစ်တော့လည်း မရှိဘူး။ ဒါပေမဲ့ နောက်ကျာမှာ အဖု အနီရောင်တွေ အများကြီးပေါက်နေတယ်။ အင်္ဂါမှာလည်း အဖုလေးတွေရှိတယ်။ ပုံပါပို့လိုက်ပါတယ်။
ကျောကအဖုတွေနဲ့ အခုပို့တာထဲက အဖုတွေ တူသလား။ ယားသလား၊ နာသလား၊ ပွါးသလား။
Wed, Sep 12, 2012 at 6:46 AM
နောက်ကျောကအဖုနဲ့ အင်္ဂါကအဖုနဲ့ မတူပါဘူး။ မယားပါဘူး။ ပွားတာမိုးမဟုတ်ဘဲ အဖုတွေက ဟိုတဖုဒီတဖုများလာတာပါ။ ပုံပါပို့လိုက်ပါတယ်။ HIV ကတော့ မရှိလောက်ဘူးမလား။ အခြားကာလသားရောဂါ များလား။
HIV မဖြစ်နိုင်ပါ။ HIV ဆိုတာ သွေးစစ်မှသာသိရတယ်။ အပြင်ကနေ မသိပါ။ လိင်ကတဆင့်ကူးစက်ရောဂါဆိုတာ ဆေးမကုရင် တိုးလာ၊ ဆိုးလာတယ်။ ရောဂါတွေတခုချင်းအကြောင်း စာတွေထဲမှာ ပါတယ်။ ကုသ နည်းတွေလဲပါတယ်။ မတူတာ ၂ ခုကို တမျိုးစီယူဆရလိမ့်မယ်။ ဒီအတိုင်းတော့ တိတိကျကျပြောမရသေးလို့ ဆရာဝန်ပြသင့်ပါတယ်။ (ဆောရီး)။
Tue, Sep 11, 2012 at 9:26 PM
၁ ရက်နေ့က သမီးချစ်သူနဲ့ ဆက်ဆံမိပါတယ်။ သုတ်ရည်အပြင်ထုတ်တဲ့နည်းနဲ့ ဆက်ဆံတာပါ။ ဖြစ်ပြီးပြီးချင်း စိတ်မချရမှာ စိုးလို့ Ecee2 ကို ၂ လုံးလုံး တခါထဲသောက်ပါတယ်။ နောက်၂ ရက်အကြာ ၃ ရက်နေ့ မနက်မှာ ဘာမှမစားဘဲ ကားစီးမိလို့ အပြင်က ပြန်လာတော့ ကားမူးပြီး အန်သလို ခါးခါးအရည်တွေ အန်ပါတယ်။ ဘာမှမစားရသေးလို့ အရည်တွေဘဲ အန်တာလား။ ဆေးတွေပါသွားတာလား။ သမီးရာသီလာရမယ့် ရက်က ၁ဝ ရက်နေ့လောက်ကျပါတယ်။ ခါတိုင်းလဲ ရာသီလာခါနီးရင် ခါးကိုက်တတ်ပေမယ့် ခုတော့ ခါးတွေလဲ အရမ်းနာပြီး ဆီးသွားရင်လဲနဲနဲ ကျင်ပါတယ်။ ရာသီလဲ မလာသေးပါဘူး။ ခေါင်းမူးတာအန်တာတော့ မရှိပါဘူး။ သူ့ဆီမှာလဲ ဘာရောဂါမှ မရှိပါဘူး။ ဆီးပူညောင်းကျ ဆိုတာလဲ ကြားဘူးတော့ စိုးရိမ်လို့ပါ။ ကိုယ်ဝန်ကော ရနိုင်ပါသလား။
တားဆေးကလဲ အန်တတ်တယ်။ ၄ နာရီကြာသွားရင် အန်တဲ့အထဲမှာ ဆေးမပါတော့ပါ။ ဆီးအောင့်တာက ဆက်ဆံလို့ကနေ ဖြစ်တတ်တယ်။ အတော်များများမှာ ဖြစ်ကြတယ်။ Septrin တခါသောက် ၂ ပြား၊ နေ့ ၂ ကြိမ်၊ ဒါမှမဟုတ် Norfloxacin 400mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက်သောက်ပါ။ ကိုယ်ဝန်ရ-မရ မပြောနိုင်သေးပါ။ အရေးပေါ်တားဆေးကတော့ စိတ်ချရပါမယ်။ မလာသေးရင်တော့ Urine for pregnancy test ဆီးစစ်ကြည့်ပါ။
Wed, Sep 12, 2012 at 1:37 PM
ကိုယ်ဝန်ရှိတယ်ဆိုတာ သေချာပြီး လနုသေးတယ်ဆိုရင် ဆေးနဲ့ ဖျက်ချလို့ရတဲ့ ဆေးအမည်က Panorit ဆိုတာ ဖတ်ဘူးပါတယ်ဆရာ။ အဲဒီဆေးကို ဘယ်လို အသုံးပြုရသလဲ ၄င်းဆေးရဲ့ အစွမ်းက ဆေးသောက်ပြီး ဘယ်နှစ်ရက်အကြာမှာ အစွမ်းပြသလဲ သိပါရစေ။ အကယ်၍ ကိုယ်ဝန်ရတဲ့လက နုသေးတယ်ဆိုရင် တစ်ကယ်ကော အန္တရာယ်ကင်းကင်းနဲ့ ပြတ်ကျနိုင်သလားသိပါရစေ။
Penorit ဆေးဆိုတာဘာလဲ http://dts-medicaleducation-adult.blogspot.in/2012/07/penorit.html
Wed, Sep 12, 2012 at 5:28 PM
ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်ဟာ လုံးဝဗိုက်မနာသေးပဲ (မွေးဖွါးလို့ရတဲ့အချိန်ရောက်ပြီး ရက်မလွန်သေးပါ) သားအိမ်ပွင့်ဆေးထိုးပြီး မွေးတာဟာ ဘေးထွက်ဆိုးကျိုး ရှိပါသလားဆရာ။ မွေးရော မွေးသင့် ပါသလား မိခင်လောင်းကတော ယခုချိန်ထိ (လုံးဝ) ကျန်းမာလျှက်ပါ။
ခန့်မှန်းခြေမွေးမဲ့ရက် EDD ရဲ့ ရှေ့မှာ ၂ ပတ်၊ နောက်မှာ ၂ ပတ်အတွင်း အလိုလိုမွေးတာများတယ်။ ထက် ၂ ပတ်အထိ မမွေးသေးရင် တချို့ဆရာဝန်တွေက မမွေး မွေးအောင်လုပ်ပေးကြတယ်။ ဆရာဝန်တိုင်း ကတော့ မလုပ်ပါ။ အထဲက ကလေးအခြေအနေအပေါ်မှာ မူတည်တယ်။ ကလေးကောင်းနေရင် စောင့်နိုင်တယ်။ မမွေးသေးတာကို မွေးစေအောင်လုပ်လို့လဲ ဆရာဝန်ကလုပ်ပေးရင် ဘာမှ စိုးရိမ်စရာမရှိပါ။ ကလေးရော မိခင်ပါ ကျန်းမာကြပါတယ်။ အချိန်စောမွေးတာတောင်မှ ၃၆ ပါတ်ရှိပြီဆိုရင် ပုံမှန်ကိုယ်ဝန်ဆိုရင် ကောင်းတာချည်းပါဘဲ။ အဲလိုမွေးသင့်-မသင့်ဆိုတာ မိခင်အခြေအနေ၊ကလေးအခြေအနေအပေါ်မှာ မူတည်ပါတယ်။ သီအိုရီအတိုင်းပြောရရင် သဘာဝနည်း မဟုတ်တာမှန်သမျှ (ရေမြွရေစောဖေါက်မယ်။ သားအိမ်ညှစ်ဆေးသွင်းမယ်။ သာအိမ်ပွင့်ဆေး သုံးမယ်။ ခွဲမွေးမယ်) ဘေးကိုထည့်တွက်ကြရပါမယ်။
Wed, Sep 12, 2012 at 9:49 PM
ကျွန်တော် ကောင်မလေးနဲ့ ပထမအကြိမ် ကွန်ဒွမ်နဲ့ ဆက်ဆံမိပါတယ်။ အဲဒီနောက် ဒုတိယအကြိမ် ကွန်ဒွမ်စွပ်တာ ပြောင်းပြန်ဖြစ်နေလို့ ပြန်ပြီးအတည့်ပြန်လုပ်ပြီး စွပ်မိပါတယ်။ ပြောင်းပြန်ဖြစ်တဲ့အပိုင်းမှာ ကျွန်တော် သကတ်ပိုးများပါနိုင်ပါလား။ ကလေးရော ဖြစ်နိုင်ပါလား။ ဆေးရုံ ဖွင့်ထားတယ် သတင်းကြားပါတယ်။ အလှူငွေထည့်ချင်ရင် ဘယ်မှာလှူရပါသလဲ ခင်ဗျာ။
(ကွန်ဒွမ်) အတွင်းမှာ သုက်ရည်ရှိနေပြီး ပြောင်းပြန်လှန် ဆက်ဆံရင်တော့ သုက်ရည်က မိန်းကလေး အင်္ဂါထဲ ဝင်နိုင်ပါတယ်။ သုက်ရည်ဆိုတာ ယောက်ျားလေးက အဆုံးသတ်မှသာ ထွက်တယ်။ ရောဂါပိုးဆိုရင်တော့ ကူးနိုင်တယ်။ ကိုယ်ဝန်ရ-မရဆိုတာ (၁) မိန်းကလေးက ကလေးရနိုင်တဲ့ရက်ဖြစ်ရမယ်။ (၂) လစဉ်မျိုးဥလဲထွက်ရမယ်။ (၃) သုက်ပိုးလဲ အထဲဝင်ရမယ်။ ရာသီလာလာချိန်မှာ မလာရင် သေခြာချင်အောင် Urine for pregnancy test ဆီးစစ်ပါ။ ဆိုင်ကနေဝယ်စစ်လို့ ရတယ်။ အလှူငွေထည့်လိုတဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်။ ဘယ်ကနေ ဘယ်လိုပို့မလဲ အပေါ်မူတည်ပါတယ်။ http://yamuna-online-clinic.blogspot.in/ How to donate ဆေးခန်း အလှူငွေပို့ရန်
ယမုန်နာဆေးခန်း - အမေးအဖြေ (၇၀) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




