1. ကိုယ်ဝန်ပျက်ဆေးသောက်ရင်လဲ ဘယ်လို ဖြစ်မယ်ဆိုတာ မသိလို့
2. ကိုယ်ဝန် ၁၈ ပတ်ရှိနေပါပြီ။
3. မိန်းမကိုယ်က လေထွက်တာကိုပါ။
4. (၃) လခံ တားဆေးထိုးခဲ့ပါတယ်။
5. သားအိမ်ထဲတွင် အရည်အိတ်ရှိပါသည်။
6. ရာသီမလာတာလည်း တစ်လပြည့်တော့မယ်
7. ရိုးရိုးမွေးလျှင် ပြန်ဖြစ်နိုင်ပါသလား။
8. ခွဲစိတ်ပြီးမွေးတာနှင့် ရိုးရိုးမွေးတာ ဘယ်နည်းက
9. ဆရာ တိုက်ရိုက်ညွန်ကြားတာလေးကို သိချင်လို့ပါ။
Thu, Sep 13, 2012 at 9:05 AM
သမီးနဲ့ သမီးချစ်သူတို 8.12.12 မှာ မင်္ဂလာဆောင်မှာပါဆရာ နှစ်ဖက်မိဘတွေလဲသိပြီးသားပါ သမီးတို့ အသက်က ၂၉ ထဲမှာပါ။ အားလုံးလဲ ပြင်ဆင်ထားပြီးပါပြီ။ နှစ်ဖက်ဆွေမျိုးတွေကလဲ သဘောတူညီမှုရပြီးပါပြီ။ အခုဖြစ်နေတာက သမီးမှာ ၂၁-၇-၁၂ ကနေ ၂၅-၇-၁၂ ရာသီစလာထားပါတယ် နောက်ထပ် ၈-၈-၁၂ ကနေ ၅-၈-၁၂ ထိ ၂ ရက်တာ ၅-၈-၁၂ မှာ အတူတူနေဖြစ်ပါတယ်။ ရာသီမလာတာ ဒီနေ့ထိပါပဲ။ ဒီမနက် ဆီးစစ်တဲ့ကိရိယာနဲ့ စစ်တော့ မျဉ်း ၂ ကြောင်း ပေါ်နေပါတယ်။ ကိုယ်ဝန်ရှိတဲ့ သဘောပေါ့နော်။ ကိုယ်ဝန်ကို မလိုချင်သေးလို့ပါ။ ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေပါတယ်။ ကိုယ်ဝန်ပျက်ဆေးသောက်ရင်လဲ ဘယ်လို ဖြစ်မယ်ဆိုတာ မသိလို့ ကြောက်မိပါတယ်။ သမီးကို အကြံပေးပါဦးရှင်။ သူနဲ့ အတူတူနေပြီးတော့ ဆေး ၂ လုံးပါတဲ့ ကဒ်လေးလဲ သောက်ပါတယ်။
• Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/medical-abortion-1.html
• Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/medical-abortion-2.html
• Medical abortion (3) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/03/medical-abortion-3.html
၃ ခုလုံး သမီးဖွင့်ကြည့်တာ Access Denied ဖြစ်နေပါတယ်ဆရာ။ ကျေးဇူးပြုပြီး သမီးကို ကူညီပေးပါရှင်။
Thu, Sep 13, 2012 at 9:34 AM
ကျွန်မ အသက် ၂၃ နှစ်ရှိပါပြီ။ လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်က ကိုယ်ဝန် ၅ လကျော်မှာ ပျက်ကျခဲ့ဘူးပါတယ်။ အခုကျွန်မ ထပ်ပြီး ကိုယ်ဝန် ၁၈ ပတ်ရှိနေပါပြီ။ ဆရာဝန်နဲ့လဲ ပြန်ပါတယ်။ အားရှိတဲ့အစာတွေလဲ စားပါ တယ်။ ဘယ်နှစ်လလောက် ဆိုရင် စိတ်ချရပါပြီလဲ။ ဒီတခါတခုခုဖြစ်မှာ အရမ်းစိုးရိမ်လို့ပါ။ ဘာတွေ ရှောင်ရမလဲ သိချင်ပါတယ်။ အခုတော့ အသက်ရှူ ကျပ်ပြီး မောတာ၊ ခေါင်းမူး တာတွေ ဖြစ်ပါတယ်။ ဖြေကြားပေး ပါရှင့်။ အမိမြေမှာ မဟုတ်လို့ပါ။
Pregnancy and Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ http://dts-medicaleducation-adult.blogspot.in/2012/06/morning-sickness.html
Thu, Sep 13, 2012 at 3:07 PM
သမီး အသက်၂၉ နှစ်။ အိမ်ထောင်ရှိပါတယ်။ ၂ နှစ်ခွဲအရွယ် ကလေးတစ်ယောက် ရှိပါတယ်။ မေးချင်တာက မိန်းမကိုယ်က လေထွက်တာကိုပါ။ အိမ်ထောင်ကျပြီး ကလေးမမွေးခင်ကတည်းက ထွက်တတ် ပါတယ်။ နေ့တိုင်း လိင်ဆက်ဆံတာလည်း မဟုတ်ဘဲနဲ့။ ကလေးမွေးတော့လည်း ခွဲမွေးခဲ့တာပါ။ နောက်ပြီး တခြားရောဂါတွေလည်း မရှိပါဘူး။ အဲဒါ လေမထွက်အောင် ဘယ်လို နေထိုင် လေ့ကျင့်ရ မလဲ ပြောပြပေးပါ ဆရာ။
လေက ဘယ်လိုနေရင်၊ ဘယ်လိုလုပ်ရင် ထွက်ပါသလဲ။ RVF အစာဟောင်းလမ်းနဲ့ မွေးလမ်းကြား ပြွန်လမ်း ဖြစ်နေရင် ထွက်နိုင်တယ်။ တချို့မှာ တခါတလေ ဆက်ဆွချိန်မှာ အရည်များရာကနေ၊ အနေအထာကြောင့် လဲ ထွက်တယ်။
Thu, Sep 13, 2012 at 5:19 PM
ကျနော့် အမျိုးသမီးက (့) ကိုရောက်တာ (၁၅) ရက်လောက်ပဲ ရှိပါသေးတယ်။ အသက်က (၂၆) နှစ်ပါ။ သုံးနှစ်အရွယ် ကလေးတစ်ယောက် ရှိပါတယ်။ ၁၁-၄-၁၂ မြန်မာနိုင်ငံမှာတုန်းက (၃) လခံ တားဆေး ထိုးခဲ့ပါတယ်။ ပထမဆုံးအကြိမ်ပါ။ ဆေးထိုးပြီး (၁) လလောက်ကြာတော့ သွေးပြန်လာပါတယ်။ နည်းနည်းနှင့် နေ့တိုင်းလာပါတယ်။ မေးကြည့်တော့ ကြာတော့ပျောက်သွားမယ်ပြောပါတယ်။ မပျောက်တာနှင့် (၈)လပိုင်း အစမှာ ဆရာဝန်နှင့်ပြတော့ သူက သွေးထိန်ဆေး ဆိုပြီး ထိုးပေးပါတယ်။ သုံးရက်ဆက်တိုက် ထိုးရပါတယ်။ သွေးထိန်ဆေးထိုးပြီး သွေးမလာတော့ပါဘူး။ ၂၈-၈-၁၂ ရက် (၂ဝ) လောက်ကြာတော့ သွေးပြန် လာပါတယ်။ သွေးလာတာက ခါတိုင်းဆိုရင် (၅) ရက်လောက်ပဲလာပါတယ်။ ခုက (၇) ရက်လောက်ကြာပါတယ်။ သွေးလာတာလည်း ခါတိုင်းထက်များပါတယ်။ ၁၁-၈-၁၂ မှာ သွေးလာတာ ရပ်သွားပါတယ်။ ထူးခြားတာက ကြားမှာ (၇) ရက်လောက်ပဲခြားတယ် ခုလာနေပြန်ပါတယ်။ သွေးဆင်းတာလည်း များပါတယ်။
Depo Provera သုံးလခံ ထိုးဆေး
Fri, Sep 14, 2012 at 12:18 PM
သမီးမှာ သားအိမ်ထဲတွင် အရည်အိတ်ရှိပါသည်။ OG နှင့်ပြပြီးဆေးကူသမှု ခံယူနေပါသည်။ အသက်မှာ ၃၁ နှစ်ထဲတွင်ရှိပါသည်။ PRIMOULTE - M 5 mg ကို တနေ့ ၂ ကြိမ်သောက်ခဲ့ရပါသည်။ အခုအခါ မှာ ပျောက်လုနီးပါး ရှိနေပါပြီ။ အခုပြောချင်သော အဓိကအကြောင်းမှာ Vigina ယားယံခြင်းပဲဖြစ်သည်။ အရင်က မိသားစုဆရာဝန်နှင့်ပြခဲ့ပါသည်။ CURE U ဆေးပေးခဲ့ကာ အမျိုးသားပါသောက်စေခဲ့ပါသည်။ အ၀ါရောင်ရှိအရည်များ အနဲငယ်ဆင်းလာတာနှင့်အမျှ ယားယံခြင်း ဖြစ်ပေါ်ပါသည်။ လိင်မှတဆင့် ကူးစက်ခြင်းကြောင့်ဟု ပြောပါသည်။ အမျိုးသားသည်လည်း တခြားဘာမှ အရှပ်အရှင်း မရှိခဲ့ပါ။ ဆေးသောက် တုန်း ပျောက်သွားသော်လည်း ခဏခဏပြန်ဖြစ်တတ်ပါသည်ရှင့်။ နောက်တခုအနေနှင့် ထူးခြားချက်မှာ အမျိုးသားဧ။် sperm များ သားအိမ်ထဲသို့ မရောက်ရှိပါက အဲဒီလိုမဖြစ်ဟုထင်ပါသည်။ သားသမီးရဖို့လည်း ကြိုးစားနေတုန်းဖြစ်၍ မည်သို့ ဖြစ်နိုင်သည်နှင့် မည်သည့်ဆေးဝါးများ သုံးစွဲရမည်ကို သိလိုပါသည်ရှင့်။
ဆေးနာမည်က Primolut N (norethisterone) ဖြစ်မလား၊ စစ်ကြည့်ပါ။ ဆရာပြောတာ ဟုတ်ရင်
- Endometriosis သားအိမ်ရောဂါ၊
- Menstrual disorders ရာသီလာရင်နာတာ၊ များတာ၊ မမှန်တာ၊
- Delaying menstrual bleeding နောက်ကျတာတွေအတွက်သုံးပါတယ်။
CURE U ဆိုတာက ဆေးရာင်းတဲ့နာမည်ဖြစ်ပြီး တခြားနိုင်ငံကြီးတွေမှာ မရှိတတ်လို့ ဘာလဲ အတိအကျ မသိသေးပါ။ ဆေးနာမည် ပါမှာပါ။ ဖတ်ပြီးပြောပါ။
မွေးလမ်း (လိင်လမ်း) ရောဂါက ပြန်ဖြစ်တတ်တယ်။ ဆရာဝန်ကို သေခြာပြောပြပါ။
သုက်ရည် ဝင်တာ-မဝင်တာက ကိုယ်ဝန် ရ-မရ နဲ့သာဆိုင်တယ်။ ရောဂါနဲ့မဆိုင်ပါ။
Sat, Sep 15, 2012 at 8:20 PM
ကိုယ်ဝန်အတွက် ဆီးစစ်နည်း အတိုင်းစစ်ပါတယ်။ အဖြေက တစ်ကြောင်းပဲ ပြနေပါတယ်။ ဒါပေမယ့်လည်း စိတ်ထဲမှာ ထင့်နေတယ် ရာသီမလာတာလည်း တစ်လပြည့်တော့မယ်။ ပျို့ချင်အန်ချင်သလိုလဲ အိပ်ရာထတိုင်း ဖြစ်တယ်။ ဘာကြောင့်များ ဖြစ်နိုင်မလဲ။
Pregnancy - (hCG) ကိုယ်ဝန်ရှိ-မရှိစစ်တဲ့ ဟော်မုန်း
Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း
Sat, Sep 15, 2012 at 9:02 PM
လိပ်ခေါင်းရောဂါ (ကုသ၍ပျောက်ပြီး) ရှိခဲ့တဲ့ ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်ဟာ ရိုးရိုးမွေးလျှင် ပြန်ဖြစ်နိုင်ပါသလား။ ခွဲစိတ်ပြီးမွေးတာနှင့် ရိုးရိုးမွေးတာ ဘယ်နည်းက ပိုအဆင်ပြေနိုင်ပါသလဲ။
လိပ်ခေါင်းရောဂါဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အနည်းနဲ့ အများဖြစ်လာတတ်တယ်။ မီးဖွါးပြီးရင် သက်သာ၊ ဒါမှမဟုတ် ပျောက်သွားတယ်။ နောက်ကိုယ်ဝန်မှလဲ ထပ်ဖြစ်တတ်သေးတယ်။
ရိုးရိုးမွေးတာကတော့ အကောင်းဆုံးဖြစ်ပါတယ်။ မဖြစ်မနေခွဲရရင်လဲ မငြင်းသင့်ပါ။ (ဘော်ဒါလိုင်း) ဆိုရင် ချင့်ချိန်ရမယ်။ နှစ်မျိုးလုံးမှာ အားသာတာ အားနည်းတာတွေရှိတယ်။
Sat, Sep 15, 2012 at 9:45 PM
ဘော်ဒါလိုင်းဆိုတာဘာပါလဲဆရာ။ နောက်ပြီး လိပ်ခေါင်းအကြောင်းနှင့် ခွဲမွေးတဲ့အကြောင်းကို ဘယ်မှာရှာရမလဲဆရာ။
ဘော်ဒါလိုင်းဆိုတာ မခွဲသေးဘဲ စောင့်ချင်စောင့်နိုင်တယ်။ တချို့လူနာကနေ အခွဲခိုင်းတယ်။ တချို့ ဆရာဝန်က မစောင့်ချင်ဘူး။ ခွဲကိုခွဲရမှာနဲ့ မတူဘူး။ ဥပမာ အချင်းရှေ့ရောက်ဖြစ်တာ၊ ချက်ကြိုးကျွံကျတာ၊ ကလေးခေါင်းက မွေးလမ်းနဲ့ မမျှတာ။ ဒါတွေဆိုရင် ညဥ့်နက်သန်းကောင်းလဲ ခွဲရမယ်။
Pregnancy - LSCS ဗိုက်ခွဲမွေးရခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/lscs.html
Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ http://dts-medicaleducation.blogspot.com/2010/07/q-and-on-piles.html
Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ http://dts-medicaleducation.blogspot.com/2012/01/hemorrhoids-treatment.html
Sun, Sep 16, 2012 at 11:41 AM
သမီး ဒီနေ့ penorit (Norethisterone Acetate + Ethinyloestardiol) နဲ့ CYTOTEC 200mcg ဆေးတွေ ဝယ်လာပါတယ်။ ဘယ်ဆေးကို ဘယ်လိုသုံးရမလဲဆိုတာ ညွှန်ပေးပါနော်။ ဆရာပေးထားတဲ့ attach တွေကို ကြည့်ထားပေမဲ့ ဆရာတိုက်ရိုက်ညွန်ကြားတာလေးကို သိချင်လို့ပါ။ သမီးက မနက်ဆို ရုံး 8 နာရီခွဲ ညနေ 5 နာရီ တတ်ရပါတယ်။ ဆေးသုံးစွဲနေစဉ် ဘယ်လိုနေထိုင်ရမယ်ဆိုတာလေးပါ ညွန်ပေးပါရှင်။ ဆရာ attach တွေမှာ Pregnancy Category X မှာဆိုရင် လုံးဝမသုံးရဘူးဆိုတဲ့ စာသားလေး သမီးနားမလည်လို့ပါ။
Sorry! ဆရာပြောထားသလို အဝေးကနေ ဆေးကုတာ မသင့်ပါ။ ကိုယ်ဝန်ကိုလဲ အဝေးကနေရော အနီးမှာပါ တမင်တကာ ဖျက်မပေးပါ။
ယမုန်နာဆေးခန်း - အမေးအဖြေ (၇၁) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




