3
Oct

အမေးအဖြေ (၇၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. ဆီကျင်နေလို့ ဘာဆေးသောက်ရပါမလဲ
2. ကျွန်တော်တို့ ကလေးရချင်နေကြပါတယ်
3. ဒါပေမယ့်လည်း စိတ်ထဲမှာ ထင့်နေတယ်။
4. ရိုးရိုးမွေးလျှင် ပြန်ဖြစ်နိုင်ပါသလား။
5. ဘော်ဒါလိုင်းဆိုတာ ဘာပါလဲဆရာ။
6. ဆရာ တိုက်ရိုက်ညွန်ကြားတာလေးကို သိချင်လို့ပါ။
7. ကျားအင်္ဂါကြီးဆေး virelity ex နဲ့ exstream no ကို
8. အမြွှာကိုယ်ဝန်ဆောင်ထားပါတယ်။
9. မိန်းမ Clitoris မှာအဖုပေါက်တာကို

Facebook question
ဆရာ ဆီကျင်နေလို့ ဘာဆေးသောက်ရပါမလဲ ခင်ဗျာ ၂၃ နှစ်ပါ၊ ကျားပါ၊ အိမ်ထောင်မရှိပါဘူး၊ အမည်က (့) ပါ။ (၂)လလောက်တော့ရှိပါပြီ၊ fame က ယူရိုခရပ်ဆေးသောက်နေပါတယ်။

• Urethritis in Men ယောက်ျားတွေ ဆီးအောင့်ရင် http://dts-medicaleducation.blogspot.com/2011/01/urethritis-in-men.html
• UTI ဆီးလမ်းရောဂါ ပိုဖြစ်နေကြတယ် http://dts-medicaleducation.blogspot.com/2011/11/uti.html

Sat, Sep 15, 2012 at 12:43 AM
ကျွန်တော်က အသက်အခု ၃၆ နှစ်၊ ဇနီးက ၂၈ နှစ်ရှိပါပြီ။ ကျွန်တော်တို့ ကလေးမရှိသေးပါဘူး။ အိမ်ထောင်ကျပြီးတာ ၅ နှစ်လောက်ရှိပြီးပြီ။ ၁ နှစ်လောက်ပဲ အတူနေပြီး အခုနိုင်ငံခြားမှာ ကျွန်တော်က အလုပ် လုပ် နေပါတယ်။ နောက်နှစ်ဆို ပြန်ရပါပြီဆရာ။ ကျွန်တော်တို့ ကလေးရချင်နေကြပါတယ်။ အိမ်ထောင်ကျပြီး ၃ လ ဆေးထိုးပြီး ရောဂါ စဖြစ်တာပဲ။ ခြေထောက်တွေ ဖောရောင်လာပြီး အသက်ရှူကျပ်တာတို့  စုံနေတာပဲ။ အခုတော့ အခြေအနေ ကောင်းသလောက်တော့ ရှိနေပါပြီ။ ပြန်ရောက်တဲ့အချိန် ကလေးယူလို့ ရနိုင်ပါသလား။ ဘယ်လို ပြင်ဆင်မှုမျိုးတွေ လုပ်သင့်ပါလဲ။ အကြံကောင်းလေးရှိရင် ဖြေကြားပေးပါ။

Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-1.html
Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/infertility-2.html
Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/fallopian-tube-procedures-for.html
Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-and-tb.html
Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/tb-and-infertility.html
Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-treatments.html
Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-treatments-2.html

Sat, Sep 15, 2012 at 8:20 PM
ကိုယ်ဝန်အတွက် ဆီးစစ်နည်း အတိုင်းစစ်ပါတယ်။ အဖြေက တစ်ကြောင်းပဲ ပြနေပါတယ်။ ဒါပေမယ့်လည်း စိတ်ထဲမှာ ထင့်နေတယ်။ ရာသီမလာတာလည်း တစ်လပြည့်တော့မယ် ပျို့ချင်အန်ချင်သလိုလဲ အိပ်ရာထတိုင်း ဖြစ်တယ်။ ဘာကြောင့်များ ဖြစ်နိုင်မလဲ။

Pregnancy - (hCG) ကိုယ်ဝန်ရှိ-မရှိစစ်တဲ့ ဟော်မုန်း
Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း

Sat, Sep 15, 2012 at 9:02 PM
လိပ်ခေါင်းရောဂါ (ကုသ၍ပျောက်ပြီး) ရှိခဲ့တဲ့ ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်ဟာ ရိုးရိုးမွေးလျှင် ပြန်ဖြစ်နိုင်ပါသလား။ ခွဲစိတ်ပြီးမွေးတာနှင့် ရိုးရိုးမွေးတာ ဘယ်နည်းကပိုအဆင်ပြေနိုင်ပါသလဲ။

လိပ်ခေါင်းရောဂါဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အနည်းနဲ့ အများဖြစ်လာတတ်တယ်။ မီးဖွါးပြီးရင် သက်သာ၊ ဒါမှမဟုတ် ပျောက်သွားတယ်။ နောက်ကိုယ်ဝန်မှလဲ ထပ်ဖြစ်တတ်သေးတယ်။ ရိုးရိုးမွေးတာကတော့ အကောင်းဆုံးဖြစ်ပါတယ်။ မဖြစ်မနေခွဲရရင်လဲ မငြင်းသင့်ပါ။ (ဘော်ဒါလိုင်း) ဆိုရင် ချင့်ချိန်ရမယ်။ နှစ်မျိုးလုံးမှာ အားသာတာ အားနည်းတာတွေရှိတယ်။

Sat, Sep 15, 2012 at 9:45 PM
ဘော်ဒါလိုင်းဆိုတာ ဘာပါလဲဆရာ။ နောက်ပြီး လိပ်ခေါင်းအကြောင်းနှင့် ခွဲမွေးတဲ့အကြောင်းကို ဘယ်မှာရှာရမလဲဆရာ။

ဘော်ဒါလိုင်းဆိုတာ မခွဲသေးဘဲ စောင့်ချင်စောင့်နိုင်တယ်။ တချို့လူနာကနေ အခွဲခိုင်းတယ်။ တချို့ ဆရာဝန်က မစောင့်ချင်ဘူး။ ခွဲကိုခွဲရမှာနဲ့ မတူဘူး။ ဥပမာ အချင်းရှေ့ရောက်ဖြစ်တာ၊ ချက်ကြိုးကျွံကျတာ၊ ကလေးခေါင်းက မွေးလမ်းနဲ့ မမျှတာ။ ဒါတွေဆိုရင် ညဥ့်နက်သန်းကောင်းလဲ ခွဲရမယ်။

Pregnancy - LSCS ဗိုက်ခွဲမွေးရခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/lscs.html
Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ http://dts-medicaleducation.blogspot.com/2010/07/q-and-on-piles.html
Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ http://dts-medicaleducation.blogspot.com/2012/01/hemorrhoids-treatment.html

Sun, Sep 16, 2012 at 11:41 AM
သမီး ဒီနေ့ penorit (Norethisterone Acetate + Ethinyloestardiol) နဲ့ CYTOTEC 200mcg ဆေးတွေ ဝယ်လာပါတယ်။ ဘယ်ဆေးကို ဘယ်လိုသုံးရမလဲဆိုတာ ညွှန်ပေးပါနော်။ ဆရာပေးထားတဲ့ attach တွေကို ကြည့်ထားပေမဲ့ ဆရာ တိုက်ရိုက်ညွန်ကြားတာလေးကို သိချင်လို့ပါ။ သမီးက မနက်ဆို ရုံး 8 နာရီခွဲ ညနေ 5 နာရီ တတ်ရပါတယ်။ ဆေးသုံးစွဲနေစဉ် ဘယ်လိုနေထိုင်ရမယ်ဆိုတာလေးပါ ညွန်ပေးပါရှင်။ ဆရာ attach တွေမှာ Pregnancy Category X မှာဆိုရင် လုံးဝမသုံးရဘူးဆိုတဲ့ စာသားလေး သမီးနားမလည်လို့ပါ။

Sorry! ဆရာပြောထားသလို အဝေးကနေ ဆေးကုတာ မသင့်ပါ။ ကိုယ်ဝန်ကိုလဲ အဝေးကနေရော အနီးမှာပါ တမင်တကာ ဖျက်မပေးပါ။

Sun, Sep 16, 2012 at 4:50 PM
ကျားအင်္ဂါကြီးဆေး virelity ex နဲ့ exstream no ကို ည မနက်သောက်ရင် နှစ်ပတ်အတွင်း "3" လက်မရှည်တယ်လို့ သိရပါတယ်။ ဟုတ်ပါသလား။ အလားတူဆေးရှိလျှင်ပြောပြပေးပါ။ မိန်းမနဲ့အဆင်မပြေလို့ပါ။

ကြော်ညာရောင်းတဲ့ ဘယ်ဆေးမှ စိတ်မချရပါ။
Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း (၁) General ယေဘုယျ http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-1.html
Penis enlargement (2) ကျားအင်္ဂါ ကြီးစေခြင်း (၂) Injection ဆေးထိုးနည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-2.html
Penis enlargement (3) ကျားအင်္ဂါ ကြီးစေခြင်း (၃) Andropenis နည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-3.html
Penis enlargement (4) ကျားအင်္ဂါ ကြီးစေခြင်း (၄) Analysis သုံးသပ်ချက် http://dts-medicaleducation-adult.blogspot.in/2012/05/penis-enlargement-4.html
Penis enlargement (5) ကျားအင်္ဂါ ကြီးစေခြင်း (၅) Pump and others လေစုပ်ကရိယာ http://dts-medicaleducation-adult.blogspot.in/2012/04/penis-pump.html
Penis enlargement (6) ကျားအင်္ဂါ ကြီးစေခြင်း (၆) Complications ဆိုးကျိုးတွေ http://dts-medicaleducation-adult.blogspot.in/2012/08/penis-enlargement-5-complications.html

Sun, Sep 16, 2012 at 11:59 PM
ကျွန်တော့်ဇနီးက အသက်၂၅ နှစ်ထဲမှာပါ။ အမြွှာကိုယ်ဝန်ဆောင်ထားပါတယ်။ ကိုယ်ဝန် ၂၆ ပတ်ကျော်ပါပြီ။ BPI က folic acid မနက် ည စုစုပေါင်းနှစ်လုံးနဲ့ obimin တစ်လုံးတိုက်ပါတယ်။ ကျွန်တော်သိချင်တာက အားဆေး လုံလောက်ပါသလားနဲ့ အမြွာဖြစ်တဲ့အတွက် မွေးဖွားပြီး နို့တိုက် ကျွေးခြင်းကိစ္စကို အကြံဥာဏ် ပေးစေချင်ပါတယ်။

Twin Pregnancy အမွှာကိုယ်ဝန် ဘာဆင်ခြင်ရမလဲ

Mon, Sep 17, 2012 at 7:23 AM ကျွန်တော့် မိန်းမ Clitoris မှာအဖုပေါက်တာကို ဆရာခိုင်းသလို ဆေးစားတာ သက်သာသွားပါတယ်ဆရာ။ ၁ဝ ရက်လောက် ဆေးတွေသောက်လိုက်ပါတယ်။ အဖုတော့ ပေါက် မသွားခဲ့ပါဘူး။ ဒါပေမယ့် အခု အဲနေရာမှာပဲ ထပ်ပြီး အဖု ထွက်လာပါတယ်။ နီရဲပြီတော့ စူနေပါတယ်။ အရင်က အရွယ်အစားတိုင်းပါပဲ။ ဆေးတွေတော့ထပ်သောက်နေပါတယ်။ အမျိုးသမီးက တစ်ခုခု ဖြစ်မှာ စိုးရိမ်နေပါတယ်။ အနာက ပျောက်လိုက် ပေါ်လိုက် ဖြစ်နေလို့ပါ။ ကျွန်တော်ကတော့ အနာစိမ်းလို့ ထင်တယ်လို့ပဲ ပြောထားပါတယ်။ ပျောက်ချင်ဇောနဲ့ ညှစ်လို့မရပဲ ညှစ်လိုက်မယ်ဆိုရင် ဘာဖြစ်တတ်သလဲ။ နောက် အဲလို အနာတွေရယ့် သဘောတွေ သိပါစေ။ ဘယ်လိုနေထိုင်ရမယ် ဘယ်လို ပျောက်အောင် လုပ်ရမယ်ဆိုတာလည်း ထပ်ဖြေပေးပါ။ အနာဆိုတာ ဘယ်နေရာဖြစ်ဖြစ် တသဘောတည်းဘဲ။ ဖြစ်စေတဲ့ပိုး (ဗက်တီး ရီးယား၊ ဗိုင်းရပ်၊ ဖန်းဂတ်စ်၊ ပါရာဆိုက်) တွေ မတူရင် အနာဖြစ်ပုံမတူဘူး။ အမျိုးတခုတည်းကနေ မျိုးကွဲမတူရင်လဲ မတူပြန်ဘူး။ ကုသတာကတော့ ကိုက်ညီတဲ့ပိုးသေဆေး + အနာသက်သာဆေး ပေးရတယ်။ အနာကို ဆေးထည့်တာမှလဲ အနာဖြစ်နေတဲ့အဆင့်အလိုက် လုပ်ရတယ်။ အရေပြားပေါက်နေတာနဲ့ မပေါက်သေးတယ။ ပေါက်နေရင် ဆေးထည့် ပတ်တီးစည်းရတယ်။ အထဲမှာပြည်ရှိနေရင် ပိုပိုနာလာမယ်။ နီရဲလာမယ်။ အလည်နေရာကထိပ်မှာ အိလာမှ ပြည်မှနည့်တယ်။ ပြည် မမှည့်သေးဘဲ မညှစ်ရဘူး။ မြန်မြန်မှည့်အောင်ရော နာတာသက်သာအောင်ပါ အပူကပ်ပေးနိုင်တယ်။ ခံနိုင်ယုံသာ ပူစေရမယ်။ ပြည်ရှိ မှန်သမျှ ပြည်ကို တနည်းနည်းနဲ့ ထုတ်ပြီးမှသာျေပာက်မယ်။ ခွဲမထုတ်ရင် အလိုလိုပေါက်မယ်။ မပေါက်နိုင်တာဆိုရင် လွယ်တဲ့ဆီ ဥပမာ အတွင်းဖက်ကိုဆက်သွားမယ်။ ပြည်ကို ကုန်အောင် မထုတ်-မထွက်နိုင် ရင် ပြွန်လိုအနာ ဖြစ်လာတတ်တယ်။ အနာ့ပဆုပ်လိုဟာ ကြတော့ ပြည်ပေါက်က အများကြီး။ မွှေးညှင်းတပေါက်ကနေ ပြည်အိမ်တခု သဘောရှိနေလို့ ပြည်ထုတ်ရတာ လက်ဝင်တယ်။ အခုဖြစ်တဲ့နေရာမှာ အနာက သိပ်မကြီးနိုင်ဘူး။ မမှည့်ဘဲ မညှစ်ပါနဲ့။ ပြန်ဖြစ်တာဆိုရင် ပိုးသေဆေးကို အချိန် (ရက်) ပိုသောက်ပေးပါ။ ဆေးကလဲ တမျိုးတည်းမရရင် ၂ မျိုးတွဲရတတ်တယ်။ ဥပမာ Ampicillin နဲ့ Cloxacillin တွဲပေးရတယ်။ လိင်လမ်းအနာကို Doxicycline ပေးနိုင်တယ်။ တခါတလေ ၁၃ ရက်အထိပေးရတတ်တယ်။

ယမုန်နာဆေးခန်း - အမေးအဖြေ (၇၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top