3
Oct

အမေးအဖြေ (၇၃) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. ဆရာမကြီးခင်ဗျာ ကျွန်တော်သိချင်တာလေးရှိလို့
2. ဆရာကြီးခင်ဗျ။ မေးချင်လွန်းအားကြီးလို့
3. OG နှင့်ပြသော်လည်းသိပ်မထူးပါ။
4. သမီးအသက်က နှစ်ဆယ်ပါ။ ပြီးခဲ့တဲ့လက
5. ဆေးစစ်ကြည့်တော့ ဘီပိုးတွေ့ပါတယ်။
6. မိန်းမကိုယ်က လေထွက်တာကိုပါ။
7. ကလေးကို ထိခိုက်မှာစိုးပါတယ်။
8. ဆရာ တိုက်ရိုက်ညွန်ကြားတာလေးကို သိချင်လို့ပါ။
9. အပျိုဘဝကတည်းက ရာသီလာတာ မမှန်တတ်ပါဘူး။
10. အိမ်ထောင်သက် ၃ နှစ်ရှိပါပြီ။ ကလေးယူတာမရသေးလို့

Wed, Sep 19, 2012 at 10:07 AM
ဆရာမကြီးခင်ဗျာ ကျွန်တော် သိချင်တာလေးရှိလို့ မရှက်မကြောက်ပဲ မေးပါရစေခင်ဗျာ။ ကျွန်တော်က အိမ်ထောင် မကျသေးတဲ့ လူပျိုတစ်ယောက်ပါ။ ရည်းစားတောင် မထားဖူးသေးပါဘူး။ ဒါပေမယ့် ကျွန်တော့် အသက်ကတော့ ၂၅ နှစ် ရှိပါပြီ။ တစ်နေ့ကို (သုတ်ရည်) နှစ်ကြိမ်သုံးကြိမ် ထွက်ရင် ကောင်းသလား။ လူကို ဒုက္ခပေးနိုင်သလား ဆိုတာ သိချင်လို့ပါ။ အခြား ယောက်ကျားလေးတွေရော ဒီလိုပဲ ဖြစ်တတ်သလားဆိုတာ သိချင်လို့ပါ။ ဒီလိုကိုယ့်ဖာသာကို ဖြေတတ်လို့ပါ။ အကယ်၍ လူကိုအန္ထရာယ် ဖြစ်စေနိုင်တယ်ဆိုရင် ရှောင်လို့ရအောင်လို့ပါ။ ဆရာမရဲ့ အကြံပေးအဖြေကို စောင့်နေပါ့မယ်။

ကျွန်တော့် အီးမေးလ် ဘယ်ကနေရသလဲ မသိပါ။ ကျွန်တော့်မှာ ဘလော့ခ် တွေရော ဝက်ဘ်ဆိုက်ပါ ရှိတယ်။ ကျွန်တော့် Profile မှာ ဓါတ်ပုံနဲ့အတူ အမှန်အတိုင်း အားလုံးတင်ထားတယ်။ ဆရာမ မဟုတ်ပါခင်ဗျား။ Masturbation (မာစတာဘေးရှင်း) ပို့လိုက်ပါတယ်။

Wed, Sep 19, 2012 at 10:50 AM
ဆရာကြီးခင်ဗျ။ မေးချင်လွန်းအားကြီးလို့ ဂျာနယ်ထဲက အီးမေလ်းနဲ့ ဝက်ဆိုက်ကို တွေ့တာနဲ့ ဆရာ/ဆရာ မခွဲခြားပြီး မသိလိုက်တဲ့အတွက် ဆရာကို လေးလေးနက်နက်တောင်းပန်ပါတယ်။ ရုပ်ရှင်ကြည့်ရင်း ထမင်း စားရင် ဝတယ် ညဘက် ထမင်းစားရင် ဝတယ်လို့ ကြားဖူးတယ်။ ဒါပေမယ့် များသောအားဖြင့် ကျွန်တော် ညဘက်ရုပ်ရှင်ကြည့်ရင်းနဲ့ ထမင်းစားဖြစ်တယ်။ နောက် စားသလောက်လည်း ဝမလာဘူး။ အဲ့ဒါ ဘာကြောင့် လည်းဆိုတာရယ် ခေါင်းလျှော်တိုင်း ဆံပင် တအားကျွတ်ကျွတ်နေတယ်။ တဖြည်းဖြည်းနဲ့ ဆံပင်ကမရှိတော့ဘူး။ နည်းလမ်းလေးများရှိရင် ပေးစေချင်ပါတယ်။

ဆရာ့ကို အထီး-အမလွဲတာ ခင်ဗျားက နံပတ် (၇) လောက်မှာရှိတယ်။ ရီရ-ပြုံးရတာပေါ့ဗျာ။ အဲ့ ဆရာကြီးတော့ မဟုတ်ဘူးဗျ ဒါလဲ ငယ်ချင်လို့ပြောတာ မဟုတ်ဘူး။ ဆရာဝန်လောကမှာ အထူးကုကိုသာ "ကြီး" ထည့်တယ်။ ထမင်းစားတာနဲ့ ရုပ်ရှင်တွဲတာကနေ လူကို ဝ-မဝ ဆက်စပ်မှု မရှိပါ။
1. Hair Loss ဆံပင် ကျွတ်ရင်
2. Hair Loss in Women Treatments ဆံပင်ကျွတ်တာ ဘာနဲ့ကုမလဲ

Wed, Sep 19, 2012 at 11:56 AM
ကျွန်တော်က နံပါတ် (၇) နေရာမှာ ရှိနေတယ်ဆိုတာ ဘာကိုပြောတာလဲမသိလို့ တစ်ဆိတ်လောက် ရှင်းပြပေးစေချင်ပါတယ်။

ဒီလိုဗျ။ အဲလိုဘဲ ဆရာ့ကို အမျိုးသမီးထင်တဲ့သူ အရင်က ၆ ယောက်လောက်ရှိမှာကို ပြောတာပါ။ တချို့က ဆရာမတဲ့။ တချို့က ဆရာ/ဆရာမလို့ ရေးမေးတယ်။ တချို့ကလဲ Sir/Madam လို့မေးတယ်။ ကျွန်တော့်ကို အုပ်စုတခုထဲကလို့ ထင်ကြတာလဲနေမယ်။ အမှန်က ကိုယ်ပိုင် (ဆိုက်) ကနေသာ တယောက်တည်း ရေးပါတယ်။ တခြား (ဆိုက် ) တွေမှာပါရင် သူတို့က ကူးယူ ဖေါ်ပြတာသာဖြစ်ပါတယ်။ တောင်းလို့ ရေးပေးတာက နည်းနည်းလေးပါ။ ပြည်တွင်းကနေ တောင်းတာ မှတ်မိသလောက် တခါတည်းရှိတယ်။

Mon, Sep 17, 2012 at 12:51 PM
OG နှင့်ပြသော်လည်း သိပ်မထူးပါ။ အနာတခြားဆေးတခြားဟု ထင်ပါသည်။ ဆေးမှာ ORNIDAZOLE TABLETS 500 MG ကို တနေ့ ၂ ကြိမ်သောက်ခိုင်းပါသည်။ မသက်သာပါ။ ခဏခဏပြရတော့ ရှက်လာ ပါသည်။ ဘာဆေး သောက်ရမည်ကို ပြောပေးစေချင်ပါသည်။ သားအိမ်ထဲသို့ ဆေးထည့်သော်လည်း မသက်သာပါ။ အခု ဖြစ်နေသည်မှာ မွေးလမ်းကြောင်းမှ ခပ်ပြစ်ပြစ် အဝါရောင်ဖန့်ဖန့်လို၊ အဖြူလိုလိုများ အနဲငယ် ဆင်းသည်နှင့်တပြိုင်နက် အင်္ဂါတခုလုံး ယားယံလို့ လာပါတယ်။ အခုနောက်ပိုင်း တနေ့လုံးနီးပါး ဖြစ်နေတတ်ပါသည်။ ရုံးတက်ရသောကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရပါသည်။ တကိုယ်ရည် သန့်ရှင်းမှုလည်း ရှိပါရက်နှင့် အခုလိုဖြစ်နေရပါသည်။

ဆေးနာမည်က Primolut N (norethisterone) ဖြစ်မလား၊ စစ်ကြည့်ပါ။ ဆရာပြောတာ ဟုတ်ရင်
- Endometriosis သားအိမ်ရောဂါ၊
- Menstrual disorders ရာသီလာရင်နာတာ၊ များတာ၊ မမှန်တာ၊
- Delaying menstrual bleeding နောက်ကျတာတွေအတွက်သုံးပါတယ်။

CURE U ဆိုတာက ဆေးရာင်းတဲ့နာမည်ဖြစ်ပြီး တခြားနိုင်ငံကြီးတွေမှာ မရှိတတ်လို့ ဘာလဲ အတိအကျ မသိသေးပါ။ ဆေးနာမည် ပါမှာပါ။ ဖတ်ပြီးပြောပါ။ မွေးလမ်း (လိင်လမ်း) ရောဂါက ပြန်ဖြစ်တတ်တယ်။ ဆရာဝန်ကို သေခြာပြောပြပါ။

သမီးမှာ သားအိမ်ထဲတွင် အရည်အိတ်ရှိပါသည်။ OG နှင့်ပြပြီး ဆေးကူသမှု ခံယူနေပါသည်။ အသက်မှာ ၃၁ နှစ်ထဲတွင် ရှိပါသည်။ PRIMOULTE - M 5 mg ကို တနေ့ ၂ ကြိမ် သောက်ခဲ့ရပါသည်။ အခုအခါ မှာ ပျောက်လုနီးပါးရှိနေပါပြီ။ အဓိက အကြောင်းမှာ vigina ယားယံခြင်းပဲဖြစ်သည်၊ အရင်က မိသားစုဆရာဝန်နှင့် ပြခဲ့ပါသည်။ CURE U ဆေးပေးခဲ့ကာ အမျိုးသားပါ သောက်စေခဲ့ပါသည်။ အဝါရောင်ရှိအရည်များ အနဲငယ်ဆင်းလာတာနှင့်အမျှ ယားယံခြင်းဖြစ်ပေါ်ပါသည်။ လိင်မှတဆင့် ကူးစက်ခြင်းကြောင့်ဟု ပြောပါသည်။ အမျိုးသားသည်လည်း တခြားဘာမှ အရှပ်အရှင်းမရှိခဲ့ပါ။ ဆေးသောက်တုန်း ပျောက်သွားသော်လည်း ခဏခဏပြန်ဖြစ်တတ်ပါသည်ရှင့်။ ထူးခြားချက်မှာ အမျိုးသားဧ။် sperm များ သားအိမ်ထဲသို့ မရောက်ရှိပါက အဲဒီလိုမဖြစ်ဟုထင်ပါသည်။ သားသမီးရဖို့လည်း ကြိုးစားနေတုန်းဖြစ်၍ မည့်သို့ ဖြစ်နိုင်သည်နှင့် မည်သည့်ဆေးဝါးများ သုံးစွဲရမည်ကို သိလိုပါသည်ရှင့်။

Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-discharge.html
Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/vaginal-infections.html
Vaginal itching မိန်းမကိုယ် ယားခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-itching.html
Vaginitis မွေးလမ်း-ရောဂါ http://dts-medicaleducation-adult.blogspot.in/2012/04/vaginitis.html
Vulvovaginitis အမျိုးသမီးအင်္ဂါ ရောင်ခြင်းကိုဖတ်ပါ။

Wed, Sep 19, 2012 at 6:20 PM
သမီးအသက်က နှစ်ဆယ်ပါ။ ပြီးခဲ့တဲ့လက သမီးချစ်သူနဲ့ အတူနေခဲ့ပါတယ်။ အရင်တုန်းကလဲ နေခဲ့ပါတယ်။ အရင်အခါတွေက ezee 2 ကိုသုံးခဲ့တာ အဆင်ပြေခဲ့ပါတယ် ဒီတစ်ခေါက်မှာ ဖြစ်ပြီးခါစ တစ်လုံးသောက်ပြီး နောက်ရက် ညနေမှာ ကျန်တစ်လုံး ပျောက်သွားတာနဲ့ နောက်တစ်ကဒ် ထပ်ဝယ်ပြီး နှစ်လုံးစလုံး စိတ်ချရအောင်သောက်လိုက်ပါတယ်။ ဒီလ ရာသီ မလာလို့ ဆီးစစ်ကြည့်တာ ကိုယ်ဝန်ရှိတယ်လို့ သိရပါတယ်။ ဘာကြောင့် ဖြစ်သွားတယ်ဆိုတာ သိချင်ပါတယ်ရှင့်။

ဘယ်ဆေးနည်းမဆို ၁ဝဝ% ဆိုတာမရှိပါ။ ဘာကြောင့်ဆိုတာ အမျိုးမျိုးတွက်ရမယ်။ အတိအကျတော့ မပြောနိုင်ပါ။ တခြား မေးစရာ၊ စစ်စရာတွေလုပ်မှ ဖြစ်နိုင်တာကို သိရမယ်။ အရေးပေါ်တားဆေးကို ခဏခဏ မသုံးသင့်တဲ့အကြောင်း ရေးထားပါတယ်။

Tue, Sep 18, 2012 at 11:22 AM
အိမ်ထောင်ကျတာတော့ ၅ လ ရှိပါပြီ။ အမျိုးသမီးကိုတော့ ကာကွယ်ဆေးထိုးပေးထားပါတယ်။ 2011 ခုနှစ် ၅ လပိုင်းမှာ ကျွှန်တော် ဆေးစစ်ကြည့်တော့ ဘီပိုးတွေ့ပါတယ်။ အခု မိဘများက ဆေးကုပေးမယ် ရန်ကုန်မှာလို့ပြောပါတယ်။ (1) ပိုးကောင်ရေးစစ်ပြီး၊ (2) ရလာတဲ့အဖြေစာရွက်ကို အသဲအထူးကု ဆရာဝန်နဲ့ပြပြီး ဆေးသောက်၊ ဆေးထိုးရမယ် ပြောပါတယ်။ ဆရာရဲ့ ဆေးခန်းစာမျက်နှာမှာ ဖတ်ထားတော့ လက်ရှိ ဆေးသုံးမျိုးရှိတာကို သိထားပါတယ်။ ဘာပဲဖြစ်ဖြစ် အထူးကုဆရာဝန်က ဘာဆေးသောက်/ထိုးသည်ဖြစ်စေ (1) အဲဒီလိုဆေးသောက်/ဆေးထိုး လုပ်ရင် ပျောက်ပါသလားခင်ဗျာ။ (ဘီပိုး ပျောက်တဲ့ဆေး မထွက်လာသေးဘူး။ ပိုးကောင်ရေ နည်းသွားအောင်လုပ်နိုင်တယ်လို့ ဖတ်ထားဘူးလို့ပါ။) (2) အဲဒီလို ဆေးထိုး/ဆေးသောက်လုပ်ရင် မပျောက်ကင်းခဲ့သော် ရောဂါပိုးမွှားအခြေအနေက ပိုဆိုးလာပါသလား။ (3) ဒါပြီး အဲဒီ့ ဆေး (3) မျိုးရဲ့ One Course အတွက် (အဲ တစ်နှစ်တာ ပတ်လည် သောက်ရတယ်လို့ ထင်ပါတယ်) ဘယ်လောက် ကုန်ကျနိုင်သလဲ သိချင်ပါတယ်။

ဘီပိုးအကြောင်းတွေ ဖတ်ပြီးပြီထင်ပါတယ်။ ဘီပိုးကို သုတေသနတွေမပြတ်လုပ်နေကြတယ်။ ပိုသိလာသလို ပိုကောင်းတဲ့ ကုသနည်းတွေလဲ ရှိလာတယ်။ အားမငယ်ပါနဲ့။ တယောက်နဲ့ တယောက်တော့ မတူပါ။ ဆေးကုန်ကျစရိတ်တော့ မသိပါ။ ပိုးရှိနေတာ၊ များတာထက် အသဲကောင်းနေဘို့က အဓိကဖြစ်တယ်။ အသဲကိုသက်ရောက်မှာတွေ ဆင်ခြင်ပါ။ လူနေမှုပုံစံပါ ပြင်ရတယ်။ (ကွန်ဒွန်) သုံးပါ။ ဆေးမပြတ် စစ်ဆေးနေပါ။ ဆေးမှတ်တမ်းတွေ သိမ်းဆီးထားပါ။ အသဲ အထူးကုဆရာဝန်နဲ့သာ ပြသပါ။

Thu, Sep 13, 2012 at 3:07 PM
သမီး အသက်၂၉ နှစ်။ အိမ်ထောင်ရှိပါတယ်။ ၂ နှစ်ခွဲအရွယ် ကလေးတစ်ယောက် ရှိပါတယ်။ သမီးမေးချင်တာက မိန်းမကိုယ်က လေထွက်တာကိုပါ။ အိမ်ထောင်ကျပြီး ကလေး မမွေးခင်ကတည်းက ထွက်တတ်ပါတယ်။ နေ့တိုင်း လိင်ဆက်ဆံတာလည်း မဟုတ်ဘဲနဲ့။ ကလေးမွေးတော့လည်း ခွဲမေးခဲ့တာပါ။ နောက်ပြီး တခြားရောဂါတွေလည်း မရှိပါဘူး။ အဲဒါ လေမထွက်အောင် ဘယ်လို နေထိုင် လေ့ကျင့်ရမလဲ ပြောပြပေးပါဆရာ။

လေက ဘယ်လိုနေရင်၊ ဘယ်လိုလုပ်ရင် ထွက်ပါသလဲ။ RVF အစာဟောင်းလမ်းနဲ့ မွေးလမ်းကြား ပြွန်လမ်း ဖြစ်နေရင်ထွက်နိုင်တယ်။ တချို့မှာ တခါတလေ ဆက်ဆံချိန်မှာ အရည်များရာကနေ၊ အနေအထားကြောင့်လဲ ထွက်တယ်။

ဆက်ဆံတဲ့ အချိန်ထွက်တာမျိုး မဟုတ်ဘဲ အောက်ပိုင်းကို အားပြုပြီး အိပ်ယာကနေ ထလိုက်တဲ့အခါ ညှစ်လိုက်သလို ဖြစ်သွားတဲ့အခါ များသောအားဖြင့် အိမ်မှာနေရင် ဖြစ်တာများပါတယ်။ စိတ်နဲ့ထိန်းပြီး ညှစ်ထား ကြည့်ပေမယ့်လည်း အကျင့်မရသေးလို့လားမသိ အဆင်မပြေပါဘူး။ တစ်နေ့ကို ပျမ်းမျှ ၇ ခါ ၈ ခါလောက် ထွက်တတ်ပါတယ်။ အသံနည်းနည်းလည်း ကျယ်ပါတယ်။

ဒါဆိုရင် မွေးလမ်းကြောင်းနဲ့ အစာဟောင်းလမ်း ဆက်နေတဲ့ ပြွန်လမ်းလေးဖြစ်နေတာ ဖြစ်နိုင်တတ်။ ကျယ်ရင် ဝမ်းပါ ထွက်လာနိုင်တယ်။ ခွဲစိတ်ပြုပြင်ရတယ်။ ပျောက်ပါတယ်။ OG ကိုပြပါ။ မှောက်လျှက်နေရင် မထွက်ဘူး။ ပက်လက်ဆိုထွက်တယ်။ လိုသေးရင်လဲ မေးပါ။

ခွဲစိတ်ပြုပြင်တယ်ဆိုတာ ဘယ်နေရာကိုပါလဲ။ နောက်ပြီး အကြီးစားခွဲစိတ်မှုပါလား။ အခု သာမီးအခြေအနေက စိုးရိမ်ရပါသလား။ မခွဲစိတ်ပဲ ဒီအတိုင်းထားလိုက်ရင်ရော ရတဲ့ အခြေအနေမျိုးပါလား။ ပိုပြီး တဖြည်းဖြည်း ကျယ်လာနိုင်ပါသလား။ လေ့ကျင့်ခန်း လုပ်ပေးလို့ ရပါသလား။ ခွဲစိတ်မှုတွေကိုဆိုရင် ကြောက်လို့ပါ။

ဆရာထင်တဲ့ VVF ခေါ်တာ ဟုတ်-မဟုတ် အရင်စစ်ရမယ်။ ဟုတ်ရင်တော့ ခွဲရမယ်။ ခွဲစိတ်မှုအကြီးစားလို့ ဆိုနိုင်တယ်။ မစိုးရိမ်ရပါ။ OG ကိုပြပြီး ရောဂါနာမည်ကို ပြန်ပြောပါ။

Mon, Sep 17, 2012 at 1:37 PM
သမီးအသက် ၂၄ နှစ်ပါ။ အိမ်ထောင်သက် ၆ လရှိပါပြီ။ သမီး ဓမ္မတာလာမဲ့ရက်ကျော်သွားလို့ ဆီးစစ်ကြည့်တော့ positive ပြတယ်ဆရာ။ သမီးတနေ့ကတင် ဆံပင်ဖြောင့်လိုက်မိတယ်ဆရာ။ ကိုယ်ဝန်ရှိမှန်း မသိဘဲနဲ့။ အမျိုးသားက Beer နေ့တိုင်း သောက်တယ်။ ဆေးလိပ်လဲ အရမ်းသောက်တယ်။ ကလေးကို ထိခိုက်မှာစိုးပါတယ်။ သမီးကလေးကို ယူသင့် မယူသင့် ဆုံးဖြတ်ရခက်နေ ပါတယ်။ နောက်တခုက ပြီးခဲ့တဲ့ လကုန်လောက် က သမီးမှာ ဆီးကျင်တဲ့ရောဂါဖြစ်လို့ norbatin ၅ ရက်လောက် သောက်ထားတယ်။ ဒီလက ကိုယ်ဝန်ရှိစေမယ့် အမှားတခုခုမှလည်း မလုပ်ထားတော့ သမီးကိုယ်ဝန်လား သားအိမ်မှာရောဂါ တခုခုကြောင့် လား သေချာ သိချင်ပါတယ်။ တချက်တချက် ဆီးစပ်ကနဲနဲစစ်စစ်စစ်စစ် ဖြစ်တယ်။ အဖြူလဲဆင်းပါတယ်။ အနံလည်းနံတယ်။

Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-discharge.html
Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/vaginal-infections.html
Vaginal itching မိန်းမကိုယ် ယားခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-itching.html
Vaginitis မွေးလမ်း-ရောဂါ http://dts-medicaleducation-adult.blogspot.in/2012/04/vaginitis.html

Sun, Sep 16, 2012 at 11:41 AM
သမီး ဒီနေ့ penorit (Norethisterone Acetate + Ethinyloestardiol) နဲ့ CYTOTEC 200mcg ဆေးတွေ ဝယ်လာပါတယ်။ ဘယ်ဆေးကို ဘယ်လိုသုံးရမလဲဆိုတာ ညွှန်ပေးပါနော်။ ဆရာပေးထားတဲ့ attach တွေကို ကြည့်ထားပေမဲ့ ဆရာတိုက်ရိုက်ညွန်ကြားတာလေးကို သိချင်လို့ပါ။ သမီးက မနက်ဆို ရုံး ၈ နာရီခွဲ ညနေ ၅ နာရီ တတ်ရပါတယ်။ ဆေးသုံးစွဲနေစဉ် ဘယ်လိုနေထိုင်ရမယ်ဆိုတာလေးပါ ညွန်ပေးပါရှင်။ attach တွေမှာ Pregnancy Category X မှာ ဆိုရင် လုံးဝမသုံးရဘူးဆိုတဲ့ စာသားလေး သမီးနားမလည်လို့ပါ။

ဆရာပြောထားသလို အဝေးကနေ ဆေးကုတာ မသင့်ပါ။ ကိုယ်ဝန်ကိုလဲ အဝေးကနေရော အနီးမှာပါ တမင်တကာ ဖျက်မပေးပါ။

သမီး ဒုက္ခရောက်ချိန်မှာ အကူညီပေးတဲ့ ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။ အခု သမီးကိုယ်ဝန်ကို သမီးမွေးဖို့ ဆုံးဖြတ်လိုက်ပါပြီ။ အဒေါ်ကနေတဆင့် မွေးစားအမေ၊ အဖေတို့ ကူညီပေးမှုကြောင့် မင်္ဂလာရက်ကို အရှေ့ ရွှေ့လိုက်ပါပြီ။ သမီးလည်း စိတ်သောကရောက်စရာ မလိုတော့ပါဘူး။ မနေ့က ဆေးတွေကိုလည်း လုံးဝမသုံးတော့ပါဘူး။ ဆရာ့ကို အထူး ကျေးဇူးတင်ပါတယ်ရှင်။

ဆရာလဲ ဝမ်းသာတယ်။ နောက်ထပ် မေးချင်တာရှိလဲ အားမနာနဲ့။

Tue, Sep 18, 2012 at 8:12 PM
အိမ်ထောင်သက် ၆ လ ကျော်ပဲရှိပါသေးတယ်။ အမျိုးသမီးက အပျိုဘဝကတည်းက ရာသီလာတာ မမှန်တတ်ပါဘူး။ တစ်ခါတစ်လေ တစ်လလောက်ပျောက်သွားတတ်ပါတယ်။ ရာသီလာရက် များမှာလဲ စော လာလိုက် နောက်ကျလိုက် နှင့် ဖြစ်တတ်ပါတယ်။ March လ ၂ဝ၁၂ မှာ အိမ်ထောင်ကျပါတယ်။ March လမှာ ရာသီပုံမှန် လာပါတယ်။ Apirl မှာ မလာပါဘူး။ ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်ကြည့်တော့လဲ မရှိပါဘူး။ Mayလမှာ ရာသီပြန်လာပါတယ်။ June လမှာ မလာပြန်ပါဘူး။ ဆီးစစ်ကြည့်တော့လဲ ကိုယ်ဝန်မရှိပါဘူး။ July လမှ စြ့ပီးရာသီ ပြန်လာပါတယ်။ ဒါပေမယ့် July လ ၅ ရက်နေ့မှာ ရာသီလာပါတယ်။ July လ ၂ဝ ရက်နေ့မှာလဲ နောက်တစ်ခေါက် ရာသီလာပြန်ပါတယ်။ ပြီးတော့ August လထဲမှာလည်း တစ်လတည်း ၂ ကြိမ်ရာသီလာပါတယ်။ ၂-၈-၂ဝ၁၂ မှာ တစ်ကြိမ် ၁၆-၈-၂ဝ၁၂ မှာ တစ်ကြိမ်လာပါတယ်။ ၃၁-၈-၂ဝ၁၂ မှာ တစ်ကြိမ် ခု Sept လမှာလဲ ၁၇-၉-၂ဝ၁၂ မှာ ရာသီပြန်လာနေပါတယ်။ ရာသီလာရက်တိုင်းမှာလဲ ပုံမှန်တိုင်း ၅ ရက် လာပါတယ်။ ပြီးတော့ ဗိုက်အောင့်တာ နာတာ ကျင်တာတွေလဲ မဖြစ်ပါဘူး။ ကျွန်တော်တို့က ခု (့) မှာ နေကြတာပါ။ အမျိုးသမီးအတွက် စိုးရိမ်နေရပါတယ်။ ဆရာဝန်ပြဖို့ လိုအပ်ပါသလား၊ ဘာကြောင့်ဖြစ်နိုင်တယ် ဆိုတာလဲ သိချင်ပါတယ်။ ဘာဆေးတွေ သုံးသင့်လဲ ဆိုတာလဲ သိချင်ပါတယ်။ လက်ထပ်ပြီးကတည်းက ကွန်ဒုံးကို အသုံး ပြုတာပါ ဘာဆေးမှ မသုံးခဲ့ပါဘူး။ အမျိုးသမီးရဲ့ အသက်က ၂၆ နစ်ပါ။

1. Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁)
2. Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂)

ယမုန်နာဆေးခန်းအမေးအဖြေ (၇၃) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top