4
Oct

အမေးအဖြေ (၇၄) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. အိမ်ထောင်သက် ၃ နှစ်ရှိပါပြီ။
2. သမီးအသက် ၂၅ နှစ်ပါ။
3. သမီးအသက်က (၂၃) ပြည့်ပါပြီ။
4. သူငယ်ချင်း တယောက်က အကူအညီတောင်းနေတယ်။
5. တစ်ရက်က ပျော်တော်ဆက်က ကောင်မလေးနဲ့
6. အင်္ဂါအရေပြားယားတာက ပျောက်ပြီဆရာ။
7. G spot injection ဆိုတာ မြန်မာနိုင်ငံမှာရှိပါသလား
8. အဖြူဆင်းတာ ဆရာဝန်ကိုမပြဖြစ်ပါဘူး
9. Ecee2 ဟူသောဆေးသည် အမျိုးသမီးများအတွက်
10. မိန်းမယူတာ တစ်နှစ်လောက်ပဲ ရှိပါသေးတယ်။

Mon, Sep 17, 2012 at 8:26 PM
အိမ်ထောင်သက် ၃ နှစ်ရှိပါပြီ။ ကလေးယူတာ မရသေးလို့ အမျိုးသမီးက ဆေးဖြတ်ထားတာ ၂ နှစ်ရှိပါပြီ။ ဆေးခန်းတွေလည်း သွားပြတာ မထူးခြားပါဘူး။ သုတ်ပိုးလည်း ၁ ကြိမ်ထည့်ဘူးပါတယ်။ မထူးခြားပါ။ အဲဒါ ဆေးနည်းကောင်းများရှိရင် ကူညီစေချင်ပါတယ်။

1. Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-1.html
2. Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/infertility-2.html
3. Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/fallopian-tube-procedures-for.html
4. Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-and-tb.html
5. Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/tb-and-infertility.html
6. Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-treatments.html
7. Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-treatments-2.html တွေကို ဖတ်နိုင်ပါတယ်။ ဖတ်မရရင် တိုက်ရိုက် အီးမေးလ် နဲ့မေးရင် ပို့ပေးပါမယ်။

Wed, Sep 19, 2012 at 8:12 PM
သမီးအသက် ၂၅ နှစ်ပါ။ ကလေးတစ်ယောက်ရှိပါတယ်။ သားလေးရဲ့ဝှေးစေ့အတံလေးက ထိပ်ကပိတ်နေပါတယ်။ ဆီးသွားစရာအပေါက်ပဲပါတယ်။ ဆရာဝန်ကပြောတာ ထိပ်ကလေးကိုဖြတ်ရမယ်တဲ့။ အခုကလေးက ၁ဝ လသားလေးပဲ ရှိသေးတာဆိုကော့ မလုပ်ချင်သေးလို့ပါ။

Phimosis ခေါ်တယ်။ အဖြစ်များတယ်။ ဆီးသွားနိုင်ရင်၊ ဆီးသွားချိန်မှာ မငိုရင် ကလေးကြီးတဲ့အထိ နေနိုင်တယ်။ ကြာကြာနေရင် အထဲမှာ အဘစ်အကြေး၊ အဆီခဲဖြစ်တာသာရှိတယ်။ မစိုးရိမ်ရပါ။ ခွဲတာကလဲ အသေးစားခွဲစိတ်မှုသာ့ဖစ်တယ်။
Phimosis and Circumcision ပန်းအဖျား လှီးဖြတ်ပေးခြင်း

Mon, Sep 17, 2012 at 3:00 PM
သမီးအသက်က (၂၃) ပြည့်ပါပြီ။ ရန်ကုန်ကပါ။ သမီးအသက် (၂၀) မှာအိမ်ထောင်ကျပါတယ်။ အိမ်ထောင်ကျပြီး တစ်လအကြာမှာ ကလေးယူပါတယ်။ ကိုယ်ဝန်ရှိလို့ ဝမ်းသာလို့မဆုံးခင် သွေးစတွေ နည်းနည်း ဆင်းပါတယ်။ အဲ့ဒါနဲ့ နယ်ကဆရာဝန်မထံမှာ သွားပြတော့ ဆရာမက ကိုယ်ဝန်ခိုင်ဆေး ထိုးပေးခဲ့ပါတယ်။ အဲ့ဒါစိုးရိမ်လို့ ရန်ကုန်တက်ပြီး ဆရာဝန်နဲ့ပြခဲ့ပါတယ်။ ဆရာဝန်က နားနားနေနေနေခိုင်းပြီး ကိုယ်ဝန် ခိုင်ဆေး ထပ်ထိုးပေးပါတယ်။ ဒါပေမယ့် မနားဖြစ်ခဲ့ပါဘူး။ နယ်မှာတော့ ကိုယ်ဝန်ဆောင် ပုံမှန်စစ်ဆေးမှာကို ပုံမှန်လုပ်ပါတယ်။ ကိုယ်ဝန်လေးလကြာတော့ ရန်ကုန်တက်ပြီး အာထရာစောင်း ရိုက်ပါတယ်။ အဲ့ဒီ အချိန်မှာ သမီးကလေးက ဦးခေါင်းပျော့နေပြီး spinal bifida ဖြစ်မှန်းသိပြီး ဝမ်းနည်းခဲ့ရပါတယ်။ ဆရာဝန်က ဖောလစ်အက်ဆစ် ချို့တဲ့တယ်လို့ ပြောပါတယ်။ ကိုယ်ဝန် ၈ လမှာ ကလေး ဗိုက်ထဲမှာ ဆုံးသွားပါ တယ်။ ဆေးရုံကြီးမှာ ရိုးရိုးမွေးထုတ်လိုက်ပါတယ်။ အဲ့ဒီကစပြီး ဖောလစ်အက်ဆစ်ကို တစ်နေ့တစ်လုံး သောက်ခဲ့ပါတယ်။ နောက် ၈ လအကြာမှာ ကလေး ထပ်ယူခဲ့ပါတယ်။

ရန်ကုန်မှာ အေးအေးဆေးဆေးနေထိုင်ပြီး ဆေးခန်း တစ်ပတ်တစ်ခါ ပြပါတယ်။ ၅ ပတ်ကစပြီး ဆရာဝန်ဧ။် ညွန်ကြားချက်နဲ့ အာထရာဆောင်း စပြီးရိုက်ခဲ့ပါတယ်။ ၉ ပတ်မြောက်မှာ ကလေးနှလုံးခုန်သံ မကြား ရတော့ပါ။ သားအိမ်ထဲထိ ရှင်းထုတ်လိုက်ရပါတယ်။ သမီး ကလေးအရမ်းလိုချင်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာပါလဲ။ တစ်ကြိမ်လဲမဟုတ် နှစ်ကြိမ်ဆိုတော့ အရမ်း ဝမ်းနည်းမိပါတယ်။ ဘာကြောင့်ပါလဲ။ အာထရာဆောင်းရိုက်လို့လို့ တချို့ လူတွေကပြောကြပါတယ်။ တချို့ကလဲ ဖောလစ်အက်စစ်များလို့လို့ ပြေကြပါတယ်။ သမီးအခုကလေးယူတာ အခု ကိုယ်ဝန် (၆) ပတ် ထပ်ရှိနေပါပြီ။ အရင်လိုတွေ ထပ်မဖြစ်အောင် အကြံဥာဏ်တွေ ပေးပါအုန်း။

နောင်တသဘော မရစေချင်ပါ။ မွေးရာပါ ချို့ယွင်းချက်ဆိုတာ (ကံ၊ စိတ်၊ ဥတု၊ အာဟာရ) ဆိုတဲ့ အကြောင်းတရား လေးပါထဲက ကံကြောင့်လို့ပြောရင် မငြင်းနိုင်ပါ။

ဖေါလစ်အက်စစ်တခုတည်းကြောင့်တော့ အဲဒါမျိုးမဖြစ်စေပါ။ အကြောင်းခံထဲမှာတော့ ပါတယ်။ ဖေါလစ်အက်စစ် တခါမှ မသောက်ဘူးဘဲ ကလေးအကောင်းတွေမွေးကြတာ အများကြီးပါ။(အာလ်ထွာဆောင်း) ကြောင့်လဲ မဟုတ်ပါ။ သူ့ထက်ဆိုးတဲ့ ဓါတ်မှန်ကြောင့်ဆိုလဲ အဲလောက်အထိ မဖြစ်ပါ။

မွေးရာပါ ချို့ယွင်းချက်ဆိုတာ မျိုးဗီဇမှာ ချို့ယွင်းတာဖြစ်တယ်။ ဒါကိုတားလို့မရဘူး။ သူများနိုင်ငံတွေမှာ ကိုယ်ဝန်ကတည်းက သိရင် ဖျက်ချကြတယ်။

အမျိုးသမီးတွေဟာ မွေးရာဇဝင်မကောင်းဘူးဆိုတာရှိတယ်။ (ဆောရီး) တခါမကောင်းတာဖြစ်ရင် ထပ်ဖြစ်တတ်တယ်။ လူတိုင်းတော့ မဟုတ်ပါ။ ယေဘုယျသာဖြစ်လို့ စိတ်အားမငယ်စေချင်ပါ။ ဆရာ့ဆီမှာ Spina bifida ကလေးတယောက်မွေးပြီးနောက် ကလေးအကောင်း ၃ ယောက်ရှိပြီ မွေးထားတာ။

ကံကြောင့်ဖြစ်တာတွေမှာ ဘာသာတရားကိုလဲ အားကိုးကြရတယ်။ (ဘယ်ဘာသာကို ကိုးကွယ်လဲတော့ မသိပါ။) စိတ်ဓါတ်လဲ ခိုင်ကြည်ရမယ်။ ဒီတခါ အားတင်းလိုက်ပါ။ ယုံကြည်စိတ်ခိုင်ခိုင်မာမာ ထားပါ။
• Folic acid ဖေါလစ်-အက်စစ် http://dts-medicaleducation.blogspot.com/2011/11/folic-acid.html
• Pregnancy Tests (2) ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်ရမဲ့ စစ်ဆေးနည်းများ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-tests-2.html

Mon, Sep 17, 2012 at 8:55 PM
သူငယ်ချင်း တယောက်က အကူအညီတောင်းနေတယ်။ မေးပေးပါတဲ့။ သုက်ရည် အပျစ်အကျဲက အားနည်းတာနဲ့ဆိုင်လားတဲ့။ ကလေးရမရနဲ့ရော ဆိုင်လားတဲ့။ နောက်ပြီး ကောင်းမွန်တဲ့ထိုးဆေး တမျိုးလောက် လိုချင်ပါတယ်တဲ့။ ၀ယ်လို့ရော ရနိုင်ပါသလား။

Semen ပုံမှန် သုက်ရည်
Semen Analysis သုက်ရည်ရဲ့ အရည်အသွေး

Wed, Sep 19, 2012 at 12:14 AM
သုက်ပိုး လုံးဝမရှိလို့ ဘယ်လိုဆေးတွေ သောက်ရမလဲဆရာ။ ကျွန်တော်က နယ်မှာနေတော့ ရန်ကုန်ကဆရာဝန်တွေနဲ့လဲ ပြသပြီးပါပြီ။ ဒါပေမဲ့ မထူးခြားပါဘူး။ ကျွန်တော် မိန်းမကိုလဲ စစ်ပါတယ်။ ဒါပေမဲ့သူမှာ ဘာပြဿနာမှမရှိဘူး။ ကျွန်တော်မှာ ပြဿနာတက်နေတယ်။ သုတ်ပိုးစစ်တာ ၅ ကြိမ်ရှိပါပြီ။ ၁ ကောင်မှ မတွေ့ပါ။

Anejaculation သုက်မထွက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/anejaculation.html

Thu, Sep 20, 2012 at 9:46 AM
ကျွန်တော် တစ်ရက်က ပျော်တော်ဆက်က ကောင်မလေးနဲ့ တစ်ညဘာမှမပါဘဲ အတူတူအိပ်မီပါတယ်။ နှစ်ပက်လောက်က ဆေးစစ်ကြည့်တော့ အိုကေပါတယ်။ ဒါပေမဲ့ ကကြောက်နေတယ်။ စိတ်ထဲမှာလဲမသန့်ဘူး ဖြစ်နေတယ်ဆရာ။ ကျေးဇူးပြူပြီးကူညီပါ။

HIV အတွက် စာတွေ အများကြီးရေးထားပါတယ်။ တပုဒ်ပို့လိုက်တယ်။
HIV Duo Test ဆိုတာဘာလဲ http://dts-medicaleducation-adult.blogspot.in/2012/07/hiv-duo-test.html

Thu, Sep 20, 2012 at 10:46 AM
အင်္ဂါအရေပြားယားတာက ပျောက်ပြီဆရာ။ ကွမ်စားဆေးရွက်ကြီးနဲ့ အင်္ဂါကိုအုံလိုက်တာ ပျေက်သွားတယ်။ ဘယ်အချိန်လောက် ဆေးပြန်စစ်ရင်ကောင်းမလဲဆရာ။

STDs လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေက အမျိုးမျိုးရှိတယ်။ ဂနို၊ ဆစ်ဖလစ်၊ HIV အပြင်လဲ ရှိသေးတယ်။ ဆေးစစ်တာလဲ တခုနဲ့တခု မတူပါ။ စာတွေ အများကြီးရေးထားတာ မာတိကာကနေရွေးဖတ်ပါ။ အပေါ်ယံအနာပျောက်ပေမဲ့ ပိုးမသေတာဖြစ်တတ်တယ်။ ပိုးသေဆေး သောက်ကိုသောက်ရမယ်။

STDs and Condom (ကွန်ဒွမ်) သုံးပေမဲ့ ကူးနိုင်တဲ့ရောဂါတွေ http://dts-medicaleducation-adultblogspotin/2012/04/stds-and-condomhtml
STDs (1) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၁) http://dts-medicaleducation-adultblogspotin/2012/04/sexually-transmitted-diseases-stdshtml
STDs (2) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၂) http://dts-medicaleducation-adultblogspotin/2012/06/stds-2html
STDs (3) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၃) http://dts-medicaleducation-adultblogspotin/2012/06/stds-3html
STDs (4) လိင်ကတဆင့် ကူးစက်ရောဂါများ ဆေးညွှန်း http://dts-medicaleducation-adultblogspotin/2012/03/stdsstis-general-recommendationshtml
STDs (5) လိင်ကတဆင့် ကူးစက်ရောဂါများ အခြေခံ http://dts-medicaleducation-adultblogspotin/2012/03/1_30html
Syphilis Treatment (ဆစ်ဖလစ်) အတွက်ဆေးများ http://dts-medicaleducation-adultblogspotin/2012/03/syphilis-treatmenthtml

Thu, Sep 20, 2012 at 4:08 PM
G spot injection ဆိုတာ မြန်မာနိုင်ငံမှာရှိပါသလား ဆရာ။ သူ့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးရှိပါသလားဆရာ။

G-spot ဆိုတာ ဆရာသိတာကတော့ ရေးထားတာရှိတယ်။ Injection ဆိုတာတော့ မသိပါ။ မြန်မာပြည်မှာ ရှိ-မရှိလဲ မသိပါ။ ရှိရင်လဲ ကြော်ညာတာတွေသာဖြစ်ပါမယ်။ တကယ့်ဆရာဝန်တွေကတော့ အားပေးမှာမဟုတ်ပါ။ G-spot ဆိုတာ ရှိ-မရှိဆိုတာတောင်မှ အငြင်ပွါးနေတာမို့ ထိုးဆေးကြော်ညာဆိုရင် ချင့်ချိန်သင့်ပါတယ်။
G-spot တကြော့ပြန်လာပြီ http://dts-medicaleducation-adult.blogspot.in/2012/04/g-spot.html

Thu, Sep 20, 2012 at 12:42 PM
အဖြူဆင်းတာ ဆရာဝန်ကိုမပြဖြစ်ပါဘူးဆရာ။ အခုတော့ မဖြစ်တော့ပါဘူး။ သမီးမှာ ကိုယ်ဝန် က 3week + ရှိနေပြီတဲ့။ အမျိုးသားကော သမီးကောက မရည်ရွယ်ဘဲရသွားတာဆိုတော့ ကလေးမကောင်းမှာ စိုးရိမ်နေပါတယ်။ သမီးတို့ ခရီးလည်းသွားထားတယ်။ ၂ ယောက်လုံး ကျန်းမာရေးလဲမကောင်း အားနည်းနေတဲ့အချိန်ဖြစ်နေလို့ ကလေးမှာ သွားပြီး ထိခိုက်နိုင်ပါသလား။ အမျိုးသားက အိမ်မှာဆေးလိပ် မသောက်တော့ပါဘူး။ ဖြတ်ဖို့တော့ ပြောထားပါတယ်။

မစိုးရိမ်ပါနဲ့။ ကိုယ်ဝန်ဟာ အင်မတန်လုံခြုံပြီး သူ့ဟာသူ ဆက်ဖွံ့ဖြိုးမှာပါ။ တခါတလေ အဲလိုကိုယ်ဝန်ကတောင် ပိုပြီး ကျန်းမာနေတတ်တယ်။

Fri, Sep 21, 2012 at 10:28 PM
Ecee2 ဟူသောဆေးသည် အမျိုးသမီးများအတွက် အရေးပေါ်သန္ဓေတားဆေး တစ်ခုအဖြစ် အသုံးပြုကြသည်ကို သိရပါသည်။ နောက်ထပ် ဘာရောဂါများအတွက် အသုံးပြုကြပါသေးသလဲဆရာ။ သန္ဓေတားဆေး အဖြစ်မသုံးပဲ တစ်ခြား အမျိုးသမီးရောဂါများအပြင် မည်သို့သော ထွေရာလေးပါးရောဂါများကို အသုံးပြုနိုင်ပါသလား။ အသုံးပြုနိုင်တယ်ဆိုရင် အသေးစိတ်လေး သေချာရှင်းပြပေးပါ။

Emergency Contraception (2) အရေးပေါ်တားဆေးများ (၂)

Fri, Sep 21, 2012 at 11:16 PM
ကျွန်တော့် သူငယ်ချင်းက မိန်းမယူတာ တစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ သူတို့နှစ်ယောက်လုံးက ကလေးယူဖို့အစီအစဉ် လုံးဝမရှိကြသေးပါဘူး။ သူ့မိန်းမက တစ်နေ့တစ်လုံးသောက်တယ်ဆိုတဲ့ တားဆေးကို ပုံမှန်သောက်ပြီး သူတို့နေလာကြပါတယ်။ ဒါပေမဲ့ ဟိုတလောကတော့ သူ့မိန်းမက ပုံမှန်လာနေကြဟာမလာတော့ စိုးရိမ်ပြီး စစ်ကြည့်လိုက်တာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရပါတယ်တဲ့။ သူ့မိန်းမပြောတာတော့ တစ်ခါတစ်လေ အလုပ်အရမ်းများတဲ့ တချို့ရက်တွေမှာ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ဆေးသောက်ဖို့ ပျက်ကွက်မိတာတွေ ရှိတယ်လို့ ပြောပါတယ်။ အဲတော့ သေချာအောင် အာတရာဆောင်း သွားရိုက်ကြည့် လိုက်တော့ ကိုယ်ဝန် ၅ ပတ် ရှိနေပြီလို့ သိလိုက်ရပါတယ်။ အဲဒါသူတို့လည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားကြပါတယ်။ အဲဒါဟိုလိုမေးဒီလိုမေးနဲ့ ပိုက်ဆံမကုန်ပဲ လူကိုမထိခိုက်အောင်ဆေးသောက်ပြီး ဖျက်လိုက်ကြပါတယ်တဲ့။ အန်ဂျီအိုတစ်ခုမှာ သူတို့ သွားလုပ်လိုက်တာပါ။ အဲဒါသူတို့ကို ဆေးနှစ်လုံး ချက်ချင်းတိုက်လိုက်တယ်လို့ ပြောပါတယ်။

ပြီးတော့ နောက်နေ့မှာ သောက်ဖို့ ဆေးလေးလုံးလည်း ပေးလိုက်ပါတယ်။ အဲဒါဆေးလေးလုံးကိုလည်း သောက်ပြီးရော သူ့မိန်းမ အန်လိုက်မိပါသေးတယ်တဲ့ဆရာ။ ဒါပေမဲ့ ဆေးသောက်ပြီး ညလောက်မှာ ရာသီ ပြန်လာတယ်လို့ ပြောပါတယ်။ အတုံးတွေအခဲလေးတွေလည်း ပါတယ်လို့ ပြောပါတယ်။ အဲဒါ သူ့မိန်းမဆေးသောက်ပြီး ရာသီပြန်လာတာ ဒီလ (၈) ရက်နေ့ကပါ။ ပြဿနာကတော့ အဲဒီကတည်းက လာလိုက်တဲ့ရာသီက ဒီနေ့ (၂၂) ရက်နေ့ထိ တတိတိနဲ့ လာနေတုန်းလို့ ပြောပါတယ်။ ကိုယ်ဝန်ကတော့ သေချာအောင် အာတရာဆောင်းထပ်ရိုက်ကြည့်တာ အားလုံးနော်မယ်လို့ သိရပါတယ်.။ ကလေးရှိတယ် ဆိုတဲ့ဟာတော့ မပြတော့ပါဘူးတဲ့။ အဲဒါကျွန်တော်က ဆရာ့ဘလော့ကို သိနေတော့ သူတို့ကို ပြောပြတာနဲ့ ကျွန်တော့်သူငယ်ချင်းက ဆရာ့ကိုမေးပေးပါဆိုလို့ စာရေးပြီးမေးကြည့်ပေးတာပါ။ အဲဒီလို မရပ်ပဲလာနေတာ အန္တရာယ် ရှိလားဆိုတာ သိချင်လို့ပါတဲ့ဆရာ။ ဘာလုပ်ရမလဲဆိုတာကိုလည်း သိချင်လို့ပါ။

ကိုယ်ဝန်ကတော့ သေချာအောင် အာတရာဆောင်းထပ်ရိုက်ကြည့်တာ အားလုံးနော်မယ်လို့သိရပါတယ် ဆိုတာ သိပ်မရှင်းပါ။ (၂၂) ရက်နေ့ထိ တတိတိနဲ့ လာနေတုန်း ဆိုရင်တော့ ရှင်းတယ်။ ကိုယ်ဝန်ပျက်သွားတယ်။

ဆင်းတာ မရပ်သေးတာက မကုန်သေးလို့ပါ။ စိုးရိမ်စရာက သွေးအားနည်းမှာသာဖြစ်တယ်။ သံဓါတ်ဆေးတော့ သောက်ရမယ်။ ဒါမေဲ့ ဒီဆေးက ချက်ချင်းကောင်းလာစေမှာတော့ မဟုတ်ပါ။ အစားအသောက် မျှတ လုံလောက်ပါစေ။ ရေ-အရည်ပိုသောက်ပါ။ နားနားနေနေ နေပါစေ။ လှုတ်ရှားတာ၊ သွားလာတာ လုပ်ရတိုင်း ဖြေးဖြေးသက်သာလုပ်ပါ။ ရုတ်တရက် လုပ်ရင် ခေါင်းမူးမယ်။ သတိလက်လွတ်ဖြစ်တတ်တယ်။ ဖြစ်ရင် လဲ မပူပါနဲ့။ ချက်ချင်း လှဲပြီးနားလိုက်ပါ။ လိုအပ်ရင် လှဲအိပ်လိုက်ပါ။ ကုတင်မတွေ့လဲ ကြမ်းပြင်မှာ လှဲစေပါ။ ဆီးစစ်ရင် ကိုယ်ဝန်ပျက်ပေမဲ့ အပေါင်းသာပြမှာကိုလဲ သိထားပါ။

အာတရာဆောင်းမှာ အားလုံး Normal ဆိုတာက ပထမတစ်ခါလို Early Pregnancy ဆိုပြီးမပါတော့ပဲ။ အားလုံးမှာ Normal normal normal တွေချည်းပဲ ရေးထားတာတွေ့လို့ပါ။ အဲတော့ အဲဒီလိုလာနေတာ ဘာမှမဖြစ်ဖူးပေါ့နော်ဆရာ။ ပြီးတော့ အဲဒါကဘယ်တော့မှ ရပ်သွားမှာလဲ။ မရပ်တော့ဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ။ ပြီးရင်သူတို့ ဟိုလိုပြန်နေလို့ရပြီလား။ ဟိုနေ့တိုင်း သောက်ရတယ် ဆိုတဲ့ ဆေးတွေရော ပြန်သောက်လို့ ရပြီလား။

ကုန်ရင်ရပ်မယ်။ ဘယ်တော့ဆိုတာ ပြောဘို့ခက်တယ်။ ကိုယ်ဝန်ရင့်ရင် ကြာမယ်။ ဆင်းနေတာနှေးရင် ကြာမယ်။ သွေးဆင်းရပ်တာနဲ့ ပုံမှန် တားဆေး (၂၈ လုံး) ကပ်စသောက်ပါ။ နောက်လတွေဆိုရင် ရာသီ ဆင်းတဲ့နေ့ကနေ စသောက်ပါ။ နောက်ဆုံး ၇ လုံးထဲက ၂-၃ လုံးသောက်နေချိန်မှာ ရာသီပြန်လာမယ်။ သံဓါတ်ဆေး အမြဲသောက်ပါ။

ယမုန်နာဆေးခန်း - အမေးအဖြေ (၇၄) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top