1. တီဘီဆေးသောက်နေရလျင် ကလေးယူလို့ ရပါသလားရှင်။
2. ကုန်သွားရင်ရပ် သွားမယ်ဆိုလို့ စိတ်ချလက်ချရှိနေတုန်းမှာပဲ
3. ဆီးကျဉ်နေလို့ ဆရာဝန်သွားပြပါတယ်။
4. ကွန်ဒွမ်လည်းသုံးပါတယ်။
5. သားဥပြွန်မှာ သန္ဓေတည်တာ ဘယ်လိုနေထိုင်လို့ဖြစ်တာလဲ။
6. အိမ်ထောင်ကျတာ ၃ နှစ်ရှိပါပြီရှင်။
7. ကြိုးစားပြီး ပြီးကြည့်ပါသည်။
8. ကျွန်တော့်မှာ နှလုံးသွေးကြောကျဉ်းရောဂါ ရှိပါတယ်။
9. သမီးအသက် ၂၄ နှစ်ပါ။ အိမ်ထောင်သက် ၆ လရှိပါပြီ။
Wed, Sep 26, 2012 at 12:04 PM
ခင်ပွန်းသည် တီဘီဆေးသောက်နေရလျင် ကလေးယူလို့ရပါသလားရှင်။ ကလေးမှာ ထိခိုက်မှုဖြစ်နိုင်ပါသလားရှင်။ ယခု ခင်ပွန်းသည်က 070712 မှ စပြီး AKT-4 1 Strip (2 Months), Alprazolam-025 mg (2months), Omeprazole 20mg (3 weeks), Aronamin gold 1Cap (2 months) သောက်ပြီး ဓါတ်မှန်ပြန်ရိုက်ပြီး ၊ နောက်ထပ် Rifampicin 150mg + 300mg = 450mg (4 months), Isoniazid (100mg) x 3mg = 300mg (4 months), Aronamin gold-1cap (Daily), Alprazolam 025mg (daily) 7-9-12 မှစပြီး (4) လ သောက်ခိုင်းပါသည်။ ၄င်းဆေးသောက်စဉ်အတွင်း ကလေးယူလို့ရပါသလား။
TB ဆေးကို ခင်ပွန်းကသောက်တာအတွက် ကိုယ်ဝန်အတွက် စိုးရိမ်စရာမရှိပါ။ ကလေးကိုလဲ မထိခိုက်စေပါ။ စာ ၃ ပုဒ် ပို့လိုက်ပါတယ်။
- TB Medicines Side Effects (တီဘီ) ဆေးတွေ နဲ့ ဘေးထွက်-ဆိုးကျိုးတွေ http://dts-medicaleducation.blogspot.in/2012/04/side-effects-of-tb-medicines.html
- Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-and-tb.html
- Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/tb-and-infertility.html
Wed, Sep 26, 2012 at 11:01 AM
၁။ မကုန်သေးတာ ကုန်သွားရင်ရပ်သွားမယ်ဆိုလို့ စိတ်ချလက်ချရှိနေတုန်းမှာပဲ ဟိုးဆေး စသောက်ခါ စတုန်းကလိုပဲ အတုန်းတွေအခဲတွေနဲ့ ရာသီသွေးတွေ ဒလဟော ပြန်လာနေတာ ၃ ရက်ရှိသွားပြီလို့ ပြောပါတယ်။ ဗိုက်လည်း အောင့်တယ်လို့ ပြောပါတယ်။ အဲဒါဘာများဖြစ်လို့ပါလည်း။ ပုံမှန်ရာသီသွေးလိုလည်း မဟုတ်ဘူး အတုန်းလေးတွေ အခဲလေးတွေပါတယ်လို့ သိရပါတယ်။ အဲဒါဘယ်လိုလုပ်ရပါမလဲတဲ့။
၂။ ကျွန်တော် ခုတလော ဆီးကျဉ်နေလို့ ဆရာဝန်သွားပြပါတယ်။ အဲဒါအဲဒီဆရာက ပိုးသတ်ဆေး တစ်မျိုး သောက်ခိုင်းပါတယ်။ ဆေးက Norbactin 400 တဲ့ဗျ။ အဲဒါမသက်သာသေးတော့ ဆေးထိုးပေးတယ်။ ဆီးပိုးသတ်ဆေး တစ်မျိုးတဲ့။ Ge နဲ့စတဲ့ဆေးပဲ။ အဲဒါထိုးတာ ဒီနေ့နဲ့ဆို ၃ ရက်ရှိသွားပါပြီ။ မနေ့ကဆီးစစ်ကြည့်လိုက်ပါတယ်။ အဲဒီစာရွက်မှာ Pus Cells က 30~40 လို့ပါနေတယ်။ ပြီးတော့ Epithelial Cells မှာကျတော့ 0-1 ဆိုပြီးပါတယ်။ အဲဒါ ဘာများ ဖြစ်တာလည်းလို့ သိချင်လို့ပါ။ ကျွန်တော်ပြနေတာက ဆရာဝန်မဖြစ်နေတော့ သေသေချာချာမေးရမှာ မရဲလို့။
၁။ သားအိမ်ထဲမှာ ဆင်းစရာမကုန်ရင် ဆက်ဆင်းမယ်။ ဆင်းချင်လာရင် သာအိမ်သညှစ်လို့ နာမယ်။ တော်တော်နဲ့ မရပ်ရင် D and C သားအိမ်ခြစ်ရတယ်။ လူတိုင်းမလိုပါ။ နာတာအတွက် Ibuprofen နဲ့ Diclofenic တခုခုကို တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်သောက်နိုင်တယ်။
၂။ ဆေးစစ်ချက်မှာ ပြည်တွေ့တယ်။ ပိုးဝင်လို့ဖြစ်တယ်။ ပိုးသေဆေးသောက်ရင်ပျောက်တယ်။ ပိုးအမျိုးအစားကို စစ်ရသေးတာ မဟုတ်လို့ အများဆုံးဖြစ်တတ်တဲ့ပိုးအတွက် ဆေးရွေးပေးရတယ်။ လိုရင်ပြောင်းပေး ရတယ်။ ပျောက်သွားမှာပါ။ G ဆိုတာ Gentamycin ဖြစ်နိုင်တယ်။
Tue, Sep 25, 2012 at 7:17 PM
လွန်ခဲတဲ့ ၃ ရက်လောက်က မိန်းမတွေနဲ့ ပျော်ပါးခဲ့မိပါတယ်။ ကွန်ဒုန်လည်းသုံးပါတယ်။ ပေါက်ခဲ့လား မပေါက်ခဲ့လားတော့ သတိမထားမိခဲ့ပါဘူး။ မနေကမနက်ကျတောမှ ထိပ်နေရာကပူနေလို့ပါ။ တအား မပူပေမယ့် ငြုပ်သီး စားမိသလောက်ပါ။ ဒီနေ့ကျတော့ မပူတောပါဘူး။ စိတ်ကပဲဖြစ်မှာ ကြောက်လို့လားတော့မသိပါဘူး။ လူကလည်း အိပ်ရေးပျက်ပြီး အားနည်းနေတာလဲပါ ပါတယ်။ ဆီးလည်း ၁ နာရီခွဲ ၁ ခါလောက်ပေါက်ဖြစ်ပါတယ်။ ခဏခဏပေါက်ချင်တာမျိုးတော့ မဟုတ်ပေမယ့် ဆီးကကျန်နေတယ်လို့ ထင်နေလိုပါ။ ဂနိုတွေဘာတွေ ဖြစ်နိုင်ပါသလား။ ဆီးသွားရင်လဲ ပူတာတွေ ဘာတွေ မရှိပါဘူး။ ရက်ပိုင်းအတွင်း ဆီးစစ်ရင်ရော ဘာဖြစ်တယ်ဆိုတာ သိနိုင်မလား။ မနက်ဖန် ဆေးခန်းပြကြည်ဖို့တော့ စီစဉ်ထားပါတယ်။
ဆေးခန်းသွားပြတာကောင်းပါတယ်။
Gonorrhea ဂနိုရောဂါ http://dts-medicaleducation-adultblogspotin/2012/03/gonorrheahtml
Tue, Sep 25, 2012 at 9:30 AM
သမီးက တိုင်းတပါးမှာ အလုပ်လုပ်နေတာဖြစ်လို့ ဆေးခမ်းပြ ဆရာဝန်နဲ့တိုင်းပင်ရမှာ ဈေးကြီးပြီး အချိန်မရတဲ့အတွက် အားကိုးပြီးမေးလိုက်ပါတယ်။ သမီးအသက် ၃၁ ပါ။ အိမ်ထောင်ကျတာ နှစ်နှစ် ရှိပါပြီ။ ယောက်ျားရော သမီးပါ တိုင်းတပါးမှာ အတူအလုပ်လုပ်နေရတာပါ။ အခုကလေးစယူနေပါပြီရှင့်။ သမီးကြောက်တာတခုရှိပါတယ်။ အဲ့ဒါ သားဥပြွန်မှာ သန္ဓေတည်မှာစိုးတာပါ။ အကြောင်းရင်းက သမီးအဒေါ်က အဲ့လိုသန္ဓေတည်ပြီး အသက်လုပြီး ခွဲစိတ်ခဲ့တာပါ။ အဲ့ဒါကြောင့်
၁။ သားဥပြွန်မှာ သန္ဓေတည်တာ ဘယ်လိုနေထိုင်လို့ဖြစ်တာလဲ။ မဖြစ်အောင်ဘယ်လိုရှောင်ရှားရမလဲ။
၂။ ဥပြွန်မှာသန္ဓေတည်ရင် ဘယ်လိုစောစောသိရှိနိုင်လဲ။ ကိုယ်ဝန်ဘယ်နှစ်ပတ်လောက်မှာ ဥပြွန်မှာ သန္ဓေတည်မတည်ကို ဘယ်လိုလုပ်ပြီးသိရှိရသလဲရှင်။
၃။ အကယ်၍ ဥပြွန်မှာသန္ဓေတည်လို့ ဥပြွန်ကိုဖြတ်ထုတ်ပြီးရင်ရော ဥပြွန်တခုထဲနဲ့ နောက်ထပ်ကိုယ်ဝန်ထပ်ရနိုင်ပါသလား။
၎။ ကိုယ်ဝန်ယူနေတုန်း အအေးမိပျောက်ဆေးအပြင် တခြားဆေးသောက်လို့ရော ဖြစ်တဲ့လား။ ကလေးယူတာကို၊ ကလေးဖြစ်တာကိုကော ထိခိုက်နိုင်သလားလို့ပါ။ သမီးတိုက အလုပ်တဖတ်နဲ့ ဖျားနာခေါင်းကိုက်ရင် (paracetamol, TUSQ, etc.) အစရှိတဲ့ ဆေးလေးတွေပဲ သောက်ပြီး ပျောက်နေရတာမိုလို့ပါ။ ကလေးကို ကျန်းမာတဲ့ကလေး ဖြစ်ချင်စေချင်တာကြောင့် လမ်းညွန်ပေးပါ။
သားအိမ်ပြွန်အပါအဝင် သားအိမ်ပြင်ပမှာ သန္ဓေတည်တာ အဖြစ်နည်းပါတယ်။ ဘာလို့ဖြစ်သလဲကို အများအားဖြင့် ကြိုတင် မသိနိုင်ပါ။ ဖြစ်ပြီးနောက်လဲ ဘာလို့အပြောရခက်တတ်များတယ်။ ကံတရားလို့ပြောနိုင် တယ်။ ကြိုတင်ကာကွယ်ဘို့ ဘယ်လိုနေဆိုတာ ပြောမရပါ။
သားအိမ်ပြွန်မှာ တခုခုဖြစ်ထားတာကြောင့် ဖြစ်နိုင်တာတော့ရှိတယ်။ တခုခုဆိုတာ ရောင်ရမ်းတာ။ ရောင်တာက အဖြူဆင်းတာနဲ့ ဆီးစပ်နာတာမျိုး ခဏခဏဖြစ်သူတွေမှာ အဲလိုဖြစ်နိုင်တယ်။ ကိုယ်ဝန်ကို (အာလ်ထွာဆောင်း) ရိုက်တာနဲ့ စောစောသိတယ်။ ဖြတ်လိုက်ရရင်လဲ ကျန်တဖက်က အလုပ်လုပ်နေမှာမို့ နောက်ထပ်ကလေးရနိုင်ပါတယ်။ အအေးမိသက်သာဆေးတွေက ကိုယ်ဝန်ကို မထိခိုက်ပါ။ ကိုယ်ဝန် အကြောင်းစာတွေ အများကြီးရေးထာပါတယ် ဖတ်လိုရာရှာဖတ်ပါ။ ကိုယ်ဝန်နုချိန်မှာ ဆိုးတာတွေကို မလိုဘဲ မဖတ်ဘဲနေသင့်ပါတယ်။ ကိုယ်နိုင်မဆိုင်တာတွေ ကိုယ့်မှလာဖြစ်နေမလား မလိုအပ်ဘဲ စိုးရိမ်နေမယ်။
Ectopic Pregnancy ထူးဆန်းသည့် ကိုယ်ဝန် http://dts-medicaleducation-adultblogspotin/2012/05/ectopic-pregnancyhtml
Tue, Sep 25, 2012 at 2:10 PM
သမီးအသက် ၃ဝ ကျော်ပါ။ အိမ်ထောင်ကျတာ ၃ နှစ်ရှိပါပြီရှင်။ လင်မယားနှစ်ရောက်လုံး တိုင်းတပါးမှာ အလုပ်လုပ်တဲ့အပြင် အချိန်ရှားတာရယ် ဈေးကြီးလွန်းတာရယ်ကြောင့် အားကိုးပြီး ပွင့်ပွင့်လင်းလင်း ပြောခွင့်ပြု ပါနော်။ ညီအမ မရှိတဲ့အပြင် အမေအဒေါ်တွေက အရှက်ကြီးသူတွေမို့ တိုင်ပင်စရာမရှိလို့ပါ။ သမီးအိမ်ထောင်မကျခင် မာစတာဘေးရှင်း လုပ်ပါတယ်။ အဲ့လိုခဏခဏ တပတ်နှစ်ခါ၊ သုံးခါလုပ်မိပါတယ်။ တခါတရံ အူအတတ်လို့ ထင်ရအောင် ဥပြွန် ရောင်လေ့ရှိပါတယ်။ ချက်အောက်ဘေး ဘက်ဘယ်၊ ညာက နာနေတာပါ။ တခါဆရာဝန်က အူအတတ်ရောင်တယ် ဆိုပြီး ဆေးပေးပါတယ်။ အဲ့ဒီတုန်းက တော်တော်နာပါတယ်။ လမ်းကောင်းကောင်း မလျှောက်နိုင်ပါ။ အဲ့ဒါကြောင့် ကလေးအတွက် စိတ်ပူတာရယ် သမီးအတွက်ရယ်ပါ။
၁။ ကိုယ်ဝန်ရှိတုန်း မာစတာဘေးရှင်း ဘယ်လလောက်ထိ လုပ်လိုရပါသလဲရှင်။ မရရင်လဲသတိထား ရှောင်လိုပါတယ်။
၂။ ကိုယ်ဝန်စယူတာ ရာသီလာပြီး ၁၂ ရက်ကနေ ၁၆ ရက်ထိ ကလေးရနိုင်တဲ့ရက်ကိုတွက်ပြီး ယူလိုက်ပါတယ်။ အဲ့တာ ရာသီလာပြီး ၁ဝ ရက်က တကြိမ် ၁၄ ရက် (ကလေးရဖို့မျိုးဥကြွေတဲ့ရက်)မှာ တကြိမ် မာစတာဘေးရှင်း ဖြစ်မိပါတယ်။ နောက်တော့ ၁၇-၁၈ ရက်လောက်မှာ ချက်အောက်ညာဖက် (ဥ-ပြွန်နေရာ) ကနေ တဆစ်ဆစ်နာပြီး တခါတရံ ကိုက်ပါတယ်။ အဲ့တာကြောင့် ကလေးက အဲ့ဒီမှာသွားဖြစ်နေလားလိုပါ။
(မာစတာဘေးရှင်း) အတွက် သိပ်မစိုးရိမ်ပါနဲ့။ ဗဂျိုင်းနားထဲကို တခုခုထိုးသွင်းမှုရှိမှသာ ရှိတာက သန့်ရှင်းမှုလိုရင် ပိုးဝင်စေနိုင်တယ်။ စိတ်သာယာမှုရတဲ့ တခြားနည်းတွေကနေ ရောဂါမရစေနိုင်ပါ။ ပွတ်သပ်မှုကြောင့် ကတော့ အဲလို ရောဂါရတာ မဖြစ်စေပါ။ ရောဂါပိုး တနည်းနည်းနဲ့ဝင်ရင်လဲ ဆီးစပ်နေရာနာတာ အပြင် အဖြူဆင်းမယ်။ တခါတလေ ယောက်ျားနဲ့အတူနေတာမှာ နာမယ်။ အဖြူဆင်း၊ မဆင်းမသိရပါ။
ဗိုက်အောက်ပိုင်း ညာဘက်နေရာမှာ အူအတက်နဲ့ မ-မျိုးဥအိမ် နဲ့ ပြွန်တွေရှိတယ်။ ရောင်တယ်ဆိုရင် ပိုးသေဆေး နဲ့ အနာသက်သာဆေးတွေသောက်ရင်ပျောက်တယ်။ စာတွေရေးထားတယ်။ ရှာမရရင်ပြောပါ။ သားအိမ်ပြင်ပ ကိုယ်ဝန်တည်တာ မျိုးရိုးမလိုက်ပါ။
Mon, Sep 24, 2012 at 11:01 PM
ကျမ အတူနေသောအချိန် ကြိုးစားပြီး ပြီးကြည့်ပါသည်။ ဘယ်လိုမှ မရပါ။ အမျိုးသားကိုလည်း မပြောရဲပါ။ ထို့ကြောင့် ဤရောဂါပျောက်ကင်းပြီး ကလေးအမြန်ရအောင် မည်သည့်ဆေးသောက်ရမည်ကို အမြန်ဆုံး ညွှန်ကြားပေးပါရန်။ သမီးအသက် ၂၉၊ အမျိုးသားအသက် ၃၆။
Female Orgasm (1) အမျိုးသမီး ပြီးခြင်း http://dts-medicaleducation-adultblogspotin/2012/03/female-orgasm-1html
Female Orgasm (2) အမျိုးသမီး ပြီးတာကို ပိုနားလည်လာပြီ http://dts-medicaleducation-adultblogspotin/2012/03/female-orgasm-2html
Mon, Sep 24, 2012 at 9:18 PM
ကျွန်တော့်မှာ နှလုံးသွေးကြောကျဉ်းရောဂါရှိပါတယ်။ ကျွန်တော်က သုတ်လွှတ်မြန်လို့ ဆေးသုံးရပါတယ် ဒါပေမယ့် ကာဗာတာ တို့ ဗိုင်ရာဂယာ တို့လို့ဆေးအုပ်စုတွေကိုသောက်ရင် ခေါင်းကိုက်တာ မျက်ရိုး ကိုက်တာတွေ ဖြစ်တတ်နေလို့ မြန်မာနိုင်ငံဆေးဈေးကွက်ထဲက ကျွန်တော်သောက်လို့ရမယ့် ဆေးတစ်ခုခုကို ညွှန်းပေးပါဦး။
၁။ မြန်မာနိုင်ငံဆေးဈေးကွက် မသိပါ။
၂။ မေးစရာကို ဒီအတိုင်းမေးပါ။ ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက့
Thu, Sep 20, 2012 at 12:42 PM
အဖြူဆင်းတာ ဆရာဝန်ကိုမပြဖြစ်ပါဘူး။ အခုတော့မဖြစ်တော့ပါဘူး။ သမီးမှာ ကိုယ်ဝန် က 3week + ရှိနေပြီတဲ့။ အမျိုးသားကော သမီးကောက မရည်ရွယ်ဘဲ ရသွားတာဆိုတော့ ကလေးမကောင်းမှ စိုးရိမ်နေပါတယ်။ သမီးတို့ ခရီးလည်း သွားထားတယ်။ ၂ ယောက်လုံး ကျန်းမာရေးလဲ မကောင်း အားနည်းနေတဲ့အချိန်ဖြစ်နေလို့ ကလေးမှာ သွားပြီး ထိခိုက်နိုင်ပါသလား။ အမျိုးသားက အိမ်မှာဆေးလိပ် မသောက်တော့ ပါဘူး။ ဖြတ်ဖို့တော့ ပြောထားပါတယ်။
မစိုးရိမ်ပါနဲ့။ ကိုယ်ဝန်ဟာ အင်မတန်လုံခြုံပြီး သူ့ဟာသူ ဆက်ဖွံ့ဖြိုးမှာပါ။ တခါတလေ အဲလိုကိုယ်ဝန်ကတောင် ပိုပြီး ကျန်းမာနေတတ်တယ်။
Mon, Sep 24, 2012 at 6:11 AM
သုတ်လွှတ်စောခြင်း (၁)၊ (၂)၊ (၃) ကိုလည်း ဖတ်ခဲ့ဖူးပြီးပါပြီ။ ကျွန်တော့် အသက် ၂၂ နှစ်ပြည့်ပြီးတဲ့ ယောက်ျားလေးပါ။ လောလောဆယ် (့) မှာနေပါတယ်။ ပြီးခဲ့တဲ့ တလလောက်က ကောင်မလေးနဲ့ ပထမဆုံး အကြိမ် ဆက်ဆံခဲ့ပါသည်။ ကောင်မလေးက စနောက်ပြီး နင့်ဟာ ပန်းများ သေနေသလားမသိဘူးလို့ ပြောတော့လန့်ပြီး၊ ရှက်လည်း ရှက်မိတယ်။ အဲ့ဒီနောက် ၂ ရက်အကြာ ဒုတိယအကြိမ်မှာတော့ ဆေးသောက်ပြီး ဆက်ဆံခဲ့ပါတယ်။ ညနေခင်းအိမ်အပြန်မှာ ခေါင်းကိုက်လာပါတယ်။ ခေါင်းတော်တော်ကိုက်ပြီး ဘယ်လိုအိပ်ပျော်သွားတယ် မသိပါဘူး။ တတိယအကြိမ်မှာတော့ ဆေးမသောက်ပါဘူး။ ခဏလေးနဲ့ သုတ်ရည် လွှတ် ပါတယ်။ အဲ့နောက်မှာလည်း အရမ်းကြာမှ စိတ်ပါအောင်ဆွမှ တင်းလာပါတယ်။ ဒီလိုပဲ ခဏနဲ့ ပြီးသွားပါတယ်။ တစ်ခုရှိတာက ကျွန်တော့်မှာ သူမနဲ့ မဆက်ဆံခင်ရော ဆက်ဆံတော့ရော သူ့မအပေါ်မှာ စိတ်အရမ်း ပါတာမျိုးမရှိဘူး။ စိတ်ပါပါနဲ့ မဆက်ဆံချင်တာမျိုးပါ။ အရင်ကတော့ အခြား အမျိုးသမီးတွေနဲ့ လိင်မဆက်ဆံဘူးပေမဲ့ အသားချင်း နီးစပ်ထိကပ်တာမျိုးနဲ့ လိင်တံတင်းမာမှုဖြစ်ပါတယ်။ နောက်ပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် စိတ်ကလည်း လန်းလန်းဆန်းဆန်းမရှိလှပါဘူး။ ခုလို နှစ်ခါသုံးခါရှိပြီ။ ပန်းသေ၊ ပန်းညိုးတာမျိုးဖြစ်နေမှာကို စိုးရိမ်တာပါ။ ပန်းသေ၊ ပန်းညိုးရောဂါမျိုးဟာ ဒီအသက်အရွယ်မှာဖြစ်တတ်ပါသလား။ အသက် အရွယ်မရွေး ဖြစ်တတ်ပါသလား။ အဲ့ရောဂါဟာ ဘယ်လိုအခြေအနေ၊ ဘယ်လိုပုံစံမျိုးဖြစ်နေတာဆိုရင် အတိအကျ ဖြစ်နေတာလို့ မှတ်ယူနိုင်ပါသလဲဗျာ။ သူမနဲ့ဆက်ဆံတဲ့အခါမှာလည်း အချိန်နဲနဲကြာတဲ့ ဆက်ဆံမှုမျိုးဖြစ်ချင်ပါတယ်။
မစိုးရိမ်ပါနဲ့။ ပန်းသေတာမဟုတ်ပါ။ သိထားဘို့တော့ စာတပုဒ်ပို့လိုက်ပါတယ်။ ဆေးသောက်ဘို့တောင် မလိုပါ။ စိတ်ကိုပြုပြင်ရင် ရပါမယ်။ စိတ်မပါသူနဲ့၊ အရက်၊ အလုပ်များ စတာတွေကိုသာ ပြင်ဘို့လုမယ်။ ကိုယ့်ကိုယ်ကို ပုံမှန်သဘောဖြစ်လို့ ရောဂါမရှိဘူးလို့ သိထားပါ။ ကြိုးစားပါ။ အစပိုင်းကာလတွေမှာ အဲလိုလေးတွေဖြစ်တတ်ကြပါတယ်။
Erectile Dysfunction 10 Things ယောက်ျားတွေကို ဒုက္ခပေးနိုင်တဲ့ အချက် (၁ဝ) ချက် http://dts-medicaleducation-adultblogspotin/2012/03/10-things-that-can-deflate-yourhtml
ယမုန်နာဆေးခန်း - အမေးအဖြေ (၇၅) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




