12
Oct

အမေးအဖြေ (၇၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. မရိုသေစကား ပြောမိရင် ခွင့်လွှတ်ပါနော်။
2. ကျွန်တော့် ဇနီးဟာ မီးဖွားပြီးတာ ၇ ရက်ရှိပြီး
3. ငယ်ကတည်းက အူကျတတ်တဲ့ရောဂါက မပျောက်ပါဘူး။
4. ရာသီလာချိန်မှာ အတူတူနေလို့ရလား။
5. သားအိမ်ထဲမှာ ရေအိတ် ရှိနေတယ် ဆိုတာ သိရပါတယ်။
6. ဆေးသုံးပြီး ကိုယ်ဝန်ဖျက်ပါတယ်။
7. ကလေး ၁ ယောက်မိခင်သည်
8. သမီးအသက် ၂၂ ပါ။
9. ကျွန်တော့် ချစ်သူက နှလုံးရောဂါရှိပါတယ်။
10. Ecee 2 နဲ့ကုသလို့ ပျောက်ကင်းနိုင်တဲ့ ရောဂါတွေရဲ့အမည်ကို
11. နို့က ကိုယ်ဝန် ၂၄ ပတ်ကစပြီး အရည်ကြည်နဲ့
12. သမီး အသက်၂၁ ပြည့်ပြီးပါပြီ။
13. ကျွန်မ contraceptive patch Evra ကို ဒီလ

Fri, Sep 28, 2012 at 7:13 AM
မရိုသေစကား ပြောမိရင် ခွင့်လွှတ်ပါနော်။ သမီးက အခု ကိုယ်ဝန် ၂၈ ပတ်ရောက်ပါပြီ။ ယောက်ျားလေးပါ။ အခု ကိုယ်ဝန်ဆောင်နေတုန်း ကာလမှာ Nipple တွေ ညိုရာကနေ မည်းလာပါတယ်။ အဲဒါ nipple ပြန်ရဲတဲ့ cream သုံးလို့ ရပါသလား။ မွေးပြီးမှ သုံးသင့်ပါသလား။ နို့လည်း နည်းနည်းတိုက်ရဦးမှာမို့ လို့ပါ။ ကလေးတစ်လလောက်ရရင်တော့ နို့ဘူးတိုက်ရမှာပါ။ တိုက်လို့ရော ရလား။ ပြီးတော့ မွေးတဲ့ အခါ မွေးလမ်းကြောင်းကို အရင်လိုပြန်ဖြစ်အောင် ချုပ်ပေးပါသလား။ မွေးလမ်းကြောင်း ပြန်ကျဉ်းသွားမယ့်ဆေးရှိရင် ဖော်ပြပေးပါ။ နောက်ပြီး ဆေးကပ်ခွာက မြန်မာနိုင်ငံမှာ ရနိုင်ပါသလား။

မိခင်နို့ရော နို့ဘူးပါ တိုက်လို့ရပါတယ်။ တချို့ကလေးတွေက စို့လို့လွယ်တာ၊ အရသာကြိုက်တာကိုသာ စို့တတ်တာ သတိထားပါ။
ဆေးကပ်ခွာက မြန်မာနိုင်ငံမှာ ရနိုင်မယ်ထင်ပါတယ်။ ဆရာက အပြင်မှာနေရလို့ အတိအကျမသိပါ။
Nipples light up ရင်သားထိပ်ဖျားသည် http://dts-medicaleducation-adult.blogspot.in/2012/03/nipples-light-up.html
Nipples (2) ထိပ်ဖျားအရောင် တိမ်တောင်သဖွယ် http://dts-medicaleducation-adult.blogspot.in/2012/07/nipples.html
Nipples (1) နို့သီးခေါင်း အကြောင်း http://dts-medicaleducation-adult.blogspot.in/2012/05/nipples.html

မွေးလမ်းကြောင်းကျဉ်းအောင် ဆေးနဲ့မရပါ။ ပိုတက်ဆီယမ်ကတော့ ကြွက်သားအားကောင်းဝေတယ်။ အကောင်းဆုံးက Kegel exercise လုပ်ရမယ်။ ပို့လိုက်ပါတယ်။ နောက်ပြီး ကိုယ်ဝန်အတွက် ဝာတွေ အများကြီးရေးထားတယ်။ သင့်တော်တာ ရှာဖတ်ပြီး လိုက်နာပါ။

Thu, Sep 27, 2012 at 3:43 PM
ကျွန်တော့် ဇနီးဟာ မီးဖွားပြီးတာ ၇ ရက်ရှိပြီး ယခုချိန်ထိ နို့ကောင်းစွာမထွက်သေးပါ။ နို့ထွက်တဲ့နည်းနှင့် ဆေးဝါး ရှိ-မရှိ သိပါရစေ။ ကလေးက နို့မဝလို့အရမ်းငိုနေလို့ပါ။

Milk Supply နို့ထွက်နည်းနေရင်

Wed, Sep 26, 2012 at 8:43 PM
ကျွန်တော် အမည်က (့) ပါ။ အသက်က ၂ဝ ရှိပါပြီ။ ငယ်ကတည်းက အူကျတတ်တဲ့ရောဂါက မပျောက်ပါဘူး။ ကြီးတဲ့အထိပါလာပါတယ်။ လိင်တံကလည်းတဝ်ဖတ်ဝောင်းနေတယ်ဗျ။ ဘယ်လိုလုပ်သင့်ပါသလဲ။ ၂ ခုလုံး အဆင်ပြေဖို့ အကြံလေးရချင်ပါတယ်။ ဆက်ဆံချိန်မှာကွန်ဒုံးသုံးရင် အမျိုးသမီးမှာ ကိုယ်ဝန်ရှိနိုင်ပါသလား။ ဆက်ဆံချိန်မှာ မနာကြင်ရအောင် ဘာများလုပ်ဆောင်သင့်ပါသလဲ။

Hernia အူကျတာသေခြာရင် ခွဲမှပျောက်ပါမယ်။ အူကျတာဖြစ်ဖြစ် မုတ်ရောဂါဖြစ်ဖြစ် ရှိနေရင် အင်္ဂါတဖက်ဝောင်းနေနိုင်တယ်။ ဘာမှ စိုးရိမ်ဝရာ မရှိပါ။ သူ့အလုပ် ၂ မျိုးလုံးကို လုပ်ဆောင်နိုင်ပါတယ်။ (ကွန်ဒွမ်) အရည်အသွေးကောင်းမယ်၊ သုံးပုံသုံးနည်းမှန်မယ်၊ ဝုပ်ပြဲတာ၊ ကျွတ်တာမရှိရင် ကိုယ်ဝန်ရမှာကိုော့ လိင်ကတဆင့်ကူးဝက်ရောဂါတွေကိုပါ ကာကွယ်နိုင်ပါတယ်။ ဆက်ဆံချိန်မှာ မနာချင်တာက အမျိုးသားလား၊ အမျိုးသမီးလား၊ အတူနေဘူးကာဝလား၊ အမျိုးသမီမှာ ဆင်ပါးဆုံတွင်း အင်္ဂါတွေရောင်နေလို့ နာတာဆိုရင် ဆေးကုမှပျောက်မယ်။ ကျန်တာကိုတော့ ဆရာမေးတာ ပြန်ဖြေမှသာ ဘာလုပ်ရမယ်ကို ပြောပါမယ်။

Wed, Sep 26, 2012 at 8:13 PM
ရာသီလာချိန်မှာ အတူတူနေလို့ရလား။ နှစ်ယောက်လုံးကတော့ သွေးဝဝ်ပြီး HIV ၊ ကာလသားရောဂါ ကင်းရှင်းပါတယ်။ တစ်လမှ တဝ်ကြိမ်ပဲတွေ့ဖြစ်ကြတာပါ။ အလုပ်တွေ မအားဘူးလို့ဆိုကြပါစို့။ ဒီတခါတွေ့မယ့် ရက်က တိုက်နေလို့ပါ။ နှစ်ယောက်လုံးကလည်း အတူနေချင်တဲ့ ဆန္ဒရှိပါတယ်။ သို့ပေမယ့်လည်း တခါမှမကျုံဘူးတော့ ဘယ်လိုနေရမယ် ဘယ်လောက်ထိ နေလို့ရတယ်ဆိုတာ မသိလို့ အဆင်ပြေဆုံးဖြစ်အောင် ဘယ်လိုဆောင်ရွက်ရမလည်းဆိုတာ ကူညီပေးစေချင်တာပါ။ စာတွေအနည်းငယ်တော့ဖက်ဘူးပါတယ် ဆရာအနေနဲ့ ပြောတာကို ကြားချင်လို့ပါ။ နောက် ဖက်ဘူးတဲ့ စာတွေကလည်း သိပ်မပြည့်ဝုံဘူး ထင်လို့ပါ။

ရာသီလာနေချိန်မှာ သန့်ရှင်းကိုသာ ဂရုဝိုက်ဘို့လိုပါတယ်။ ရောဂါလဲမရပါ။ ကိုယ်ဝန်လဲမရစေပါ။ ရာသီကိုလဲ နည်းတာ၊ များတာ မဖြစ်စေပါ။

Wed, Sep 26, 2012 at 3:31 PM
ကျွန်တော့် ညီမဝမ်းကွဲဖြစ်နေတာလေး သိချင်လို့ပါ။ သူက ကိုယ်ဝန်ရှိနေတယ်ဆိုတာ သိသိချင်း ဆေးခန်းကို သွားပြပါတယ်။ အာလ်ထွာဆောင်း ရိုက်ခိုင်းလို့ ရိုက်ကြည့်လိုက်တော့ သားအိမ်ထဲမှာ ရေအိတ် ရှိနေတယ် ဆိုတာ သိရပါတယ်။ ဆရာဝန်ကတော့ ကိုယ်ဝန်မရှိသေးရင်တော့ ဆေးသောက်ပြီး ကုလို့ရကြောင်း ပြောပါတယ်။ ကလေးမှာ ထိခိုက်နိုင်လား။ ဘာတွေရှောင်သင့်လဲဆိုတာ သိချင်ပါတယ်။ ရေအိတ် ဆိုတာ ဘယ်ကစဖြစ်တာလဲ။ မဖြစ်အောင်ကော ဘယ်လိုကာကွယ်သင့်ပါသလဲ။

မြန်မာအခေါ် ရေအိတ်ကို ဆေးဝာလုံးနဲ့ မသေခြာပါ။ သိရင်ပြောပါ။ Myoma/Fibroid./Cyst ဆရာဝန်ကနေ အကြံပေးပါလိမ့်မယ်။ မစိုးရိမ်ပါနဲ့။

Fri, Sep 28, 2012 at 7:07 AM
သမီးအသက် ၂၄ ပါ။ သမီးကပြီးခဲ့တဲ့ August လ ၆ ရက်နေ့ ဆေးသုံးပြီး ကိုယ်ဝန်ဖျက်ပါတယ်။ ဒါပထမဆုံးအကြိမ်ပါ။ သွေးက ၁၇ ရက်နေ့အထိ များများဆင်းပါတယ်။ ၁၇ နောက်ပိုင်း ရပ်သွားပြီး၊ August လထဲမှာပဲ ၂၇ ကစပြီး သွေးပြန်ဆင်းပါတယ်။ September ၁ဝ ရက်နေ့လောက်ထိ ဆင်းပါတယ်။ များလဲများပါတယ်။ ၂၅ နေ့က သွေးမဲမဲတွေ ဆင်းပါတယ်။ နည်းလဲနည်းပါတယ်။ အဖြူဆင်းသလို ပြဝ်ပြဝ်ကြီးပါ။ တရက်ပဲဆင်းပြီး ရပ်သွားပါတယ်။ ဒီနေ့ထိပါ။ ဖျက်ပြီးတည်းက ထပ်ပြီးမဆက်ဆံဖြစ်ပါဘူးဖြစ်ပါဘူး။ သားအိမ်ထဲမှာ တခုခုဖြစ်မှာစိုးရိမ်လို့ပါ။ သွေးလွန်ရောဂါလဲ မဖြစ်ဖူးပါဘူး။ ရာသီကလဲ မမှန်သလိုတွေ ဖြစ်နေ တာကြောင့်ပါ။

ဒါဆိုရင် တခြားဝဉ်းစားဝရာတွေ မလိုတော့ဘူးပေါ့။ ဆင်းတာကအရေင် ရင့်-မဲလာတာဟာ အဟောင်တွေမို့ပါ။ ကုန်ရင် ရပ်သွားပါမယ်။ သားအိမ်ကို မထိခိုက်ဝေပါ။ သားအိမ်ခြဝ်ပြီးဖျက်တာကတော့ တခါတလေ သတိထားရတယ်။ နောင်ကို မဖျက်ရအောင် ဂရုဝိုက်ပါ။ တားနည်း-တားဆေးတွေ အများကြီးရှိတယ်။ ရေးထားတယ်။

Thu, Sep 27, 2012 at 7:14 PM
ကျွန်တော်၏ ဇနီးသည် ၃၃ နှစ်၊ နေရပ် (့)၊ ၃ နှစ်ခွဲ အရွယ် ကလေး ၁ ယောက်မိခင်သည် လွန်ခဲ့သော ၁ လကျော်ခန့်မှ စတင်ပြီး မောဟိုက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း ခံစားနေရပြီး ဆရာဝန် (အထွေထွေရောဂါကု) နှင့် ပြကြည့်ရာတွင် ဆေးသောက်ချိန်နှင့် မနက် အိပ်ရာထချိန်တွင် ခဏတာမောဟိုက်ပြီးနောက် သက်သာသလိုရှိလာလိုက်နှင့် သက်သာခြင်း မရှိပါ။ ယင်းသို့မဖြစ်ပွားမီ သူမသည် ရန်ကုန်မှနေပြည်တော်သို့ အသွားပြန်နှစ်ခေါက် ခေါက်တုံ့ပြန် တပါတ်တွင်း ခရီးနှင်ခဲ့ပါသည်။ သူမ၏ လုပ်ငန်းခွင်မှာ စိတ်ဖိဝီးမှုများပါသည်။ ကလေးငယ်မှာ ရန်ကုန်တွင် အဖိုးအဖွားများ၏ စောင့်ရှောက် မှုအောက်တွင် ရှိပြီး၊ ကျွန်တော်ကလည်း (့) တွင် ရှိနေပါသည်။ ပူးတွဲဖိုင်တွေကတော့ သွိုင်းရိုက်နဲ့ သွေးစဝ်ချက်မှတ်တမ်းပါ။ ဆရာဝန်ပေးသော ဆေးများမှာ Procad, Referon, Cypon, Procardia သွေးခုန်နှုန်းက မောနေတဲ့အချိန်မှာ ၉၈ ပါ။ သာမာန်အချိန်မှာက ၇ဝ နဲ့ ၈ဝ ကြား၊ အရပ်က ၄ ပေ ၁၁လက်မ၊ ကိုယ်အလေးချိန် ၁ဝ၅ပေါင်၊ ယခင် ၁ဝ၈ ပေါင်၊ ရာသီလာရက် ၅ရက်ကြာ (သွေးဆင်းများသည်။)

ပူးတွဲဖိုင်တွေကတော့ သွိုင်းရိုက်နဲ့သွေးဝဝ်ချက်မှတ်တမ်းနဲ့ ဆေး၃ မျိုး ပါ။ ဆေးပုံတွေက အလင်းရောင်ကြောင့် ဖတ်မရပါ။ ကြည့်ရတာ Food builder ဆိုတော့ အားဆေးသဘောဖြစ်မယ်။ သိပ်မသိပါ။ ကိုယ် အလေးချိန် ကောင်းပါတယ်။ အဆီ (ကိုလက်ဝထော) များလို့ နှလုံးသွေးကြောကျဉ်းဝရာမရှိလောက်ပါ။ နှလုံးခုန်တော့ များတယ် Propranolol ဆေးက အဲဒါအတွက်ပေးတာဖြစ်တယ်။ နှေးသွားဝေပါမယ်။ (ဆောရီး) ဒိထက်ပို မပြောနိုင်ပါ။

Mon, Sep 24, 2012 at 2:08 AM
သမီး နံမည်က (့) ပါ။ ရန်ကုန်မှာပဲနေတာပါ။ သမီးအသက် ၂၂ ပါ။ သမီးချစ်သူနဲ့ 12-9-12 ရက်နေ့မှာ အတူတူ နေခဲ့ပါတယ်။ အကာအကွယ်မပါပါ။ အပြင်ထုတ်ပြီး အဆုံးသတ်ခဲ့တာပါ။ နောက်တစ်နာရီ ဝန်းကျင်လောက်မှာပဲ Ezee2 ကို နှစ်လုံးစလုံး တစ်ပြိုင်နက်ထဲ သောက်ခဲ့ပါတယ်။ 13-9-12 မှာ နောက်တစ်ကြိမ် အတူနေမိပါတယ်။ ဒီတစ်ကြိမ်တော့ အကာအကွယ် သုံးခဲ့ပါတယ်။ ပေါက်ပြဲမှုလဲမရှိခဲ့ပါ။ 21-9-12 ညနေမှာ ရာသီစလာပါတယ်။ ပုံမှန်အတိုင်း နှစ်ရက် နီးပါးလာပါတယ်။ သမီးသိချင်တာက ၁။ Ezee 2 ဆိုတဲ့ဆေးက နှစ်လုံးစလုံးတစ်ပြိုင်ထဲသောက်ရတာ မှန်ပါသလား။ ၂။ ရာသီသွေးလာပြီဆိုတော့ သမီးမှာ ကိုယ်ဝန်မရှိတာကျိန်းသေပါသလား။ ၃။ ဆီးစစ်တဲ့ အတံနဲ့ ထပ်စစ်ဆေးရန် လိုအပ်ပါသလား။

အရေးပေါ်တာဆေးအကြောင်းစာတွေ ပို့လိုက်ပါတယ်။ ထပ်သိချင် ဆက်ဖတ်နိုင်ပါတယ်။ ရာသီလာတာဟာ ဒိအရင်က အတူနေခဲ့တာတွေကြောင့် ကိုယ်မရတာဖြစ်တယ်။ စစ်ဘို့ မလိုလောက်ပါ။ မခဲယဉ်းရင်လဲ စစ်ကြည့်ပေါ့။
Emergency Contraception (1) အရေးပေါ်တားဆေးများ (၁) http://dts-medicaleducation-adultblogspotin/2012/04/emergency-contraception-1html
Emergency Contraception (2) အရေးပေါ်တားဆေးများ (၂) http://dts-medicaleducation-adultblogspotin/2012/04/emergency-contraception-2html
Emergency Contraception (3) အရေးပေါ်တားဆေးများ (၃) http://dts-medicaleducation-adultblogspotin/2012/03/emergency-contraception-3html
Emergency Contraception (4) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၁) http://dts-medicaleducation-adultblogspotin/2012/03/emergency-2html
Emergency Contraception (5) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂) http://dts-medicaleducation-adultblogspotin/2012/03/emergencyhtml
2012/9/26
ကျွန်တော့် ချစ်သူက နှလုံးရောဂါရှိပါတယ်။ အသက်က ၃၅ ရှိပါပြီ။ တားဆေးတွေလဲ သောက်လို့မရပါဘူး။ သူမက ကွန်ဒုံးလဲ မသုံးစေချင်ပါဘူး။ ကျွန်တော့်ကို သားကြောဖြတ်ခိုင်းပါတယ်။ ကျွန်တော့်အသက်က ၃၂ ပါ။ ကျွန်တော်တို့က လင်မယားတော့ မဟုတ်ကြပါဘူး။ ကျွန်တော် သားကြောဖြတ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အဲဒါ ဘယ်ဆေးခန်းမှာ လုပ်လို့ရလဲ ဆိုတာ သိချင်လို့ပါ။ နေရာလေး ညွှန်ကြားပေးစေလို ပါတယ် ခင်ဗျာ။ မြန်မာပြည်က ဘယ်နေရာပဲဖြစ်ဖြစ်ပါ။ နောက်တစ်ခု ကျွန်တော် ကြားမိတာက ကလေးမရအောင် ယောက်ျားတွေသောက်တဲ့ဆေးလဲ ပေါ်နေပြီတဲ့။ ဟုတ်လား။

ယောက်ျားတားဆေး ဈေးကွက်ထဲ မရောက်သေးပါ။ သားကြောဖြတ်ရင် နောင်လဲ မရတော့တာ သတိပြုပါ။ မြန်မာပြည်မှာ သားကြောဖြတ်တာကို ဥပဒေမလွတ်လို့ တိုးတိုးတိတ်တိတ်သာ လုပ်ရပါတယ်။ ကျွန်တော်က အပြင်မှာနေရလို့ မညွှန်နိုင်ပါ။ အထဲနေရလဲ ညွှန်လို့ မဖြစ်ပါ။

အမျိုးသမီး တားနည်းတွေ အများကြီးရှိပါတယ်။ ဖတ်ပြီး အခြေအနေနဲ့ ကိုက်ညီတာရွေးလို့ရပါတယ်။
Contraception and Fertility တားဆေး-တားနည်း ဖြတ်ပြီးသည့်နောက် http://dts-medicaleducation-adultblogspotin/2012/03/contraception-and-fertilityhtml
Contraception and Non-medical view ကိုယ်ဝန် တားနည်းတွေဟာ အပြစ်လွတ်ပါသလား http://dts-medicaleducation-adultblogspotin/2012/03/contraception-and-nonmedical-viewhtml
Contraceptive implant (1) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၁) http://dts-medicaleducation-adultblogspotin/2012/04/contraceptive-implant-1html
Contraceptive implant (2) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၂) http://dts-medicaleducation-adultblogspotin/2012/03/contraceptive-implant-2html
Contraceptive Injections ကိုယ်ဝန်တား ထိုးဆေးများ http://dts-medicaleducation-adultblogspotin/2012/03/contraceptive-injectionshtml
Contraceptive patch အရေပြား ကပ်ထားရတဲ့ တားဆေးကပ်ခွါ http://dts-medicaleducation-adultblogspotin/2012/07/contraceptive-patchhtml
Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး http://dts-medicaleducation-adultblogspotin/2012/04/contraceptive-pillshtml
Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း http://dts-medicaleducation-adultblogspotin/2012/05/contraceptives-and-breastfeedinghtml
Contraceptives for women with STI/HIV လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ HIV ရှိ အမျိုးသမီးတွေအတွက် ကိုယ်ဝန်တားနည်းများ http://dts-medicaleducation-adultblogspotin/2012/06/contraceptives-for-women-with-stihivhtml
Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adultblogspotin/2012/03/birth-control-pill-typeshtml
Birth Control Pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု http://dts-medicaleducation-adultblogspotin/2012/05/birth-control-pills-faqshtml
Birth Control Risk ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း http://dts-medicaleducation-adultblogspotin/2012/03/birth-control-riskhtml
Vasectomy ယောက်ျား သားကြောဖြတ်ခြင်း http://dts-medicaleducation-adultblogspotin/2012/03/vasectomyhtml

Sat, Sep 22, 2012 at 9:40 AM
Ecee 2 နဲ့ကုသလို့ ပျောက်ကင်းနိုင်တဲ့ ရောဂါတွေရဲ့အမည်ကို သိချင်တာပါရှင်။ ဒါမှမဟုတ် တခြားဆေးနဲ့ တွဲဖက်ပြီး သောက်မယ်ဆိုရင် ပျောက်နိုင်မယ့်ရောဂါရှိရင်လဲ ပြောပြပေးပါဆရာ။ Ecee 2 ဟာကိုယ်ဝန်တားဆေး တခုမဟုတ်ပဲ တခြားအမျိုးသမီးဘယ်ရောဂါတွေကိုရော ပျောက်ကင်းစေနိုင်ပါသေးလဲဆရာ။ ဒါမှမဟုတ် တခြား အထွေထွေ ရောဂါတွေထဲမှာလဲ ပျောက်ကင်းနိုင်တာရှိရင်လဲ ပြောပြပေးပါဆရာ။

ထပ်မေးဘို့လိုတာ မှန်ပါတယ်။ ဆရာဖြေလိုက်တုံးက အဲဒီအချက်ကို မပါခဲ့ဘူး။ မေ့တာတော့ မဟုတ်ပါ။ ဒီဆေးထဲမှာ Levonorgestrel မ-ဟော်မုန်းပါတယ်။ ဒီဟော်မုန်းနည်းနည်းလေးပါတာကို ပုံမှန်တားဆေး အနေနဲ့လဲ သုံးတယ်။ အရေးပေါ်တားဆေးအဖြစ်နဲ့သုံးတာ သိပ်များလို့ တခြားအသုံးကို မရေးကြ၊ မပြောကြပါ။ ကိုယ်ဝန်ဖျက်ဆေးတခုဖြစ်တဲ့ Misoprostol ဆေးကို အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ Aspirin, Ibuprofen, Naproxen တွေကြောင့် အစာအိမ်လေနာဖြစ်တာကို ကာကွယ်ရာမှာလဲ သုံးပါတယ်။

Levonorgestrel ဟော်မုန်းကို တဖြေးဖြေးချင်းထုတ်ပေးနေတဲ့ LNG-IUS ကို သားအိမ်ထဲထည့်ထားနည်းကိုလဲ ပုံမှန် ကိုယ်ဝန်တားနည်းအဖြစ် သုံးနိုင်တယ်။ ခွင့်ပြုချက်ရထားတဲ့ Mirena LNG-IUS ကနေ နေ့တိုင်း Levonorgestrel 20 mcg ထုတ်ပေးမယ်။ 10 နဲ့ 14 mcgလောက်သာထုတ်မဲ့ (MLS, FibroPlant-LNG) ကို စမ်းသပ်နေတယ်။ (ယူကေ) နိုင်ငံမှာတော့ LNG-IUS ကို Menorrhagia ရာသီဆင်းများသူတွေ အတွက်လဲ သုံးတယ်။ သွေးဆုံးကာနီး အမျိုးသမီးတွေအတွက်လဲ Estrogen replacement therapy အနေနဲ့ သုံးတယ်။

Endometriosis, Adenomyosis, Fibroids, Endometrial hyperplasia ခေါ်တဲ့ သားအိမ်ရောဂါတွေအတွက် သုံးကြည့်တာကတော့ ထိရောက်မှု အကောင်းချည်းတော့ မဟုတ်ဘူး။ တချို့က Endometrial cancer သားအိမ်-ကင်ဆာ စောစောသိပြီး ခွဲလို့မဖြစ်တာအတွက်လဲ စမ်းသုံးသေးပါတယ်။

ဆရာ ဒါထက်ပိုမသိသေးပါ။

Fri, Sep 28, 2012 at 8:35 AM
နို့က ကိုယ်ဝန် ၂၄ ပတ်ကစပြီး အရည်ကြည်နဲ့ ဝါကျင့်ကျင့်လေးတွေ ထွက်ပါတယ်။ ရေချိုးတိုင်း ပုံမှန်သန့် ရှင်းရေးလည်း လုပ်ပေးပါတယ်။ ဆရာရေးတဲ့ ကိုယ်ဝန်ဆောင်နဲ့ပတ်သက်တာရော မီးဖွားတာနဲ့ ပတ်သက်တာရော တော်တော်များများ ဖတ်ပြီးပါပြီ။ positive sign တော်တော်များများနဲ့တူပြီး negativeက တစ်ခုမှ မတူတဲ့အတွက် သမီးနဲ့ကလေး ကျန်းမာရေး ကောင်းနိုင်ပါတယ်နော်။ (မရိုမသေ) မေးခွန်းနောက်တစ်ခုမေးပါရစေ။ အခုတစ်လော ချွေးထွက်များလို့လားမသိဘူး ပေါင်ကြားတွေ ပွန်းပါတယ် ပေါင်ဒါသုံးတော့ ခဏသက်သာသွားပြီး ချေးနဲ့ အမာရွတ်လိုပုံစံတွေ ကျန်ခဲ့ပါတယ်။ သန့်ရှင်းရေးကတော့ အမြဲတမ်းလုပ်ပေမယ် အဲဒါတွေက ဒီအတိုင်း မည်းပြီးကျန်နေပါတယ်။ အဲဒါ ဘာလုပ်သင့်ပါသလဲ။ အဲဒီ အမာရွတ်လိုဟာတွေကြောင့် မွေးခန်းဝင်ရမှာတောင် ရှက်ပါတယ်။

ချွေးထွက်တာ၊ ကိုယ်အောက်ပိုင်းဝတာ နဲ့ ရာသီဥတုတွေကြောင့်ဖြစ်ပါမယ်။ ကိုယ်နဲ့သင့်တဲ့ ပေါင်ဒါသုံးပါ။ Calamine lotion လဲလိမ်းနိုင်တယ်။ အစိုပျံနေရင် ပိုးသေဆေး (အနာထည့်ဆေး) တခုခုလိမ်းနိုင်တယ်။ အမာရွတ်က ကြာလေ သက်သာလေ ဖြစ်ပါတယ်။ အရေပြားအပေါ်ယံမှာဖြစ်ရင် ပိုအပျောက်မြန်တယ်။ အတွင်းနက်လေ ကြာလေဖြစ်တယ်။ အမာရွတ်စာ ၂ ပုဒ်လဲရှိပါတယ်။

Fri, Sep 28, 2012 at 9:59 AM
သမီး အသက်၂၁ ပြည့်ပြီးပါပြီ။ သမီးချစ်သူနဲ့သမီးက 18.9.2012 က ပထမဆုံးအကြိမ် အတူတူနေမိပါတယ်ရှင့်။ နေပြီးပြီးချင်းပဲ Ecee2 ဆေးနှစ်လုံးကို နှစ်ရီခြားပြီးသောက်ခဲ့ပါတယ်။ 26.9.2012 ရာသီလာရက်မှာ ရာသီမလာဘဲဖြစ်နေပါတယ်။ ကိုယ်ဝန်ရှိမရှိကော ဘယ်လိုသိနိုင်ပါလဲရှင့်။ ကိုယ်တိုင်စစ်ကြည့်လို့ရမယ့်နည်း ရှိရင်ပြောပြပေးပါဦးရှင့်။ ရာသီလာမယ့်ရက်အမြဲနောက်ကျပါတယ်။

ဆေးသောက်နည်း နဲနဲတော့လွဲတယ်။ ကိုယ်ဝန်မရစေလာက်ဘူး ယူဆပါတယ်။
Emergency Contraception (1) အရေးပေါ်တားဆေးများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-1.html
Emergency Contraception (2) အရေးပေါ်တားဆေးများ (၂) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-2.html
Emergency Contraception (3) အရေးပေါ်တားဆေးများ (၃) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-contraception-3.html
Emergency Contraception (4) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၁) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-2.html
Emergency Contraception (5) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂) http://dts-medicaleducation-adult.blogspot.in/2012/03/emergency.html
Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-tests-1.html

ဆေးသောက်နည်းနဲနဲလွဲတယ်ဆိုတော့ စိုးရိမ်ရလားရှင့်။ အရမ်းစိတ်ပူနေလို့ပါ။ ကိုယ်ဝန်ရှိနေရင် ဘယ်လိုလုပ်ရမလဲရှင့်။ ကိုယ်ဝန်ရှိနေချိန်မှာ ဝက်ခြံတွေကော ပေါက်လားရှင့်။ ကိုယ်ဝန်ရှိလို့ မဖြစ်နိုင်တဲ့အခြေနေမို့ပါ။

ကိုယ်ဝန်စစ်နည်းစာပို့ထားပါတယ်။ ဝက်ခြံက ထူးမပေါက်ပါ။ ကိုယ်ဝန်ရှိနေလို့ ဖျက်ချင်တာအတွက် ဆရာက အကြံမပေးနိုင်ပါ။ ဆေးစာတွေအနေနဲ့တော့ စုံအောင်ရေးထားလို့ သိချင်ရင် ဆရာ့ဆိုက်မှာ ရှာဖတ်နိုင်ပါတယ်။

Fri, Sep 28, 2012 at 2:06 PM
ကျွန်မ contraceptive patch Evra ကို ဒီလ (စက်တင်ဘာလ) ရာသီစလာတဲ့ရက်ကနေစပြီး တွက်ရင် ၅ ရက်မြောက်နေ့မှာ ကပ်ခဲ့ပါတယ်။ ပထမနှစ်ခုကို တစ်နေရာထဲမှာဘဲကပ်ခဲ့ပြီး နောက်ဆုံးတစ်ခုကို နေရာပြောင်းကပ်ခဲ့ပါတယ်။ နောက်ဆုံး တတိယတစ်ခု မခွာရသေးခင် ကပ်ထားတဲ့နေရာရဲ့ဘေးနားက ယားလို့ကုပ်လိုက်မိတာ အရေပြားနည်းနည်းပွန်းသွားခဲ့ပါတယ် ။ အနာဖြစ်တာလည်းမဟုတ်သလို ကပ်ခွာရဲ့ဘေးနားမှာဘဲဖြစ်တာကြောင့် ကျွန်မကပ်ခွာကို နေရာမပြောင်းခဲ့ပါဘူး။ အဲဒါမှန်ပါသလား မှားသလားသိပါရစေရှင် Contraceptive patch ခွာပြီး ၄ ရက်မြောက်နေ့ဖြစ်တဲ့ မနေ့ကနေ့ခင်းလောက်က ကျွန်မ ရာသီလာချင်သလို နည်းနည်းဘဲကိုက်တာကို ခံစားရပြီး ကန်တော့ ကန်တော့နော် ဒေါက်တာ .. အရင်ကလို blood liquid မဟုတ်တဲ့ dark blood block တွေဆင်းပါတယ် ..ဒါပေမယ့် တော်တော်နည်းပါတယ် ။ ကျွန်မ ညနေပိုင်းမှာ ခေါင်းလျှော်လိုက်မိပါတယ် ။ ညအိပ်နေတုန်းက dark blood block တွေနည်းနည်းလေးထပ်ဆင်းပြီးတော့ ဒီမနက်မှာ ကျွန်မ ရာသီလာရင် ခံစားနေရတတ်တဲ့ ဘာဝေဒနာကိုမှ မခံစားရတော့သလို အဲဒိ dark blood block တွေတောင် လုံးဝ ထပ်မဆင်းတော့ပါဘူးရှင်။ ခုရာသီလာတဲ့ပုံစံမျိုးဟာ ဒေါက်တာဆေးစာထဲမှာရေးပေးထားသလို Contraceptive patch သုံးရင်ဖြစ်တတ်တဲ့ပုံမှန် အဆင်းနည်းတဲ့ပုံစံမျိုး ဟုတ်ပါသလား။ ထပ်မလာတော့တာ ကျွန်မခေါင်းလျှော်မိလို့လား၊ တခြားကျွန်မ မသိတဲ့ စိုးရိမ်စရာကိစ္စမျိုးများ ရှိနိုင်ပါသလား။

ဟော်မုန်းပါတားဆေးတိုင်းကနေ ရာသီကို အပြောင်းအလဲဖြစ်စေနိုင်တယ်။ အရောင်က အထဲမှာ ရက်ကြာနေခဲ့လို့ ရင်တာဖြစ်ပါတယ်။ စိုးရိမ်စရာမရှိပါ။ ကပ်စေတဲ့ကော်ကြောင့် ယားနိုင်တယ်။ နေရာရွေ့ချင်လဲရပါတယ်။ ဆရာရေးထားတာလဲ ဖတါပြီးထင်ပါတယ်။
Contraceptive patch အရေပြား ကပ်ထားရတဲ့ တားဆေးကပ်ခွါ http://dts-medicaleducation-adult.blogspot.in/2012/07/contraceptive-patch.html

ယမုန်နာဆေးခန်း - အမေးအဖြေ (၇၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top