13
Oct

အမေးအဖြေ (၇၇) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. သူငယ်ချင်းက aids ဖြစ်နေတယ်ဆရာ။
2. ကိုယ်ဝန်ရှိရင် သွေးနည်းနည်းဆင်းလားရှင့်။
3. သမီးအသက်က ၂၃ နှစ်ထဲမှာပါရှင့်။
4. ကျွန်တော့် ချစ်သူက နှလုံးရောဂါရှိပါတယ်။
5. Ecee 2 နဲ့ကုသလို့ ပျောက်ကင်းနိုင်တဲ့ ရောဂါတွေရဲ့အမည်ကို
6. နို့က ကိုယ်ဝန် ၂၄ ပတ်ကစပြီး အရည်ကြည်နဲ့
7. သမီး အသက်၂၁ ပြည့်ပြီးပါပြီ။
8. ကျွန်မ contraceptive patch Evra ကို ဒီလ
9. သမီိးအသက် (၃၉) နှစ်ရှိပါပြီ။
10. ကျွန်တော့် ကောင်မလေးက မြန်မာပြည်မှာပါ။
11. သမီးက အသက် ၂၉ နှစ် ရှိပါပြီ။
12. ဘာကြောင့် မိန်းမကိုယ်စပ်ရပါသလဲ။
13. Two days ago, I had

Wed, Oct 3, 2012 at 5:53 PM
ကျွန်မနဲ့အတူနေတဲ့ သူငယ်ချင်းက aids ဖြစ်နေတယ်ဆရာ။ သူနဲ့ ၂ နှစ်ခွဲလောက် အတူနေခဲ့ပါတယ်။ ကျွန်မနဲ့သူက ဆေးလိပ်လဲသောက်ပါတယ်။ ဆေးလိပ်သောက်ရင် သူပါးစပ်က တံတွေးတွေဆေးလိပ်မှာပေ ပါတယ်။ ပြီးတော့ သူ့ဒါးကိုလည်း သုံးဖူးတယ်ဆရာ။ ကျွန်မအနေနဲ့ တစ်ခါတလေသောက်မိပါတယ်။ ပြီးတော့ ကျွန်မရဲ့ body က အရမ်း ကိုယ်ပူလာတယ်။ အရင်ကလည်း ပူတာပါဘဲ။ အခုဟာက ပိုပူလာပြီး ၀မ်းလည်းချုပ်လာပါတယ်။ သွေးလည်း မစစ်ရဲဘူး။ အေအိုင်ဒီအက် ဖြစ်မှာစိုးလို့ပါ။ အရမ်းကြောက်နေပါတယ်။ လက်တွေလည်း ယားလာတယ်။ ကိုယ်အလေးချိန်လဲ ၇ ပေါင် ၈ ပေါင်လောက် ကျသွားတယ်။ တစ်လအတွင်းမှာ အရမ်းကြောက်နေပါတယ်။ ကူညီပါအုန်း ဘယ်လိုလုပ်ရမလဲ ဆိုတာ။

သိပ်မကြောက်ပါနဲ့။ HIV ပိုးဟာ သွေး၊ လိင်နဲ့ မိခင်-ကလေး နည်း ၃ နည်းကနေသာကူးတယ်။ အချက်အလက်အစုံ မသိရသေးပါ။ သူငယ်ချင်းဆိုတာ ယောက်ျားလေးလား။ မေးတဲ့သူရဲ့ အသက်နဲ့ အိမ်ထောင်ရေး။ ဒါးဆိုတာ ဘယ်လိုဒါးလဲ။ ဆေးစစ်ဘို့ မကြောက်ပါနဲ့။ မရှိတာသိရင် စိတ်ချမ်းသာသွားတော့မယ်။ ဟိုလိုလိုသည်လိုလိုက မကောင်းပါ။ ရှိတယ်ဘဲဆိုအုံးတော့ ဆင်ခြင်စရာတွေ လုပ်နိုင်တယ်။ သည်အတိုင်းနေတာ ဘာတခုမှ အကျိုးမရှိပါ။ ဆရာဝန်တယောက်ကပြောတာ ကျန်းမာရေးအတွက် နားထောင်ပါ။

Wed, Oct 3, 2012 at 6:43 PM
ကိုယ်ဝန်ရှိရင် သွေးနည်းနည်းဆင်းလားရှင့်။ ကိုယ်ဝန်ဘယ်နှစ်လလောက်မှာ ဖြစ်တတ်လဲရှင့်။

Pregnancy and Bleeding During Early Stage ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း

Wed, Oct 3, 2012 at 8:11 AM
သမီးအသက်က ၂၃ နှစ်ထဲမှာပါရှင့်။ ၂ဝ၁၂အောက်တိုဘာဆိုရင် အိမ်ထောင်သက် တစ်နှစ်ပြည့်ပါပြီ။ အမျိုးသားက (့) မှာ အလုပ်လုပ်ပါတယ်။ သားသမီးလိုချင်လို့ ခဏအလည်လိုက်လာပါတယ်ရှင့်။ သမီး ဒီကိုရောက်တဲ့ ရက်က (့) ပါရှင့်။ သမီးဗိုက်မနာခင် မနက်ပိုင်းက ဆီးအောင့်ပါတယ်ရှင့်။ နေ့လည်ဘက်တွေ အကောင်းပါ။ ညဘက်ကျတော့ အမျိုးသားနဲ့ အတူနေပြီး ဆီးစပ်က တအားနာကျင် လာပါ တယ်။ ပြီးတော့ ကန်တော့ပါဆရာ အိမ်သာတက်ချင်သလို ဖြစ်ပါတယ်။ အဲ့ဒါနဲ့ အိမ်သာထတက်ပြန်တောာ့လဲ မဟုတ်ပါဘူး။ ဆီးသွားတော့ သွေးစလိုမျိုးနဲ့ ဂျယ်လီလို အရည်ကြည်ရောပြီး ၂-၃ စက်လောက် ထွက်ပါတယ်။ ပြီးတော့ သွေးရည်ကြည်လေး ၃-၄ စက်ထွက်ပါတယ်။ ဗိုက်ကလဲ တအားနာပါတယ်။ အဲ့ဒါနဲ့ အစာကြေဆေး လျှက်ဆားစားပါတယ်။ စားပြီးတော့လဲ မပျောက်သွားပါဘူး။ အိမ်သာထဲကိုပြန်ဝင်ပြီးတော့ အန်ချင်လာတာနဲ့ အန်ပါတယ်။ အရည်တွေနဲ့ စားထားတဲ့ရေညှိတွေ ပြန်အန်ထွက်ပါတယ်။ အန်ပြီးသွားတော့မှ ပြန်ပြီး သက်သာသွားပါတယ်။ ကိုယ်ဝန်လက္ခဏာနဲ့ရော ဆိုင်လားဆရာ။ သမီးတို့ အတူနေတဲ့ ရက်ကတော့ ကလေး ရနိုင်တဲ့ အချိန်ထဲမှာဆိုတော့။ အကယ်လို့သာ ကိုယ်ဝန်ဆိုရင် ဒီလောက်ရက်တိုနဲ့ ရတတ်လား။ သမီးဓမ္မတာလာတဲ့ရက်က စက်တင်ဘာ ၁၁ ရက်ကနေ ၁၃ ရက်ထိဖြစ်ပြီးသွားပါပြီ။ အခုဖြစ်တာ ဓမ္မတာဆင်းသလို မများတော့ စိတ်ပူမိပါတယ်။ အတူနေတဲ့ရက်ကလဲ စက်တင်ဘာ၂၈ ဆိုတော့ ဆရာရေးထားတဲ့အတိုင်း ရက်တွက်ကြည့်တော့ သားသမီး ရနိုင်တဲ့ အချိန်ထဲ ဖြစ်နေတယ်။ သမီးစိတ်ထဲ ဘာဖြစ်လို့ဖြစ်မှန်းမသိတာနဲ့ ဆရာ့ကို အကူညီတောင်းမိတာပါဆရာ။

နှစ်မျိုးဖြစ်နိုင်ပါတယ်။ (၁) ဟန်းနီးမွန်း ဆီးအောင့်တာနဲ့ (၂) ကိုယ်ဝန်ရှိစဖြစ်တာ။ ဟန်းနီးမွန်းကာလ မဟုတ်ပေမဲ့ ဖြစ်နိုင်တယ်။ အရင်ဆုံး ဆီးအတွက် ဆေးသောက်ပါ။ နောက် ကိုယ်ဝန်အတွက် ဆီးစစ်ပါ။
Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ http://dts-medicaleducation-adult.blogspot.in/2012/04/honeymoon-cystitis.html

2012/9/26
ကျွန်တော့် ချစ်သူက နှလုံးရောဂါရှိပါတယ်။ အသက်က ၃၅ ရှိပါပြီ။ တားဆေးတွေလဲ သောက်လို့မရပါဘူး။ သူမက ကွန်ဒုံးလဲ မသုံးစေချင်ပါဘူး။ ကျွန်တော့်ကို သားကြောဖြတ်ခိုင်းပါတယ်။ ကျွန်တော့်အသက်က ၃၂ ပါ။ ကျွန်တော်တို့က လင်မယားတော့ မဟုတ်ကြပါဘူး။ ကျွန်တော် သားကြောဖြတ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အဲဒါ ဘယ်ဆေးခန်းမှာ လုပ်လို့ရလဲ ဆိုတာ သိချင်လို့ပါ။ နေရာလေး ညွှန်ကြားပေးစေလိုပါတယ် ခင်ဗျာ။ မြန်မာပြည်က ဘယ်နေရာပဲဖြစ်ဖြစ်ပါ။ နောက်တစ်ခု ကျွန်တော် ကြားမိတာက ကလေးမရအောင် ယောက်ျားတွေသောက်တဲ့ဆေးလဲ ပေါ်နေပြီတဲ့။ ဟုတ်လား။

ယောက်ျားတားဆေး ဈေးကွက်ထဲ မရောက်သေးပါ။ သားကြောဖြတ်ရင် နောင်လဲ မရတော့တာ သတိပြုပါ။ မြန်မာပြည်မှာ သားကြောဖြတ်တာကို ဥပဒေမလွတ်လို့ တိုးတိုးတိတ်တိတ်သာ လုပ်ရပါတယ်။ ကျွန်တော်က အပြင်မှာနေရလို့ မညွှန်နိုင်ပါ။ အထဲနေရလဲ ညွှန်လို့ မဖြစ်ပါ။

အမျိုးသမီး တားနည်းတွေ အများကြီးရှိပါတယ်။ ဖတ်ပြီး အခြေအနေနဲ့ ကိုက်ညီတာရွေးလို့ရပါတယ်။
Contraception and Fertility တားဆေး-တားနည်း ဖြတ်ပြီးသည့်နောက် http://dts-medicaleducation-adultblogspotin/2012/03/contraception-and-fertilityhtml
Contraception and Non-medical view ကိုယ်ဝန် တားနည်းတွေဟာ အပြစ်လွတ်ပါသလား http://dts-medicaleducation-adultblogspotin/2012/03/contraception-and-nonmedical-viewhtml
Contraceptive implant (1) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၁) http://dts-medicaleducation-adultblogspotin/2012/04/contraceptive-implant-1html
Contraceptive implant (2) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၂) http://dts-medicaleducation-adultblogspotin/2012/03/contraceptive-implant-2html
Contraceptive Injections ကိုယ်ဝန်တား ထိုးဆေးများ http://dts-medicaleducation-adultblogspotin/2012/03/contraceptive-injectionshtml
Contraceptive patch အရေပြား ကပ်ထားရတဲ့ တားဆေးကပ်ခွါ http://dts-medicaleducation-adultblogspotin/2012/07/contraceptive-patchhtml
Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး http://dts-medicaleducation-adultblogspotin/2012/04/contraceptive-pillshtml
Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း http://dts-medicaleducation-adultblogspotin/2012/05/contraceptives-and-breastfeedinghtml
Contraceptives for women with STI/HIV လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ HIV ရှိ အမျိုးသမီးတွေအတွက် ကိုယ်ဝန်တားနည်းများ http://dts-medicaleducation-adultblogspotin/2012/06/contraceptives-for-women-with-stihivhtml
Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adultblogspotin/2012/03/birth-control-pill-typeshtml
Birth Control Pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု http://dts-medicaleducation-adultblogspotin/2012/05/birth-control-pills-faqshtml
Birth Control Risk ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း http://dts-medicaleducation-adultblogspotin/2012/03/birth-control-riskhtml
Vasectomy ယောက်ျား သားကြောဖြတ်ခြင်း http://dts-medicaleducation-adultblogspotin/2012/03/vasectomyhtml

Sat, Sep 22, 2012 at 9:40 AM
Ecee 2 နဲ့ကုသလို့ ပျောက်ကင်းနိုင်တဲ့ ရောဂါတွေရဲ့အမည်ကို သိချင်တာပါရှင်။ ဒါမှမဟုတ် တခြားဆေးနဲ့ တွဲဖက်ပြီး သောက်မယ်ဆိုရင် ပျောက်နိုင်မယ့်ရောဂါရှိရင်လဲ ပြောပြပေးပါဆရာ။ Ecee 2 ဟာ ကိုယ်ဝန် တားဆေး တခုမဟုတ်ပဲ တခြားအမျိုးသမီးဘယ်ရောဂါတွေကိုရော ပျောက်ကင်းစေနိုင်ပါသေးလဲဆရာ။ ဒါမှမဟုတ် တခြား အထွေထွေ ရောဂါတွေထဲမှာလဲ ပျောက်ကင်းနိုင်တာ ရှိရင်လဲ ပြောပြပေးဆရာ။

ထပ်မေးဘို့လိုတာ မှန်ပါတယ်။ ဆရာဖြေလိုက်တုံးက အဲဒီအချက်ကို မပါခဲ့ဘူး။ မေ့တာတော့ မဟုတ်ပါ။ ဒီဆေးထဲမှာ Levonorgestrel မ-ဟော်မုန်းပါတယ်။ ဒီဟော်မုန်း နည်းနည်းလေးပါတာကို ပုံမှန်တားဆေး အနေနဲ့လဲ သုံးတယ်။ အရေးပေါ်တားဆေးအဖြစ်နဲ့သုံးတာ သိပ်များလို့ တခြားအသုံးကို မရေးကြ၊ မပြောကြပါ။ ကိုယ်ဝန်ဖျက်ဆေးတခုဖြစ်တဲ့ Misoprostol ဆေးကို အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ Aspirin, Ibuprofen, Naproxen တွေကြောင့် အစာအိမ်လေနာဖြစ်တာကို ကာကွယ်ရာမှာလဲ သုံးပါတယ်။

Levonorgestrel ဟော်မုန်းကို တဖြေးဖြေးချင်းထုတ်ပေးနေတဲ့ LNG-IUS ကို သားအိမ်ထဲထည့်ထားနည်းကိုလဲ ပုံမှန် ကိုယ်ဝန်တားနည်းအဖြစ် သုံးနိုင်တယ်။ ခွင့်ပြုချက်ရထားတဲ့ Mirena LNG-IUS ကနေ နေ့တိုင်း Levonorgestrel 20 mcg ထုတ်ပေးမယ်။ 10 နဲ့ 14 mcgလောက်သာထုတ်မဲ့ (MLS, FibroPlant-LNG) ကို စမ်းသပ်နေတယ်။ (ယူကေ) နိုင်ငံမှာတော့ LNG-IUS ကို Menorrhagia ရာသီဆင်းများသူတွေ အတွက်လဲ သုံးတယ်။ သွေးဆုံးကာနီး အမျိုးသမီးတွေအတွက်လဲ Estrogen replacement therapy အနေနဲ့ သုံးတယ်။

Endometriosis, Adenomyosis, Fibroids, Endometrial hyperplasia ခေါ်တဲ့ သားအိမ်ရောဂါတွေအတွက် သုံးကြည့်တာကတော့ ထိရောက်မှု အကောင်းချည်းတော့ မဟုတ်ဘူး။ တချို့က Endometrial cancer သားအိမ်-ကင်ဆာ စောစောသိပြီး ခွဲလို့မဖြစ်တာအတွက်လဲ စမ်းသုံးသေးပါတယ်။

ဆရာ ဒါထက်ပိုမသိသေးပါ။

Fri, Sep 28, 2012 at 8:35 AM
နို့က ကိုယ်ဝန် ၂၄ ပတ်ကစပြီး အရည်ကြည်နဲ့ ဝါကျင့်ကျင့်လေးတွေ ထွက်ပါတယ်။ ရေချိုးတိုင်း ပုံမှန်သန့် ရှင်းရေးလည်း လုပ်ပေးပါတယ်။ ဆရာရေးတဲ့ ကိုယ်ဝန်ဆောင်နဲ့ပတ်သက်တာရော မီးဖွားတာနဲ့ ပတ်သက် တာရော တော်တော်များများ ဖတ်ပြီးပါပြီ။ positive sign တော်တော်များများနဲ့တူပြီး negativeက တစ်ခုမှ မတူတဲ့အတွက် သမီးနဲ့ကလေး ကျန်းမာရေး ကောင်းနိုင်ပါတယ်နော်။ (မရိုမသေ) မေးခွန်းနောက် တစ်ခုမေးပါရစေ။ အခုတစ်လော ချွေးထွက်များလို့လားမသိဘူး ပေါင်ကြားတွေ ပွန်းပါတယ် ပေါင်ဒါသုံးတော့ ခဏသက်သာသွားပြီး ချေးနဲ့ အမာရွတ်လိုပုံစံတွေ ကျန်ခဲ့ပါတယ်။ သန့်ရှင်းရေးကတော့ အမြဲတမ်း လုပ်ပေမယ် အဲဒါတွေက ဒီအတိုင်း မည်းပြီးကျန်နေပါတယ်။ အဲဒါ ဘာလုပ်သင့်ပါသလဲ။ အဲဒီ အမာရွတ်လိုဟာတွေကြောင့် မွေးခန်းဝင်ရမှာတောင် ရှက်ပါတယ်။

ချွေးထွက်တာ၊ ကိုယ်အောက်ပိုင်းဝတာ နဲ့ ရာသီဥတုတွေကြောင့်ဖြစ်ပါမယ်။ ကိုယ်နဲ့သင့်တဲ့ ပေါင်ဒါသုံးပါ။ Calamine lotion လဲလိမ်းနိုင်တယ်။ အစိုပျံနေရင် ပိုးသေဆေး (အနာထည့်ဆေး) တခုခုလိမ်းနိုင်တယ်။ အမာရွတ်က ကြာလေ သက်သာလေ ဖြစ်ပါတယ်။ အရေပြားအပေါ်ယံမှာဖြစ်ရင် ပိုအပျောက်မြန်တယ်။ အတွင်းနက်လေ ကြာလေဖြစ်တယ်။ အမာရွတ်စာ ၂ ပုဒ်လဲရှိပါတယ်။

Fri, Sep 28, 2012 at 9:59 AM
သမီး အသက်၂၁ ပြည့်ပြီးပါပြီ။ သမီးချစ်သူနဲ့သမီးက 18.9.2012 က ပထမဆုံးအကြိမ် အတူတူနေမိပါတယ်ရှင့်။ နေပြီးပြီးချင်းပဲ Ecee2 ဆေးနှစ်လုံးကို နှစ်ရီခြားပြီးသောက်ခဲ့ပါတယ်။ 26.9.2012 ရာသီလာရက်မှာ ရာသီမလာဘဲဖြစ်နေပါတယ်။ ကိုယ်ဝန်ရှိမရှိကော ဘယ်လိုသိနိုင်ပါလဲရှင့်။ ကိုယ်တိုင်စစ်ကြည့်လို့ရမယ့်နည်း ရှိရင်ပြောပြပေးပါဦးရှင့်။ ရာသီလာမယ့်ရက် အမြဲနောက်ကျပါတယ်။

ဆေးသောက်နည်း နဲနဲတော့လွဲတယ်။ ကိုယ်ဝန်မရစေလာက်ဘူး ယူဆပါတယ်။
Emergency Contraception (1) အရေးပေါ်တားဆေးများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-1.html
Emergency Contraception (2) အရေးပေါ်တားဆေးများ (၂) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-2.html
Emergency Contraception (3) အရေးပေါ်တားဆေးများ (၃) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-contraception-3.html
Emergency Contraception (4) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၁) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-2.html
Emergency Contraception (5) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂) http://dts-medicaleducation-adult.blogspot.in/2012/03/emergency.html
Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-tests-1.html

ဆေးသောက်နည်းနဲနဲလွဲတယ်ဆိုတော့ စိုးရိမ်ရလားရှင့်။ အရမ်းစိတ်ပူနေလို့ပါ။ ကိုယ်ဝန်ရှိနေရင် ဘယ်လိုလုပ်ရမလဲရှင့်။ ကိုယ်ဝန်ရှိနေချိန်မှာ ဝက်ခြံတွေကော ပေါက်လားရှင့်။ ကိုယ်ဝန်ရှိလို့ မဖြစ်နိုင်တဲ့ အခြေနေမို့ပါ။

ကိုယ်ဝန်စစ်နည်းစာပို့ထားပါတယ်။ ဝက်ခြံက ထူးမပေါက်ပါ။ ကိုယ်ဝန်ရှိနေလို့ ဖျက်ချင်တာအတွက် ဆရာက အကြံမပေးနိုင်ပါ။ ဆေးစာတွေအနေနဲ့တော့ စုံအောင်ရေးထားလို့ သိချင်ရင် ဆရာ့ဆိုက်မှာ ရှာဖတ်နိုင်ပါတယ်။

Fri, Sep 28, 2012 at 2:06 PM
ကျွန်မ contraceptive patch Evra ကို ဒီလ (စက်တင်ဘာလ) ရာသီစလာတဲ့ ရက်ကနေစပြီး တွက်ရင် ၅ ရက်မြောက်နေ့မှာ ကပ်ခဲ့ပါတယ်။ ပထမနှစ်ခုကို တစ်နေရာထဲမှာဘဲ ကပ်ခဲ့ပြီး နောက်ဆုံး တစ်ခု ကို နေရာပြောင်း ကပ်ခဲ့ပါတယ်။ နောက်ဆုံး တတိယတစ်ခု မခွာရသေးခင် ကပ်ထားတဲ့ နေရာရဲ့ဘေးနားက ယားလို့ကုပ်လိုက်မိတာ အရေပြား နည်းနည်း ပွန်းသွားခဲ့ပါတယ်။ အနာဖြစ်တာလည်း မဟုတ်သလို ကပ်ခွာရဲ့ဘေးနားမှာဘဲ ဖြစ်တာကြောင့် ကကပ်ခွာကို နေရာမပြောင်းခဲ့ပါဘူး။ အဲဒါမှန်ပါသလား မှားသလား သိပါရစေရှင်။ Contraceptive patch ခွာပြီး ၄ ရက်မြောက်နေ့ဖြစ်တဲ့ မနေ့ကနေ့ခင်းလောက်က ရာသီလာချင်သလို နည်းနည်းဘဲ ကိုက်တာကို ခံစားရပြီး ကန်တော့ ကန်တော့နော် ဒေါက်တာ အရင်ကလို blood liquid မဟုတ်တဲ့ dark blood block တွေ ဆင်းပါတယ်။ ဒါပေမယ့် တော်တော်နည်းပါတယ်။ ကျွန်မ ညနေပိုင်းမှာ ခေါင်းလျှော်လိုက်မိပါတယ်။ ညအိပ်နေတုန်းက dark blood block တွေ နည်းနည်းလေး ထပ်ဆင်းပြီးတော့ ဒီမနက်မှာ ကျွန်မ ရာသီလာရင် ခံစားနေရတတ်တဲ့ ဘာဝေဒနာကိုမှ မခံစားရတော့ သလို အဲဒီ dark blood block တွေတောင် လုံးဝ ထပ်မဆင်းတော့ပါဘူးရှင်။ ခုရာသီလာတဲ့ ပုံစံမျိုးဟာ ဒေါက်တာဆေးစာထဲမှာ ရေးပေးထားသလို Contraceptive patch သုံးရင် ဖြစ်တတ်တဲ့ပုံမှန် အဆင်းနည်းတဲ့ ပုံစံမျိုး ဟုတ်ပါသလား။ ထပ်မလာတော့တာ ကျွန်မခေါင်းလျှော် မိလို့လား၊ တခြားကျွန်မ မသိတဲ့ စိုးရိမ်စရာကိစ္စမျိုးများ ရှိနိုင်ပါသလား။

ဟော်မုန်းပါတားဆေးတိုင်းကနေ ရာသီကို အပြောင်းအလဲဖြစ်စေနိုင်တယ်။ အရောင်က အထဲမှာ ရက်ကြာနေခဲ့လို့ ရင်တာဖြစ်ပါတယ်။ စိုးရိမ်စရာမရှိပါ။ ကပ်စေတဲ့ကော်ကြောင့် ယားနိုင်တယ်။ နေရာရွေ့ချင်လဲ ရပါတယ်။ ဆရာရေးထားတာလဲ ဖတါပြီးထင်ပါတယ်။
Contraceptive patch အရေပြား ကပ်ထားရတဲ့ တားဆေးကပ်ခွါ http://dts-medicaleducation-adult.blogspot.in/2012/07/contraceptive-patch.html

Sun, Sep 30, 2012 at 2:04 AM
သမီိးအသက် (၃၉) နှစ်ရှိပါပြီ။ သမီးမှာ (၆) နှစ် နှင့် (၃) လအရွယ် သား (၂) ယောက်ရှိပါသည်။ သားကြောဖြတ်ခြင်းရဲ့ အကောင်းအဆိုးကို သိချင်ပါသည်။

Tubal ligation အမျိုးသမီး သားသမီး မရတော့အောင် လုပ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/tubal-ligation.html

Sun, Sep 30, 2012 at 4:23 PM
ကျွန်တော့် ကောင်မလေးက မြန်မာပြည်မှာပါ။ ၂၃ နှစ်ပါ။ အခု တစ်ပါတ်အတွင်း ကန်တော့ပါ အဖြူဆင်းတာများနေလို့ပါ။ ဘာလုပ်သင့်တယ်၊ ဘာစားသင့်တယ်၊ ဘယ်လိုနေထိုင်သင့်တယ်ဆိုတာ လမ်းညွန်ပေးပါ။ တင်ထားတဲ့ ဘယ်လင့်မှာ ဖက်ရမလဲ။ အန္တရာယ်အရမ်းရှိပါသလား။ ညီမလေးက အိမ်မှာတစ်ယောက်ထဲ မိန်းမသားမရှိလို့ပါ။

Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း

Tue, Oct 2, 2012 at 10:34 AM
သမီးက အသက် ၂၉ နှစ် ရှိပါပြီ။ အိမ်ထောင်မရှိ အပျိုပါ။ ၃၂ နှစ်ထဲတွင် လက်ထက်ရန် ရည်ရွယ်ထားပါသည်။ လစဉ် ဓမ္မတာသွေးဆင်းရာတွင် ငယ်စဉ်ကထက် တဖြေးဖြေးနည်းလာပါသည်။ (ယခင် ၃ ရက် ရာသီသွေးဆင်းရာမှ ၂ရက်ခွဲ နောက် ၂ရက် ယခု ၁ရက်ခွဲလောက်သာ) နာက်ပိုင်း အိမ်ထောင်ပြု သားသမီးယူရာတွင် အခက်အခဲဖြစ်မည်လား ဖြစ်နိုင်ပါသလား။ ဆေးခန်းပြသင့်ပါသလား။ သိချင်ပါသည်။ အိမ်ထောင်ပြုရန် ရည်မှန်းထားသည်မှာလည်း နောက်ကျသည့်အတွက် သားသမီးမရမည်ကို စိုးရိမ်မိပါသည်။

ရာသီ နည်းတာတခုတည်းနဲ့တော့ မစိုးရိမ်ပါနဲ့။ ဆေးစစ်တာတော့ ကောင်းတယ်။ သားဖွါး-မီးယပ် အထူးကုကိုတိုင်ပင်ပါ။ Ultrasound ရိုက်ပါလိမ့်မယ်။ မျိုးဥအိမ်ကောင်းနေသင့်တယ်။ အိမ်ထောင်ကျရင်တော့ မျိုးဥထွက်-မထွက်လဲ သိသင့်တယ်။ ၃၂ နှစ်က နောက်ကျပြီလို့ မဆိုနိုင်ပါ။ အခုချိန်မှာ ပုံမှန်အားဆေး (သံဓါတ် နဲ့ ဗီတာမင် ဘီ) သောက်ပါ။ အစားအသောက် လုံလောက် မျှတပါစေ။ ကိုယ်အလေးချိန် ပုံမှန်ရှိပါစေ။ များတာမကောင်းလှပါ။

Tue, Oct 2, 2012 at 12:42 AM
လိင်ဆက်ဆံလို့ပြီးတဲ့အခါ ဘာကြောင့် မိန်းမကိုယ်စပ်ရပါသလဲ။ အန္တရာယ် ရှိနိုင်ပါသလား။ ကုသလို့ရနိုင်ပါသလား။ ကိုယ်ဝန်ရှိနေစဉ် လိင်ဆက်ဆံနိုင်ပါသလား။ မည်သည့်အချိန်ရှောင်ရမည်နည်း။ (ကိုယ်ဝန်မည်သည့်လမှစပြီး ကလေးမွေးပြီး မည်သည့်လထိ။)

စပ်တယ်ဆိုတာ နာတာ၊ ယားတာနဲ့ မတူပါ။ နာတာ၊ ယားတာကတော့ ပိုးဝင်တာရှိလို့ဖြစ်မယ်။ စပ်တာဟာ အက်စစ်ဓါတ်ကဲနေတာဖြစ်နိုင်တယ်။ စိုးရိမ်စရာမရှိပါ။ ရေပိုသောက်ပေးပါ။
• အသား၊ ငါး၊ အသဲ၊ ဥ၊ ပင်လယ်စာ၊ နှလုံး၊ ဝက်ပေါင်ခြောက်၊ အရက်၊ ဘီယာ၊ ဝိုင်၊ ပေါင်မုံ့၊ ကော်ဖီ၊ လက်ဘက်ရည်၊ အစေ့အဆံ၊ ပြောင်း-ပြောင်းဖူး၊ စပျစ်သီးခြောက်၊ ဘယ်ရီသီး၊ ချဉ်တဲ့ (ခရင်မ်)၊ ဒိန်ချဉ် (ရောဂတ်)၊ (ဘတ်တား-မစ်လ်ခ်)၊ တွေက အက်စစ်ဓါတ် များစေတယ်။ ယူရစ်-အက်စစ် များတယ်။
• Cranberry ဖျော်ရည်၊ ချယ်ရီဖျော်ရည်၊ ပန်းသီးဖျော်ရည် သောက်ပါ။ ရေ များများ သောက်ပါ။
• လိမ်မော်၊ သံပုရာ၊ ရှောက်၊ ကမ္ဗလာသီး၊ Lentils, Legumes, Asparagus, Cauliflower, Mushrooms, Spinach, Citrus fruits, Legumes, Bananas, Celery, Tomatoes, Key Lime, Citron, Wild Orange, Pomelo, Mandarin Orange, Trifoliate Orange, Round Lime တွေကို အသင့်အတင့် စားနိုင်တယ်။
နောင်မှာ (မဆိုကောင်းစကား) မေးစရာရှိရင် ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက အတိုင်းမေးပါ။

Sun, Sep 30, 2012 at 8:06 PM
Two days ago, I had sex with my girl friend and my girlfriend was so hurt. I could see blood. Means is that I could not put completely to her own. Please advice if I could not put inside and can get pregnant or not as my gf was so worry about it. If the situation was so dangerous, please advice the medicine to prevent for it. We already planned to married but waiting for the advice. My age 27 and her age 27.

I am not clear what you wrote. Did you mean she is having her menstruation on that day? If yes, she will not become pregnant.
Are sure of menstrual blood or hymen rupture? If it was from hymen she will feel pain.
Be advised to take precaution such contraceptive method. I cannot advise to cause abortion if she is pregnant. But you can read.
Wait for next menstrual period. If it is late test for pregnancy.

သွေးထွက်သည်မှာ သူ့အမြေးပါးပေါက်သွားသည်ဟု ကျွန်တော် ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် ရာသီမလာမီ ကြားကာလ ဖြစ်ပါသည်။ ကျွန်တော် သုက မထွက်သဖြင့် ကိုယ်ဝန်ရနိုင်စရာ အကြောင်းရှိပါသလား ခင်ဗျာ။

ရက်တွက်နည်းကိုဖတ်ပြီး မသေခြာရင် ဆီးစစ်ပါ။
Calendar method ပြက္ခဒိန်နည်း

ယမုန်နာဆေးခန်း - အမေးအဖြေ (၇၇) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top