1. ကိုယ်ဝန်ရှိရင် အလုပ်မှာ အဆင်မပြေဖြစ်လို့ပါ။
2. ကိုယ်ဝန် (4-5 ပတ်) မှာ သွေးဆေး၊ အရက်၊ အားကစား
3. အမျိုးသမီးများ ရင်သား ကြီးထွားလှပလာမှုတွက်
4. ဟိုအရင်က ကျမဆရာ့ကိုပြောဖူးတယ်။
5. ကိုယ်ဝန်တားဆေး Marvlon 28 ကို
6. သမီးက အသက် ၂၉ နှစ် ရှိပါပြီ။
7. ဘာကြောင့် မိန်းမကိုယ်စပ်ရပါသလဲ။
8. Two days ago, I had
9. ကျွန်တော့် ကောင်မလေးက မြန်မာပြည်မှာပါ။
Sat, Oct 6, 2012 at 6:11 AM
ကျွန်တော်တို့ လင်မယား (့) တွင် အလုပ်လုပ်နေပါသည်။ ကိုယ်ဝန်တားနည်များ ဆရာထံမှ တောင်းခံဘူးပါသည်။ အခု ကျွန်တော်တို့မှာ မသိတာတခုဖြစ်နေလို့ပါ ကျွန်တော် အမျိုးသမီးသည် ပီးခဲ့သည့်လ ၇-၉-၂ဝ၁၂ ရက်နေ့က ရာသီ စလာပီး ၁၁-၉-၂ဝ၁၂ ရက်နေ့ တွင် ရာသီလာခြင်းပီး သွားပါပီ ၁၂-၉-၂ဝ၁၂ ရက်နေ့မှစပီး ကိုယ်ဝန်တားဆေး (Marvelon 28) ကဒ်ကို စသောက်ခဲ့ပါသည်။ ကျွန်တော်တို့ ၁၄-၉-၂ဝ၁၂ ရက်နေ့မှာ ဆက်ဆံမှုတကြိမ် ဖစ်ခဲ့ပါသည်။ ထိုနောက် ၂၅-၉-၂ဝ၁၂ ရက်နေ့မှာ ဆက်ဆံခဲ့ပါသည်။ ၂၆-၉-၂ဝ၁၂ ရက်နေ့ မှာ ဆီးစစ်တံ ဖင့် စစ်ကြည့်ပါသည်။ မျဉ်တကြောင်းသာပေါ်ပီး အဖေမှာ ကိုယ်ဝန်မရှိ ဟုသိရပါသည်။ ၂-၁ဝ-၂ဝ၁၂ရက်နေ့မှာ ဆက်ဆံခဲ့ပါသည်။ ၆-၁ဝ-၂ဝ၁၂ ရက်နေ့ ရောက်ချိန်မှာ ရာသီလာရန်ရက် ဖစ်ပေမဲ့ ရာသီမလာဖစ်နေပါသည်။ ကိုယ်ဝန် ရှိနိုင် မရှိနိုင်ဆိုတာ ဘယ်လို သိနိုင်ပါသလဲ။ ဆီးစစ်တံဖင့် ထပ်စစ်ရန်လိုပါသလား။ ဆီးစစ်တံတွေကရော တိကျသေခာ သလားဆိုတာ သိခင်ပါသဖင့် ပန်လည်ဖေကြားပေးပါရန် တောင်ဆိုပါရစေ။ ကိုယ်ဝန်ရှိရင် အလုပ်မှာ အဆင်မပြေဖြစ်လို့ပါ။ သေခာသော အဖြေကို ဘယ်လိုရှာရမည်မသိဖြစ်နေလို့ပါ။
တားဆေးသောက်ပြီး ၅-၇ ရက်အတွင်း စိတ်မချရသေးပါ။ အဲလိုအခြေအနေမှာ ၅-၇ ရက်အတွင်း (ကွန်ဒွမ်) သုံးရတယ်။ အမှန်က ရာသီစဆင်းတဲ့နေ့မှာ ဆေးစသောက်သင့်တယ်။ ဆီးစစ်တာလဲ စောလွန်းနေခဲ့ တယ်။ အခုတော့ ပြန်စစ်ရလိမ့်မယ်။ ဆောရီး။ နောက်လတွေမှာ အခုပြောသလိုလုပ်ပါ။ ရာသီလာတဲ့နေ့ကစသောက်ရင် အကာကွယ်မလိုတော့ပါ။ ဆရာစာရေးတာက တဦးချင်အတွက်မဟုတ်လို့ ဖတ်ရတာ နဲနဲများသွားစေပြီး ခေါင်းရှုတ်နိုင်တယ်။ တဦးချင်းစီကိုလဲ (အွန်လိုင်း) ကနေ ဆေးကုသလို လုပ်မပေးနိုင်ဘူး။ ဆောရီး။ ကိုယ်ဝန်ရှိတာသိရင် ဘာလုပ်ဆိုတာလဲ ရေးထားပါသေးတယ်။
Fri, Oct 5, 2012 at 9:39 PM
ကိုယ်ဝန် (4-5ပတ်) မှာ သွေးဆေး၊ အရက်၊ အားကစားလုပ်ပေးခင်း (ပုံမုန်မလုပ်သူ) ဖင့် ကိုယ်ဝန်ပျက်ကျနိုင်စေတယ်လို့ သိရပါတယ်။ အဲလိုခဏခဏလုပ်ခင်းဖင့် ဆိုးကျိုးရှိနိုင်ပါသလား။
ကိုယ်ဝန်ကို အရက်၊ အားကစားလုပ်တာတွေနဲ့ ဖျက်လို့ ရ-မရ အသေအခြာမပြောနိုင်ပါ။ သွေးဆေးကလဲ မသေခြာလှပါ။ ကိုယ်ဝန်ဆိုတာ တည်ဘို့ခက်သလို ဖျက်ဘို့လဲ ခက်တတ်တယ်။ ခဏခဏ ဖျက်တာတော့ ဆေးရုံမှာလာလုပ်လဲ ဆိုးကျိုးတွေ တခါလုပ်တခါ ရှိလာနိုင်တယ်။ ကာကကံရှင်တွေမှာလဲ စိတ်မယ် ထိခိုက်မှုဆိုတာ မသိမသာဖြစ်စေရှိနေတော့မယ်။ ဖျက်နည်းအပေါ်မူတည်ပြီး နောင်တချိန်မှာ ကိုယ်ဝန်ရချင်တဲ့အခါအတွက် အခက်အခဲဖြစ်နိုင်တယ်။ တမင်တကာဖျက်တာဟာ တချို့နေရာဒေသတွေမှာ တရားဥပဒေ အရ အပြစ်ရှိပါတယ်။ လင်ခ် တွေပို့လိုက်ပါတယ် ရှာမရရင်ပြောပါ။
Abortion မလိုချင်တဲ့ ကိုယ်ဝန် http://dts-medicaleducation-adult.blogspot.in/2012/04/abortion.html
Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ http://dts-medicaleducation-adult.blogspot.in/2012/04/abortion-complications.html
Abortion Pills ဖျက်ဆေးတွေအကြောင်း http://dts-medicaleducation-adult.blogspot.in/2012/03/abortion-pills.html
Birth Control Methods How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-how-decide.html
Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-pill-types.html
Birth Control Pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု http://dts-medicaleducation-adult.blogspot.in/2012/05/birth-control-pills-faqs.html
Birth control pills for emergency contraception ပုံမှန်တားဆေးကို အရေးပေါ်အသုံးချနည်း http://dts-medicaleducation-adult.blogspot.in/2012/09/birth-control-pills-for-emergency.html
Birth Control Risk ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-risk.html
Contraception and Non-medical view ကိုယ်ဝန် တားနည်းတွေဟာ အပြစ်လွတ်ပါသလား http://dts-medicaleducation-adult.blogspot.in/2012/03/contraception-and-nonmedical-view.html
Contraceptive implant (1) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/contraceptive-implant-1.html
Contraceptive implant (2) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/contraceptive-implant-2.html
Contraceptive Injections ကိုယ်ဝန်တား ထိုးဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/contraceptive-injections.html
Contraceptive patch အရေပြား ကပ်ထားရတဲ့ တားဆေးကပ်ခွါ http://dts-medicaleducation-adult.blogspot.in/2012/07/contraceptive-patch.html
Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး http://dts-medicaleducation-adult.blogspot.in/2012/04/contraceptive-pills.html
Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/contraceptives-and-breastfeeding.html
Contraceptives for women with STI/HIV လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ HIV ရှိ အမျိုးသမီးတွေအတွက် ကိုယ်ဝန်တားနည်းများ http://dts-medicaleducation-adult.blogspot.in/2012/06/contraceptives-for-women-with-stihiv.html
Depo Provera သုံးလခံ ထိုးဆေး http://dts-medicaleducation-adult.blogspot.in/2012/04/depo-provera.html
Emergency Contraception (1) အရေးပေါ်တားဆေးများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-1.html
Emergency Contraception (2) အရေးပေါ်တားဆေးများ (၂) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-2.html
Emergency Contraception (3) အရေးပေါ်တားဆေးများ (၃) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-contraception-3.html
Emergency Contraception (4) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၁) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-2.html
Emergency Contraception (5) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂) http://dts-medicaleducation-adult.blogspot.in/2012/03/emergency.html
Vaginal rings သန္ဓေတား သားရေကွင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-rings.html
Wed, Oct 3, 2012 at 11:37 PM
ဖစ်နိုင်မယ်ဆိုရင် အမျိုးသမီးများ ရင်သား ကြီးထွားလှပလာမှုတွက် ဘေးဥပါဒ် ကင်းကင်း ဘယ်လို လုပ်ဆောင်သင့်တယ် ဆိုတာလေး အကြံပေးပေးပါရှင်။ ရင်သားကြီးထွားဖို့ အကျိုးသက်ရောက်မှုပေးနိုင်မယ့် အစားအစာ၊ အားကစား၊ လိမ်းဆေး (သို့) သောက်ဆေး (တစ်ကယ်ထိရောက်ပီး ဆေးပညာအရ ဘေးထွက်ဆိုးကျိုးမရှိစေသောဆေး) တစ်ခုခု ကို ညွှန်ကြားပသပေးပါရှင်။ ကျွန်မကိုယ်တိုင် နှင့်သူငယ်ချင်းများအတွက်ပါရှင်။ ကျွန်မတို့အသက်က ၂ဝ ကျော် ဝန်းကျင်တွေပါ။ အိမ်ထောင်မရှိကြသေးပါဘူး။ ချစ်သူတွေတော့ရှိကြပါတယ်။
ဆရာရေးထားပြီးသာတွေ ဖတ်ဖြစ်ပါသလား။ လိုက်နာနေတာကော ရှိပါသလား။ လိုသေးရင်မေးပါ။ ကြော်ညာကောင်းတိုင်း မယုံပါနဲ့။
• Breast Beauty ရင်သားအလှ http://dts-medicaleducation-adult.blogspot.in/2012/04/beauty-of-breast.html
• Breast Enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါ http://dts-medicaleducation-adult.blogspot.in/2012/03/breast-enlargement.html
ဆရာ့ (ဘလော့ခ်) မှာတော့ တင်လို့မကောင်းတာကို အခုရေးပါမယ်။ ရင်သားအရွယ်အစားဟာ မွေးရာပါနဲ့ မျိုးရိုးအပြင် ပယောဂအခြေအနေတွေကနေ သက်ရောက်တယ်။
Thu, Oct 4, 2012 at 2:05 PM
ဟိုအရင်က ကျမဆရာ့ကိုပြောဖူးတယ်။ ကျမအမျိုးသားရဲ့ အဂါင်္မှာဂေါ်လီထည့်ထားကြောင်း ပြောဖူးတယ်ဆရာ။ အဲဒါ ကျမအမျိုးသားက မထုတ်သေးဘူး။ ဂေါ်လီရဲ့ ဆိုးကျိုးတွေက ဘာတွေလဲဆရာ။ အလုပ်က သူငယ်ချင်းပြောတာတော့ နောင်ကျရင် ကလေးမရနိုင်လို့ ပြောတယ်။ အဲဒါအမှန်ပဲလား။ ပီးတော့ သူ့ ရဲ့ ဆိုးကျိုးအားလုံးကို ပြန်ဖြေပေးပါ။ ကျမ အမျိုးသားက ဆရာပြောမှထုတ်မယ်တဲ့။ နှစ်ယောက်လုံးရဲ့ ဆိုးကျိုးတွေပေါ့နော်ဆရာ။ ကျမဆရာ့စာကို မျော်နေမယ်။ အမျိုးသားကိုလဲ ပေးဖတ်ချင်တယ် သူများကိုလဲပြန်ပြောပြချင်တယ်။
ဆရာရေးတာလဲ ဖတ်ပြီးနေမယ်ထင်ပါတယ်။ ချုပ်ပြောရရင် ကာယကံရှင်အတွက် နဲ့ သူ့အဖေါ်မိန်းမအတွက် နှစ်ဖက်ကြည့်ရမယ်။ ထည့်ထားသူအတွက် သိပ်ကြာရင် အဆင်မပြေဖြစ်လာမှာ မပြောနိုင်ဘူး။ ဒီနေရာမျိုးမှာ နဲနဲလေးမှ အဆင်မပြေဖြစ်တာ မကောင်းဘူး။ အစားထိုးလို့မရဘူး။ သူ့မိန်းကလေးက အတူနေချိန်မှာ တခုခုခံစားရရင် မသင့်ပါ။ ရုပ်ပိုင်းကို သည်းခံနိုင်ပေမဲ့ စိတ်မှာ ထင့်နေရင်လဲ မကောင်းပါ။ တိုင်ပင်ပြီးချင့်ချိန်ဆုံးဖြတ်သင့်ကြပါတယ်။
Thu, Oct 4, 2012 at 3:05 PM
ကိုယ်ဝန်တားဆေး Marvlon 28 ကို လိင်မဆက်ဆံခင် ၁ နာရီလောက် အလိုကနေစသောက်တာ ကိုယ်ဝန်ရနိုင်ပါသလား။
ဒီလောက်နဲ့ မပြောနိုင်ပါ။ မိန်းကလေးရဲ့ ရာသီရက် တိတိကျကျသိရမယ်။ ဒီဆေးက ပုံမှာ တလမှာ ၂၈ ရက် သောက်ရတာ ဖြစ်ပြီး အရေးပေါ်တားဆေး မဟုတ်ပါ။ ရာသီစဆင်းတဲ့နေ့ကနေ စသောက်ထားမှ၊ နေ့တိုင်းမပျက်မကွက်သောက်မှ အဲဒီတလတွက် တားနိုင်တယ်။
Tue, Oct 2, 2012 at 10:34 AM
သမီးက အသက် ၂၉ နှစ် ရှိပါပြီ။ အိမ်ထောင်မရှိ အပျိုပါ။ ၃၂ နှစ်ထဲတွင် လက်ထက်ရန် ရည်ရွယ်ထားပါသည်။ လစဉ် ဓမ္မတာသွေးဆင်းရာတွင် ငယ်စဉ်ကထက် တဖြေးဖြေးနည်းလာပါသည်။ (ယခင် ၃ရက်ရာသီသွေးဆင်းရာမှ ၂ရက်ခွဲ နောက် ၂ရက် ယခု ၁ရက်ခွဲလောက်သာ) နာက်ပိုင်း အိမ်ထောင်ပြု သားသမီးယူရာတွင် အခက်အခဲဖြစ်မည်လား ဖြစ်နိုင်ပါသလား။ ဆေးခန်းပြသင့်ပါသလား။ သိချင်ပါသည်။ အိမ်ထောင်ပြုရန် ရည်မှန်းထားသည်မှာလည်း နောက်ကျသည့်အတွက် သားသမီးမရမည်ကို စိုးရိမ်မိပါသည်။
ရာသီ နည်းတာတခုတည်းနဲ့တော့ မစိုးရိမ်ပါနဲ့။ ဆေးစစ်တာတော့ ကောင်းတယ်။ သားဖွါး-မီးယပ် အထူးကုကိုတိုင်ပင်ပါ။ Ultrasound ရိုက်ပါလိမ့်မယ်။ မျိုးဥအိမ်ကောင်းနေသင့်တယ်။ အိမ်ထောင်ကျရင်တော့ မျိုးဥထွက်-မထွက်လဲ သိသင့်တယ်။
၃၂ နှစ်က နောက်ကျပြီလို့ မဆိုနိုင်ပါ။ အခုချိန်မှာ ပုံမှန်အားဆေး (သံဓါတ် နဲ့ ဗီတာမင် ဘီ) သောက်ပါ။ အစားအသောက် လုံလောက် မျှတပါစေ။ ကိုယ်အလေးချိန် ပုံမှန်ရှိပါစေ။ များတာမကောင်းလှပါ။
Tue, Oct 2, 2012 at 12:42 AM
လိင်ဆက်ဆံလို့ပီးတဲ့အခါ ဘာကြောင့် မိန်းမကိုယ်စပ်ရပါသလဲ။ အန္တရာယ် ရှိနိုင်ပါသလား။ ကုသလို့ရနိုင်ပါသလား။ ကိုယ်ဝန်ရှိနေစဉ် လိင်ဆက်ဆံနိုင်ပါသလား။ မည်သည့်အချိန်ရှောင်ရမည်နည်း။ (ကိုယ်ဝန်မည်သည့်လမှစပီး ကလေးမွေးပီး မည်သည့်လထိ။)
စပ်တယ်ဆိုတာ နာတာ၊ ယားတာနဲ့ မတူပါ။ နာတာ၊ ယားတာကတော့ ပိုးဝင်တာရှိလို့ဖြစ်မယ်။ စပ်တာဟာ အက်စစ်ဓါတ်ကဲနေတာဖြစ်နိုင်တယ်။ စိုးရိမ်စရာမရှိပါ။ ရေပိုသောက်ပေးပါ။
• အသား၊ ငါး၊ အသဲ၊ ဥ၊ ပင်လယ်စာ၊ နှလုံး၊ ဝက်ပေါင်ခြောက်၊ အရက်၊ ဘီယာ၊ ဝိုင်၊ ပေါင်မုံ့၊ ကော်ဖီ၊ လက်ဘက်ရည်၊ အစေ့အဆံ၊ ပြောင်း-ပြောင်းဖူး၊ စပျစ်သီးခြောက်၊ ဘယ်ရီသီး၊ ချဉ်တဲ့ (ခရင်မ်)၊ ဒိန်ချဉ် (ရောဂတ်)၊ (ဘတ်တား-မစ်လ်ခ်)၊ တွေက အက်စစ်ဓါတ် များစေတယ်။ ယူရစ်-အက်စစ် များတယ်။
• Cranberry ဖျော်ရည်၊ ချယ်ရီဖျော်ရည်၊ ပန်းသီးဖျော်ရည် သောက်ပါ။ ရေ များများ သောက်ပါ။
• လိမ်မော်၊ သံပုရာ၊ ရှောက်၊ ကမ္ဗလာသီး၊ Lentils, Legumes, Asparagus, Cauliflower, Mushrooms, Spinach, Citrus fruits, Legumes, Bananas, Celery, Tomatoes, Key Lime, Citron, Wild Orange, Pomelo, Mandarin Orange, Trifoliate Orange, Round Lime တွေကို အသင့်အတင့် စားနိုင်တယ်။
နောင်မှာ (မဆိုကောင်းစကား) မေးစရာရှိရင် ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက အတိုင်းမေးပါ။
အိမ်ထောင်သက်ကတော့ တစ်နှစ်လောက်ရှိပါပြီ။ စကတည်းက အဲ့လိုဖြစ်တာပါ။ များသောအားဖြင့်အဆင်ပြေစွာ ပြီးဆုံးပေမဲ့ တစ်ခါတစ်ခါမှာ အဲ့ဒီလိုဝေဒနာခံစားရပါတယ်။ အဝနေရာက ပဲနာတာစပ်တာ ခံစားရပါတယ်။ အဆုံးပိုင်းတွေမှာ ဖြစ်ပါတယ်။ဒါပေမဲ့ နာတာမသက်သာသေးခင် ထပ်မံဆက်ဆံတဲ့ အခါစစချင်းကတည်းက နာပြီး လုံးဝအဆင်မပြေတော့ပါဘူး။
အဖြူကတော့ပုံမှန်ဆင်းပါတယ် ထူးခြားတာမရှိပါ။ စိတ်သိပ်မပါတဲ့အခါတွေမှာ ခံစားရတယ်လို့ ထင်မိပါတယ်။ ဆိုင်မဆိုင်တော့ မသိပါ။ ဆရာပြောသလိုဆို ph ပါတဲ့သန့် စင်ဆေးရည်တွေကြောင့်လို့ ထင်မိပါတယ်။ အဲ့ဒါကြောင့်ခု ရိုးရိုးဆပ်ပြာနဲ့ ရေကိုသာ သုံးနေပါတယ်
ခုထိသိသမျှကနေပြောရရင် ရောဂါရယ်လို့ မတွေ့သေးပါ။ ကလေးရှိ-မရှိ၊ ကိုယ်ဝန်တားဆေး၊ တာနည်း ဘာသုံးလဲ မသိသေးပါ။
စပ်နေချိန်မှာ ထုံဆေးသုံးချင်သုံးနိုင်တယ်။ Xylocaine spray or jelly ဖြန်း၊ လိမ်းနိုင်ပါတယ်။ ပြီးချိန်မှာနာနေသေးရင်တော့ Painkiller (Paracetamol, Ibuprofen) တခုခုသောက်ပါ။
နောက်ထပ်ဆေးညွှန်းမလိုဘဲ နားလည်မှုယူတာနဲ့ သိကသာမယ်လို့ ယူဆပါတယ်။
Sun, Sep 30, 2012 at 8:06 PM
Two days ago, I had sex with my girl friend and my girlfriend was so hurt. I could see blood. Means is that I could not put completely to her own. Please advice if I could not put inside and can get pregnant or not as my gf was so worry about it. If the situation was so dangerous, please advice the medicine to prevent for it. We already planned to married but waiting for the advice. My age 27 and her age 27.
I am not clear what you wrote. Did you mean she is having her menstruation on that day? If yes, she will not become pregnant.
Are sure of menstrual blood or hymen rupture? If it was from hymen she will feel pain.
Be advised to take precaution such contraceptive method. I cannot advise to cause abortion if she is pregnant. But you can read.
Wait for next menstrual period. If it is late test for pregnancy.
သွေးထွက်သည်မှာ သူ့အမြေးပါးပေါက်သွားသည်ဟု ကျွန်တော် ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် ရာသီမလာမီ ကြားကာလ ဖြစ်ပါသည်။ ကျွန်တော် သုတ်က မထွက်သဖြင့် ကိုယ်ဝန်ရနိုင်စရာ အကြောင်းရှိပါသလား ခင်ဗျာ။
ရက်တွက်နည်းကိုဖတ်ပြီး မသေခြာရင် ဆီးစစ်ပါ။
Calendar method ပြက္ခဒိန်နည်း
Sun, Sep 30, 2012 at 4:23 PM
ကျွန်တော့် ကောင်မလေးက မြန်မာပြည်မှာပါ။ ၂၃ နှစ်ပါ။ အခု တစ်ပါတ်အတွင်း ကန်တော့ပါ အဖြူဆင်းတာများနေလို့ပါ။ ဘာလုပ်သင့်တယ်၊ ဘာစားသင့်တယ်၊ ဘယ်လိုနေထိုင်သင့်တယ်ဆိုတာ လမ်းညွန်ပေးပါ။ တင်ထားတဲ့ ဘယ်လင့်မှာ ဖက်ရမလဲ။ အန္တရာယ်အရမ်းရှိပါသလား။ ညီမလေးက အိမ်မှာတစ်ယောက်ထဲ မိန်းမသားမရှိလို့ပါ။
Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
ယမုန်နာဆေးခန်း - yamunaclinic.org/index.php?option=com_content&view=artile&id=4001:-q-and-a-over-18-readings-78&catid=34:adult-readings&Itemid=49




