16
Oct

အမေးအဖြေ (၇၉) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. အဲဒီအရည်က ယားယံပါတယ်
2. ယောင်္ကျားအင်္ဂါရှည်တဲ့နည်း
3. အမျိုးသမီးက ကိုယ်ဝန်ကို ၂ ခါ ဖျက်ချဖူးပါတယ်။
4. OK တားဆေးက စိတ်ချရပါသလားဆရာ။
5. ပေါင်ခြံနဲ့ဆီးခုံမှာ ပွေးတွေပေါက်ပါတယ်။
6. ကျွန်တော် ရဲ CD4 က ၂ဝဝ လောက်ဘဲ ရိုတော့တယ်။
7. သုတ်လွှတ် မမြန်အောင် ဘယ်လိုပြုလုပ်သင့်လဲဆိုတာကို
8. ကျွန်တော်တို့ လင်မယား (့) တွင် အလုပ်လုပ်နေပါသည်။
9. သမီးနာမည် (့) ပါ။ ရန်ကုန်ကပါပဲ။
10. အင်္ဂါတစ်ဖတ်စောင်းနေပါတယ်။

Mon, Oct 8, 2012 at 5:28 PM
သမီးမေးစရာလေးရှိလို့ပါ။ ရာသီမလာခင်နှင့် ရာသီလာပြီးချိန်တွေမှာ ပြည်လိုမျိုးအဖြူတွေဆင်းပြီး အဲဒီအရည်က ယားယံပါတယ် အဲဒါ ဘာဖြစ်တာပါလဲရှင့် ဘယ်လိုကုသမှုမျိုးခံယူသင့်ပါ သလဲရှင့် ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါ။

Mon, Oct 8, 2012 at 7:19 PM
ကျွန်တော် ယောင်္ကျားအင်္ဂါရှည်တဲ့နည်း သိချင်ပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိတဲ့နည်းပါ။ လွယ်လွယ်ကူကူနဲ့ အဆင်ပြေမည့်နည်းလမ်းလေး လိုချင်ပါတယ်ဆရာ။

Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း (၁) General ယေဘုယျ http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-1.html
Penis enlargement (2) ကျားအင်္ဂါ ကြီးစေခြင်း (၂) Injection ဆေးထိုးနည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-2.html
Penis enlargement (3) ကျားအင်္ဂါ ကြီးစေခြင်း (၃) Andropenis နည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-3.html
Penis enlargement (4) ကျားအင်္ဂါ ကြီးစေခြင်း (၄) Analysis သုံးသပ်ချက် http://dts-medicaleducation-adult.blogspot.in/2012/05/penis-enlargement-4.html
Penis enlargement (5) ကျားအင်္ဂါ ကြီးစေခြင်း (၅) Pump and others လေစုပ်ကရိယာ http://dts-medicaleducation-adult.blogspot.in/2012/04/penis-pump.html
Penis enlargement (6) ကျားအင်္ဂါ ကြီးစေခြင်း (၆) Complications ဆိုးကျိုးတွေ http://dts-medicaleducation-adult.blogspot.in/2012/08/penis-enlargement-5-complications.html

Mon, Oct 8, 2012 at 7:06 PM
ကျွန်တော့် အမျိုးသမီးက ကိုယ်ဝန်ကို ၂ ခါ ဖျက်ချဖူးပါတယ်။ အဲဒါ ကလေးရဖို့လွယ်ပါ့မလားဟင်။ အခုတော့ OK တားဆေး သောက်တာ ၃ လတော့ရှိနေပါပြီ။

ကိုယ်ဝန်တခါရဘူးမှတော့ နောက်ထပ်ရဘို့လမ်း အတော်များဘူးပါတယ်။ အမျိုးသမီးဘက်ကရော ခင်ပွန်းဘက်ပါ ချို့ယွင်းချက်မရှိတာရဲ့ သက်သေဖြစ်တယ်။ ဒီနောက်ပိုင်းမှာ အမျိုးသမီးမှာ သားအိမ်ပြွန် ကျဉ်းတာကိုဖြစ်စေမဲ့ မျိုးလမ်းပိုးဝင်ခြင်း ခဏခဏမဖြစ်ရင် နောက်လဲ ကိုယ်ဝန်ရပါမယ်။ ကိုယ်ဝန်ဖျက်နည်းတော့ မသိရပါ။ နောက်ဆက်တွဲဖြစ်စရာတွေ ရှိနိုင်ပါတယ်။

Mon, Oct 8, 2012 at 7:16 PM
OK တားဆေးက စိတ်ချရပါသလားဆရာ။ ဆေးတော့တစ်ရက်မှမပျက်ဖူးပါဘူး။ အဲဒီ့ဆေးကိုဆွဲသောက်နေချိန် ရာသီလားပြီးခါစ အတူဆက်ဆံရင် ကလေးရနိုင်ပါသလားသိချင်လို့ပါဆရာ။

OK တားဆေးထဲမှာ ဘာပါလဲ မသိပါ။ တားဆေးမှန်သမျှ တားနိုင်စွမ်း % များပါတယ်။ အတိအကျသိချင်ရင် ဖတ်ပါ။
Birth Control Methods How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-how-decide.html
Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-pill-types.html
Birth Control Pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု http://dts-medicaleducation-adult.blogspot.in/2012/05/birth-control-pills-faqs.html
Birth control pills for emergency contraception ပုံမှန်တားဆေးကို အရေးပေါ်အသုံးချနည်း http://dts-medicaleducation-adult.blogspot.in/2012/09/birth-control-pills-for-emergency.html
Birth Control Risk ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-risk.html
Contraception and Fertility တားဆေး-တားနည်း ဖြတ်ပြီးသည့်နောက် http://dts-medicaleducation-adult.blogspot.in/2012/03/contraception-and-fertility.html
Contraception and Non-medical view ကိုယ်ဝန် တားနည်းတွေဟာ အပြစ်လွတ်ပါသလား http://dts-medicaleducation-adult.blogspot.in/2012/03/contraception-and-nonmedical-view.html
Contraceptive implant (1) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/contraceptive-implant-1.html
Contraceptive implant (2) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/contraceptive-implant-2.html
Contraceptive Injections ကိုယ်ဝန်တား ထိုးဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/contraceptive-injections.html
Contraceptive patch အရေပြား ကပ်ထားရတဲ့ တားဆေးကပ်ခွါ http://dts-medicaleducation-adult.blogspot.in/2012/07/contraceptive-patch.html
Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး http://dts-medicaleducation-adult.blogspot.in/2012/04/contraceptive-pills.html
Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/contraceptives-and-breastfeeding.html
Contraceptives for women with STI/HIV လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ HIV ရှိ အမျိုးသမီးတွေအတွက် ကိုယ်ဝန်တားနည်းများ http://dts-medicaleducation-adult.blogspot.in/2012/06/contraceptives-for-women-with-stihiv.html

Sat, Oct 6, 2012 at 11:16 PM
ကျွန်တော့် အသက်ကအခု ၂၈ ပါ။ ၁၅ နှစ်သားလောက်က ပေါင်ခြံနဲ့ဆီးခုံမှာ ပွေးတွေပေါက်ပါတယ်။ အစကရှက်ပြီး လူကြီးတွေကို မပြောပါဘူး။ အရေပြားဆရာဝန်ဆီ သွားပြပါတယ်။ ပျောက်သွားပေမဲ့ အရေပြားအရောင်ဟာ မည်းပြီးကျန်ခဲ့တယ်။ ပြီးတော့ အရောင်ပြောင်းတဲ့ အမည်းကွက်ဟာ တော်တော်လေးကြီးပါတယ် နှစ်ဘက်လုံးမှာပါ။ ဆီးခုံက အရောင်ကတော့ အမွေးတွေဖုံးနေလို့ မသိသာပါဘူး။ ပိုဆိုးတာာက အဲဒီအရောင်ပြောင်းတဲ့ပေါ်မှ အကြောပျက်ရာတွေကမြင်မကောင်းအောင်ကိုဖြစ်သွားတာပါ။ အရမ်းကိုစိတ်ဆင်းရဲရပါတယ်။ အခု ပေါင်ခြံဟာ မသန့်ရှင်းသလိုပါဘဲ။ သန့်ရှင်းရေး အားနည်းသွားရင် ပေါင်ခြံမှာ ဂျွတ်လိုလို ဖြစ်လာပြီး အောက်ခံဘောင်းဘီလိုင်းနဲ့ ထိတဲ့နေရာတွေက ယားပါတယ်။ အဲဒီအရောင်ပြောင်းတာကြီးကို မူလဘေးက အသားရောင်နဲ့ တပြေးညီ ပြန်ညီချင်ပါတယ်။ အကြောပျက်ရာတွေလည်း သက်သာချင်ပါတယ်။

အရောင်ပြောင်းဘို့အရင် မှို (ဖန်းဂတ်စ်) ကိုရှင်းအောင်လုပ်ရပါမယ်။ အောက်ကဆေးနည်းတွေထဲက လက်လှမ်းမီတာတွေ လုပ်ပါ။ အနာဖြစ်ပြီးနောက် အရောင်ပြောင်းတာက ကြာလေလေ ပြန်ပြီး နဂိုအရောင်ရောက်လေဖြစ်တယ်။ တခါတလေ ကျန်နေတယ်။ ပိုးမရှိရင် သက်သာတာမြန်တယ်။ စိတ်မချရတဲ့ ဆေးနည်းတွေ မလုပ်သင့်ပါ။ ဆရာ့ဆိုက်ထဲမှာ ခေါင်းစဉ်ရှာပြီးဖတ်နိုင်ပါသေးတယ်။ Fungal jock itch ယောက်ျား ကပ်ပယ်အိတ်-မှိုရောဂါ ကုသနည်းများ

Sat, Oct 6, 2012 at 11:38 AM
ကျွန်တော် ရဲ CD4 က ၂ဝဝ လောက်ဘဲ ရိုတော့တယ်။ ပြည်ပခရီးကလဲ ထွက်နေရတော့ ART ဆေး ရနိုင်မဲ့နေရာ သိချင်ပါတယ်။ ပြည်တွင်းဆိုရင်ရော ဘယ်မှာရနိုင်မလဲ သိချင်ပါတယ်။

• HIV/AIDS နဲ့ပတ်သက်ပြီး စုံစမ်းနိုင်သော လိပ်စာများနှင့် ဖုန်းနံပါတ်များ http://dts-medicaleducation.blogspot.com/2011/12/hivaids.html

Sat, Oct 6, 2012 at 9:09 AM
ကျွန်မ အခုအဖြူဆင်းလို့ပါ။ ၂ဝ၁ဝ ကကလေးပျက်ကျဖူးပါတယ်။ အိုဂျီနဲ့ သားအိမ်ခေါင်းကာကွယ်ဆေး ထိုးခဲ့ပါတယ်။ အခု (့) မှာပါ။ ခုဝါချွဲချွဲအဖြူ ပြန်ဆင်းလာလို့ပါ။ တစ်ခါတစ်လေ ယားပါတယ်။ ရာသီလာရင်လဲအနီကချွဲချွဲကြီးဖြစ်နေတယ်။ ကလေးမရတော့မှာ စိုးပါတယ်။ အရင်ကသားအိမ်မခြစ်ပါဘူး။ တခါတလေ ဗိုက်ဘေးတစ်ဖက်တစ်ချက်က တင်းပြီး အောင့်ပါတယ်။ အသက်၂၈ နှစ်ပါ။

Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း

Sat, Oct 6, 2012 at 9:07 AM
သုတ်လွှတ် မမြန်အောင် ဘယ်လိုပြုလုပ်သင့်လဲဆိုတာကို ပြောပြပေးလို့ရမလား

Early ejaculation (1) သုက်လွှတ်စောခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/early-ejaculation-1.html
Early ejaculation (2) သုက်လွှတ်စောခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/early-ejaculation-2_09.html
Early ejaculation (3) သုက်လွှတ်စောခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/03/early-ejaculation-3.html

Sat, Oct 6, 2012 at 6:11 AM
ကျွန်တော်တို့ လင်မယား (့) တွင် အလုပ်လုပ်နေပါသည်။ ကိုယ်ဝန်တားနည်များ ဆရာထံမှ တောင်းခံဘူးပါသည်။ အခု ကျွန်တော်တို့မှာ မသိတာတခုဖြစ်နေလို့ပါ ကျွန်တော် အမျိုးသမီးသည် ပြီးခဲ့သည့်လ ၇-၉-၂ဝ၁၂ ရက်နေ့က ရာသီ စလာပြီး ၁၁-၉-၂ဝ၁၂ ရက်နေ့ တွင် ရာသီလာခြင်းပြီး သွားပါပြီ ၁၂-၉-၂ဝ၁၂ ရက်နေ့မှစပြီး ကိုယ်ဝန်တားဆေး (Marvelon 28) ကဒ်ကို စသောက်ခဲ့ပါသည်။ ကျွန်တော်တို့ ၁၄-၉-၂ဝ၁၂ ရက်နေ့မှာ ဆက်ဆံမှုတကြိမ် ဖြစ်ခဲ့ပါသည်။ ထိုနောက် ၂၅-၉-၂ဝ၁၂ ရက်နေ့မှာ ဆက်ဆံခဲ့ပါသည်။ ၂၆-၉-၂ဝ၁၂ ရက်နေ့ မှာ ဆီးစစ်တံ ဖြင့် စစ်ကြည့်ပါသည်။ မျဉ်တကြောင်းသာပေါ်ပြီး အဖြေမှာ ကိုယ်ဝန်မရှိ ဟုသိရပါသည်။ ၂-၁ဝ-၂ဝ၁၂ရက်နေ့မှာ ဆက်ဆံခဲ့ပါသည်။ ၆-၁ဝ-၂ဝ၁၂ ရက်နေ့ ရောက်ချိန်မှာ ရာသီလာရန်ရက် ဖြစ်ပေမဲ့ ရာသီမလာဖြစ်နေပါသည်။ ကိုယ်ဝန် ရှိနိုင် မရှိနိုင်ဆိုတာ ဘယ်လို သိနိုင်ပါသလဲ။ ဆီးစစ်တံဖြင့် ထပ်စစ်ရန်လိုပါသလား။ ဆီးစစ်တံတွေကရော တိကျသေခြာ သလားဆိုတာ သိခြင်ပါသဖြင့် ပြန်လည်ဖြေကြားပေးပါရန် တောင်ဆိုပါရစေ။ ကိုယ်ဝန်ရှိရင် အလုပ်မှာ အဆင်မပြေဖြစ်လို့ပါ။ သေခြာသော အဖြေကို ဘယ်လိုရှာရမည်မသိဖြစ်နေလို့ပါ။

တားဆေးသောက်ပြီး ၅-၇ ရက်အတွင်း စိတ်မချရသေးပါ။ အဲလိုအခြေအနေမှာ ၅-၇ ရက်အတွင်း (ကွန်ဒွမ်) သုံးရတယ်။ အမှန်က ရာသီစဆင်းတဲ့နေ့မှာ ဆေးစသောက်သင့်တယ်။ ဆီးစစ်တာလဲ စောလွန်းနေခဲ့တယ်။ အခုတော့ ပြန်စစ်ရလိမ့်မယ်။ ဆောရီး။ နောက်လတွေမှာ အခုပြောသလိုလုပ်ပါ။ ရာသီလာတဲ့နေ့ကစသောက်ရင် အကာကွယ်မလိုတော့ပါ။ ဆရာစာရေးတာက တဦးချင်အတွက်မဟုတ်လို့ ဖတ်ရတာ နဲနဲများ သွားစေပြီး ခေါင်းရှုတ်နိုင်တယ်။ တဦးချင်းစီကိုလဲ (အွန်လိုင်း) ကနေ ဆေးကုသလို လုပ်မပေးနိုင်ဘူး။ ဆောရီး။ ကိုယ်ဝန်ရှိတာသိရင် ဘာလုပ်ဆိုတာလဲ ရေးထားပါသေးတယ်။

Sat, Oct 6, 2012 at 6:37 PM
သမီးနာမည် (့) ပါ။ ရန်ကုန်ကပါပဲ။ ဆရာ့ဆီမှာတစ်ခေါက်မေးဖူးပါတယ်။ ဒီတစ်ခေါက်သမီးသိချင်တာက သုံးလခံထိုးဆေး နဲ့ ခြောက်လခံထိုးဆေး ဆိုပြီးရှိတယ်လို့ကြားသိရပါတယ်။ အဲဒီဆေးတွေရဲ့ ကောင်းကျိုး ဆိုးကျိုးလေးတွေသိချင်ပါတယ်။ ဥပမာ သုံးလခံဆေးထိုးထားရင် သုံးလအတွင်း အကာအကွယ်မပါပဲ လိင်ဆက်ဆံတဲ့အခါ ကိုယ်ဝန်ရသွားနိုင်ပါသလား။ ကိုယ်ဝန်ပြန်လိုချင်တဲ့အခါကျရင်ရော အဲဒီဆေးထိုးမိထားတဲ့ အတွက် ခက်ခဲနိုင်ပါသလား။ သုံးလပြည့်ပြီး ဘယ်လောက်ကြာမှ ကိုယ်ဝန် ပြန်ရနိုင်ပါသလဲ။ အဲဒီဆေးထိုးထားစဉ်ကာလပတ်လုံး ဘာတွေရှောင်ရှားသင့်ပါသလဲ။ အဲဒီဆေးထိုးထားရင် ဝ တယ်လို့လဲကြားဖူးပါတယ် အဲဒါအပြင် တစ်ခြားဆိုးကျိုးလေးတွေလဲ သိချင်ပါတယ်။ နောက်တစ်ခုက အဲဒီဆေးကိုထိုးချင်တယ်ဆိုရင် ဘယ်မှာထိုးလို့ရပါသလဲ။ OG တွေနဲ့ပဲပြပြီးထိုးရမှာလား ဆရာ။ ထိုးမယ်ဆိုရင် ဘယ်လိုပြောပြီး ထိုးလို့ရပါ သလဲ။ ထိုးမယ်ဆိုရင်ရော ဘာတွေကြိုတင်ပြင်ဆင်ထားရပါသလဲ။ နောက်ဆုံးတစ်ခုကတော့ ဆရာဝန်တွေဆီမှာ ထိုးတဲ့အခါ လက်မထပ်ရသေးတဲ့ ဇနီးမောင်နှံတွေကိုရော ထိုးပေးပါသလား။

Depo Provera သုံးလခံ ထိုးဆေး http://dts-medicaleducation-adult.blogspot.in/2012/04/depo-provera.html

Sun, Oct 7, 2012 at 12:27 PM
ကျွန်တော်ငယ်ငယ်က ဆေးရုံဆေးခန်း မသွားဘူးပါဘူးဗျ ဟုတ်တယ်ဗျ၊ အင်္ဂါတစ်ဖတ်စောင်းနေပါတယ်။ မခွဲပဲနဲ့ ဆေးသောက်လို့ရော ရပါသလား။ သုတ်ပိုးလေးတွေ ကျန်းမာဖို့အတွက် ဘယ်လိုနေထိုင်သင့်သလဲ။

"အင်္ဂါတဖက်စောင်းနေနိုင်တယ်။ ဘာမှ စိုးရိမ်စရာ မရှိပါ။ သူ့အလုပ် ၂ မျိုးလုံးကို လုပ်ဆောင်နိုင်ပါတယ်။" လို့ ဖြေထားပြီးဖြစ်ပါတယ်။ ခွဲစရာမလိုပါ။ အထက်ဆီ ကောက်နေတာ ကတော့ ရောဂါဖြစ်နိုင်တယ်။ ရေး ထားပါတယ်။ ပုံမှန်ယောက်ျားတိုင်း သုက်ပိုးကောင်းဘို့ ဘာမှ လုပ်စရာမလိုပါ။ သုက်ပိုးစစ်လို့ လိုမှသာ ဆေးကုရတယ်။ မေးတဲ့သူ အီးမေးလ်မှာ "ဝေးရောက်နေလည်းသတိရပါစေချစ်သူ အမြဲတမ်းပြန်ဆုံ ပါရစေ" ဆိုတာအမြဲပါနေတယ်။ ကျန်းမာရေးအတွက် မေးတာလို့ မထင်စေဘူး။ ဆရာ့အတွက် ဆိုရှယ်ရေးတာ မျိုးဆိုရင် ကျော်ပြစ်တယ်။ အချိန် သိပ်မပေးနိုင်လို့ပါ။ နှစ်ခါပြန်စစ်နေရတယ်ဗျာ။ တချို့ ကလဲ အော်တို မေးပြန်တာ လုပ်ထားသေးတော့ နောက်မေးခွန်းလာတယ်ထင်ရပြန်တယ်။ သူငယ်ချင်းချင်းတွေတော့ အဆင်ပြေကြမှာပေါ့။ ဆရာ့အတွက်တော့ အချိန် ၂ ဆကုန်ရတယ်။

ယမုန်နာ ဆေးခန်း - အမေးအဖြေ (၇၉) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top