16
Oct

အမေးအဖြေ (၈၀) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. အမျိုးသမီးမှာ ကိုယ်ဝန် ၃ လ ရှိပါပြီ။
2. အသက် ၃၁ နှစ်၊ မိန်းကလေး၊ အိမ်ထောင်မရှိပါ။
3. သမီးရဲ့အဒေါ် (အသက် ၄ဝ ဝန်းကျင်။ ယောက်ျားရှိ။)
4. အိမ်ထောင်သည်တစ်ယောက်ပါ
5. ကျွန်တော့် ကောင်မလေး ဖြစ်နေတာပါ။
6. သမီးကံဆိုးစွာနဲ့ သုံးလနဲ့ကိုယ်ဝန်ပျက်ကျလို့
7. ကျွန်တော်က အိမ်ထောင်သည်တစ်ယောက်ပါ။
8. ဓမ္မတာလာချိန်နဲ မကိုက်ဘဲနဲ့ အဖြူဆင်းတာလည်း မဟုတ်ဘဲနဲ့

Tue, Oct 9, 2012 at 1:46 AM
အသက် ၃၁ နှစ်၊ မိန်းကလေး၊ အိမ်ထောင်မရှိပါ။ ကျမ မိန်းမကိုယ်က အရမ်းကို ပူပါတယ်။ ဘာရောဂါ ဖြစ်နေတယ်ဆိုတာ သိချင်ပါတယ်။ ပြီးတော့ အမြဲကို အဖြူဆင်းနေပါတယ်။ ဘာကြောင့်ဆိုတာ သိချင်ပါတယ်။ ဘာဆေးသောက်ရမယ် ဆိုတာ သိချင်ပါတယ်။ နောက် တစ်ခုက မိန်းမကိုယ်ရဲ့ အတွင်းနှတ်ခမ်းသားက အပြင်ကို ထွက်နေပါတယ်။ ပြီးတော့ အဲဒီ ထွက်နေတဲ့ နှုတ်ခမ်းသားမှာ တစ်ခုက ကွဲနေတာလား ပြဲနေတာ လားတော့ မသိပါ။ နာတော့မနာပေမယ့် ဖြူဖြူအနှစ်လေးတွေကို ရေချိုးလို့ သေသေချာချာဆေးတိုင်း တွေ့ရပါတယ်။ အဲဒါ ဘာဖြစ်တာလဲ သိချင်ပါတယ်။ နောက်တစ်ခုက အဲဒါ ပြဲသွားတာလားလည်း သိချင် ပါတယ်။ နောက်တစ်ခုက မိန်းမကိုယ်ကို ဖောင်းဖောင်းလေးနဲ့ ခွဲစိတ်ပြုပြင်တာမျိုး မဟုတ်ပဲ ဖြူဖြူဖောင်းဖောင်းရွရွလေး ဖြစ်နေချင်လို့ ဘာဆေးလိမ်းရမလဲ သိချင်ပါတယ်။

အဖြူဆင်းတဲ့အကြောင်း စာ ၂ ပုဒ်ပို့ပါတယ်။ အမျိုးမျိုးရှိတာမို့ ဖတ်ပြီး ကိုယ့်မှာဖြစ်နေတာနဲ့တူတာကို ရှာပြီး ဆေးနည်းကိုလိုက်နာပါ။ ပျောက်ပါလိမ့်မယ်။ ရက်လဲ မကြာပါ။ ထပ်ဖြစ်တတ်တာလဲ သတိပြုပါ။ မိန်းမ ကိုယ်ဖြစ်နေတာကို ရေးပြတာက သိပ်မရှင်းသေးပါ။ အိမ်ထောင်မကျသေးတဲ့ မိန်းကလေးမှာ ပြုပြင်ရလောက်အောင် ဖြစ်တောမျိုး မရှိလောက်ပါ။ မိန်းမကိုယ်မှာ နုတ်ခမ်းသား အကြီး နဲ့ အသေး တစုံစီရှိတယ်။ သူတို့က ပေါင်ကားလိုက်တာတောင်မှ အဝက ဟနေမှာ မဟုတ်လောက်ပါ။ ဗဂျိုင်းနား ခေါ်တဲ့ အတွင်းပိုင်းကိုဖုံးနေတာက ပန်းရောင်ရှိတယ်။ အပြင်နုတ်ခမ်းသားဆိုတာက များသောအားဖြင့် အသားအရေ အရောင်ရှိတယ်။ တချို့တော့ မတူဘူးပေါ့။ ပန်းရောင်၊ ခပ်ရဲရဲကို အလိုလိုမြင်နေရရင်တော့ တခုခုဖြစ်မလား စဉ်းစားရမယ်။ ပြဲသွားတာလား၊ ပြဲသွားသလိုနေတာလာ။ တိတိကျကျလေး ပြန်မေးပါ။ အဲဒီအတွက် စာတပုဒ်လဲ ပို့လိုက်ပါတယ်။
Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-discharge.html
Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/vaginal-infections.html
Vulva မိန်းမကိုယ် http://dts-medicaleducation-adult.blogspot.in/2012/03/vulva.html

Tue, Oct 9, 2012 at 7:14 AM
သမီးရဲ့အဒေါ် (အသက် ၄ဝ ဝန်းကျင်။ ယောက်ျားရှိ။) လွန်ခဲ့သောငါးနှစ်ခန့်က သားဥပြွန်မှာ သန္ဓေတည်လို့ သားဥပြွန်တဖတ် ဖြတ်လိုက်ရပါတယ်။ အဲ့ဒါနောက်တခါ အဲ့ဒီလိုပြန်ဖြစ်နိုင်ပါသလား။ ဒါမှမဟုတ် သားအိမ်မှာအလုံး၊ အကြိတ် ကင်ဆာ အစရှိတဲ့ ပျက်သနာမျိုးများ ထပ်ဖြစ်နိုင်ပါသလားဆရာ။

အဲလိုလုပ်ထားလို့ နောက်ထပ်ဖြစ်-မဖြစ်ဆိုတာ ထူးပြီးတော့ ဖြစ်နိုင်ခြေ များမလာစေပါ။ ကင်ဆာ စတာတွေလဲ အဲလိုပါဘဲ။ စိုးရိမ်စရာ မလိုပါ။ တကယ်လို့ နောက်ကိုယ်ဝန်ရှိရင်တော့ ခါတိုင်းထက်ပိုပြီး ဂရုစိုက် သင့်ပါမယ်။

Tue, Oct 9, 2012 at 7:36 PM
ကျွန်တော့် အမျိုးသမီးမှာ ကိုယ်ဝန် ၃ လ ရှိပါပြီ။ အခု ချောင်းဆိုးပြီး ဗိုက်နာပါတယ်။ ချောင်းဆိုးတာ ၁ လ ကြာလာပါပြီ။ ကလေးအတွက် စိုးရိမ်ပါတယ်။ အထွေထွေသမားတော်ကြီးက ရင်ပါကြပ်တယ် ဆိုပြီး ဆေးပေးပါတယ်။ သောက်လို့ ရလားသိချင် ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ကိုယ်ဝန် ၆ ပတ် နဲ့  ပျက်ဖူးပါတယ်။ ဆ၇ာရဲ့ သောက်ဆေး ညွန်းလည်း သိချင်ပါတယ် ခင်ဗျာ။ Phone နဲ့ ဆေးနာမည် မေးရတာ သိပ်မရှင်းပါ။ စာလုံးပေါင်း မှားနိုင်ပါသည်။

ကိုယ်ဝန်က အတော်တော့ လုံခြုံပါတယ်။ ချောင်းဆိုးကြာနေတာတော့ မကောင်းပါ။ ပျောက်အောင်ကုသပါ။ ရေးပြတာတွေက ချောင်းဆိုးပျောက်ဆေးတွေထဲမှာ ပါတာတွေဖြစ်မယ်လို့ ယူဆပါတယ်။ ချောင်းဆိုးပျောက်ဆေးဆိုတာ ခံစားနေရတာကိုသာ သက်သောစေတယ်။ ချောင်းဆိုးစေတဲ့ အကြောင်းရင်ကို ကုသတာမဟုတ်ပါ။ ပန်းနာဆိုရင် ပန်းတာဆေး၊ တီဘီဆိုလဲအတူဘဲ။ ပိုးဝင်ရင် ပိုးသေဆေးပေးရမယ်။ ပိုးသေဆေးကိုတော့ ကိုယ်ဝန်မှာ ရွေးပေးရမယ်။ အများဆုံး Amoxacillin 500 mg တခါသောက် ၁ တောင့်၊ တနေ့ ၂ ခါ၊ ၅-၇ ရက်သောက်ရမယ်။ ဒါပေမဲ့ ဆရာဝန်ကိုပြထားတာမို့ အကြံတခုလို့သာ မှတ်ယူပါ။

Wed, Oct 10, 2012 at 10:25 AM
ကျွန်တော်က အိမ်ထောင်သည် တစ်ယောက်ပါ။ မိန်းမနဲ့ အတူနေတဲ့အခါ သုတ်လွတ်တာ မြန်နေပါတယ် ကျွန်တော် ပြီးပေမဲ့ သူကမပြီးသေးဘူးဖြစ်နေတယ် ကြာလာရင်ကျွန်တော့ကို စိတ်ကုန်မှာဆိုးလို့ပါ ဘာလုပ်ရမယ်ဆိုတာ ပြောပြစေချင်ပါတယ် ခင်ဗျာ

Early ejaculation (1) သုက်လွှတ်စောခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/early-ejaculation-1.html
Early ejaculation (2) သုက်လွှတ်စောခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/early-ejaculation-2_09.html
Early ejaculation (3) သုက်လွှတ်စောခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/03/early-ejaculation-3.html

Wed, Oct 10, 2012 at 12:13 PM
အခုဟာက ကျွန်တော့် ကောင်မလေး ဖြစ်နေတာပါ။ ဒီအတိုင်းကြည့်ရင် မသိသာပါဘူး။ စမ်းကြည့်ရင်တော့ အလုံးလေးပါ။ ပေါင်မှာဖြစ်နေတာပါ။ ကိုင်လိုက်ရင်နာတယ်လို့ပြောပါတယ်။ ထိုင်မှသိသာပါတယ်။ ခွဲစိတ်လိုက်ရင် သနွေတည်တာနဲ့ပတ်သတ်ပြီး ဘာများဖြစ်နိုင်ပါသလဲ။

ပေါင်မှာဆိုရင် ကိုယ်ဝန်ကို မထိခိုက်စေနိုင်ပါ။ နာတယ်ဆိုရင် ပိုးဝင်နေသလား၊ အောက်က အာရုံကြောကိုဖိနေသလား တခုခုဖြစ်နိုင်တယ်။ ခွဲရင်လဲ ထုံဆေးဘဲဖြစ်မှာပါ။ ကိုယ်ဝန်ရှိနေချိန်မှာ မေ့ဆေးကို သတိနဲ့သုံးလိမ့်မယ်။

Wed, Oct 10, 2012 at 6:07 PM
သမီးကံဆိုးစွာနဲ့ သုံးလနဲ့ကိုယ်ဝန်ပျက်ကျလို့ (့) က OG ဆရာဝန်ဆီမှာပါပဲ July တုန်းက D&C လုပ်လိုက်ရပါတယ်။ သမီးအသက်က ၂၅ ပါ။ ကိုယ်ဝန်ရှိစတုန်းကလဲ ဝမ်းအရမ်းချုပ်ပါတယ်။ အရင်တုန်းတည်းက ဝမ်းချုပ်တတ်ပါတယ်။ တခါတလေဝမ်းသွားဖို့ ညစ်ရရင်တော့ သွေးပါကျတတ်ပါတယိ။ အခန့်မသင့်မှပါ။ ကိုယ်ဝန်ရှိရင်ဖြစ်တတ်တယ်ဆိုလို့ ဘာဆေးမှမသောက်ဖြစ်ပါဘူး။ အဲဒီနောက်ပိုင်း ပျို့တာအန်တာတွေ ကတော့ ပျောက်သွားပြီး ဝမ်းကဆက်ချုပ်နေတုန်းပဲ။ သွေးအနီရဲရဲတွေပါကျတယ်။ ဝမ်းပျော့ဆေးသောက်လို့ ဝမ်းပျော့ရင် သွေးမကျဘူး။ ဆေးရပ်လိုက်လို့ရှိရင် ဝမ်းကပြန်မာပြီး သွေးကျတယ်။

ဆရာဝန်နဲ့သွားပြပါတယ်။ တခြားဆေးခန်းကဆရာဝန်နဲ့ပါ။ ဆရာဝန်က စအိုထဲကိုစမ်းချင်လားမေးလို့ သမီးလဲစမ်းမယ်လို့ပြောလိုက်ပါတယ်။ ပိုက်တစ်ချောင်းအဝမှာ စက်သေးသေး တစ်ခုရှိတယ်လို့ထင်တယ်။ ၅ မိနစ်လောက်ပဲကြာပါတယ်။ ဆရာဝန်က လိပ်ခေါင်းသေးသေးလေးတစ်ခုပဲရှိတယ်ပြောပါတယ်။ ဝမ်းချုပ်မခံနဲ့ အသီးအရွက်များများစား၊ လေ့ကျင့်ခန်းလုပ်လို့ပဲပြောပါတယ်။ လိပ်ခေါင်းသေးလို့ဆေးသောက်စရာ မလိုဘူးဆိုပြီး ဝမ်းပျော့ ဆေး (Lactus) ၄ ပုလင်းပဲပေးလိုက်ပါတယ်။ ဆေးကို မနက်၊ နေ့လည်၊ ည၊ တခါသောက်ရင် 10mL သောက်ပါတယ်။ အသီးအရွက်များများလဲစားပါတယ်။ ရေလဲများများသောက်ပါတယ်။ အဲဒါကို ဆေးသောက်နေတဲ့ကြားက ဝမ်းကမာပြီး သွေးကျနေလို့။ ပြီးရင်စအိုဝကနာသွားရော။ ဆေးကို Attached လုပ်ပေးလိုက်တယ်။

နောက် Attached တခုက သမီးကိုအပြင် ဆေးဆိုင်က recommend ပေးလို့သောက်တာ။ အဲ့ဒါကတော့ သောက်ရင်ဝမ်းပျော့တယ်။ ညအိပ်ခါနီး အထုပ်တဝက်လောက်ရင် အဆင်ပြေတယ်။ နေ့တိုင်းသောက်ဖို့ ကျတော့ ဆရာဝန်ညွန်ကြားချက်မရှိလို့ကြောက်လို့ဆိုပြီး ဆေးခန်းသွားပြလိုက်တာ။ ဝမ်းပျော့ ပျော့သွားနေရင်တော့ သွေးလဲမကျ စအိုကနာလဲမနာဘူး။ ဆရာရဲ့စာတွေကိုဖတ်တာ D&C လုပ်ရင် Bowel Injury ဖြစ်တတ်တယ်လို့ ရေးထားတာဖတ်လိုက်ရလို့ဆရာ။ Bowel Injury ဆိုတာဘာကိုပြောတာလဲ။ အဲဒါ Bowel Injury ဖြစ်နေရင်ဘာ Sign/Symptom တွေပြလဲ။

D and C ကြောင့်ဖြစ်တာ မစိုးရိမ်ပါနဲ့။ Bowel injury ဆိုတာ အူကိုထိခိုက်တာပါ။ ဒါပေမဲ့ အဲလိုဆရာရေးထားရင် ပြန်စစ်ပါအုံးမယ်။ လိပ်ခေါင်းအကြောင်းစာတွေ ဖတ်ဖြစ်ပါသလား။ လိုက်နာစရာတွေထဲမှာ ဝမ်းမချုပ်ဘို့ အပြင် ရေနွေးထိုင်တာလဲ လုပ်သင့်တယ်။ ဝမ်းကိုတော့ ကိုယ်နဲ့အဆင်ပြေတာကို လုပ်သင့်တယ်။ အစာလမ်းဆိုတာ တယောက်နဲ့တယောက် အကျင့်မတူကြဘူး။ မြန်မာဆေးလဲ အားကိုးလို့ရပါတယ်။

Wed, Oct 10, 2012 at 10:25 AM
ကျွန်တော်က အိမ်ထောင်သည်တစ်ယောက်ပါ။ မိန်းမနဲ့ အတူနေတဲ့အခါ သုတ်လွတ်တာ မြန်နေပါတယ်။ ကျွန်တော်ပြီးပေမဲ့ သူကမပြီးသေးဘူးဖြစ်နေတယ်။ ကြာလာရင် ကျွန်တော့ကို စိတ်ကုန်မှာဆိုးလို့ပါ။ ဘာလုပ်ရမယ်ဆိုတာ ပြောပြစေချင်ပါတယ် ခင်ဗျာ။

Early ejaculation (1) သုက်လွှတ်စောခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/early-ejaculation-1.html
Early ejaculation (2) သုက်လွှတ်စောခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/early-ejaculation-2_09.html
Early ejaculation (3) သုက်လွှတ်စောခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/03/early-ejaculation-3.html

Wed, Oct 10, 2012 at 10:24 PM
အမျိုးသမီး ဓမ္မတာလာချိန်နဲ မကိုက်ဘဲနဲ့ အဖြူဆင်းတာလည်း မဟုတ်ဘဲနဲ့ ဂျယ်လီလိုမျိုး ပျစ်ချွဲချွဲကြီးတွေ အချိန်အခါမဟုတ် ဆင်းတက်နေတက်ပါတယ်။ ပျစ်ချွဲချွဲကြီးတွေရဲ့ အရောင်က ညိုညစ်ညစ် အရောင် အုကည်ရောင် ရှိပါတယ်။ သားအိမ်မှာ ဘာရောဂါ ရှိနေလဲ သိချင်ပါတယ်။ နောက် ဘာဆေးသောက်ရမလဲ သိချင်ပါတယ်။ အမျိုးသားမရှိပါဘူး။

Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-discharge.html
Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/vaginal-infections.html
Vaginitis မွေးလမ်း-ရောဂါ http://dts-medicaleducation-adult.blogspot.in/2012/04/vaginitis.html

ယမုန်နာ ဆေးခန်း - အမေးအဖြေ (၈၀) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top