18
Oct

အမေးအဖြေ (၈၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. ကိုယ်ဝန်လွယ်စ ၃ ပတ်မှာ ရာသီသွေးဆင်းနိုင်ပါသလား
2. မယူသေးခင်မှာ အတူနေချင်ကြတယ်။
3. ဆေးမလိမ်းပဲ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လုပ်လို့ရသား။
4. ကျမကအသက်(၂၈)နှစ်ရှိပါပြီ။
5. သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ပထမအကြိမ်ဆေးထိုးပြီး
6. ရာသီရက် မဟုတ်ပဲ အခု သွေးဆင်းနေပါတယ်။
7. Ecee2 ကို ပထမတစ်လုံးသောက်ပြီး ဆေးကဒ်က ပျောက်သွားပါတယ်။
8. ပွေးလိုအကွင်းလိုက်ယားနာ နည်းနည်းနီပါတယ်။

Sat, Oct 13, 2012 at 6:42 PM
ကိုယ်ဝန်လွယ်စ ၃ ပတ်မှာ ရာသီသွေးဆင်းနိုင်ပါသလား ဆရာ။ (ရာသီမလာသောကြောင့် penorit ဆေးသောက်ခဲ့ပါတယ်။ ဆေးသောက်ပြီးနောက်နေ့တွင် သွေးအနည်းငယ်သာ ဆင်းပါတယ်။ အဖြူ အနည်းငယ်လည်း ဆင်းပါတယ်။)

Pregnancy and Bleeding During Early Stage ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-bleeding-during-early.html

Sat, Oct 13, 2012 at 3:46 PM
ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေးက အသက်အတူတူပါပဲ၊ ၂၃ နှစ်ပါ။ ကျွန်တော်တို့နှစ်ယောက် မယူသေးခင်မှာ အတူနေချင်ကြတယ်။ ဒါပေမယ့် ကွန်ဒွမ်သုံးရင် တစ်ကယ်စိတ်ချရပါ့မလား။ ကြောက်လို့ ခုထိမနေဖြစ်တာကြာပါပြီ။ တားဆေးသုံးရင်းကော စိတ်ချရပါ့မလား။ ပြီးတော့ ခုမှ နှစ်ယောက်စလုံး အတူစနေမှာဆိုတော့ မိန်းကလေး တစ်ယောက်အနေနဲ့ အပျိုမှေးပေါက်ပြီးရင် နောက်ဆက်တွဲ ဘယ်လို ဆက်ဖြစ်နိုင်လဲ။ ဥပမာ ရာသီလာတာက ပုံမှန်ပဲလာမှာလား တစ်ခုခုပြောင်းလဲသွားရင် မိန်းကလေးဘက်က အတွေးလွန်ပြီး လန့်နေမှာစိုးလို့ ကြိုသိရအောင် မေးလိုက်တာပါ။

Condom Standards စိတ်ချရတဲ့ (ကွန်ဒွမ်) ဆိုတာ http://dts-medicaleducation-adult.blogspot.in/2012/04/condom-standards.html
Condoms Safety and Effectiveness (ကွန်ဒွမ်) ရဲ့ ထိရောက်မှု နဲ့ စိတ်ချရမှု http://dts-medicaleducation-adult.blogspot.in/2012/04/condoms-safety-and-effectiveness.html
Birth Control Methods How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-how-decide.html
Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-pill-types.html
Birth Control Pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု http://dts-medicaleducation-adult.blogspot.in/2012/05/birth-control-pills-faqs.html
Birth control pills for emergency contraception ပုံမှန်တားဆေးကို အရေးပေါ်အသုံးချနည်း http://dts-medicaleducation-adult.blogspot.in/2012/09/birth-control-pills-for-emergency.html
Contraceptive patch အရေပြား ကပ်ထားရတဲ့ တားဆေးကပ်ခွါ http://dts-medicaleducation-adult.blogspot.in/2012/07/contraceptive-patch.html
Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး http://dts-medicaleducation-adult.blogspot.in/2012/04/contraceptive-pills.html
Different Methods of Contraception ပဋိသန္ဓေတားနည်းများ http://dts-medicaleducation-adult.blogspot.in/2012/03/different-methods-of-contraception.html
Virginity (1) အပျို တကယ်စစ်ပါတယ် http://dts-medicaleducation-adult.blogspot.in/2012/04/virginity-1.html
Vulva မိန်းမကိုယ် http://dts-medicaleducation-adult.blogspot.in/2012/03/vulva.html

Sat, Oct 13, 2012 at 10:14 AM
လိမ်အဂါ် ကြီးအောင် ဆေးမလိမ်းပဲ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လုပ်လို့ရသား။ ဆေးလိမ်းမယ်ဆိုရင် ဘယ်ဆေးမျိုး လိမ်းသင့်ပါသလဲ။ ဘေးမဖြစ်စေမဲ့ဆေးမျိုးတစ်ခုလောက် သိခြင်ပါတယ်။ နောက်ပြီး သုတ်လွှတ်မမြန်အောင်ရော ဆေးမသောက်ပဲ ကျန်မာရေးစောင့်ရှာက်မှုနှင့်ရော ရပါသလား။

Vimax ကျားလိင်အင်္ဂါ ဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/vimax-2.html
Viagra သန်မာစေတဲ့ဆေး http://dts-medicaleducation-adult.blogspot.in/2012/04/viagra.html

Sat, Oct 13, 2012 at 8:43 AM
ကျွန်တော်တို့ နှစ်ယောက် အိမ်ထောင်ကျတာ ၇ နှစ်ရှိပါပြီ။ သားလေတစ်ဦး မွေးထားတာအသက် ၅နှစ်ရောက်ပါပြီ။ အခု ကျွန်တော်တို့ နှစ်ဦး အိမ်ထောင်ရေးက သိပ်အဆင်မပြေဘူး။ လိင်ဆက်ဆံတဲ့ အခါမှာ ကျွန်တော်ဘက်က မထိန်းနိုင်ပဲ ခဏအတွင်းသုတ်လွတ်တဲ့ အဖြစ်တွေကြုံနေရတယ်ဆရာ။ ကျွန်တော်ဘက်က ဒူးတွေညောင်းတဲ့ ဒဏ်တွေခံစားရပြီး အဲဒီလိုဖြစ်နေတယ်။ အဲဒါဖြစ်တာ ၂ လလောက်ရှိပြီး။ ကျွန်တော်အသက်က ၃၆ နှစ်၊ အမျိုးသမီးက ၃၁ နှစ်ပါဆရာ။ ကျွန်တော်အတွက် အထောက်အကူဖြစ်မယ်ဆေး၊ လေ့ကျင့်မှုတွေရှိရင် ညွှန်းကြားပေးစေချင်ပါတယ်။

Early ejaculation (1) သုက်လွှတ်စောခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/early-ejaculation-1.html
Early ejaculation (2) သုက်လွှတ်စောခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/early-ejaculation-2_09.html
Early ejaculation (3) သုက်လွှတ်စောခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/03/early-ejaculation-3.html
Viagra သန်မာစေတဲ့ဆေး http://dts-medicaleducation-adult.blogspot.in/2012/04/viagra.html

Fri, Oct 12, 2012 at 8:58 PM
ကျမက အသက်(၂၈)နှစ်ရှိပါပြီ။ အိမ်ထောင်မရှိပါ။ အခုကျမဖြစ်နေတာက အဖြူဆင်းတဲ့ရောဂါပါ။ ဖြစ်နေတာ (၅) လလောက်ရှိပါပြီ။ ဧပြီလလောက်မှာ ခရီးတစ်ခုသွားရင်းပြန်လာရာကနေ စဖြစ်ခဲ့တာပါ။ ပင်ပမ်း လို့ ဖြစ်တယ်လို့ပဲ ထင်ခဲ့ပါ တယ်။ ဒါပေမဲ့ မသက်သာပဲ ပိုဆိုးလာပါတယ်။ အဖြူဆင်းရာကနေ စိမ်းဝါရောင်အခဲတွေ ဆင်းတဲ့အထိ ဖြစ်လာလို့ အိုဂျီနဲ့ပြခဲ့ပါတယ်။ ဆေးသောက်တာရော လိမ်းဆေးကော ဆရာဝန် ညွန်ကြားတဲ့အတိုင်း သုံးခဲ့လို့ သက်သာခဲ့ပါတယ်။ ဒါပေမဲ့ လုံးဝကြီးပျောက်မသွားပါ။ အမြဲတမ်း အဖြူဆင်းနေပါတယ်။ တစ်ရက်နှစ်ရက်လောက် သက်သာလိုက် ပြန်ဖြစ်လိုက်ဖြစ်နေပါတယ်။ ပြီးတော့ အဖြူဆင်းရင် မိန်းမကိုယ်က ယားပါတယ်။ အပြင်ကလည်း ယားတယ်။ အထဲကလဲ ယားတယ်။ တစ်သျှူးတွေနဲ့ ပွတ်တိုက်ပစ်လို့ ပွန်းပြီးရေထိရင်တောင် တော်တော်စပ်ပါတယ်။ Gynepro ဆိုတဲ့ဆေးရည်ကို ယားတဲ့အခါ သုံးဖြစ်ပါတယ်။ ဆရာဝန် ညွန်ကြားတဲ့ဆေးဖြစ်တဲ့ အတွက် အန္တရာယ်မရှိနိုင်ဘူး ထင်လို့ပါ။ အရင်ဆိုရင်တော့ အဲဒီဆေးရည်နဲ့ နည်းနည်းသက်သာပါတယ်။ အခုတော့ အဲဒီဆေးရည်နဲ့လဲ မရတော့ပါဘူး။

တစ်ခါတစ်ခါဆို မသိလိုက်ပဲ ဝေါကနဲ ဆင်းသွားတာမျိုးတွေ ဖြစ်လာပါတယ်။ အရောင်က နို့နှစ်ရောင် ပျစ်ပျစ်ပါ။ အရည်ကြည်လေးတွေလဲ ဆင်းပါတယ်။ နောက်ပြီး ရာသီလာခါနီးရင် ဆီးစပ်တွေကိုက်ခဲသလိုမျိုးလဲ အဖြူ ဆင်းရင်ဖြစ်ပါတယ်။ ချက်အောက်ဆီးစပ်နားက ကိုက်သလိုလို နာသလိုလို ခံစားရပါတယ်။ ယားတာကလဲ မခံမရပ်နိုင်အောင် ယားပါတယ်။ သက်သာချင်ရင်လဲ သက်သာနေပါတယ်။ အဲဒါ ဘာဖြစ်နိုင်ပါ သလဲ။ ဆေးစစ်ဖို့ လိုအပ်ပါသလား။ လတော်တော်ကြာနေပြီဖြစ်တဲ့ အတွက် စိုးရိမ်မိပါတယ်။ အဖြူဆင်းတာက ကူးတတ်ပါသလား။ အဲလိုရောဂါရှိတဲ့ အစ်မ တစ်ယောက်ရဲ့ ဂျင်းဘောင်းဘီကို ဝတ်ဖူးပါတယ်။ အဲဒီနောက်ပိုင်း ကတည်းက ဖြစ်တာဆိုတော့ ကူးတာများလားလို့ပါ။ ဘာလုပ်သင့်တယ် ဆိုတာကို ညွှန်ကြားပေးပါ။

Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-discharge.html
Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/vaginal-infections.html
Vaginal itching မိန်းမကိုယ် ယားခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-itching.html

Sun, Oct 14, 2012 at 8:54 AM
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ပထမအကြိမ်ဆေးထိုးပြီး ဒုတိယအကြိမ်ဆေးကို အချိန်ဘယ်လောက်ခြားပြီး ထိုးသင့်ပါသလဲ ဆရာ။

HPV and Marriage သားအိမ်-ကင်ဆာ ကာကွယ်ဆေး http://dts-medicaleducation-adult.blogspot.in/2012/03/hpv-and-marriage.html
HPV vaccine ယောက်ျားတွေ အထူးသဖြင့် (ဂေး) တွေအတွက် ကာကွယ်ဆေး http://dts-medicaleducation-adult.blogspot.in/2012/03/hpv-vaccine.html

Sun, Oct 14, 2012 at 10:28 AM
ကျနော်ရဲ့ မိန်းမက ရာသီရက် မဟုတ်ပဲ အခု သွေးဆင်းနေပါတယ်။ ဒီတိုင်းနေရင်း သွေးမဆင်းပေမယ့် လေးတဲ့ ပစ္စည်းတစ်ခုခု မလိုက်ရင် သွေးနည်းနည်း ဆင်းလာပါတယ်။ ခြေထိပ်တွေ၊ လက်ထိပ်တွေလဲ ကိုက်နေ တယ်။ ကျနော်တို့ အိမ်ထောင်သက်က အခု ၄ လထဲမှာပဲ ရှိပါသေးတယ်။ တားဆေးလဲ မသုံးပါဘူး။ အရင်က တစ်ခါမှ ရာသီရက် မဟုတ်ပဲ သွေးမဆင်းဘူး လို့ ကျနော် မိန်းမ ပြောပါတယ်။ ကျနော် မိန်းမက ဆေး ခန်း သွားပြရမှာ သေမလောက်ကြောက်ပါတယ် ဆရာ။ ဒါကြောင့် ကျနော်လဲ ဘာလုပ်လို့ လုပ်ရမှန်းသိလို့ ဆေးပညာစာတွေ လိုက်ဖတ်ရင်း ဆရာရဲ့ ဆေးပညာစာများမှာ မေးမြန်းနိုင်ကြောင်း တွေ့ရလို့ ကျနော် မေးလိုက်ပါတယ်။

အခုဆင်းတာရဲ့ အရင်လက ရာသီဆင်းပါသလား။ နောက်ဆုံး ရာသီဆင်းခဲ့တဲ့ ရက်သိဘို့ လိုပါတယ်။ ဒါမှ အခုဆင်းနေတာဟာ ကိုယ်ဝန်ကနေဖြစ်တာ ဟုတ်-မဟုတ်သိမယ်။ ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်လဲရတယ်။ ဆိုင်ကနေ ကရိယာလေးဝယ်ပြီး အိမ်မှာတင် စစ်လို့ရတယ်။ ကိုယ်ဝန်ရှိတယ်လို့ အဖြေထွက်ရင် ဆင်းစရာ ကုန်အောင်ဆင်းမယ်။ မကုန်နိုင်ဘဲကြာနေရင် သားအိမ်ခြစ်ဘို့လိုနိုင်တယ်။ ကိုယ်ဝန်လဲမရှိဘဲဆင်းရင် ဆရာဝန်တော့ ပြသင့်တယ်။ စမ်းသပ်မှုလိုမယ်။ ဒါမှ ဆေးညွှန်းလို့ရပါမယ်။

ပြီးခဲ့တဲ့လက လကုန်ခံနီးမှာ ရာသီဆင်းပါတယ်။ ၃ ရက်နေ့မှာ ရပ်ပါတယ်။ ၁၁ ရက်နေ့ ပြန်ဆင်းလာတယ်။ မိန်းမက အားနည်းတဲ့ရောဂါ ရှိပါတယ်။ ကိုယ်ဝန်ကြောင့်ဖြစ်တာ မဟုတ်ဘူးဆိုတာတော့ ကျနော်သိတယ်။ လတိုင်း ၂၈ ရက်ဆင်းတယ်။ ကေသီပန် ၂ ထုပ်သောက်ထားတယ်။ ၃ ရက်နေ့မှာ ရာသီဆင်းတာရပ်ပြီး ၁၁ ရက်နေ့ ပြန်ဆင်းတော့ ဗိုက်ထဲမှာ ပူသလိုလို ခံစားရတယ်၊ ခြေတွေ လက်တွေ လဲ တော်တော် ကိုက်ပါ တယ်။ ကိုယ်ဝန်ကြောင့် မဟုတ်ဘူးဆိုတာ ကျနော် မိန်းမနဲ့ အတူတူ မနေရသေးလို့ပါ။ ကျနော် မိန်းမ ဆေးခန်းသွားရမှာ အရမ်းကြောက်တတ်လို့ပါ။ ဘာကြောင့် အတူတူ မနေရသေးတာလဲဆိုတာကို ကျနော် ပြီးရင် ဆရာသိချင်ဆို ကျနော်ရှင်းပြမယ်။ အခုလောလောဆယ် ရောဂါအကြောင်း သိချင်နေလို့ပါ။

ဆေးမစစ်ဘဲ ရာသီအတွက် ဆေးနည်းပေးဘို့မသင့်ပါ။ အားနည်းတယ်ဆိုတာ အများဆုံး သွေးအားနည်းတာဖြစ်မယ်။ သံဓါတ် နဲ့ ဗီတာမင် ဘီ ကို သောက်ပါ။ Ferrous sulfate and Vitamin B Complex တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ကြာကြာသောက်ပါ။

Sun, Oct 14, 2012 at 2:36 PM
ဆရာရှင့် သမီး Ecee2 ကို ပထမတစ်လုံးသောက်ပြီး ဆေးကဒ်က ပျောက်သွားပါတယ်။ ၁၂ နာရီခြားပြီး ဒုတိယတစ်လုံးကို နောက်တစ်ကဒ်ထဲကယူသောက်လို့ ရပါသလားရှင့်။ ဆေးအာနိသင် မတူမှာကို စိုးရိမ်လို့ ပါရှင့်။

အတူတူသက်ရောက်ပါမယ်။ အတူနေပြီး ၇၂ နာရီအတွင်းဆိုရင် ရပါလမ့်မယ်။

Sun, Oct 14, 2012 at 4:52 PM
ကျွန်တော် အသက် ၂၈ နှစ်ရှိပါပြီ။ ပေါင်မှာတော့ ပွေးလိုယားနာပေါက်ပါတယ်။ စကင်နယ်လိမ်းလိုက်ရင် (၁)ရက်ဆို ပျောက်ပါတယ်။ အရှင်းမပျောက်ပါ။ အထိုင်များရင်ပြန်ယားပါတယ်။ အခုကိစ္စက လိင်တံ အရေပြားကို ဆွဲလှန်လိုက်ရင် အရေပြားလေးမှာ ပွေးလိုအကွင်းလိုက်ယားနာ နည်းနည်းနီပါတယ်။ အဖြူအရေကြည်ဘုလေးတွေ ပေါက်နေပါတယ်။ (၂)ကွက်ပါ။ အန်ပလင်စလင်သောက်ပါတယ် မသက်သာပါဘူး။ ယားပါတယ်။ မနေနိုင်လောက်အောင်တော့ မယားပါ။ ၂၅ ရက်လောက်ရှိပါပြီ။ ဆေးကိုတော့ ပုံမှန်မသောက်ဖြစ်ပါ။ (၃) ရက်လောက်သောက်ပြီး မေ့ထားလိုက်နဲ့ပါ။ ဘယ်လို လိမ်းဆေးလိမ်းရမလဲ ခင်ဗျာ။

• Ringworm ပွေး http://dts-medicaleducation.blogspot.com/2011/11/ringworm.html

ယမုန်နာ ဆေးခန်း - အမေးအဖြေ (၈၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top