29
Oct

အမေးအဖြေ (၈၄) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. ကျွန်တော်ချစ်သူနဲ့ အတူနေခဲ့ပါတယ်။
2. အမြွှာကိုယ်ဝန် မွေးခါနီး ၃ လ အလို၊
3. Vagina အဝနားမှာ အမွှေးလေးတွေ ရှိပါတယ်။
4. သမီး က 23 နှစ်ပါ
5. ကျွန်မ သမီးလေးရဲ့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး
6. ကျွန်တော်၏ လိင်တံထိပ် အရေပြားမှာ
7. အခု မြန်မာပြည်မှာရောင်းနေတဲ့ Top Roll
8. သမီး င်္ဆီးစစ်ပြီးပြီ။ ဆီးထဲမှာ ဘာပိုးမှမတွေ့ဘူးတဲ့။
9. ကျွန်မ သားဦးကိုယ်ဝန် (၁၇) ပါတ်လောက်ရှိပါပြီ။

Sun, Oct 21, 2012 at 7:50 AM
30.8.2012 နေ့က 6.9.2012 ထိ ကျွန်တော် ချစ်သူနဲ့ အတူနေခဲ့ပါတယ်။ အတူမနေခင် 28.8.2012 နေ့က ရာသီသွေးပေါ်တာ ပြီးဆုံးခဲ့ပါသည်။ အတူနေမှာဖြစ်သည့်အတွက် 3 လခံဆေးကို 28.8.2012 နေ့က ထိုးခဲ့ပါတယ်။ သူသည် ယောက်ျား နှင့်ပထမအကြိမ် အတူနေဖူးခြင်းဖြစ်ပါတယ်။ တားဆေးလဲတခါမှ မထိုးဘူးပါ။ 6.9.2012 နေ့စ၍ ယနေ့အချိန်ထိ သွေးပေါ်နေခဲ့ပါသည်။ သွေးအရောင်မှာ ပုံမှန်မဟုတ်ဘဲ အပုတ်ရောင်ဖြစ်နေပါတယ်။ နေ့စဉ် နဲနဲ ပေါ်နေခဲ့ပါသည်။ ရက်ကြာလာသည့်အတွက် စိတ်ပူနေပါသည်။ မည်သို့ ဆက်လက်လုပ်ဆောင်ရမည်ကို ဖြေကြားပေးပါရန်။

သွေးအရောင်က သိပ်အရေးမကြီးပါ။ မစိုးရိမ်ပါနဲ့။ အထဲမှာ ကြာနေတာမျိုးက အရောင်ရင့်တယ်။ အထဲဆိုတာ သွေးကြောထဲကနေထွက်ပြီး မျက်စိနဲ့ မမြင်ခင်ကြားကာလကိုပြောတာပါ။ ကြာလေလေ ညို-မဲလေလေဖြစ်မယ်။ ရက်မှန်ဘို့သာ အဓိကကျတယ်။ တာဆေး ထိုးဆေးကြောင့် ရက်မမှန်ဖြစ်နိုင်တယ်။ နည်းနိုင်-များနိုင်တယ်။ ဒါလဲ မစိုးရိမ်ပါနဲ့။ Depo အကြောင်းဖတ်ပါ။
Depo Provera သုံးလခံ ထိုးဆေး http://dts-medicaleducation-adult.blogspot.in/2012/04/depo-provera.html

Fri, Oct 19, 2012 at 3:21 PM
အမြွှာကိုယ်ဝန် မွေးခါနီး ၃ လ အလို၊ မွေးဖွားစဉ် နှင့် မွေးဖွားပြီးနောက် လိုက်နာစရာများကို ထပ်မံသိလိုပါသည်။

Twin Pregnancy အမွှာကိုယ်ဝန် ဘာဆင်ခြင်ရမလဲ http://dts-medicaleducation-adultblogspotin/2012/08/twin-pregnancyhtml

Sat, Oct 20, 2012 at 2:24 PM
ကျွန်တော့ မိန်းမရဲ့ Vagina အဝနားမှာ အမွှေးလေးတွေ ရှိပါတယ်။ တကယ့်ကို အဝဆိုအဝနားမှာပါ။ ဆက်ဆံတဲ့အခါ ထပ်ဆက်ဆံရင် စပ်တယ်လိ့ပြောတယ်။ ဆက်ဆံတဲ့အခါ အဲဒီ အမွှေးတွေပါ လိုက်ဝင်လိုက် ထွက် ပြီးတော့ ပွန်းလို့ပါ။ ဒါနဲ့ Shaver နဲ့ရိတ်ပါတယ်။ အဝနားဆိုတော့ တော်တော်ကသီပါတယ်။ ရိတ်တုန်း ခဏတော့ အဆင်ပြေပေမဲ့ အမွှေး ပြန်ပေါက်တဲ့အချိန်ကြာတော့ အရမ်းယားတယ်တဲ့။ အဲ့ဒါကြောင့် Hair Remover ကို သုံးချင်ပါတယ်။ အဝနားမှာဆိုတော့ တွေ့ကရာလည်း မသုံးရဲဘူး။ ဘယ်အမျိုးအစားကို သုံးရမလဲဆိုတာ ပြောပြပေးပါ။

• Waxing ဖယောင်းသုံးပြီး အမွှေးတုံးစေမယ် http://dts-medicaleducationblogspotcom/2011/02/waxinghtml

Tue, Oct 16, 2012 at 1:59 PM
သမီး က 23 နှစ်ပါ Mifepristone 25mg နဲ့ Misoprostol 0.2mg ဆေးသောက်ပြီး သွေးဆင်းပါတယ်။ ၆ ရက်နေ့က စသောက်ပြီး ၁ဝ ရက်နေ့လာပါတယ် အခု ၁၆ ရက်အထိလဲလာနေတုန်းပါပဲ သမီးသိချင်တာက အဲ့ဆေးရဲ့ ဆိုးကျိုးတွေပါ။ ပြီးတော့ သားအိမ်ကို ထိခိုက်ပါသလား ဆောင်ရန်ရှောင်ရန် ဆရာပြောပြပေးပါ ဘယ်အချိန်မှာ တူတူနေနိုင်ပြီလဲလည်း သိချင်ပါတယ်။ အခုက ခါးလည်း အရမ်းနာတော့ အကိုက် အခဲပျောက်ဆေးတွေ သောက်လို့ရလား ကျေးဇူးပြုပြီး ဖြေကြားပေးပါ။

အရင်အဖြေမှာ ကျန်သွားတာကိုထပ်ဖြေပါရစေ။ အကိုက်အခဲပျောက်ဆေး သောက်နိုင်ပါတယ်။ ဆင်းတာတွေကုန်ရင် ဆက်ဆံမှုပြုလို့ ရပါပြီ။ ကိုယ်ဝန်မလိုချင်သေးရင် တားဆေး၊ တားနည်း စနစ်တကျသုံးပါ။ ကိုယ်ဝန်ဆက်လိုချင်တယ်ဆိုရင်တော့ ရာသီ ၁-၂ လ မှန်စေပြီးနောက်ယူတာက ပိုကောင်းပါတယ်။ ရက်တွက်ရတာ ပိုမှန်စေမယ်။

Misoprostol (မစ်ဆိုပရိုစတောလ်) သားဖွါး-မီးယပ်ဆေး http://dts-medicaleducation-adult.blogspot.in/2012/05/misoprostol.html

Tue, Oct 16, 2012 at 3:13 PM
ကျွန်မ သမီးလေးရဲ့ ကျန်းမာရေးနဲ့ပတ်သတ်ပြီးမေးချင်တာလေးရှိလို့ပါ။ သမီးနာမည်က (့)၊ အသက်ကတော့ ၁ဝ နှစ်ပါ၊ သမီးလေးရဲ့ မိန်းမကိုယ်မှအနံ့ဆိုးထွက်နေလို့ပါ၊ ဘယ်ဆရာဝန်ကိုပြရမှန်းမသိလို့ မပြဖြစ်ပါဘူး။ အနံ့က မခံနိုင်လောက်အောင် နံတာကြောင့် လူအများပြောတာလဲခံရပါတယ်။ တခြားဘာလက္ခဏာမှတော့မပြပါဘူး။ အဲဒါမျိုး ဘာကြောင့်ဖြစ်ရတယ်ဆိုတာရယ်၊ ဘယ်လိုလုပ့်

Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း http://dts-medicaleducation-adultblogspotin/2012/03/vaginal-infectionshtml
Vulvovaginitis အမျိုးသမီးအင်္ဂါ ရောင်ခြင်း http://dts-medicaleducation-adultblogspotin/2012/06/vaginitishtml

Wed, Oct 17, 2012 at 3:37 PM
ကျွန်တော်၏ လိင်တံထိပ် အရေပြားမှာ လိင်အင်္ဂါကြီးလာသောအခါမှာ ကွမ်းသီးခေါင်းနောက်တွင် သားရေကွင်းဖြင့် စီးထားသလို တင်းကြပ်နေပါသဖြင့် လိင်ဆက်ဆံတိုင်းကော မဆက်ဆံသော်လည်း လိင်တံကြီး တိုင်းကော နာပါသည်။ အရေပြားမှလည်း ဖြူပြီးလာပါသည်။ ဆေးညွှန်ပေးပါရန်။

အဲလိုဖြစ်သူ ရှားပါတယ်။ ပုံမှန်အားဖြင့် အဲဒီနေရာမှာ တင်းနေတဲ့အင်္ဂါအစိတ်အပိုင်း မရှိပါ။ စစ်ဆေးကြည့်ဘို့တော့လိုမယ်။ ဆီးလမ်းအထူးကုဆရာဝန်က အကောင်းဆုံးလမ်းညွှန်နိုင်ပါတယ်။ လမ်းဘေးဆေးနည်၊ အရပ်နည်းတွေမသုံးသင့်ပါ။ စိုးရိမ်စရာလဲ မရှိပါ။

Wed, Oct 17, 2012 at 7:24 PM
အခု မြန်မာပြည်မှာရောင်းနေတဲ့ Top Roll အိမ်ထောင်ရှင်ယောက်ျားတွေအတွက် အားဆေးက ဘယ်လို ထိရောက်ပါသလဲ။ ရေရှည်သောက်ရင် ဘယ်လို ကောင်းကျိုးဆိုးကျိုးတွေရနိုင်မလဲ။ အိမ်ထောင်သည် မဟုတ်တဲ့ ယောက်ျားလေးတွေသောက်ရင်ကော ဘယ်လို ကောင်းကျိုး ဆိုးကျိုးတွေ ရနိုင်မလဲ။ အဲဒီအားဆေးက တခြား ယောက်ျားအားဆေးတွေနဲ့ ဘယ်လိုကွာခြားပါသလဲ။

အဲဒီဆေးကို မတွေ့ဘူးသေးပါ။ ဆေးထဲမှာပါတာတွေသိရင်ပြောပါ။ ကြော်ညာတိုင်းကတော့ ပြောသလောက် မဟုတ်တာ များတယ်။

Fri, Oct 19, 2012 at 2:46 PM
သမီး င်္ဆီးစစ်ပြီးပြီ။ ဆီးထဲမှာ ဘာပိုးမှမတွေ့ဘူးတဲ့။ သမီးဘာဆက်လုပ်သင့်လဲလမ်းညွန်ပေးပါ။

ဆီးထဲမှာ ပိုးမတွေ့တာကောင်းတယ်။ RBC သွေးနီဥဆိုတာကော တွေ့သလား။ ကိုယ်ဝန်ကော အခြေအနေ ကောင်းပါသလား။

Fri, Oct 19, 2012 at 3:32 PM
ကျွန်မ သားဦးကိုယ်ဝန် (၁၇) ပါတ်လောက်ရှိပါပြီ။ အရင်လတွေက အလွန်အန်လို့ ဆရာ့ကိုမေးဖူးပါတယ်။ အခု နှစ်ပါတ်လောက်ရှိပါပြီ မအန်တော့ပါဘူး။ ဒါပေမယ့် နေ့တိုင်း ခေါင်းကိုက် ပါတယ်။ မနက် (၉) နာရီလောက်က စပြီး ညနေအထိ တော်တော်ကိုက်ပါတယ်။ ပါရာစီတမောလည်း ခဏခဏမသောက်ချင်လို့ မသောက်ပဲနေလိုက်ပါတယ်။ မြန်မာတိုင်းရင်းဆေး (ရုပ်ပျို သွေးညှိဆေး) ကိုသောက်နေပါတယ်။ ကိုယ်ဝန်ဆောင်သောက်လို့ရတယ်လို့ ဆေးညွှန်းမှာ ပါလို့ပါ။ နည်းနည်းတော့ သက်သာပါတယ်။ ဆက်သောက်သင့် မသောက်သင့်အကြံပေးပါဦး။ နောက်ပြီး တပါတ်ကို (၃) ညလောက် အကြောင်းမရှိပဲ အိပ်မပျော် ပါဘူး။ စိတ်ရော၊ လူရော ငြိမ်ငြိမ်သက်သက်ပဲရှိနေသားနဲ့ တစ်ညလုံးနီးပါး၊ တခါတရံ တရေးနိုးပြီးပြန်အိပ်မရပါဘူး။ နေ့ခင်းဘက် နားလို့၊ အိပ်လို့ မရတော့ လူကမလန်းဆန်းပါဘူး။ နှာခေါင်းကလည်း ညတိုင်း ပိတ်ပါတယ်။ အအေးမိတာထင်လို့ ညနေဘက်တွေတောင် ရေမချိုးရဲပါဘူး။ ကျွန်မ ဘာတွေစားရမလဲ၊ ဘာတွေလုပ်ရမလဲ။ ထမင်းတော့ စားလို့ပြန်ဝင်၊ ပြန်ကောင်းလာပါပြီ။ ခေါင်းကိုက်တာနဲ့၊ အိပ်မပျော်တာ ပျောက် ချင်ပါတယ်။

မြန်မာဆေးတွေကို ဆရာတို့လို ဆရာဝန်တွေသိပ်မသိပါ။ အကောင်း-အဆိုးပြောဘို့ အထောက်အထားတွေ မရှိပါ။ Paracetamol ဆေးက စိတ်ချရပါတယ်။ သိပ်ကိုက်ရင် Ibuprofen သောက်ပါ။  နှာခေါင်း ပိတ်တာက အအေးမိတာဖြစ်ဘို့များပါတယ်။ အအေးမိသက်သာဆေးတွေ အလွန်ပေါပါတယ်။ အတော်များများကလဲ အိပ်ချင်စိတ်ဖြစ်စေလို့ သောက်နိုင်ပါတယ်။ အိပ်ဆေးသက်သက်တော့ ဆရာဝန်မပေးလဲ ကိုယ်ဝန်မှာ မသောက်ပါနဲ့။ Antihistamine (Avil, Burmeton) ဆေးတွေက အိပ်ချင်စေတယ်။ အိပ်ဆေးတော့မဟုတ်ပါ။ ကိုယ်ဝန်ရင့်လာရင် အနေကျလာမှာပါ။ မစိုးရိမ်ပါနဲ့။

ယမုန်နာဆေးခန်း - အမေးအဖြေ (၈၄) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top