1. ကျွန်တော်က အသက် (၂၈) ရှိပါပြီ။
2. ယခုစာရေးလိုက်သူမှာ အသက် ၂၈ နှစ်၊ Single ပါ။
3. B ပိုးအကြောင်း သိချင်လို့ပါ။
4. October 14 ရက်နေ့ ကသမီးချစ်သူနဲ့ 
5. ကျနော့်မိန်းမက အသက် ၂၃ နှစ်ပါ။
6. အအေးမိပြီး ဖျားတာ 1Kg လောက်ဝိတ်ကျသွားပါတယ်။
7. ၁၁-၁ဝ-၂ဝ၁၂ က ဆရာကိုမေးခဲ့ပါတယ်။
Tue, Oct 23, 2012 at 12:01 PM
ကျွန်တော်က အသက် (၂၈) ရှိပါပြီ။ မိန်းမရှိပါတယ်။ ကျွန်တော် ခုတလော မိန်းမနဲ့ ဆက်ဆံရင် မပြီးဘဲ ထားလို့ရပါတယ်။ မိန်းမကတော့ ပြီးသွားပါတယ်။ နှစ်ခါလောက် အဲလို မပြီးဘဲ ထားကြည့်ပါတယ် ရပါတယ်ဆရာ။ ဒါပေမယ့် နေလို့ထိုင်လို့မကောင်းတာနဲ့ ညဆီးသွားရင်း Masturbation လုပ်ပြီး ထုတ်ပစ်လိုက်တယ်ဆရာ။ အဲလို မပြီးဘဲထားတာ ကျန်းမာရေးကို ထိခိုက်နိုင်ပါသလား။ ထားသင့်/မသင့် အကြံပြုပါပေးပါဆရာ။
အဲလိုလဲရှိကြတယ်။ လူအရေအတွက်တော့ နည်းတယ်။ ဖါသာ အာသာဖြေခြင်းကြောင့် ကျန်းမာရေးကို မထိခိုက်ပါ။ စိတ်ထဲမှာလဲ ငါသူများလိုမဟုတ်ဘူးလို့ မထားပါနဲ့။ အချိန်ကနေ ပိုအဆင်ပြေတာမျိုးဖြစ်လာပါမယ်။
ကျွန်တော်စိုးရိမ်တာက အာသာဖြေတာအတွက် မဟုတ်ပါဘူးဆရာ။ မိန်းမနဲ့ ဆက်ဆံပြီး သုက်မထွက်ဘဲ ဒီအတိုင်း ထားတဲ့ကိစ္စကိုပါဆရာ။
အမျိုးသမီးအတွက် (၁) သာယာစိတ် နည်းနည်းလေး နည်းစေမယ်။ (၂) ကိုယ်ဝန်မရဖြစ်မယ်။ ဒါပေမဲ့ အခါတိုင်းအဲလိုနေမှာ မဟုတ်လောက်ပါ။ ပြောတဲ့ ၂ ချက်အတွက် ကိုယ်တိုင်ကြိုးစားပြီး သုက်လွှတ်တဲ့အခါ အမျိုးသမီးအင်္ဂါထဲမှာ လွှတ်အောင်လုပ်ပေးရင် အဆင်ပြေပါလိမ့်မယ်။ အမျိုးသမီးကိုလဲ နားလည်အောင် ပြောခွင့်သင့်တဲ့အခါပြောပေါ့။ နောက်ပြီး သူနဲ့အတူပြီးနိုင်မဲ့နည်းနာကိုလဲ ကြံဆပါ။ ဥပမာ ကိုယ့်အတွက် အထွတ်အထိပ်ရောက်စေအောင် ဘယ်နေရာမှာ ဘယ်လိုထိမိရင် ရမလဲ။
Tue, Oct 23, 2012 at 1:15 PM
ယခုစာရေးလိုက်သူမှာ အသက် ၂၈ နှစ်၊ Single ပါ။ မှုခင်းတွေမှာပါတဲ့ အရွယ်မရောက်သေးသောအချိန်မှာ သမီးမိန်းကလေးများ အဓမ္မ ကျင့်ခံရပါက သူတို့လေးတွေ အပျိုဖြစ် (ရာသီလာ)လျှင် မည်သို့ ပြောင်းလဲပါသလဲ။ သူတို့ အိမ်ထောင်ကျလျှင် အပျိုရေ ပျက်ထားပြီးကြောင်းကို အိမ်ထောင်ဖက်မှ သိရှိပါသလား၊ မည်သို့ သိရှိပါသလဲ ဆရာ။ မိန်းကလေး အပျိုစစ် မစစ် မည်သို့ သိရှိပါသနည်း၊ မင်္ဂလာ ဦးည သွေးထွက်သည်ဆိုသည်မှာ ဘယ်ကနေ ထွက်တာပါလဲ ဆရာ။ ဘယ်နေရာကလဲ။ ဘာလို့ ထွက်ရတာလဲ။ မသိလို့ တဆိတ်လောက်ဖြေပေးစေချင်ပါသည်။
၁။ မိန်းကလေးများ အဓမ္မကျင့်ခံရတာမျိုးက ဖျားယောင်းပြီး ဆက်ဆံတာ၊ အရက်၊ မူးယစ်ဆေးတိုက်ပြီး ကျင့်ကြံတာမျိုးတွေနဲ့ မတူပါ။ အဓမ္မ သဘောဖြစ်လို့ ခံရသူမှာ ရုပ်ပိုင်းရော စိတ်ပိုင်းပါ ဆိုးလွန်းတဲ့ ဒဏ်ရာ ဒဏ်ချက်တွေ ရမယ်။ ရုံးကန်လို့ရော၊ ရုံးတာကို မရုံးနိုင်အောင် လုပ်ခံရလို့ရော၊ ကြောက်သွားအောင် တမင်လုပ်တာ ခံရလို့ရောကြောင့် ရုပ်ပိုင်းဒဏ်ရာတွေ ရှိနိုင်တယ်။ ရာသီကို အပြောင်းအလဲဆိုတာကြတော့ အပြုခံရလို့ ကိုယ်ဝန်ရနိုင်တယ်။ စိတ်ဒဏ်ကနေ သက်ရောက်တာလဲ ခံရနိုင်တယ်။ တချို့သိပ်ငယ်သူကို အကြမ်းပတမ်း အလုပ်ခံရလို့ မိန်းမကိုယ်၊ ဗဂျိုင်းနားနဲ့ သားအိမ်ကို ပျက်စီးစေမှာမို့လဲ ရာသီဖြစ်စဉ်ကို သက်ရောက်နိုင်တယ်။ အပျိုဖြစ်ကာစ မိန်းကလေးတွေမှာ ရာသီလာပေမဲ့ မ-မျိုးဥ မထွက်တတ်လို့ ကိုယ်ဝန်ရချင်မှ ရပါမယ်။
၂။ အပျိုမဟုတ်တော့တဲ့ မိန်းကလေးကို သူ့ခင်ပွန်းကနေ သိနိုင်ပါတယ်။ ဒါပေမဲ့ ယောက်ျားတိုင်းက လိင်သုတ သိပ်များကြတာ မဟုတ်ပါ။ တချို့ယောက်ျားတွေကတော့ အထူး သတိထားတယ်။ အပျိုကိုတောင်မှ စာထဲမှာရေးထားတဲ့ အချက်အလက်တွေ မစုံလင်ရင် စိတ်မသန့်ဘဲ ပြဿနာလုပ်တယ်။ ဆရာ့ဆီ အဲလိုမေးကြတဲ့ ယောက်ျား၊ မိန်းမ သိပ်မနည်းလှဘူး။
၃။ ပဌမဆုံး လိင်ဆက်ဆံရင် (မိန်းမကိုယ်အထဲကို ယောက်ျားလိင်အင်္ဂါ ထိုးသွင်းမှုလုပ်ရင်) အပျိုမှေး (ဟိုင်မင်) ပေါက်ပြဲ၊ စုပ်ပြဲရာကနေ သွေးထွက်ပါမယ်။ နာလဲနာမယ်။ နာတာကတော့ အပျိုမှေးထိခိုက်တာခံရလို့နဲ့ တခါမှာ ထိုးသွင်းမှု အလုပ်မခံရဘူးတဲ့ ဗဂျိုင်းနား လှိုင်ခေါင်းဟာ အချဲ့ခံရလို့ဖြစ်တယ်။
Virginity (1) အပျို တကယ်စစ်ပါတယ် http://dts-medicaleducation-adult.blogspot.in/2012/04/virginity-1.html
Virginity fraud အပျိုရည် ပျက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/virginity-fraud.html
Vulva မိန်းမကိုယ် http://dts-medicaleducation-adult.blogspot.in/2012/03/vulva.html
Wed, Oct 24, 2012 at 6:48 AM
B ပိုးအကြောင်း သိချင်လို့ပါ။ B ပိုးရဲ့ ကူးစက်ပုံတွေကို သိပေမယ့် ဘယ်လိုလူမျိုး တွေမှာ B ပိုးရှိနိုင်လဲ သိချင်ပါတယ်။ ကိုယ်ကိုယ်တိုင် မသိဘဲ ပိုးကူးဆက်ခံနေရတာကော ဖြစ်နိုင် ပါသလား???ဆေးလိပ်သောက် သူတိုင်း B ပိုးရှိတယ် ဆိုတာ ဟုတ်ပါသလား။
ဆရာရေးတာဖြစ်ဖြစ် တခြားစာတွေဖြစ်ဖြစ် ဘီပိုးအကြောင်းတွေဖတ်ဘူးပါသလား။ ဘီပိုးရှိ-မရှိ သွေးစစ်မှသာသိတယ်။ ကိုယ်တိုင်မသိသလို ဆရာဝန်တွေလဲ မျက်စိနဲ့ မသိနိုင်ပါ။ ကူးစက်နည်း (၃) နည်းနဲ့ တွေ့သူတိုင်းကို ပိုးရှိနေသူဆီကနေ ကူးလာနိုင်တယ်။ ဆေးလိပ်ကနေ မကူးပါ။ ဆေးလိပ်သောက်တဲ့ အချက်တခုတည်းကြောင့်တော့ ဘီပိုး မရှိပါ။ သွေး၊ လိင်နဲ့ ပိုးရှိမိခင်ကနေ သူမွေးတဲ့ကလေး ကူးနည်းတွေကသာ ကူးစက်ပါတယ်။
• Hepatitis အသဲရောင်ခြင်း အမျိုးမျိုး http://dts-medicaleducation.blogspot.in/2012/03/hepatitis-symptoms-hepatitis-hepatitis.html
• Hepatitis A, B, C, D, E, G အသဲရောင်ရောဂါများ http://dts-medicaleducation.blogspot.com/2010/01/hepatitis-b-c-d-e.html
• Hepatitis B (1) အသဲရောင် ဘီ ပိုး (၁) http://dts-medicaleducation.blogspot.com/2009/08/hepatitis-b.html
• Hepatitis B (2) အသဲရောင် ဘီ ပိုး (၂) http://dts-medicaleducation.blogspot.com/2011/04/hepatitis-b.html
• Hepatitis B and breastfeeding ဘီ ပိုးရှိမိခင် နဲ့ ကလေးနို့တိုက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-and-breastfeeding.html
• Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-immune-globulin.html
• Hepatitis B in Myanmar မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာ http://dts-medicaleducation.blogspot.com/2011/12/blog-post.html
• Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း http://dts-medicaleducation.blogspot.in/2012/05/hepatitis-b-medical-treatment.html
• Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-vaccine.html
Tue, Oct 23, 2012 at 6:52 PM
ဆရာရှင့် October 14 ရက်နေ့က သမီးချစ်သူနဲ့  ဆက်ဆံစဉ်မှာ အစပိုင်းတော့ ကွန်ဒုံးမသုံးဖြစ်ပါဘူး နောက်သတိရမှ ကွန်ဒုံးသုံးပြီး ဆက်ဆံပါတယ်။ ဆက်ဆံတဲ့ အချိန်ကလဲ သမီးရာသီလာပြီး ၇ ရက်မြောက်နေ့ ပါ။ ဒီမတိုင်ခင်ကလဲ အတူမနေဖြစ်သလို ဒီတစ်ကြိမ်နောက်ပိုင်း ခုထိလဲမနေဖြစ်ပါဘူး။ ကွန်ဒုံးသုံးတာ မိနစ်အနည်းငယ် နောက်ကျသွားလို့  ပိုစိတ်ချရအောင် ecee2 ကို ဆက်ဆံပြီး ၂ ရက်အတွင်း ၁၂ နာရီခြား သောက် ထားပါတယ် ဒီလောက်ဆို စိတ်ချရပါ့မလားရှင့်။
စိတ်ချရပါတယ်။
Mon, Oct 22, 2012 at 8:30 AM
ကျနော့်မိန်းမက အသက် ၂၃ နှစ်ပါ။ လောလောဆယ် ကျနော်တို့နှစ်ယောက် (့) မှာနေပါတယ်။ သူမ ရောက်ပြီးနောက်ပိုင်းရာသီလာရင် ဗိုက်အရမ်းနာတယ်လို့ ပြောပါတယ်။ ပြည်တွင်းမှာနေတုန်းကတော့ ရာသီလာလို့ လာမှန်းတောင်မသိပါဘူးတဲ့။ အခုဆို ရာသီမလာခင်ကတည်းက ဗိုက်အရမ်းနာတယ်လို့ပြောပါတယ်။ ရာသီလာတာတော့ အချိန်မှန်ပါတယ်။ ကျနော်တို့ ဆက်ဆံကြလို့ဖြစ်တာလား။ အလုပ်က တယောက်တနေရာဆီမှာဆိုတော့ ကျနော်တို့ဆက်ဆံတာလည်း တလမှာ ၂ လောက်ဘဲဆက်ဆံဖြစ်ပါတယ်။ သူ့ခံစားရတဲ့ ဗိုက်နာတဲ့ ဝေဒနာသက်သာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ကျေးဇူးပြုပြီး စာပြန်စေချင်ပါတယ်။
OG နဲ့မပြခင် အလွယ်ဆုံးနည်းကိုပြောပါမယ်။
(၁) လာခါနီးရက်ကစပြီး Ibuprofen, Paracetamol. Buscopan, Diclofenic ထဲက ရတာနဲ့ သင်တာ တမျိုးမျိုးကို တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။ တလမှာ ၂-၃ ရက်လောက်သာလိုမယ်။ နာတဲ့နေရာကို ရေနွေးအိတ်၊ ရေနွေးပုလင်း ကပ်ပေးပါ။
(၂) ကိုယ်ဝန်တားဆေး၊ (ဟော်မုန်း ၂ မျိုးပါ၊ အများဆုံးသုံးဆေး၊ ၂၈ လုံပါ၊ ဆေးပြား) ကို သောက်ရင် နာတာလဲသက်သာမယ်၊ ဆင်းတာလဲနည်းမယ်၊ ကိုယ်ဝန်လဲမရစေဘူး။ အသက် ၃၅ နှစ်အထိသောက်နိုင်တယ်။
Wed, Oct 24, 2012 at 2:41 PM
သမီးလွန်ခဲ့တဲ့အပတ်က အအေးမိပြီး ဖျားတာ 1Kg လောက်ဝိတ်ကျသွားပါတယ်။ အဲဒါ ဝိတ်ပြန်တက်အောင် ကျန်းမာရေးနဲ့လည်းညီတဲ့ အစားအစာကို ညွှန်ကြားပေးပါနော်။ သမီးက အခု ကိုယ်ဝန် ၃၂ ပတ်ကို 54.7Kg ပဲ ရှိလို့ပါ
သိပ်မစိုးရိမ်ပါနဲ့။ မိခင်လောင်းမှာ ကျန်းမာရေးတခုခုဖြစ်တိုင်း အထဲကကလေးကို မထိခိုက်ပါ။ ကလေးဆီကို လုံလောက်အောင် ဖြည့်ယူနေတာပါ။ ကိုယ်အလေးချိန်က အဲလို အကျမြန်ရင် အတက်လဲမြန်တတ် ပါတယ်။ စားနိုင်တဲ့အစားအစာကို မျှတ လုံလောက်အောင် စားပေးပါ။ ဝတိုင်းလဲမကောင်းဘူး မဟုတ်လား။ ကျန်းမာနေရင် ပြီးတာပါ။ ၃၂ ပတ်ဆိုရင် အတော်ရင့်နေပြီ။ ကလေး ကောင်းနေမှာပါ။ ကိုယ်အလေးချိန် ကိုတော့ မှန်းမပြောနိုင်ဘူး။ ကိုယ်ဝန်မဆောင်ခင်က အလေးချိန်သိမှသာ မှန်းလို့ရမယ်။
Wed, Oct 24, 2012 at 10:47 PM
၁၁-၁ဝ-၂ဝ၁၂ က ဆရာကိုမေးခဲ့ပါတယ်။ ကိုယ်ဝန်စစ်ဆေးပြီးနောက် ဖျတ်ချခြင်းဆိုးကျိုးတွေ ဖတ်ရပါတယ်။ နောက်ပြီး ကိုယ်ဝန်ရှိနေမှန်းမသိဘဲ သွေးဆေးတွေနဲ့ဝိုင်သောက်တာများတာနဲ့ ကလေးမယူရဲလို့ ထိုင်းဆေးခန်းမှာ ဖျတ်ပေးတယ်ဆိုလို့ သွားဖျတ်လိုက်ပါတယ်။ အခုကကိုယ်ဝန်ရှိတဲ့အချိန်မှာလည်း ညာဘတ် ခြမ်းခါးကနာနေပါတယ်။ ဖျတ်ချပြီးတဲ့အချိန်မှာလည်း ခါးကကိုက်နေပါတယ်။ ပိုးဝင်နေလို့လားဆရာ။ အဖေကလည်း ကျေက်ကပ်နဲ့ဆုံးတာပါ၊ ကင်ဆာမဟုတ်ပါဘူး။ ကျောက်ကပ်ကြောင့်လား။ ဈေးရောင်းတာပါ။ ခရီးဆောင်အိတ်တွေပါ။အလေးမလို့လား။ ဘာကြောင့်ဖြစ်တာလဲဆိုတာ ဘယ်လိုသိနိုင်မလဲအရာ။
မေးတာ-ရေးတာ သိပ်မရှင်းလှပါ။ ဖြစ်တဲ့သူရဲ့ အသက်မသိရပါ၊ မွေးဖွါးရာဇဝင် မစုံပါ။ ဖျက်ပြီးနောက်ထပ် ကိုယ်ဝန်ရှိနေသလား။ အဖေအကြောင်းနဲ့ ဆက်စပ်ပုံက ဘာလို့ထည့်ပါသလဲ။ ကျောက်ကပ်ပါ ကင်ဆာ မဟုတ်ဘူးလို့ရေးတော့ ဘယ်သူက ကင်ဆာလို့ပြောပါသလဲ။ တဆက်တည်း အယက်မွေး အလုပ်ရေးထားတော့ အဖေလား၊ ဖြစ်တဲ့သူလား ရောနေပြန်ပါတယ်။ ညာဘက်ခြမ်း ခါးနာတာ တခုဘဲ မေးတယ် ထင်ပါတယ်။ ဒါအတွက်လဲ အကြံပေးဘို့ ခက်နေပါတယ်။ ရှင်းရှင်းလင်းလင်း ထပ်ဖြည့်မေးစေချင်ပါတယ်။ (ဆောရီး)။
ယမုန်နာဆေးခန်း - အမေးအဖြေ (၈၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




