10
Nov

အမေးအဖြေ (၈၇) (၁၈ နှစ် ပြည့်မှ ဖတ်ပါ)

1. လိင်အင်္ဂါမှာဖြစ်နေတဲ့အတွက် အမြန်ဆုံးပျောက်ချင်ပါသည်။
2. သမီးရဲ့အသက်က ၂၅ ပါရှင့်။
3. ကျွန်တော် အသက် ၂၆ နှစ်ပါ။
4. သမီး ကိုယ်ဝန် ဆရာဝန်နဲ့ အပ်ပြီးပါပြီ။
5. လက်ကြောင့် လိင်တံရောင်တာ
6. ယောက်ျားလေးသဘာဝ လက်နဲ့ ဖြေဖျောက်တာကနေ
7. ကိုယ်ဝန်အပတ်၂ဝ ကျော်လောက်ထိ ငရုတ်သီးစားမိပါတယ်။
8. ပထမဆုံးကိုယ်ဝန်ကိုလွယ်ထားပါတယ်၊
9. ကျွန်မ ကလေးလိုချင်သောကြောင့် ဆရာဝန်သွားပြပါတယ်။

Thu, Oct 25, 2012 at 10:45 AM
(၁) လိင်အင်္ဂါမှာ ဖြစ်နေတဲ့ အတွက် အမြန်ဆုံး ပျောက်ချင်ပါသည်။
(၂) အလွယ်တကူ ဘယ်လိုဆေးတွေကို လိမ်းရမလဲ.... သောက်ရမလဲ ခင်ဗျာ....။
(၃) အခုလာမည့် (၁၁) လပိုင်းတွင် အိမ်ထောင်ပြုမည် ဖြစ်ပါသဖြင့် အမျိုးသမီးနှင့် အတူ နေလို့ ၇ပါမလား..။ အမျိုးသမီး အားကူ နိုင်ပါသလား ခင်ဗျာ...။

(၁) Molluscum contagiosum ဆိုတာနဲ့ အနီးစပ်ဆုံးဘဲ။
• အရေပြား တနေရာရာမှာ ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ အနာဖြစ်တယ်။
• ၂-၅ စင်တီမီတာလောက် ရှိတယ်။ အထက်ကို နဲနဲကြွတက်နေမယ်။
• ဒိန်ခဲလို ခပ်ဖြူဖြူ၊ ဖယောင်းလိုလဲ နေတယ်။ ပုလဲလို အရောင်၊ ပန်းရောင်၊ အသားရောင်ရှိမယ်။
• မနာဘူး။ တခါတလေမှ နဲနဲယားသလိုနေတယ်။
• တခါတလေ အလည်ကခွက်နေတယ်။ ကုတ်ရင် အစဉ်းကြောင်းလိုရှိနေမယ်။
• မျက်နှာ၊ လည်ပင်း၊ လက်၊ ခြေထောက်၊ ချိုင်း၊ ဗိုက်၊ ပေါင်၊ လိင်အင်္ဂါ နေရာတကာမှာ ဖြစ်တယ်။
• ကလေး-လူကြီးဖြစ်တယ်။ ကလေးတွေဆိုရင် ဆော့စရာတွေကနေ ကူးနိုင်တယ်။
• တိုက်ရိုက် ထိတွေ့မှုကနေကူးတယ်။ လိင်ဆက်ဆံတာ မရှိလဲဖြစ်တယ်။ မရှိလဲဖြစ်မယ်။ လိင်လမ်း-ရေယုံနဲ့ ခွဲခြားရမယ်။
• မှားနိုင်တာတွေရှိလို့ Skin excisional biopsy အသားစဖြတ်ယူစစ်ဆေးမှ ရောဂါသေခြာတယ်။
• AIDS ဖြစ်နေသူတွေ ပိုဆိုးတယ်။
• ကိုယ်ခံအား ကောင်းနေရင် သူ့အလိုလို ပျောက်တယ်။ နှစ်တွေလဲ ကြာနေနိုင်တယ်။
• ဆက်ဆံရင် Condoms သုံးသင့်တယ်။
• ၁ဝ% လောက် Eczema နှင်းခူနာ ဖြစ်လာတတ်တယ်။
• ယားလို့ ကုပ်ရင်း ဗက်တီးရီးယား ဝင်လာတတ်တယ်။
• ခွဲစိတ်နည်းတွေ Scraping, De-coring, Freezing, Electrosurgery စသဖြင့် ရှိတယ်။ အမာရွတ်ကျန်မယ်။
• Cryotherapy အေးခဲနည်း၊
• Laser လေဆာနည်း၊
• Benzoyl peroxide ဆေးလိမ်းနည်း၊
• Cimetidine (Tagamet) အစာအိမ်လေနာဆေး၊ Griseofulvin ပွေးဆေး တွေလဲ သုံးကြသေးတယ်။
• Cidofovir (Vistide), Imiquimod (Aldara), Podophyllin resin, Podophyllotoxin (Condylox), Potassium hydroxide, Trichloroacetic acid ဆေးတွေလဲ ဆရာဝန်တွေက ညွှန်တယ်။
• Cantharidin (Cantharone) ဆေးကို တချို့နေရာတွေကသုံးတယ်။ တချို့က သတိပေးတယ်။ လိင်စိတ်ကြွဆေး အဖြစ် သုံးတဲ့သူတွေက သုံးပေမဲ့ ဆေးက ပြင်းလှတယ်။ မျက်စိလို နုတဲ့နေရာနဲ့ နီးနီးမှာ မသုံးဘို့ သတိပေးတယ်။
• ကြွက်နို့ဆေးမျိုးလဲ သုံးတယ်။ ပျောက်ရင် အရောင်ရင့်နေမယ်။
• Australian lemon myrtle (Backhousia citriodora) သြစတေးလျ ရှောက်သီးရည်၊
• Tea tree oil လက်ဖက်ပင်-အဆီ၊

(၂) ဗက်တီးရီးယားဝင်နေရင်ပျောက်အောင် Doxycycline တခါသောက် 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ် Tetracycline တခါသောက် 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ် Erythromycin တခါသောက် 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။

(၃) ကွမ်းသီးခေါင်းက အတက်လေးတွေ ဘာမှ လုပ်စရာမလိုပါ။ အိမ်ထောင်ပြုနိုင်ပါတယ်။ ယားသလိုဖြစ်တာ မပျောက်သေးခင် (ကွန်ဒွမ်) သုံးပါ။

(၄) ဆေးတွေက Cetrizine စားဆေးကလွဲရင် မသဲကွဘြူး အလင်းရောင်ပြန်နေလို့။ ကန့်လန့်ပြထားတဲ့ဆေးကို သိချင်တယ်။ ပိုးသေဆေးဖြစ်မလားလို့။

Thu, Oct 25, 2012 at 11:24 AM
(၁) သမီးရဲ့အသက်က ၂၅ ပါရှင့်။ သမီးခု (့) မှာနေပါတယ်။ သမီး ဓမ္မတာလို အမြဲသွေးနည်းနည်းစီဆင်းနေလို့ပါ။ အိမ်ထောင်ကျစ ပထမလ မှာ တစ်လ တားဆေးထိုးပါတယ်။ နောက် ၂ လ လောက်ကလက်ညိုးပုံနဲ့ တားဆေး ၂ ကဒ် သောက်ပါတယ်။ ပြီးတော့ အမျိုးသားက ပြန်သွားတာကြောင့် ဆေးမထိုးမသောက်တော့ပါဘူးရှင့်။ နောက်နည်းနည်း ကြာတော့ သွေးနည်းနည်းစီဆင်းပါတယ်။ ရာသီလာသလိုတော့မဟုတ်ပါ။ ရာသီလာရက်တော့ အရင်လိုပုံမှန်လာပါတယ်။ အမြဲလိုလို သွေးတွေဆင်းလာပါတယ်။ ၃ လ လောက်ကြာတော့ (့) ပြန်ရောက်ချိန် OG နဲ့ပြချိန်မှာ အက်ထရာဆောင်း ရိုက်ခိုင်းတော့ အသားအိမ်မှာ ရေအိပ်တည်နေတယ်လို့ပြောပါတယ်။ ကြီးနေခြင်းမဟုတ် ဖြစ်စပါလို့ပြောပါတယ်။ သားအိမ်ကို ဒုံးကျည်လိုဆေးတောင့်လေးတွေထည့်ဖို့နဲ့ သောက်ဆေးတွေ ပေးပါတယ်။ တစ်ပတ်လောက်နေတော့ အမျိုးသားရှိရာကို လိုက်လာရပါတယ်။ ဆရာမရက်ချိန်းချိန် မသွားရတော့ပါဘူး။ ဆေးတွေတော့ နာမည်တော့ မသိတော့ပါဘူး။ တစ်ခုတော့ မှတ်မိနေပါတယ်။ Primolut N ကိုတော့သိပါတယ်။

(၂) ၂၉ ရက် ၉ လ ၂ဝ၁၁ မှာ မလေးကိုရောက်လာပါတယ်။ ဒီရောက်ပြီး ယောက်ျားနဲ့တူတူပြန်နေတော့ တားဆေး (သောက်ဆေး လက်ညိုးပုံ) ကို ပြန်သောက်လိုက်ပါတယ်။ အဲဒီချိန်မှာ သွေးအမြဲဆင်းနေတာတွေ ခဏတော့ ရပ်သွားပါတယ်။ (တားဆေးသုံးချိန်မှာပါ) နောက်ကလေးယူတော့မယ်ဆိုပြီး ဆေးနားလိုက်ပါတယ်။ (၂ဝ၁၂ ခု ၂ လပိုင်း) မှာ ဆေးနားလိုက်ပါတယ်။ ဆေးနားလိုက်ချိန်က စပြီးအရင် လိုသွေးနည်းနည်း စီပြန်ဆင်းလာပါတယ်။ ဒီတော့ ဒီက ဆေးခန်းမှာ ပြန်ပြတော့ ပြဖူးတဲ့ဆေးမှတ်တမ်းတွေ ယူပြီး ပြန်ပြတော့ အက်ထရာဆောင်း ပြန်ရိုက်ခိုင်းပါတယ်။ ရေအိပ်က မရှိတော့ဘူးလို့ အဖြေပြန်ထွက် လာပါတယ်။ အဲဒီနေ့ ဆေးစစ်တာသွားပြချိန် ဘာဆေးမှမပေးလာတော့ပါဘူး။ ဒီတော့ ဆက်မပြတော့ပါဘူး။ သွေးက ဆင်းမြဲ ဆင်းနေပါတယ် ပုံမှန်ရက်တော့ အရင်လိုများပါတယ်။

ပုံမှန်လာရက်မဟုတ်ရင် နည်းနည်းနဲ့နေ့တိုင်းဆင်းပါတယ်။ ဒီတော့ သူငယ်ချင်းဆရာဝန်ကို မေးကြည့်တော့သူက သွေးထိန်းဆေးနဲ့ ပြန်စားကြည့်ပါလို့ ပြောလာပါတယ်။ Primolut N ကိုပြန်သောက်ကြည့်ပါတယ် ဒီတော့ သွေးနေ့တိုင်း ဆင်းတာတော့ ရပ်သွားပါတယ်။ ဒါပေမယ့်တစ်ပတ်ခြားတော့ ရာသီသွေးတွေဆင်းပါတယ်။ (များပါတယ်)။ အဲဒီဆေးမသောက်ရင် နည်းနည်းစီ နေ့တိုင်း ဆင်းနေဆဲပါ။ ဆေးပဲ အမြဲ ဆက်သောက် ရမလားသေချာမသိလို့ပါ။ ပြီးတော့ စကားလည်း မတတ်ပါဘူး။ သမီးယောက်ျားလည်း နည်းနည်းပါးပါးသူ့အလုပ်အကြောင်းလောက်သာ ကောင်းကောင်းမွန်မွန် ပြောတတ်တာကြောင့် သမီးမှာ ဒီမှာပြဖို့ အခက်တွေ့နေပါတယ် ဆရာ။ ဒီမှာလည်း ဘယ်နေရာမှာ မြန်မာဆရာဝန် OG ရှိလည်း မသိတော့ ပိုက်ဆံရှိလာချိန်မှာလည်း ပြဖို့နေရာမသိတော့ သမီးတို့အနေနဲ့ တော်တော်လေး အခက်တွေ့နေ ရပါတယ်။ ဒါကြောင့်ဆရာကိုခုလို တိုင်ပင်ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ သမီးတို့ မိဘတွေလည်း သမီးတို့ကို ကလေးယူစေချင်နေပါပြီ။ သမီးတို့လည်းလိုချင်နေကြပါပြီ။ သမီးတို့ ဘယ်လိုပြသင့်တာလည်း ဘယ်လို နေထိုင်သင့်လည်းဆိုတာ ဆရာအားပြောပြတိုင်ပင်မိတာပါရှင့်။

(၃) သမီးအမျိုးသားမှာ ပန်းနာရင်ကြပ်ရှိပါတယ်။ အမြဲ ရင်ကြပ်ချိန်မှာ ညစ်ဗူးလေးတွေ သုံးရပါတယ်။ အဲတာ သုံးချိန်မှာတော့ ခဏသက်သာသွားပါတယ်။ အလုပ်ပြန်ချိန်မိုးမိ လာရင် ချောင်းလည်း တော်တော် ဆိုးပါတယ် ရင်လည်း ကြပ်ပါတယ် ချောင်းဆိုးရင် ညည သူလည်းအိပ်မရပါဘူး အချိန် တော်တော်ကြာထိ ဆိုးပါတယ် အဆုတ်တီဘီ တော့ မရှိပါဘူး။ ခုနောက်ပိုင်း မြန်မာ့ တိုင်းရင်းဆေး တစ်ခု ဖတ်မိ တာ က မြန်မာ့ဆေးရွက်ကြီး ကို မဝါးပဲငုံပြီး ထွက်လာတဲ့ အရည်ကို ထွေးထုတ်ပါလို့ေ ပြာထားလို့ ခုနောက်ပိုင်းလုပ်ကြည့်တော့ နည်းနည်းသက်သာပါတယ်။ တစ်ခါတစ်လေ မိုးမိရင် တော်တော်လေးရင်ကြပ်ပါတယ် အဲဒီချိန်မှာ Aminophylline လည်းသောက်ပါတယ်။ Amino သောက်တာများရင်သူက ရင်ဘက်တွေ၊ ကျောတွေလည်း တော်တော်လေးအောင့် လာတယ်လို့ပြော ပါတယ်။ ချောင်းအရမ်းဆိုးချိန်မှာ လည်ချောင်းတွေ အရမ်းယားတာကြောင့် ဆားရေပူနဲ့ ပလုပ်ကျင်းရင်း နည်းနည်းတော့သက်သာပါတယ်။ ဒါပေမယ့် မပျောက်ပါဘူး။ တစ်ခါတစ်လေအရမ်းဆိုးရင် ဆေးခန်းက ချွဲထုတ်စက်နဲ့ထုတ်ပေးရင် သက်သာပါတယ်။ ဒီတော့ သူ့အတွက်လည်း ဘယ်လိုတွေ ဘယ်လိုဆေးတွေဆောင်ထားသင့်ပါလည်းဆရာ ချောင်းဆိုးချိန်မှာ ဘယ်လို သူ့အတွက် လုပ်ပေးသင့်ပါသလဲရှင့်။ ရင်ဘက်တွေ ကျောတွေအောင့်လာရင် ဘယ်လို လုပ်ပေးသင့်ပါ သလဲဆရာ။

(၁) Primolut N (Norethisterone) ဆေးထဲမှာ Norethisterone ခေါ်တဲ့ Progesterones ဟော်မုန်းတမျိုးတည်း ပါတယ်။ Estrogen မပါဘူး။ ဦးနှောက်ထဲရှိတဲ့ Pituitary ကနေ ထုတ်တဲ့ Gonadotropins ဟော်မုန်းကို တားဆီးပေးတယ်။ Mini-pill ကိုယ်ဝန်တားဆေး ခေါ်တယ်။ ဒီဆေး စွဲသောက်နေသူ တဝက်မှာ ရာသီလာပေမဲ့ မျိုးဥ မထွက်ဘူး။ ဟော်မုန်း ၂ မျိုးတွဲ တားဆေးထဲက Estrogen ဟော်မုန်းနဲ့ မသင့်သူတွေကို ပေးတယ်။

ရာသီဆင်း မရပ်တာကို Primolut N တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၁ဝ ရက် ပေးတယ်။ ၁-၃ ရက်အတွင်း ကောင်မယ်။ နောက်ထပ်အဲလို မဖြစ်အောင် ၃ ပါတ်လောက် ထပ်ပေးတယ်။ တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်၊ ရာသီစက်ဝန်းရဲ့ ၁၉ ရက်ကနေ ၂၆ ရက်အတွင်းမှာ ပေးတယ်။

ဘေးထွက်ဆိုးကျိုးတွေ -
မျက်စိကြည့်မကောင်း၊ ပျို့ချင်၊ ခေါင်းကိုက်၊ ကိုယ်ရောင်၊ မိုင်ဂရင်း အမူးရောဂါ၊ အသက်ရှူခက်၊ အရေပြားအနီပြင်ထွက်၊ လိင်ဆန္ဒဖြစ်တာ အပြောင်းအလဲ ရှိတတ်တယ်၊ လူဝလာတတ်တယ်၊ ဆံပင်ကျွတ်တတ်တယ်၊ ဒါမှမဟုတ် အမွှေးထူတတ်တယ်၊ အိပ်ချင်တယ်၊ ဒါမှမဟုတ် အအိပ်ခက်တယ်။

ရာသီမှန်လာပြီးရင် ဆေးရပ်ပါ။ ကိုယ်ဝန်ရလာနိုင်ပါတယ်။ ခက်တော့ခက်နိုင်တယ်။ တခြားတားဆေး မသောက်ဘဲနေပါ။ ကလေးမရနိုင်သေးရင် အိုဂျီ နဲ့ အသေအခြာပြပါ။ လိုသေးရင်မေးပါ။

(၂) ခင်ပွန်းအတွက် ပန်းနာအကြောင်းစာ ပို့လိုက်ပါတယ်။
• Asthma (1) ပန်းနာ http://dts-medicaleducation.blogspot.com/2009/05/asthma.html
• Asthma (2) ပန်းနာ အဆက် http://dts-medicaleducation.blogspot.com/2011/11/asthma-2.html

Thu, Oct 25, 2012 at 12:48 PM
ကျွန်တော် အသက် ၂၆ နှစ်ပါ။ ကောင်မလေးတစ်ယောက်နဲ့ ဆက်ဆံပြီး ၉ ရက်လောက်မှာ ဆီးသွားတိုင်း လိင်တံထိပ်ဖျားက ပူနေပါတယ်။ အဲ့လိုဖြစ်ပြီး သုံးရက်မြောက်နေ့မှာတော့ ပြည်ယို လာတာနဲ့ ဆေးခန်း သွားပြီး ဆရာဝန်နဲ့  တွေ့ခဲ့ပါတယ်။ သူက ဂနိုရီးယားတို့  ဆစ်ဖလစ်တို့  ဖြစ်တာဆိုပြီး ဆေးနှစ်လုံး နှစ်ရက်ဆက်တိုက် ထိုးပေးပြီး သောက်ဆေးတွေပါ ပေးပါတယ်။ ဒီရောဂါပိုးဟာ ဆေးထိုးဆေးသောက်ပြီးသွားရင် လုံးကပျောက်ကင်းနိုင်မလား ဆိုတာပါ။ ဘာကြောင့်လဲဆိုရင် ဆရာဝန်က ကျွန်တော့်ကို ဆေးလိပ် အရက် ဘီယာ လုံးဝမသောက်ဘို့ ပြောပါတယ်။ ကျွန်တော်က အနည်းဆုံး ဘယ်လောက်ကြာကြာထိ ဆေး လိပ်နှင့် အရက် ကို ဖြတ်ရမလဲမေးတဲ့ အခါမှာ မင်းနောက်ထပ် ဆယ်နှစ်နေမှ သောက်ရင်လဲ ပြန်ဖြစ်မှာပဲလို့ ပြောလို့ပါ။ ဖြေကြားပေးစေလိုပါတယ်။

Urethritis in Men ယောက်ျားတွေ ဆီးအောင့်ရင် http://dts-medicaleducation-adult.blogspot.in/2012/03/urethritis-in-men.html
Gonorrhea ဂနိုရောဂါ http://dts-medicaleducation-adult.blogspot.in/2012/03/gonorrhea.html

Thu, Oct 25, 2012 at 3:26 PM
သမီး ကိုယ်ဝန် ဆရာဝန်နဲ့ အပ်ပြီးပါပြီ။ ၂ လကျော်နေပါပြီတဲ့။ အခုရုံးက သမီးတို့ကို ကားမောင်း သင်ခိုင်းနေပါတယ်။ သင်လို့ အဆင်ပြေမပြေ ဆရာ့ကို မေးချင်လို့ပါ။ သမီး ဖောလစ်အက်စစ်နဲ့ ဘီစစ် နေ့တိုင်းသောက်ပါတယ်။ ဆရာဝန်က ၃ လကျော်သည်အထိ သောက်ရမယ်တဲ့။ အယ်ထရာဆောင်းလဲ ရိုက်ပြီးပါပြီ။ ကိုယ်ဝန်မှန်း ကြိမ်းသေအောင်လို့တဲ့ဆရာ။ ဒီရက်ပိုင်းတော့ နေသိပ်မကောင်းဘူး နဲနဲ အန်ပါတယ် အစားသောက်လည်း သိပ်မစားချင်ဘူး ဖြစ်နေပါတယ်။

Pregnancy and Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ http://dts-medicaleducation-adult.blogspot.in/2012/06/morning-sickness.html

Thu, Oct 25, 2012 at 6:45 PM
လက်ကြောင့် လိင်တံရောင်တာ ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်ပါသလဲ။ လိင်တံမှာ သုက်ကျန်တာကရော ဘာကြောင့်များပါလဲ။ ဆေးတွေဘာတွေ သုံးသင်ပါသလား။ ဆီးစစ်ကြည်ရင် ဂနိုဖြစ်တာကို သိနိုင်ပါလား။ အသက်ကတော့ ၂၇ ပါ။

မေးတာတွေ မရှင်းပါ။ တကယ်ဖြစ်နေ ခံစားနေရတာကို တိတိကျကျပြောပါ။
Gonorrhea ဂနိုရောဂါ http://dts-medicaleducation-adult.blogspot.in/2012/03/gonorrhea.html
Thu, Oct 25, 2012 at 7:39 PM
ယောက်ျားလေးသဘာဝ လက်နဲ့ ဖြေဖျောက်တာကနေ စိတ်မပါလို့လား မသိပါဘူးဆရာ တော်တော်နဲမထွက်ပါဘူး။ ထွက်ပြီးတော့လဲ အရေပြားက တော်တော်ကြီးယောင်ကျန်နေလိုပါ။ အနာတွေဘာတွေ ဖြစ်နိုင်ပါသလားဆိုတာ သိချင်လိုပါ။ ပြီးတော့ အဲလိုဖြစ်တာ တခြားကြောင်များလားဆိုတာ စိတ်ထဲဒွိဟဖြစ်လိုပါဆရာ။

သာယာမှုနည်းရင် မပြီးစေပါ။ ဒဏ်ကြောင့်ရောင်တာဖြစ်နိုင်ပေမဲ့ အဲလိုလုပ်လို့ ရောင်တဲ့အထိဖြစ်တာ အင်မတန်ရှားပါတယ်။ နီနေ၊ ရောင်နေ၊ နာနေရင် ဒဏ်ဖြစ်မယ်။ ပိုးဝင်ရင် ပိုနာ-ရောင်မယ်။ ဖြစ်တတ်တာရှားလို့ ဆရာဝန်တဦးကိုပြသင့်ပါတယ်။

Fri, Oct 26, 2012 at 8:06 AM
သမီး ကိုယ်ဝန်အပတ်၂ဝ ကျော်လောက်ထိ ငရုတ်သီးစားမိပါတယ်။ အဲဒါ ကလေးအတွက် အန္တရာယ်ဖြစ်နိုင်ပါသလား။ ဆံပင်မကောင်းမှာလည်း စိုးရိမ်မိပါတယ်။ ကလေးဆံပင်သန်အောင် ဘာတွေလုပ်သင့် စားသင့်ပါသလဲ။

အစပ်စားမိတာ မစိုးရိမ်ပါနဲ့။ ဆံပင်အတွက် ကြိုတင်လုပ်တာ မရေရာပါ။ ကိုယ်ဝန်ဆောင်စဉ် စားရမှာတွေကိုသာ မျှတ လုံလောက်အောင်စားပါ။ စာတွေအများကြီးရေးထားတာကို ဖတ်ပြီးသင့်တာကို လိုက်နာပါ။

Fri, Oct 26, 2012 at 10:28 AM
သမီးအသက်က ၂၆ နှစ်ပါ။ ပထမဆုံးကိုယ်ဝန်ကိုလွယ်ထားပါတယ်၊ အခု ကိုယ်ဝန် ၆ လထဲရောက်ပါပြီရှင်။ အားဆေးကတော့ OBIPLUZ သောက်ပါတယ်ရှင့်။ လိုအပ်တဲ့ကာကွယ်ဆေးတွေတော့ ထိုးထားပြီးပါပြီ။ သမီးတစ်ခါတစ်ခါဗိုက်နာရင် ရာသီလာသလိုမျိုး ခါးကိုက်၊ပေါင်ကိုက်၊ ဆီးစပ်တွေနာပါတယ်။ ညအိပ်ချိန်မှာ ပိုနာပါတယ်။

မစိုးရိမ်ပါနဲ့။ ကိုယ်ဝန်ရင့်လာလေလေ အဲလို ခါးနာတာ အနေရခက်တာမျိုးတွေ ခံစားရတတ်ပါတယ်။ မိခင်လောင်းက လိုအပ်တဲ့အားဆေးသောက်၊ ကာကွယ်ဆေး ၂ ခါထိုးပြီး အစာအာဟာရ မျှတ လုံလောက်အောင်စားရင် ရပါတယ်။ လမ်းလဲလျှောက်ပေးပါ။ နာတာကို သိပ်မခံနိုင်ရင် အနာသက်သာဆေး သောက်နိုင်ပါတယ်။
Pregnancy - Looking and Feeling Your Best ကိုယ်ဝန်ဆောင်မှာ ကျန်းမာပြီး ကျက်သရေပါရှိစေဘို့ အကြံကောင်း (၂ဝ) http://dts-medicaleducation-adult.blogspot.in/2012/03/looking-and-feeling-your-best-in.html

Fri, Oct 26, 2012 at 12:03 PM
ကျွန်မ ကလေးလိုချင်သောကြောင့် ဆရာဝန်သွားပြပါတယ်။ သားအိမ်ကိုလဲ အာလ်ထရာဆောင်းရိုက်ပါတယ်။ နောက်ထပ် သားအိမ်ကိုလဲစစ်ဆေးချင်တာကြောင့် (pap smear) ထပ်စစ်ပါတယ်။ ဆေးစစ်ချက် အဖြေရပါပြီ။ ဆရာဆီဒီစာနဲ့အတူ တွဲပို့လိုက်ပါတယ်။ ကျွန်မနားမလည်ပါဆရာ။ ဆေးစစ်ချက်မှာ ဘာပိုးတွေ့တယ်။ ဘာရောဂါလဲဆိုတာ သိချင်ပါတယ်ရှင်။ ဒီနိုင်ငံ ဆရာဝန်မကပေးသော ဆေးစာရွက်ကိုလဲ ဆရာ့ဆီ ပို့ပေးလိုက်ပါတယ်။
Result စာရွက်ရပြီး (ZinnatTablets) ဆေးကို မနက် ၁ လုံး၊ ည ၁ လုံး ၇ ရက်စာ သောက်ခိုင်းပါတယ်ရှင်။ နောက်၆လနေရင်ထပ်စစ်ခိုင်းပါသေးတယ်။ ဘာရောဂါလဲဘာတွေ့တာလဲဆိုတာ သိချင်ပါတယ်။ ကလေးရနိုင်မရနိုင်ဆိုတာလဲ သိချင်ပါတယ်ရှင်။

ကင်ဆာ မရှိပါ။ ဖြစ်နိုင်ရင် ၆ လ တခါစစ်ဘို့ အကြံပေးထားတယ်။ ဒါကလဲ အမျိုးသမီးတိုင်းကိုပေးတာပါ။
ဆေးက ပိုးသေဆေးဖြစ်တယ်။ စစ်တဲ့အထဲမှာ Polymorph တွေ့တာက သွေးဖြူဥ ဖြစ်တယ်။ ပိုးရင်ရင်တွေ့တတ်တယ်။ စိုးရိမ်စရာမဟုတ်ပါ။ ဆေးပတ်စေ့ရင်ကောင်းသွားမှာပါ။
ကလေး ရနိုင်-မရနိုင်ကို ဒါနဲ့ ပြောမရပါ။ ဆရာရေးထားတာတွေဖတ်နိုင်ပါတယ်။
Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-1.html
Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/infertility-2.html
Infertility (3) ကလေးမရနိုင်သေးခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/09/infertility-3.html
Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/fallopian-tube-procedures-for.html
Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-and-tb.html
Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/tb-and-infertility.html
Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-treatments.html
Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-treatments-2.html

ယမုန်နာဆေးခန်း - အမေးအဖြေ (၈၇) (၁၈ နှစ် ပြည့်မှ ဖတ်ပါ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top