10
Nov

အမေးအဖြေ (၈၉) (၁၈ နှစ် ပြည့်မှ ဖတ်ပါ)

1. ကျွန်တော့ ကောင်မလေးတစ်ယောက်နဲ့
2. HIV ပိုးရှိတဲ့သူနဲ့ ကွန်ဒွမ်သုံးပြီးလိင်ဆက်ဆံပါက
3. HIV-AIDS ရောဂါပိုးတွေက
4. သမီးနာမည်က (့) ပါ။
5. ကျွန်မ သူငယ်ချင်း တစ်ယောက်က ရင်သားမှာ
6. လိင်အင်္ဂါ အမွှေးရိတ်တာ
7. ကျမနဲ့စေ့စပ်ထားတဲ့ချစ်သူနဲ့ တူတူနေကြပါတယ်။
8. ကျမပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (၂၈)ရက်နေ့ကစပြီး
9. ကျွန်တော် ငယ်ပါဟာ အရှည်
10. သမီး October 14 က ecee2 သောက်ထားပါတယ်

Thu, Nov 1, 2012 at 6:43 PM
ဆရာ ကျွန်တော့ ကောင်မလေးတစ်ယောက်နဲ့ ၂ လခွဲလောက်က အတူတူနေဘူးတယ်။ ၃ လစလုံးရာသီလာတယ်။ ဆီးလဲစစ်တယ် တစ်ကြောင်းဘဲပြတယ်။ ကလေးမရှိလောက်ပါဘူးနော်ဆရာ။ ကောင်းမလေက ရွာပြန်တော့မှာ စိတ်ချရလား။ ပြန်ဖြေပေးပါနော်။ ဆီးကနှစ်ခါစစ်တယ်ဆရာ။ ရာသီလာပြီးလဲစစ်တယ်။

ရာသီလာရင် ကိုယ်ဝန်မရှိပါ။ ကိုယ်ဝန်အတွက်ဆီးစစ်နည်းကလဲ စိတ်ချနိုင်ပါတယ်။

Fri, Nov 2, 2012 at 7:25 AM
HIV ပိုးရှိတဲ့သူနဲ့ ကွန်ဒွမ်သုံးပြီးလိင်ဆက်ဆံပါက ကွန်ဒွမ်ပေါက်ပြဲခြင်းမရှိရင် ရောဂါကို ၁ဝဝ% ကာကွယ်နိုင်ပါသလား။ လိင်ဆက်ဆံပြီးပါက မျက်နှာနဲ့ရင်ဘက်တွင် ဝက်ခြံကဲ့သို့ အပူများ ထွက်လာတာ ဘာကြောင့် ပါသလဲ။ အဲ့လိုမျိုး ဆက်ဆံတိုင်းဆက်ထွက်နိုင်ပါသလား။ HIV ပိုးကို လိင်ဆက်ဆံပြီး ဘယ်လောက်ကြာရင် စစ်နိုင်ပါသလဲ။ အမြန်ဆုံး သိချင်ရင် ဘယ်လိုစစ်ရပါသလဲ။

Fri, Nov 2, 2012 at 7:49 PM
HIV-AIDS ရောဂါပိုးတွေက ခန္ဓာကိုယ်ရဲ့ ပြင်ပကို တစ်နည်းနည်းနဲ့ ရောက်လာခဲ့ရင် ဘယ်လောက်အချိန်ကြာကြာ အသက်ရှင်နိုင်ကြလည်းဆိုတာကို သိချင်လို့ပါ။

• HIV အတွက် Truvada ဆေး http://dts-medicaleducation-adult.blogspot.in/2012/07/hiv-truvada_17.html
• HIV - How to live with a positive person အတူနေမယ် မကူးစေရ http://dts-medicaleducation-adult.blogspot.in/2012/05/hiv-how-to-live-with-positive-person.html
• HIV Acute infection ချက်ချင်းဖြစ်လာသော HIV ကူးစက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/acute-hiv-infection-hiv.html
• HIV and AIDS drugs (1) ခုခံအားကျရောဂါ ဆေးတွေ (၁) http://dts-medicaleducation.blogspot.com/2012/01/hiv-and-aids-drug-treatment.html
• HIV and AIDS drugs (2) ခုခံအားကျရောဂါ ဆေးတွေ (၂) http://dts-medicaleducation.blogspot.com/2012/01/hiv-medicines-art.html
• HIV - How to live with a positive person အတူနေမယ် မကူးစေရ http://dts-medicaleducation-adult.blogspot.in/2012/05/hiv-how-to-live-with-positive-person.html
• HIV and AIDS ခုခံစွမ်းအားကျ ဗိုင်းရပ်စ် နဲ့ ရောဂါ http://dts-medicaleducation.blogspot.com/2008/10/human-immunodeficiency-virus-hiv-and_27.html
• HIV and CD4 စီ-ဒီ-ဖိုး http://dts-medicaleducation-adult.blogspot.in/2012/05/hiv-and-cd4-and-viral-load.html
• HIV and Oral Sex ပါးစပ်သုံးပြီး လိင်ဆက်ဆံတာနဲ့ (အိတ်ခ်ျအိုင်ဗွီ) http://dts-medicaleducation-adult.blogspot.in/2012/03/hiv-and-oral-sex.html
• HIV Duo Test ဆိုတာဘာလဲ http://dts-medicaleducation-adult.blogspot.in/2012/07/hiv-duo-test.html
• HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ http://dts-medicaleducation-adult.blogspot.in/2012/03/hiv-faq.html
• HIV latest news သတင်းများ http://dts-medicaleducation-adult.blogspot.in/2012/05/hiv-latest-news.html
• HIV medicines Side effects (1) ART ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများ http://dts-medicaleducation.blogspot.com/2012/01/hiv-medicines-side-effects-1-art.html
• HIV medicines Side effects (2) ART ဆေး ဘေးထွက်-ဆိုးကျိုးတွေ နည်းအောင်နေခြင်း http://dts-medicaleducation.blogspot.com/2012/01/hiv-medicines-side-effects-2-art.html
• HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ http://dts-medicaleducation.blogspot.com/2011/11/hiv-opportunistic-infections.html
• HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/hiv-sexual-transmission-hiv.html
• HIV Summary (အိတ်ခ်ျအိုင်ဗွီ) အတိုချုပ် http://dts-medicaleducation.blogspot.com/2011/11/hiv-summary.html
• HIV testing kits စစ်ဆေးနည်း သတိပေးချက် http://dts-medicaleducation.blogspot.com/2011/11/warning-over-hiv-home-test-kits.html
• HIV Tests (1) စမ်းသပ်နည်းများ http://dts-medicaleducation.blogspot.com/2011/11/hiv-tests_27.html
• HIV Tests (2) အမေး-အဖြေ http://dts-medicaleducation.blogspot.com/2011/11/hiv-tests.html
• HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ http://dts-medicaleducation.blogspot.com/2011/03/hiv-tests.html
• HIV vaccine reduces infection အားတက်ဖွယ် HIV ကာကွယ်ဆေး သုတေသနအဖြေတခု http://dts-medicaleducation.blogspot.com/2009/09/24-9-09-hiv-vaccine-reduces-infection.html
• HIV victims in Myanmar မြန်မာ့ HIV-AIDS တိုက်ဖျက်ရေး၏ သားကောင်များ http://dts-medicaleducation.blogspot.com/2011/12/victims-of-myanmars-hivaids-struggle.html
• HIV ကာကွယ်ဆေး မျောက်တွေကို စမ်းသပ်နေပြီ http://dts-medicaleducation.blogspot.com/2012/01/hiv.html
• HIV အတွက် တနေ့တခါ သောက်ရမဲ့ ဆေးသစ် http://dts-medicaleducation-adult.blogspot.in/2012/05/hiv.html
• HIV ဆေးသစ် Edurant ကို FDA က အသိအမှတ်ပြုလိုက်ပြီ http://dts-medicaleducation.blogspot.com/2011/05/hiv-edurant-fda.html
• HIV/AIDS Myths and Facts (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) အထင်မှား နဲ့ အမှန်တရား http://dts-medicaleducation.blogspot.in/2012/04/hivaids-myths-and-facts.html

Fri, Nov 2, 2012 at 10:57 AM
သမီးနာမည်က (့) ပါ။ အသက်က (၂၅)နှစ်ပါ။ သမီးကိုယ်ဝန်ရှိမရှိအရင် အီးမေးမှာ မေးထားတာပါ။ Test လုပ်ကြည့်လိုက်တဲ့အခါမှာ မျဉ်း ၂ ကြောင်းပေါ်နေတာတွေ့လို့ OG နဲ့လဲပြကြည့်ပြီး Ultrasound လဲ ရိုက်ကြည့်လိုက်ပါတယ်။ attach တွဲပြီးပို့လိုက်ပါတယ်။ ယူဖို့အဆင်မပြေတဲ့အတွက် ဆေးသောက်ဖို့ လုပ်ထားပါတယ်။ mifepristone (200mg) ၃ ပြားကို (၂)ရက်သောက် ပြီး နောက် ၁ ရက်မှာ misoprostol (200mcg) ၂ ပြားကို သောက်ရင် အဆင်ပြေနိုင်ပါသလားဆရာ။

• Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/medical-abortion-1.html
• Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/medical-abortion-2.html
• Medical abortion (3) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/03/medical-abortion-3.html

Fri, Nov 2, 2012 at 11:07 AM
ကျွန်မ သူငယ်ချင်း တစ်ယောက်က ရင်သားမှာ အရည်ကြည်တွေထွက်နေလို့ ဘယ်လိုလုပ်ရမလဲဆရာ။ ကင်ဆာ ဖြစ်နိုင်လား။ နာလည်း နာတယ်လို့ပြောတယ်ဆရာ။ တကယ်လို့ အရေးကြီးရင် ဘယ်ဆေးခန်းပြရမလဲ။ သူမအသက်က ၂၇ နှစ်၊ ဇာတိက (့) တိုင်း၊ (့) ရွာ၊ လောလောဆယ်တော့ ရန်ကုန်မှာနေပါတယ်ဆရာ။

ဖြစ်တဲ့သူက အပျိုလား၊ အိမ်ထောင်ရှိသလား၊ ကလေးရှိသလာ၊ ကလေးရှိဘူးသလား။ ရာသီ မှန်ပါသလား။ ထွက်နေတဲ့အရည်ကြည်က နို့သီးအဖျားက ဟုတ်ပါသလား။ အဲလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ။ ဖြစ် တဲ့သူက အပျိုပါ။ ရာသီက ရက်ပဲ မ မှန်တာပါ။ လစဉ်တော့မှန်ပါတယ်။ နို့သီးအဖျားကရော၊ ဘေးကပါ ထွက်ပါတယ်။ ဖြစ်တဲ့သူက အပျိုလား၊ အိမ်ထောင်ရှိသလား၊ ကလေးရှိသလာ၊ ကလေးရှိဘူးသလား။ ရာသီ မှန်ပါသလား။ ထွက်ေ နတဲ့အရည်ကြည်က နို့သီးအဖျားက ဟုတ်ပါသလား။ အဲလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ။

Fri, Nov 2, 2012 at 12:41 PM
လိင်အင်္ဂါ အမွှေးရိတ်တာ ကောင်းပါသလား။

အကြိုက်မတူကြပါ။ ကိုယ့်ကိုယ်တိုင်ကြိုက်တာ၊ အဖေါ်နှစ်သက်တာ မတူကြပါ။ ဆရာဝန်တွေကတော့ သန်း၊ ဝဲလိုကူးစက်ရောဂါမရှိရင် ရိတ်ဘို့မတိုက်တွန်းပါ။ ခွဲစိတ်ခန်း၊ သားဖွါးခန်းဝင်ရသူတွေကိုတော့ ရိတ်စေပါတယ်။

Mon, Oct 15, 2012 at 7:54 PM
ကျမနဲ့ စေ့စပ်ထားတဲ့ချစ်သူနဲ့ တူတူနေကြပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်သမီးရည်းစားဘဝတုန်းကလည်း Living together နေပါတယ်။ အဲ့တုန်းက သူကွန်ဒုံးသုံးတယ်။ သူကသင်္ဘောလိုက်တော့ ခဏခဏမတွေ့ရတော့ ရက်ရှောင်ပြီးနေဖို့ သိပ်မဆင်ပြေပါဘူး။ ဒီတခေါက်ပြန်လာတော့ တူတူနေတာကို ကျမ Morning after pill သုံးလိုက်တယ်။ ဖြစ်ချင်တော့ လိင်မဆက်ဆံဖို့စဉ်းစားထားတဲ့နေ့မှာပဲ နေမိသွားတယ်။ ဆရာ ရှုပ်သွား   လားမသိဘူး။ ကျမ ဒီလရာသီလာတာ ၆ ရက် နေ့ကပါ။ ပုံမှန်တော့ ၂ ရက်ပဲလာတယ်။ ပြီးရင် နောက် ၃၊ ၄ ရက်က နေ့လည်ဖြစ်ဖြစ် ညနေဘက်ဖြစ်ဖြစ် အနည်းအကျဉ်း ဆင်းတတ်တာ အမြဲတမ်းပါပဲ။ ဒီတော့ ရက်လည်းသိပ်မတွက်ဘူး။ ဒါနဲ့ ၁၂ ရက်နေ့က တူတူအိပ်လိုက်တယ်။ calender နဲ့တွက်ကြည့်တော့ safe day ဆိုတော့ အစက ဆေးမသောက်ဘူး။ နောက်တော့မှ သူသဘောင်္ပြန်တက်ရဦးမယ်ဆိုတော့ ကာကွယ်တဲ့ အနေနဲ့ မနေ့ကပဲသောက်လိုက်တာ။ ဒီနေ့ညလည်း ကျရော ခရီးထွက်ရမှာ ဘာညာနဲ့ဆိုတော့ နေလိုက်မိပြန်တယ်။ သူလည်းပြီးတဲ့အချိန်မှာ အပြင်တော့ထုတ်လိုက်ပေမယ့် ကျမစိတ်ထဲ နဲနဲများ ဝင်သွား မလားဆိုပြီး ဆေးကိုမြန်မြန်သောက်လိုက်တာ။ မနေ့ကသောက်ထားတာမေ့ပြီး အန္တရာယ် ရှိနိုင်ပါသလား။ နောင်ကျမတို့နှစ်ယောက် လက်ထပ်ပြီးပြည့်ပြည့်စုံစုံဖြစ်လို့ ကလေးယူမယ်ဆိုရင်ကော ဒီ side effect ကြာင့်များ တခုခုဖြစ်မလားစိုးရိမ်မိလို့ပါ။

ဟုတ်တယ် နဲနဲတော့ ရှုတ်သွားတယ်။ အတိအကျသိချင်တာတာ အခုနောက်ဆုံးနေကြတာမှာ အရင်ဆုံးအကြိမ်နဲ့ အရေးပေါ်တားဆေးသောက်ချိန် ဘယ်လောက်ကွာသလဲ။ အရေးပေါ်တားဆေးသောက်လို့ တချိန်မှာ ကိုယ်ဝန်ယူချင်ရင် စိုးရိမ်စရာမရှိပါ။ ခဏခဏတော့ မသောက်သင့်ပါ။ ၁၂ ရက်နေ့ကနေပြီး ၁၄ ရက်နေ့သောက်တာပေါ့။ ဆေးသောက်ပြီး တခါနေထပ်တယ်ပေါ့။ ဟုတ်တယ်ဆိုရင် ကိုယ်ဝန်မရလောက်ပါ။ % အပြည့်မဟုတ်နိုင်လို့ ရာသီလာမဲ့ရက်ထက် ၁-၂ ပတ်နောက်ကျရင် ဆီးစစ်ပါ။

ဟုတ်ကဲ့ဆရာ ၁၂ ရက်နေ့ကနေပြီး ၁၄ ရက်မှာ အရေးပေါ်တားဆေးသောက်လိုက်တယ်။ ပြီးတော့ ၁၅ ရက်နေ့မှာ မထင်မှတ်ဘဲနေဖြစ်သွားတော့ သူကလည်း သွားခါနီးဆိုတော့ တားထားတာကောင်းမယ်ဆိုပြီး ထပ်သောက်လိုက်တယ်။ စာထဲမှာဖတ်မိတာတော့ ဆေးသောက်ထားပြီး ၁ ရက်မှ ၂ ရက်ထပ်နေရင် ဘာမှမဖြစ်ဘူးလို့ တွေ့မိပါတယ်။ ဒါပေမယ့် ၁၄ ရက်နေ့ကသောက်ထားပြီးသားကို မေ့သွားပြီး ထပ်သောက် လိုက်တာ ခုနကပဲ နောက်ဆုံး ဒုတိယဆေး သောက်လိုက်ပြီး သွားတာပါ။ အရေးပေါ်တားဆေးကို အဲလိုကြီးဆက်တိုက်သောက်မိတော့ တခြား ကျန်းမာရေးများ ထိခိုက်မလားဆိုပြီး စိုးရိမ်လို့ပါ။ ဟိုးအရင်လွန်ခဲ့တဲ့ ၂ နှစ်ကလည်း တခါနှစ်ခါသောက်ဖူးပေမယ့် ဆေးရဲ့ side effect မူးဝေ အော့အန် တခုမှမဖြစ်ဖူးဘူး။ အကယ်၍ပုံမှန်လာတာထက် စောပြီးဖြစ်စေ၊ ၁ပတ်လောက် နောက်ကျပြီးမှဖြစ်စေ ရာသီ ပြန်လာခဲ့ရင်တော့ ဘာမှမဖြစ်နိုင်တော့ဘူးပေါ့နော်။

သွေးဆင်းရင် ကိုယ်ဝန်မတည်တာလို့ မှတ်ယူပါ။ ထူးခြားပြီးဖြစ်တာရှိရင် ပြောပါ။

Fri, Nov 2, 2012 at 5:50 PM
ကျမပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (၂၈)ရက်နေ့ကစပြီး သွေးဆင်းပါတယ်။ ဒါပေမယ့် ခါတိုင်းရာသီလာသလိုလို့မခံစားရဘဲ ဒီအတိုင်းရိုးရိုးသွေးဆင်းနေတယ်လို့ပဲခံစားရတယ်။ ပြီးတော့ ပုံမှန်ရာသီလာရင် သွေးခဲလေးတွေ ပါတတ်ပေမယ့် ဒီတခေါက်တော့ မပါဘူး။ အဲ့ပြင် အင်္ဂါနေ့လောက်မှာ အဖြူဖတ်လေးနဲနဲပါတယ် (၂)ခါ (၃)ခါလောက်ပဲ။ ရေဆေးလိုက်ရင် ပါလာတတ်တယ်။ နောက် (၃)ရက်မြောက်နေ့လောက်မှာမှ ရာသီ လာသလိုခံစားရတယ်။ (ကျမစိတ်ထဲက လျှောက်ထင်နေတာလည်းဖြစ်ရင်ဖြစ်မှာပါဆရာ) သွေးဆင်းတာတော့ ပုံမှန်ဆရာ။ (အဲအရင်ထက်တော့ မဆိုသလောက်လေး နဲသွားတယ်)။ အဲ့နေ့မှာပဲ သွေးခဲလေးတွေ အရင်ကလိုနဲနဲပါတတ်လာတယ်။ ပုံမှန် ကျမ ရာသီလာရက်က (၃) ရက်ထဲဆိုပေမယ့် နောက် (၃)ရက်လောက်ထိက တနေကုန်မဟုတ်ပေမယ့် တခါတရံ သွေးအနည်းငယ် ဆင်းတတ်ပါတယ်။ အခု ပုံမှန်ရာသီ လာရက်ထက်လည်း တစ်ပတ်စောတယ်ဆိုတော့ ကျမလည်း ဇဝေဇဝါဖြစ်နေတာ။ ကိုယ်ဝန်နုနေတုန်းလည်း ရာသီသွေးဆင်းတတ်တယ်ဆိုပြီးလည်းကြားဖူးထားတော့ နောက်ပြီး ဆေးရဲ့ side effect တွေကြောင့်များ ဒီလိုပုံမမှန်ဖြစ်သလားပေါ့နော်။ ဆီးစစ်ကြည့်ချင်ရင်ရော ဘယ်ရက်လောက်မှာ စစ်ရမလဲ။ စစ်စရာမလိုတော့ဘူးလား။ တခြားကျန်းမာရေးတော့ ကောင်းပါတယ်။
• Pregnancy - (hCG) ကိုယ်ဝန်ရှိ-မရှိစစ်တဲ့ ဟော်မုန်း http://dts-medicaleducation-adult.blogspot.in/2012/03/hcg.html

Fri, Nov 2, 2012 at 10:14 PM
ကျွန်တော် ငယ်ပါဟာ အရှည် ၄ လက်မရှိပြီး လုံးပတ်က ၃ လက်မရှိပြီး အသက် ၂ဝ ရှိပါပြီ။ ဆက်ကြီးလာနုင်ပါသလား။

• Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း (၁) General ယေဘုယျ http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-1.html
• Penis enlargement (2) ကျားအင်္ဂါ ကြီးစေခြင်း (၂) Injection ဆေးထိုးနည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-2.html
• Penis enlargement (3) ကျားအင်္ဂါ ကြီးစေခြင်း (၃) Andropenis နည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-3.html
• Penis enlargement (4) ကျားအင်္ဂါ ကြီးစေခြင်း (၄) Analysis သုံးသပ်ချက် http://dts-medicaleducation-adult.blogspot.in/2012/05/penis-enlargement-4.html
• Penis enlargement (5) ကျားအင်္ဂါ ကြီးစေခြင်း (၅) Pump and others လေစုပ်ကရိယာ http://dts-medicaleducation-adult.blogspot.in/2012/04/penis-pump.html
• Penis enlargement (6) ကျားအင်္ဂါ ကြီးစေခြင်း (၆) Complications ဆိုးကျိုးတွေ http://dts-medicaleducation-adult.blogspot.in/2012/08/penis-enlargement-5-complications.html

ယမုန်နာ ဆေးခန်း - အမေးအဖြေ (၈၉) (၁၈ နှစ် ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top