1. ကျွန်မ အစ်ကိုက အိမ်ထောင်သည်ပါ။
2. ကျနော့်အမျိုးသမီးက ကိုယ်ဝန်ခြောက်လရှိပါပြီ။
3. အသက်ကတော့ ၂၁ နှစ်ရှိပါပြီ။ မိန်းကလေးပါ။
4. ကျွန်မ အသက် ၁၆ နှစ်ပြည့်ပြီးပါပြီ။
5. ကျွန်တော့် နာမည် (့)၊ အသက် ၃၂ နှစ် အိမ်ထောင်မရှိ၊
6. ကျနော်ပြောရမှာလဲ ရှက်လဲရှက်ပါတယ်။
7. ကျွန်တော့် ကောင်မလေးနဲ့ ပြီးခဲ့တဲ့လက
8. ဆရာပို့သောမေးဖတ်ရပါတယ်။
9. သမီးက သားဦးကိုယ်ဝန်ဆောင်ထားတာ 7 လ ထဲမှာပါ။
10. ကျွန်တော့ချစ်သူနဲ့ ပထမဆုံးတူတူ အိပ်လို့
11. သမီးက ရင်သားကင်ဆာဖြစ်ပြီး ဆေးကုသနေတာပါ။
12. သမီး အခုအသက်က ၂၄ နှစ်ပါ။
13. ဒေါက်တာ ပြောလို့ ကျွန်တော် HIV ဆေးစစ် ကြည့်ပါတယ်။
14. ကျွန်တော်ချစ်သူနှင့် ချစ်ကြိုက်ခဲ့သည်မှာ တစ်နှစ်နီးပါးရှိပါပြီ။
15. ကျွန်တော့်နာမည် (့) ပါ။
Thu, Nov 15, 2012 at 9:50 AM
ကျွန်မ အစ်ကိုက အိမ်ထောင်သည်ပါ။ သူတို့က အိမ်ထောင်ရေး အဆင်မပြေတာ သုံးနှစ်ကျော်သွားပါပြီ။ သူ့မိန်းမနဲ့ မနေတာလဲ သုံးနှစ်ကျော်သွားပါပီ။ မိန်းမကိုလဲ အရန်းကြောက်ရပြီးတော့ ဘာစကားမှ မပြောရဲဘူး။ ဒါပေမဲ့ သူ့မိန်းမမှာ သူနဲ့ရတာမဟုတ်တဲ့ကလေးရှိနေတယ်။ ကလေးကို သူနဲ့ရတာ မဟုတ်မှန်းလဲသိတယ်။ ကလေးကို သူမိန်းမရှေ့မှာ သူနဲ့ရတာမဟုတ်ဘူးဆိုတာ ဆေးစစ်ချင်တာပါ။ မြန်မာနိုင်ငံမှာ ဘယ်နေရာမှာ ဘယ်လိုမျိုး စစ်ရတယ်ဆိုတာလေး သိချင်လို့ပါ။ ပိုက်ဆံဘယ်လောက်လောက် ကုန်မလဲဆိုတာလေးလဲ သိချင်ပါတယ်။
စစ်ဆေးလို့တော့ရပါတယ်။ မြန်မာပြည်မှာတော့ ဘယ်မှာလဲ မသိပါ။ ဆောရီး
DNA testing မျိုးဗီဇစမ်းခြင်း
November 15, 2012 6:26 PM
ကျနော့်အမျိုးသမီးက ကိုယ်ဝန်ခြောက်လရှိပါပြီ။ ခြေတွေလက်တွေရောင်ပြီး ဒီနေ့အဖြူတွေဆင်းလာလို့စိတ်ပူလို့ပါ။ ကျေးဇူးပြုပြီး အမြန်ဆုံးဖြေကြားပေးစေချင်ပါတယ် ဆရာ။
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါခင်ဗျား
Thu, Nov 15, 2012 at 10:22 PM
အသက်ကတော့ ၂၁ နှစ်ရှိပါပြီ။ မိန်းကလေးပါ။ အိမ်ထောင်လဲရှိပါတယ်။ ကလေးတော့မရှိပါဘူး။ ၃ဝ-၆-၂ဝ၁၂ က ကိုယ်ဝန်ဖျက်ချဖူးပါတယ်။ သားအိမ်လဲခြစ်ထားပါတယ်။ နောက်တစ်လအကြာမှာ OK UID ၅ နှစ်ခံပစ္စည်း ထည့်ထားပါတယ်။ အဲဒါပထမတစ်လနှစ်လတော့ ရာသီလာရင် ကြိုးကိုစမ်းမိပါတယ်။ နောက်အခုထိရာသီလာရင် ကြိုးကိုမစမ်းမိတော့ပါဘူး။ အခုနှစ်လသုံးလလောက်ရှိပြီထင်တယ် ရာသီလာရမဲ့ရက်မတိုင်ခင် ၂ ရက်လောက် စောပြီး အနီလေးတွေနဲနဲဆင်းပါတယ်။ ရာသီလာပြီး နောက်ခြောက်ရက်လောက်အထိလဲ အနီနဲနဲဆင်းပါတယ်။ ပြီးတော့ နံလဲနံပါတယ်။ အဲလိုဘာလို့ဖြစ်ရတာပါလဲ။ ကိုယ်ဝန်ဖျက်ချဖူးလို့လား။ သားအိမ်တွင်းထည့်ပစ္စည်းကြောင့်လား။ ကိုယ်ဝန်ဖျက်ချဖူးတဲ့အတွက်ကြောင့် နောက်သားသမီးယူရင်ကော ကလေးကိုထိခိုက်နိုင်ပါသလား။
အရင်ကစမ်းရပြီးနောက် ကြိုးစမ်းလို့မရရင် ပြန်စစ်သင့်ပါတယ်။ မွေးလမ်းထဲထည့်ရတဲ့ကရိယာနဲ့ကြည့်ရင် သိပါမယ်။ အနံ့ရတာက သွေးဟောင်းနေတာဖြစ်ဘို့များတယ်။ စိုးရိမ်စရာမရှိပါ။ ပိုးဝင်တာဆိုရင် ကိုယ်နဲနဲပူတာ၊ ဆီးစပ်နာတာတွေလဲ ရှိနိုင်တယ်။ ကိုယ်ဝန်ဖျက်ပေမဲ့ နောက်ကလေးအတွက် စိုးရိမ်စရာမရှိပါ။ ခဏခဏဖျက်ရရင်တော့ သတိထားရမယ်။
Fri, Nov 16, 2012 at 1:52 AM
ကျွန်မ အသက် ၁၆ နှစ်ပြည့်ပြီးပါပြီ။ အရင်ကျွန်မ ရာသီလာတာက ၂၂ ရက်လောက်မှာပါ။ နောက် ချစ်သူနဲ့ ဆက်ဆံမိတော့ ရာသီလာတာက ၁၆ ရက်ကို ရောက်သွားပါတယ်ရှင်။ ဒါပေမယ့် ကျွန်မတို့ ကွန်ဒွမ်ကို သုံးပြီး ဆက်ဆံပါတယ်ရှင့်။ ဆက်ဆံပြီးတိုင်း ကွန်ဒွမ်မပေါက်တာ သေချာမချာစစ်ပါတယ်ရှင်။ အခုတစ်ခါ ကျွန်မရာသီလာတာက ၁၃ ရက်နေ့ထိ ကျသွားပါတယ်ရှင်။ ပြီးတော့ ကျွန်မ အိမ်သာသွားတော့ သွေးပစ်ပစ်တွေကျလာပါတယ်ရှင်။ အရင်ကတစ်ခါမှ မကျဖူးပါဘူး။ အဲ့ဒါ ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာများပါလား။ ကျွန်မရဲ့  မအင်္ဂါကို သူ့ ကျားပစ္စည်းနဲ့ ထောက်မိဖူးပါတယ်။ အထဲထိမဝင်ပါဘူး။
မေးတာထဲက ရောတာမရှင်းပါ။ ဆက်ဆံတယ်။ ကွန်ဒွမ် သုံးတယ်။ ထောက်မိဘူးတယ်။ ဒါပေမဲ့ အထဲထိမဝင်ဘူး။
ကိုယ်ဝန်ရှိရင် ဖြစ်လာမှာတွေ အမျိုးမျိုးရှိတယ်။ ရာသီမလာတော့ဘူး။ ပျို့-အန်ချင်၊ စတာတွေဖြစ်လာတယ်။
သွေးဆင်းတာက ဆက်ဆံပြီးနောက် ဘယ်နှစ်ရက်ကြာသလဲ။ ဆင်းတာ-ကျတာ ဘယ်နှစ်ရက်လဲ။ ကိုယ်ဝန်သေခြာချင်ရင် ဆီးစစ်ပါ။ ဆိုင်ကနေ အလွယ်ဝယ်လို့ရမယ်။ ဖါသာစမ်းနိုင်တယ်။
Fri, Nov 16, 2012 at 9:21 AM
ကျွန်တော့် နာမည် (့)၊ အသက် ၃၂ နှစ် အိမ်ထောင်မရှိ၊ နေရပ်က (့) ကပါ။ လွန်ခဲ့ ၁၁ နှစ်လောက်က လိင်အပျော်အပါး ကွန်ဒုံးမသုံးပဲတစ်ခါဆက်ဆံမိတယ်။ အဲ့ဒီကစပြီး ဆီးလမ်းကြောင်း ယားယံတယ်။ ဆီးသွားရင် ပူစပ် ပူလောင်ဖြစ်ပြီ ဆီးကျင်ပါတယ်။ နောက်ကျတော့ ဆီးသွားရင် ကျင်ချောင်းထဲမှာ ကုန်ခါနီးဆီးကျန်တယ်။
ညှစ်သွားလို့ရှိရ ကျင်ချောင်းနာပြီး အဖြူအရည်နည်းနည်းထွက်ပြီး ဆီးထွက်ပါတယ်။ ကျင်ချောင်းလည် အမြဲတမ်း ယားယံပါတယ်။ မြန်မာပြည်ဆေးခန်းသွားပြတော့ ကျင်ချောင်းထဲစစ်ပါတယ်။ ပြည်မရှိတော့ ကျင်ချောင်ထဲ ပိုသတ်ဆေး ဖျန်ပေးပါတယ်။ သောက်ဆေး ပိုသတ်ဆေးပေးပါတယ်။ အဲဒါလည်းမကောင်းပါဘူး။ ဒါနဲကျွန်တော် (့) ရောက်လာတယ်။ (့) မှာ မြန်မာဆရာဝန် ပြတော့ ဂနိုကျတယ်လို့ ပြောကုပေးတယ်။ မပျောက်။ နောက်တစ်ခါ သွားပြတော့ ကလသားတစ်မျိုးပြောကုတယ်။ မပျောက်ပါဘူး။ ၃ ခါလောက်သွားပြလည်း မပျောက်ဘူး။ ရန်ကုန်ဆေးရုံကြီး ကာလသားရောဂါ ဌာနသွားပြတယ်။ ဆရာဝန်ကျင်ချောင်ထဲ သံချောင်ထိုးထည့်စစ်တယ်။ နောက် နီလာဓါတ်ခွဲခန်းမှာ ဆီးစစ်တယ်။ ဘာရောဂါမှမတွေ့လို့ မပျောက်ပါဘူး။
Urethritis in Men ယောက်ျားတွေ ဆီးအောင့်ရင်
Fri, Nov 16, 2012 at 9:43 AM
ကျနော်ပြောရမှာလဲ ရှက်လဲရှက်ပါတယ်။ ပြောဘို့လဲခက်ပါတယ်။ မပြောရင်လဲမဖြစ်လို့ပါ။ ကျနော်မိန်းခလေးဒီလမှာ ဒီလရာသီလာရမဲ့အချိန်ထက် နောက်ကျနေပါတယ်။ လတိုင်း ၁ဝ၊ ၁၁ ရက်ဝန်ကျင်လောက်ဆိုလာနေကျပါ။ အခုဒီလ မလာသေးဘူး ၁၆ ရက်ဖြစ်နေပါပြီ မလာသေးဘူး။ urine test တော့ မစမ်းကြည့်ရသေးပါဘူး။ စမ်းကြည့်လို့ အဖြေမှာ ကိုယ်ဝန်ရှိနေခဲ့ရင်ဘယ်လို့လုပ်ရမလဲဆရာ။ ကျနော်တို့ အသက်က ၂၇ နှစ်ပါ။ ယူလို့ရတဲအသက်ပါဘဲ။ ဒါပင်မဲ အခု နှစ်ဘက်စလုံးမှာ မိသားစုပြသာနာ ကြုံတွေ့နေရပါတယ်။ အခုကျနော်တို့အဖြစ်ကို ထုတ်ပြောရင် ပြသာနာ ပိုကြီးမှာ ဖြစ်သလို့ ယူဘို့အတွက်လဲဘာမှကောင်းကောင်းမပြင်ဆင်ရသေးလို့ပါ။ ဖြစ်နိုင်မဲနည်းလမ်းလေကို ညွန်ကြားပေးပါ။ ရန်ကုန်မှာနေပါတယ်။
ကိုယ်ဝန်ကို ဖျက်မပေးပါ. ဖျက်နည်းလဲမပေးပါ။ ဆေးပညာသုတသိချင်သူတွေအတွက် ရေးထားတာတွေတော့ရှိပါတယ်။
Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/medical-abortion-1.html
Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/medical-abortion-2.html
Medical abortion (3) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/03/medical-abortion-3.html
Fri, Nov 16, 2012 at 11:05 AM
ကျွန်တော့် ကောင်မလေးနဲ့ ပြီးခဲ့တဲ့လက ဆက်ဆံခဲ့ပါတယ်။ လမကုန်ခင်ရာသီလာပြီး ဒီလ ၁ ရက်နေ့မှာ ရာသီလာတာ ပြီးသွားပါတယ်။ နောက်ပြီးဒီလ ၉ ရက်မှာ ထက်ပြီးဆက်ဆံခဲ့ပါတယ်။ ပြီးတော့ ezze2 ကို တိုက်ပါတယ်။ ပြီးတော့ အခု ၁၄ ရက်မှာ သွေးအများကြီးဆင်းပါတယ်။ မနာဘူးလို့ပြောပါတယ်။ အဲတာဘာကြောင့်ပါလဲ။
Ecee2 ဆေးကို ဆက်ဆံအပြီး ၇၂ နာရီအတွင်းသောက်တာဆိုရင် ကိုယ်ဝန်မရပါ။ သွေးဆင်းလာလိမ့်မယ်။ ဆင်းရင် ကိုယ်ဝန်မရတာကိုပြတာဖြစ်မယ်။ ရာသီရက်လဲ ပြောင်းသွားမယ်။
Fri, Nov 16, 2012 at 12:49 PM
ဆရာပို့သောမေးဖတ်ရပါတယ်။ရာသီက23-10-2012 မှာလာပြီး ချစ်သူနဲ့ 2.11.2012 & 5.11.2012 မှာနေပြီးနောက် လည်ပင်းမှ ဆို့နေသလို အန်ခြင်းသလိုဖြစ်နေခဲ့ပါတယ်။ 15.11.2012 နံက်ပိုင်းမှာ သွေးစနည်းနည်းဆင်းတာစမ်းမိပြီး နေလည်မှာ မလာတော့ဘူး။ အန်ခြင်းတာလည်း ပျောက်သွားတယ်။ နေလို့လည်း အဆင်ပြေသွားတယ်။ ရာသီလာတာလား။ နောက်တစ်ခုက ရင်သားကနည်းနည်းပြည့်လာသလိုခံစားမိတယ်။ ဘော်လီကကျပ်လာတယ်။
သေခြာချင်ရင် ကိုယ်ဝန်ရှိ-မရှိဆီးစစ်ပါ။
Fri, Nov 16, 2012 at 2:09 PM
သမီးက သားဦးကိုယ်ဝန်ဆောင်ထားတာ 7 လ ထဲမှာပါ။ အသက်က 31 ပါ။ သမီးကို OG က မေးခိုင် ကာကွယ်ဆေးကို ပထမ အကြိမ် ထိုးပေးတဲ့ ရက်က ၁၁-၈-၁၂ တုံးကပါ။ အဲဒါ ဒုတိယအကြိမ်ကိုတော့ သမီးက သတိပေးတော့မှာပဲ သူက နောက်တစ်ခါ ထိုးဖို့လိုအုံးမယ်ဆိုပြီး ၁၃-၁၁-၁၂ မှာ တစ်ကြိမ် ထိုးပေးလိုက်ပါတယ်။ အဲဒါ ဆေးအာနိသင် ထိရောက်မှု ရှိပါ့မလား။ ၃ လနေမှ ဒုတိယ အကြိမ်ကို ထိုးရမယ် ထင်မိတာ။ အဲဒါကြောင့် ၃ လပြည့်တော့ OG ကို သတိပေးမိတာ။ တကယ်ဆို မေးခိုင်ကာကွယ်ဆေးရဲ့ သဘောက တစ်လ ခြားပြီး ၂ ကြိမ် ဆက်တိုက် ထိုးရတယ်ဆိုတာ ခုမှသိလို့ပါ။ အဲဒါ သမီးရဲ့ ဆေးထိုးတဲ့ ပုံစံအရ ဒီကာကွယ်ဆေးဟာ ထိရောက်မှု ရှိ၊ မရှိနဲ့ နောက်ဆုံးထိုးတဲ့ ၁၃-၁၁-၁၂ ကနေ တစ်လ ပြည့်တဲ့အချိန်မှာ နောက်တစ်ကြိမ် ထိုးဖို့ လိုအပ်မှု ရှိ၊ မရှိ သိချင်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ်ဝန် ၄ လရှိပြီးရင် သံချဆေးသောက်ဖို့လိုတယ်လို့ ပြောကြပါတယ်။ သမီးကို OG က ခုထိ သံချဆေးမတိုက်သေးပါဘူး။ သမီးဖာသာ ဝယ်သောက်လိုက်ရင် ရပါသလား။ သောက်လို့ ရတယ်ဆိုရင် ဘယ်လိုသောက်ရမယ်၊ ဘာဆေး၊ ဘယ်နှကြိမ် သောက်ရမယ်ဆိုတာ ပြောပြပေးပါနော်။
ATT မေးခိုင်ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်တိုင်း မမွေးခင် ၂ ခါထိုးပြီးဖြစ်ရမယ်။ တခါနဲ့ နောက်တခါ တလခြာရမယ်။
အခုလိုဖြစ်သွားတာ စိုးရိမ်စရာတော့မရှိပါ။ သံစးဒသူတွေကို တခါသာထိုးလေ့ရှိတယ်။ သန်ချဆေး မလိုပါ။ မသောက်သင့်ပါ။ သန်ကောင်ရှိရင် ဆရာဝန်ခိုင်းမှသာသောက်ပါ။
Fri, Nov 16, 2012 at 4:18 PM
ကျွန်တော့ချစ်သူနဲ့ ပထမဆုံးတူတူ အိပ်လို့ hymen ပေါက်သွားပြီး သွေးထွက်လာရင် ဘယ်လိုလုပ်သင့်ပါသလဲ။ ဆေးခန်းသွားဖို့လိုပါသလား။ ဘယ်လိုဖြေရှင်းသင့်ပါသလဲ။
ဘာမှမလိုပါ။ သာမန်သန့်ရှင်းရေးလောက်သာလိုတယ်။ နာတာမခံနိုင်ရင်တော့ အနာသက်သာဆေး သောက်နိုင်ပါတယ်။
Thu, Nov 15, 2012 at 5:53 PM
သမီးက ရင်သားကင်ဆာဖြစ်ပြီး ဆေးကုသနေတာပါ။ ကလေးလဲ ၂၈-၈-၂ဝ၁၂ က သဘာဝ မွေးလမ်းအတိုင်းမွေးပြီးပါပြီ။ အခု ခီမို သွင်းတာလဲ ၄ လုံးမြောက် ဖြစ်နေပါပြီ။ နောက် ၂ လုံး သွင်းရအုံးမယ်။ ၄ လုံးမြောက်သွင်းတဲ့ ဆေးနာမည်က TAXOTERE (DOCETAXEL 80 MG/2ML INJ) 2.00 VIAL ပါဆရာ။ နောက် ၂ လုံးလဲ အဲဆေးပါပဲ။ ၃ဝ-၁၁-၂ဝ၁၂ မှာ ၅ လုံးမြောက်သွင်းမှာပါ။ ၆ လုံးပြီးဆုံးသွားရင် ၁၅ ခါ ဓါတ်ကင်ရမယ်ပြောတယ်။ ဆေးတော့ သောက်စရာ မလိုဘူးလို့  ပြောပါတယ်။ တချို့က ကင်ဆာအဆင့် ၂ ချင်းအတူတူ ဆေး ၅ နှစ် ဆက်သောက်ရမယ် ပြောတယ်။ ဘာကွာတာလဲတော့ မသိဘူးဆရာ။ ကိုယ်ဝန် မယူတုန်းက ၃ လခံဆေးပဲ သုံးခဲ့တာ။ ခု ကလေးမွေးပြီးတော့ ရာသီလဲ တလ တခါ ပုံမှန်ပြန်လာတယ်။ ကျန်းမာရေးကြောင့်ရော ဆေးတွေသွင်းနေတာကြောင့်ရော အမျိုးသားနဲ့ အတူတူ မနေဖြစ်ပါဘူး။ ဒါပေမယ့် ကြိုတင်ကာကွယ်ထားရင် ပိုစိတ်ချရမယ်ထင်လို့ ဆရာဝန်နဲ့ တိုင်ပင်တော့ ကင်ဆာရောဂါကြောင့် ဟိုမုန်းဆေးတွေ သုံးစွဲလို့ မရဘူး။ ၅ နှစ်ခံ ပိုက် IUCD ထည့်လို့ ပဲရမယ်လို့ ပြောပါတယ်ဆရာ။ ဒါပေမယ့် တခါတလေမှာ ကလေးရတက်တယ် အာမတော့ သိပ်မခံဘူးလို့ ပြောပါတယ်။ သမီးက ကလေးလဲ ၂ ယောက် မွေးပြီးပြီဆိုတော့ မိန်းမအင်္ဂါကလဲ အပျိုစင်လို့  မဟုတ်တော့ ထွက်ကျမှာလဲ ကြောက်တာနဲ့  မထည့်ဖြစ်ခဲ့ဘူးဆရာ။ အမျိုးသားကို ကွန်ဒုံး သုံးခိုင်းတော့လဲ မသုံးတက်ဘူးဖြစ်နေတယ်။ခု နေပြီးရင် သုက်ကို အပြင်ကို ထုတ်လိုက်တယ်။ ဒါဟာ ၁ဝဝ% ကာကွယ်ပါ့မလားဆရာ။ ဘယ်လိုနည်းလမ်းများ ရှိနိုင်ပါသလဲ။ ကလေးလဲ မလိုချင်တော့ဘူးဆရာ။ (့)၊ အသက် ၃၂ နှစ်။ (့)။
(၁) IUCD က ထွက်ကျတတ်တာမှန်ပေမဲ့ ကလေးမွေးဘူးလို့ထွက်ကျရတာတော့ မဟုတ်ပါ။ အပျိုးမဟုတ်တာဟာ ဗဂျိုင်းနား နဲ့ ပိုဆိုင်ပြီး၊ ကလေးမွေးတာက သားအိမ်နဲ့ဆိုင်ပါတယ်။
(၂) Most Effective Methods ထိရောက်မှု အများဆုံးနည်းတွေ
• Implant အရေပြားအောက် ဆေးချောင်း၊ IUD သားအိမ်ထဲထည့် ပစ္စည်း၊ Vasectomy, Tubal methods သားကြောဖြတ်ခြင်းများ၊ = 99%
• Birth Control shot ထိုးဆေး၊ = 97%
• Birth Comtrol Pill စားဆေး၊ Vaginal Ring (ဗဂျိုင်းနား) ကွင်း၊ = 92-95%
• Condom (ကွန်ဒွမ်)၊ Diaphragm, Cervical Cap သားအိမ်ဝအဖုံး-အပိတ်၊ Sponge ဆေးမြှုပ်၊ = 84-89%
• Abstinence ဝေရာမဏိ = ၁ဝဝ%
(၃) Least Effective Methods ထိရောက်မှု အနည်းဆုံးနည်းတွေ • No Birth Control အကာအကွယ် လုံးဝမသုံးခြင်း = 85% • Spermicide only သုက်ပိုးသတ်ဆေး တမျိုးတည်း = 29% • Fertility Awareness နေ့ကောင်းရက်သာ ရွေးနည်း = 25% • Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်) = 21%
• Withdrawal သုက်ရည် အပြင်စွန့်ထုတ်နည်း = 18%
Sat, Nov 17, 2012 at 11:21 AM
သမီး အခုအသက်က ၂၄ နှစ်ပါ။ သားဦး ကိုယ်ဝန်ဆောင်ထားရပါတယ်ရှင့်။ ကိုယ်ဝန်က ၁၄ ပတ်ထဲမှာပါ။ ကိုယ်ဝန် အစပိုင်းမှာ သွေးတခါတလေနဲနဲဆင်းပါတယ်။ အညိုရာင် အညှိတွေလဲတခါတလေဆင်းပါတယ်။ အမ်ထရာဆောင်း ရိုက်တော့ အချင်းကအောက်ရောက်နေတယ်လို့ ပြောပါတယ်။ အန္တရာယ်တော့မရှိပါဘူး ပုံမှန်လို့ OG ကပြောပါတယ်။ သွေးဆင်းတာလဲ အဲ့ဒါကြောင့်လို့ စာတွေဖတ်မိပါတယ်။ သမီးကို အမျိုးသားနဲ့ အတူမနေဖို့ ၊အလေးအပင်မ မဖို့ကို ဆရာဝန်ကမှာပါတယ်။ သမီး ကိုယ်ဝန်စရှိခထည်းကအမျိုးသားနဲ့ သိပ်အတူမနေပါဘူး။ အခု ပုံမှန်မဖြစ်မခြင်း ရှောင်ရမယ်ဆိုတော့ အမျိုးသားက တခြား ဆက်ဆံလို့ရတဲ့ နည်းတွေနဲ့ ဆက်ဆံခွင့်တောင်းပါတယ်။ အမှန်ပြောရရင် သမီးကြောက်လဲကြောက်တယ်။ နာမှာလည်းကြောက်တယ်။ နောက်ခွင့်မပြုခြင်ပါဘူး။ တကယ်လို့ ခွင့်ပြုရင်ရော အန္တရာယ် ရှိနိုင်လား။ ဘယ်နည်းနဲ့မဆို လိင်ဆက်ဆံတာကိုရှောင်ရမှာမှတ်လား။ နောက် အဲ့လို ပုံမှန်မဟုတ်တဲ့ ဆက်ဆံခြင်းတွေက ဘယ်လိုအန္တရာယ်တွေရှိလဲဆိုတာ အမျိုးသားကိုပြန်ပြောပြနိုင်အောင်ပါ ရှင်းပြပေးပါဆရာ။
Pregnancy and Sex (1) ကိုယ်ဝန်ဆောင်စဉ် အရင်လိုနေလို့ရသလား (၁) http://dts-medicaleducation-adult.blogspot.in/2012/04/pregnancy-and-sex.html
Pregnancy and Sex (2) ကိုယ်ဝန်ဆောင်စဉ် အရင်လိုနေလို့ရသလား (၂) http://dts-medicaleducation-adult.blogspot.in/2012/03/sex-during-pregnancy.html
Pregnancy and Sex (3) ကလေးဖွါးပြီး အတူနေခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/sex-after-delivery.html
Pregnancy and Sex (4) ကိုယ်ဝန်ဆောင်စဉ် သုံးနိုင်တဲ့ အနေအထားများ http://dts-medicaleducation-adult.blogspot.in/2012/04/positions-during-pregnancy.html
Sat, Nov 17, 2012 at 12:43 PM
ဒေါက်တာ ပြောလို့ ကျွန်တော် HIV ဆေးစစ် ကြည့်ပါတယ်။ လိင်အပျော်ပါးလိုက်စားမိပြီး ၁ လ ကြာမှစစ်တာပါ။ အဖြေက negative ပြပါတယ်။ ထပ်ပြီးဆေးစစ်စရာလိုပါသလား။
HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ
Sun, Nov 18, 2012 at 9:33 AM ကျွန်တော်ချစ်သူနှင့် ချစ်ကြိုက်ခဲ့သည်မှာ တစ်နှစ်နီးပါးရှိပါပြီ။ ဒီအတောအတွင်း ကျွန်တော်နဲ့ဆက်ဆံတာတစ်ခါဘဲ ရှိသေးပါတယ်။ ဆက်ဆံတဲ့အခါမှာလဲ ကွန်ဒုံးသုံးပါတယ်။ တစ်နေ့တည်းကို 3 ခါလောက် ဆက်ဆံလိုက်ပါတယ်။ ပထမနှစ်ခါက ကွန်ဒွမ်အသစ်နဲ့ပါ။ နောက်ဆုံး တစ်ခါကျတော့ သုံးပြီးသားကို ရေဆေးပြီး ပြန်သုံးပါတယ်။ အဲ့ဒါကိုယ်ဝန်ရနိုင်မလား။ ပြီးတော့ကွန်ဒုံးမပါဘဲစပြီး ပြီးမှသတိရလို့ ကွန်ဒွမ် စွပ်ပါတယ်။ ဆက်ဆံတဲ့ အခါမှာလဲ ချောဆီ သုံးပါတယ်။ အဖော်ကပါတဲ့ချောဆီပါ။ ဆက်ဆံတဲ့အခါမှာ သွေးလဲမထွက်ပါဘူး။ သူများတွေပြောတာ အပျိုစစ်ရင်သွေးထွက်ရမယ်တဲ့။ ဒါကြောင့် ကိုယ်ဝန်ရှိနိုင်မရှိနိုင်နှင့် အပျိုစစ် မစစ် သိချင်ပါတယ်ဆရာ။
Virginity (1) အပျို တကယ်စစ်ပါတယ်
Sun, Nov 18, 2012 at 4:26 PM
ကျွန်တော့်နာမည် (့) ပါ။ အသက်က ၂၄ နှစ်ကျော်ပါပြီခင်ဗျာ။ နေတာကတော့ (့) မှာပါ။ ကျွန်တော် ဆရာဝန်ရှေ့မှာဆိုတော့ ကိုယ့်ရောဂါနဲ့ပါတ်သတ်သမျှကို မချွင်းမချန် ပြောပြပေးပါ့မယ်ခင်ဗျာ။ လွန်ခဲ့တဲ့ ခြောက်ရက်လောက်က ကျွန်တော့ချစ်သူ မိန်းကလေးနဲ့ လိင်ဆက်ဆံမိပါတယ်။ ကျွန်တော်သာမာန်မဟုတ်ပဲ စအိုလမ်းကြောင်းကို ဆက်ဆံမိပါတယ်။ နောက်နေ့ကစပြီး ကျွန်တော်ဆီးသွားရင် နာလာပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တယ်လို့ သိရှိရပါတယ်ခင်ဗျာ။ ကျွန်တော်အဲတာနဲ့ ဆေးခန်းပြရမှာလဲရှက်တာနဲ့ လမ်းထိပ်က ဆေးဝါးဆိုင်က လမ်းညွှန်ချက်အရ Ampiclox အပါအဝင် အခြား ပိုးသတ်ဆေးသုံးမျိုးကို တနေ့ လေးကြိမ်ကျ အစာစားပြီးတိုင်း သောက်သုံးပါတယ်။ အဲဒီနောက် ၃ရက်လောက်မှာ ကျနော်ဆီးသွားရင် သိပ်မနာတော့ပေမယ် ယောက်ျားအင်္ဂါ ထိပ်နားမှာ ပြည်စလေးတွေ စုနေတာတွေ၊ မနက်အိပ်ယာနိုးရင် အတွင်းခံမှာ ပြည်လေးတွေ စိုနေတာတွေ တွေ့ရပါတယ်။ ကျွန်တော် ဆေးခန်းသွားရင်လဲ မိသားစုဆရာဝန်လိုဖြစ်နေတော့ အိမ်ကသိမှာ အရမ်းစိုးရိမ်ပါတယ်။ ဆီးကတော့ အရင်ကထက် ကောင်းလာပါတယ်။ ကျနောတနေ့ကို ရေအများကြီးလဲ လမ်းညွှန်ချက်အရ သောက်သုံးပါတယ်။ ရှစ်ခွက်ကျော် မကပါဘူးခင်ဗျ။
ကျနော့မှာ ကျောက်ကပ်တခါတရံရောင်တတ်တဲ့ ပြသနာရှိတော့ နောက်ဆက်တွဲရောဂါတွေ ဖြစ်မှာ အရမ်းစိုးရိမ်ပါတယ်။ လမ်းညွှန်ပေးပါခင်ဗျာ။ ဆောင်ရန်ေ၇ှာင် ရန်တွေနဲ့ သောက်သုံး ရမယ့် ဆေးဝါး များ ဖြေကြားပေးပါ။ ရောဂါက သာမာန်ဆို ဘယ်လောက်အထိကြာတတ်ပါသလဲခင်ဗျ။ ရောဂါအဆင့်တွေ ဘယ်လိုပုံစံတွေ ရှိပါသလဲခင်ဗျာ။ ဆေးကိုကော ဘယ်လောက်အထိ သောက်သုံးရမယ်ဆိုတာ လမ်းညွှန်ပေးပါခင်ဗျာ။
ဘယ်ပိုးဝင်တယ် မသေခြာပါ။ ဆီးလမ်းပိုးဝင်တာသက်သက်ကတမျိုးဖြစ်ပြီး လိင်ကတဆင့်ကူးစက်ရောဂါကတမျိုး။ ၂ မျိုးလုံးတွက် စာတွေပို့လိုက်ပါတယ်။
Urethritis in Men ယောက်ျားတွေ ဆီးအောင့်ရင် http://dts-medicaleducation-adult.blogspot.in/2012/03/urethritis-in-men.html
Urinary Tract Infection (3) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/08/uti.html
Urinary Tract Infection (2) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/07/urinary-tract-infections.html
Urinary Tract Infection (1) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/07/urinary-tract-infection-1.html
STDs (1) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/sexually-transmitted-diseases-stds.html
STDs (2) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၂) http://dts-medicaleducation-adult.blogspot.in/2012/06/stds-2.html
STDs (3) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၃) http://dts-medicaleducation-adult.blogspot.in/2012/06/stds-3.html
STDs (4) လိင်ကတဆင့် ကူးစက်ရောဂါများ ဆေးညွှန်း http://dts-medicaleducation-adult.blogspot.in/2012/03/stdsstis-general-recommendations.html
STDs (5) လိင်ကတဆင့် ကူးစက်ရောဂါများ အခြေခံ http://dts-medicaleducation-adult.blogspot.in/2012/03/1_30.html
Anal Practice ဆက်ဆံရာမှာ စအိုကို အသုံးပြုခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/anal-practice.html
Anal Practice Q and A စအိုကိုအသုံးပြုခြင်း အမေး-အဖြေများ http://dts-medicaleducation-adult.blogspot.in/2012/03/anal-practice-q-and.html
ယမုန်နာဆေးခန်း - အမေးအဖြေ (၉၅) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




