1. Scrotal calcinosis အကြောင်းပြည့်ပြည့်စုံစုံ သိပါရစေခင်ဗျား။
2. ဆရာ ဟိုတစ်ခါဆရာ့ကိုပြောတဲ့ သောက်ဆေးသောက်တာ ဘာမှမဆင်းလို့
3. ကျမအခုနေနေတာက မြန်မာပြည်မှာပါ။
4. သူကရွာကပါ အလုပ်အကြမ်းအတင်းလုပ်ရတယ်။
5. ကျွန်မက အသက် ၃၃ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။
6. သမီး ကလေးမွေးတာ လမစေ့ပဲမွေးလို့ပါ။
7. သမီး အသက် (၂၈)နှစ် ရှိပါပြီ။ ချစ်သူနဲ့
8. သမီး အသက် က ၂၉ နစ်ပါ။
9. ကျွန်မကိုယ်ဝန် ၂၇ ပတ်ရှိပါပြီ။
10. တန်ဆာက ဆီးသွားရင်နာနေလို့
11. ကာကွယ်မဲ့ လိမ်ဆက်ဆံခြင်းမှ ကူးစက်ခြင်း၊
12. သမီး အသက်က ၂၉ နစ်ပါ။
13. သမီး အသက် (၂၈)နှစ် ရှိပါပြီ။ ချစ်သူနဲ့
14. ကျွန်တော့ဆီးခုံမှာ ကြွက်နို့ဖြစ်နေပါတယ်။
15. တံတွေးကနေ hiv စစ်တဲ့ဟာကို ဘယ်လိုခေါ်ပါသလည်း
Mon, Nov 19, 2012 at 9:01 PM
Scrotal calcinosis အကြောင်းပြည့်ပြည့်စုံစုံ သိပါရစေခင်ဗျား။ ဘာကြောင့်ဖြစ်တယ်၊ ဘယ်နည်းနဲ့ကုသလျှင် အကောင်းဆုံးဖြစ်တယ်၊ အဲဒိရောဂါနဲ့ ပတ်သက်တဲ့ အကြောင်းပေါင်းစုံကို သိခွင့်ရပါရစေခင်ဗျား။
Scrotal calcinosis ဆိုတာ ရှားပါးတဲ့ ယောက်ျားကပ်ပယ်အိတ်မှာ အကျိတ်လေးတွေဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ နာလဲမနာ၊ ခပ်မာမာ အကျိတ်ငယ်တွေ အများကြီးရှိနေမယ်။ တခြားကိုယ်တွင်းရောဂါ မရှိပါ။ အနုကြည့်မှန်ဘီလူးနဲ့ စစ်ဆေးရင် calcium (ကယ်လ်စီယမ်) ဓါတ်တွေ အရေပြားရဲ့ dermis မှာစုဝေးနေတာ တွေ့မယ်။ histiocytes နဲ့ inflammatory giant cell reaction ဆဲလ်တွေက ဝိုင်းနေတာတွေ့မယ်။ ဘာလို့ဖြစ်လဲ အသေအခြာ မသိပါ။ ဖြစ်နိုင်ခြေ သီအိုရီတွေ များတယ်။ ကင်ဆာ မဟုတ်ပါ။ ဖြစ်ရတဲ့အကြောင်းခံ မသိတာမို့ Idiopathic scrotal calcinosis (Idiopathic calcified nodules of the scrotum) လို့လဲခေါ်တယ်။ ကုသချင်ရင် ခွဲစိတ်ရမယ်။ ဆေပညာအတွက်သာ လေ့လာမှုတွေရှိတာမို့ ဒိထက်ပိုပြီး မရေးတော့ပါ။
Tue, Nov 20, 2012 at 9:16 AM
ဆရာ ဟိုတစ်ခါဆရာ့ကိုပြောတဲ့ သောက်ဆေးသောက်တာ ဘာမှမဆင်းလို့ သားအိမ်ခြစ်မယ်လို့ စိတ်ကူးထားပါတယ်။ ကိုယ်ဝန်က နှစ်လနဲ့နှစ်ပါတ်ရှိနေပါပြီ။ ဆရာဝန်က သုံးနာရီ လောက်ကြာမယ်လို့ပြောပါတယ်။ ခြစ်ပြီးရင် နောက်တစ်ခါ ကလေးယူချင်ရင် အဆင်ပြေပါ့မလား။ ပြီးတော့ ဘယ်လို ဆိုးကျိုးတွေဖြစ်လာမလဲ ဆိုတာ ပြောပြပေးပါအုံး။ ပြီးတော့ သားအိမ်ခြစ်တာ ဘယ်လိုအန္တရာယ်တွေရှိမလဲဆိုတာလည်း သိချင်လို့ပါရှင်။
D and C သားအိမ်ခြစ်တာ မကြာပါ။ များသောအားဖြင့် နာရီဝက်သာကြာတယ်။ ထုံဆေးတောင် မလိုတတ်ပါ။ ကိုယ်ဝန် ဘယ်လောက်ရှိနေသလဲအပေါ် မူတည်တယ်။ သာမန် ခွဲစိတ်မှုသာဖြစ်တယ်။ ဆေးပညာ အရရေးရရင် နောက်ဆက်တွဲ သတိထားစရာတွေတော့ရှိတယ်။ လူနာအတွက် သိပ်သိဘို့မလိုလှပါ။ စိုးရိမ်စရာမရှိပါ။ ဆေးရုံတွေမပြောနဲ့ ဆရာ့ အခမဲ့ဆေးခန်းလေးမှာ လုပ်တာ ခဏနေရင် လူနာ လမ်းလျှောက်၊ ဆိုက်ကားနဲ့ အိမ်ပြန်သွားတာဘဲ။ သွေးဖိအား နည်းရင် ဆေးတပုလင်း သွင်းရတယ်။ သွေးအားသိပ်နည်းသူကိုတော့ သွေးသွင်းချင်သွင်းမယ်။ နောင်ကိုယ်ဝန်ယူလို့ ရပါတယ်။ သားအိမ်ခြစ်ပြီးတာနဲ့ ကိုယ်ဝန် မယူခြင်သေးရင် တားဆေး၊ တားနည်း တခုခု ဆက်လုပ်ရမယ်။ ခဏခဏသားအိမ်ခြစ်ရတာ မကောင်းပါ။
Wed, Nov 21, 2012 at 10:11 AM
ကျမအခုနေနေတာက မြန်မာပြည်မှာပါ။ ကျမအသက်က (29) နှစ်ရှိပါပြီ။ ကျမတို့ နှစ်ယောက်က နောက် (3) လဆို လက်ထပ်တော့မှာပါ။ အခုသူက ပြည်ပခရီးထွက်နေပါတယ်။ ကျမရဲ့ရာသီလာရက်က (၇) ရက် ဖြစ်ပြီး (၉)ရက်နေ့မှာ ပြီးပါတယ် (၃)ရက်လောက်ပါရှင့်။ ကျမတို့နှစ်ယောက် အတူနေခဲ့တာက အောက်တိုဘာလကုန်ရက်မှာပါရှင့်။ အီးစီး(၂) သောက်ခဲ့ပါသေးတယ်။ ဒါပေမယ့် အခု နိုဝင်ဘာလ(၇) ရက်နေ့မှာ ရာသီမလာသေးလို့ ဆီးစစ်လိုက်တော့ နှစ်ကြောင်း ပေါ်ပါတယ်။ ကိုယ်ဝန်က ယူဖို့အဆင်မပြေသေးပါဘူး။ အဲ့ဒါ ဆရာဆိုဒ်ထဲမှာ စာတွေ ဝင်ဖတ်ကြည့်တော့ ကိုယ်ဝန် ဆေးသုံး ဖျက်နည်းတွေ တွေ့ပါ တယ်။ ကျမ သိချင်တာက ဆေးနာမည်နဲ့တကွ ဘယ်လိုသောက်ရမလဲ ဆိုတာလေးကို တိတိကျကျလေးပြောပြပေးပါလားရှင့်။ ဥပမာ-Mifepristone ဆေးဆိုရင် သောက်ပုံသောက်နည်းလေး တိတိကျကျ ပြောပြပေးပါရှင့်။
ဆရာက တမင်တကာ ကိုယ်ဝန်ဖျက်မပေးပါ။ ဖျက်နည်းလဲ လမ်းမညွှန်ပါ။ ဆေးစာကိုတော့စုံအောင်ရေးပါတယ်။
Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/medical-abortion-1.html
Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/medical-abortion-2.html
Medical abortion (3) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/03/medical-abortion-3.html
Thu, Nov 22, 2012 at 9:39 AM
သူကရွာကပါ အလုပ်အကြမ်းအတင်းလုပ်ရတယ်။ ကျွန်တော့ ကောင်းမလေနဲ့ ၂ လလောက်က အတူ နေတယ်။ ရာသီပုံမှန်လာတယ်ဆရာ။ နောက်လတော့ ၂ ခါဘဲ ဆက်ဆံတယ်ဆရာ။ ကေသီပန် ၂ ထုပ်ကို တိုက်ပါတယ်။ သူအချိန်ရောက်လို့ ရာသီလာပါတယ်။ ကေသီပန်ကို လတိုင်းလိုလို တိုက်ပါတယ်။ သူနဲ့မဆက်ဆံတာ ၂ လခွဲလောက်ကို ရှိပါပြီ။ သူကို တောကနေမြို့ကို ခေါ်လာပါတယ်။ အစား အသောက်တွေ ကောင်းကောင်းကျွေးပါတယ်။ ကေသီပန်လဲ တိုက်တယ်။ ဝဝနေတယ်ဆရာ။ ကေသီပန်က တည့်ရင်ဝတယ်လို့ ကြားတယ်ဆရာ။ ကလေးရှိလာတယ်ဆိုပြီး ဆီးဟစ်ပါတယ် မရှိဘူးကြီးဘဲပါနေတယ်။ ကလေးမလိုချင်းလို့ စိတ်ချရလား။ ဒီလအတွက်သူကို ကေသီပန်တိုက်တယ်။ အရင် ၂ လက ဆီးစစ်တယ်မရှိဘူး။ နောက်လလဲ စစ်တယ်မရှိဘူး။ အခုလလဲစစ်တယ်မရှိဘူး။ မဆက်ဆံတာက ၂လ ရှိပြီး ဝဝနေလို့ စစ်တာဆရာ စိတ်ချရမယ်လား။ သူဒီလ ၂၉ ရက်ရာသီလာမယ်ဆရာ။ အရင်နစ်လက ကေသီပန်ကို ၄ ထုပ်လောက်တိုက်တယ်ဆရာ။ ရာသီလာစောတယ် ရက်၂ဝ လောက်နေလာတယ်။ နောက်လက ရာသီလာပီး ၇ နစ်ရက်ကနေ ကေသီပန်တစ် နောက် ၇ နစ်ရက်နေ ၁ တစ်ထုပ်၊ နောက် ၆ ရက်နေ ၂ ထုပ်တိုက်လိုက်တယ်။ ရာသီလာတယ်ဆရာ။ အခုလလဲအများကြီးလာတယ်။ ရာသီမလာသေးဘူး မဆက်ဆံပါ။ ရာသီလာမဲ့ရက်က ဒီလ ၂၉ ရက်ပါ။ သူကပြောတယ် အရင်လတွေက စောလို့ ဒီလ ၂၉ ရက်မှာလာမယ်လို့ ပြောတယ်။ ကလေးမရှိဘို့ ရးကြီးတယ်ဆရာ။
စာကို အတော်ဂရုစိုက်ဖတ်ရတယ်။ အဖြတ်အတောက်မပါဘဲ စာရိုက်ထားတယ်။ သတ်ပုံလဲပြင်နေရတယ်။ ဘာကိုမေးချင်တာလဲ မသေခြာလှဘူး။ ဝတာကိုလား။ ကလေးမရချင်တာလား။ နှစ်ခု လုံးလား။ မြန်မာဆေး၊ တိုင်းရင်းဆေးတွေကို ဆရာတို့လို ဆရာဝန်တွေ သိပ်မသိပါ။ ဆေးကြောင့် ဝ-မဝ မပြောနိုင်ဘူး။ ဆေးသောက်တဲ့သူက ဝလာတယ်ဆိုတော့ အစားအသောက်နဲ့ အဲဒီဆေးကြောင့်ဖြစ်နိုင်မယ်။ ဆီးစစ်လို့ မရှိရင် ကိုယ်ဝန်မရှိတာ သေခြာနေတယ် မဟုတ်ပါလား။ ဒီကြားထဲဆလ ဆက်ဆံမှုမရှိတာမို့ ဘာအတွက် ကလေးရှိမှာ စိုးရိမ်နေပါသလဲ။
Wed, Nov 21, 2012 at 3:07 PM
ကျွန်မက အသက် ၃၃ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ ကလေးမရှိသေးပါ။ (့) မှာ အလုပ်သက်တမ်းတိုးဖို့ HIV စစ်ခိုင်းလို့ သွေးစစ်တော့ blood interference ဖြစ်နေတယ်ဆိုပြီး သွေးထပ်စစ်ခိုင်းလို့ပါ။ လွန်ခဲ့တဲ့ (၂)နှစ်တုန်းက အလုပ်သက်တမ်းတိုးဖို့ သွေးစစ်တော့အဆင်ပြေပါတယ်။ blood interference ရဲ့ မြန်မာ အဓိပ်ပါယ်ကို သိပါရစေ။
Blood interference ဆိုတာ ဆေးစာမှာ သွေးကိုအနှောင့်အယှက်ပြုခြင်းလို့ ဆိုလိုတယ်။ တခြားနေရာတွေမှာလဲ သုံးတာရှိတယ်။ ဥပမာ Cold Blood Interference ဆိုတာ တီဗွီဇာတ်လမ်း၊
Blood Interference ဆိုတာ ကျန်းမာရေးကို ဘယ်လို ထိခိုက်တတ်ပါသလဲရှင်။ Blood Interference ကြောင့် ရောဂါတစ်ခုခု ဖြစ်တတ်ပါသလား။ သွေးစစ်ဖို့ သွေးဖောက်ရင် ဘယ်လက်(သို့)ညာလက်က သွေးကို ဖောက်ရတာလဲ ဆိုတာ ဖြေကြားပေးပါနော်။
အခြေအနေတခုနဲ့တခုမတူပါ။ သိချင်တဲ့ဟာပြောမှာဖြေလို့ရပါမယ်။ သွေးဖေါက်တာ ဘယ်ကဖြစ်ဖြစ် သွေးထွက်ရင်ပြီးတာပါဘဲ။ ညာသန်ကို ဘယ်ဖေါက်တော့ အလုပ်မပျက်ဘူး။ ဖေါက်တဲ့သူ လက်လှည့် သင့်တာလဲဖေါက်တယ်။ တကိုယ်လုံးကသွေး ဘယ်ကနေရရ အတူဘဲ။
23-11-2012 Facebook
သမီး ကလေးမွေးတာ လမစေ့ပဲမွေးလို့ပါ။ အခုမှ သားဦးပါ။ ကလေးက 3 ရက်ပဲ အသက်ရှင်ပါတယ်ရှင်။ 2.11.2012 နေ့ကမှ မွေးတာပါ။ နောက်ထပ်ကလေးထပ်ယူရှင်။ အခုလိုဖြစ်မှာစိုးရိမ်လို့ပါရှင်။ ဘယ်လောက် လောက်ခြားပြီးမှ ကိုယ်ဝန်ထပ်ဆောင်ရမလဲရှင်။
ကိုယ်ဝန်အတွက်ပို့လိုက်တဲ့ စာတွေလဲဖတ်ပါ။ ကိုယ်ဝန်ပျက်ပြီ၊ ဖျက်ပြီး၊ အသေမွေးပြီ နောက်ကိုယ်ဝန်ဆက်ဆောင်နိုင်ပါတယ်။ ပိုကောင်းတာက ရာသီ ၂ လလောက် မှန်ပြီးမှ နောက်ကိုယ်ဝန်ယူတာဖြစ်တယ်။ ထပ်ဖြစ်-မဖြစ်ဆိုတာ အရင်ဟာ ဘာလို့ဖြစ်သွားခဲ့သလဲ အပေါ်လဲ မူတည်နိုင်တယ်။ တခါဖြစ်လို့ ထပ်ဖြစ်တယ်ဆိုတာ ရှိပေမဲ့ အမြဲအဲလိုမဟုတ်ပါ။ အပြုသဘောဆောင်ထားတာ အကျိုးများစေပါတယ်။
မျိုးရိုးလိုက်တတ်ပါသလား။ သမီးအမေ ကိုကိုမွေးတုန်းကလဲ 7 လနဲ့မွေးတာပါ။ သမီးကလေးက 2 ပေါင်နဲ့ 9 အောင်စပဲရှိပါတယ် 2.11.2012 နေ့ကမွေးတာပါရှင့်။
ဖြစ်နိုင်ပါတယ်။ OG ဆီမှာ ကိုယ်ဝန်အပ်ပါ။ စောမွေးချင်တာကို တားတဲ့နည်းလိုချင်လိုမယ်။ ၇ လနဲ့မွေးပေမဲ့လဲ ရှင်သန်နိုင်တယ်။ ဆရာ့ဆီမှာ ၁့၂ ကေဂျီကလေး ရှင်တယ်။ စက်တွေဘာတွေတောင် ရှိတာမဟုတ်ဘူး။ ကံတရားဆိုတာလဲ ရှိတယ်မဟုတ်လား။
Fri, Nov 23, 2012 at 6:59 PM
သမီး အသက် (၂၈)နှစ် ရှိပါပြီ။ ချစ်သူနဲ့ အောက်တိုဘာ (၂၅ရက်)နေ့က အတူနေဖြစ်ခဲ့ပါတယ်။ သမီး ရာသီလာရက်က (၁၈ရက်)နေ့ပါ။ အခု (၂၄ရက်)အထိ မလာသေးပါ။ သမီးအလွန်ကြောက်နေပါတယ်ရှင်။ ကိုယ်ဝန်များရှိသွားနိုင်လားဟင်။ သမီးတို့က ယူမှာပါ ဒါပေမယ့် အဆင်သင့်မဖြစ်ကြသေးပါဘူး။ စိတ်အလိုလိုက်မိသွားပါတယ်ဆရာ။ ကူညီပါအုန်းနော်။ သမီးဘယ်လိုဖြေရှင်းရမလည်းဆိုတာကိုပါ။ (ချုပ်နေတာ ထင်ပြီး ထန်းလျှက်နဲ့ ဂျင်းလည်း ပြုပ်သောက်ပါတယ်။ ကေသီပန်လည်း (၁၅လုံး)လောက်ရှိပြီ သောက်ပါတယ်။) ဒါပေမယ့် မထူးလို့ပါဆရာ။ ယူလို့လည်း မဖြစ်နိုင်သေးလို့ပါဆရာ။ သမီးသေသာ သေလိုက် ချင်တော့တယ်ဆရာရယ်။ ကျေးဇူးပြုပြီး သမီးကို အကြံညဏ်ပေးစာလေးပြန်ပါနော်
ဆရာက ကိုယ်ဝန်ဖျက်မပေးပါ။ ဖျက်နည်းလဲမပေးပါ။ ဆေးစာတွေတော့စုံအောင်ရေးတာမို့ ရေးပြီးသာ ရှာယူပါ။ အခုမေးတဲ့ (ဆိုက်) မျာလဲ ရှိချင်ရှိမယ်။ ဆရာ့ (ဆိုက်) မှာတော့ အသေအခြာရှိပါတယ်။
Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁) http://dts-medicaleducation-adultblogspotin/2012/04/medical-abortion-1html
Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂) http://dts-medicaleducation-adultblogspotin/2012/03/medical-abortion-2html
Medical abortion (3) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃) http://dts-medicaleducation-adultblogspotin/2012/03/medical-abortion-3html
Abortion မလိုချင်တဲ့ ကိုယ်ဝန် http://dts-medicaleducation-adultblogspotin/2012/04/abortionhtml
Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ http://dts-medicaleducation-adultblogspotin/2012/04/abortion-complicationshtml
Abortion Pills ဖျက်ဆေးတွေအကြောင်း http://dts-medicaleducation-adultblogspotin/2012/03/abortion-pillshtml
Fri, Nov 23, 2012 at 5:09 PM
သမီး အသက် က ၂၉ နစ်ပါ။ 31 Oct 2012 မှာကလေး မွေးထားပါတယ်။ နို့က ထွက်ထွက်လာချင်း ချဉ် နေတယ် ဆရာ။ ဘယ်လို လုဎ်ရမလဲ သိချင်လို့ပါဆရာ။
မစိုးရိမ်ပါနဲ့။ နို့သန့်ရှင်းရေးလုပ်ပါ။ ထွက်ထွက်ချင်းနို့ကို ညှစပြစ်ပါ။ နောက်တော့ ပုံမှန်ဖြစ်လာပါမယ်။
Fri, Nov 23, 2012 at 12:01 PM
ကျွန်မကိုယ်ဝန် ၂ရ ပတ်ရှိပါပြီ။ လက်နဲ့ ခြေထောက်တွေ သိသိသာသာရောင်ပြီး လမ်းလျှောက်ရင်နာပါတယ်။ တချို့က ဆနွန်းလိမ်းသောက်ခိုင်းပါတယ် မသောက်နိုငိင်လို့ပါ။ ကျွန်မပြတဲ့ဆရာဝန်ကတော့ ဘာမှမဖြစ်ဘူး။ နော်မယ်ပဲဆိုပြီးဆေးလဲ မပေးပါဘူး။ မွေးခါနီးလနဲ့ရက်တွေမှာ အစားအသောက် အနေအထိုင်လေးတွေသိချင်ပါတယ် ဆောင်ရန်ရှောင်ရန်လေးတွေပေါ့။ ကျွန်မကို ပြုစုမယ့်သူမရှိပါဘူး။ ယောက်ျား အလုပ်နားပြီးကြည့်ပေးမှာပါ။ သူများပြောတာတွေလဲရမ်းမလုပ်ရဲဘူးဆရာ နိုင်ငံရပ်ခြားမှာမို့ပါ။ မွေးပြီးရင်ရော ၄၅ရက်အတွင်းရှေးလူကြီးတွေပြောသလိုအကုန် ရှောင်ရမှာလား။ ဗမာဆေးတွေရော သုံးဘို့ လိုအပ်ပါသလားရှင့်။ အင်္ဂလိပ်ဆေးနဲ့ခြားပြီးသောက်ဘို့ပြောကြပါတယ်။
ကိုယ်ဝန်မှာ ခြေထောက်ရောင်တတ်တယ်။ သွေးဖိအား မများရင်၊ ဆီးထဲမှာ အနယ်မပါရင် စိုးရိမ်စရာမလိုပါ။ အငန်ရှောင်ပါ။ မတ်တပ်ရပ်တာ၊ လမ်းလှောက်တာ နည်းအောင်လုပ်ပါ။ အိပ်ယာမှာ ခြေဆင်းနားပါ။ ခြေထောက်အောက်က အခုအခံလေးနဲ့ တင်ထားပြီးနားပါ။ အဲလို သွေးဖိအားကောင်း၊ ဆီးကောင်းပေမဲ့ရောင်တာက ရောင်လိုက် ကျခိုက်ဖြစ်မယ်။ မွေးပြီးလဲ နည်းနည်းဖြစ်နိုင်တယ်။ ပြောထားသလိုသာဆေင်ခြင်ပါ။ အငန်ဆိုတာထဲမှာ ဆော်ဒါမှုံ့နဲ့ ဟင်းချိုမှုံ့လဲပါတယ်။
Wed, Nov 21, 2012 at 6:09 PM
တန်ဆာက ဆီးသွားရင်နာနေလို့ စိတ်ထတဲ့အခါ တန်ဆာတင်းနေရင်လဲနာပါတယ်။ အဲဒါဘာရောဂါဖြစ်တာလဲသိချင်လို့ပါ။ အသက်က 25 ပါ။ လိင်ဆက်ဆံမူတော့ မရှိဖူးပါဖူး။ ကိုယ့်ဟာကိုတော့အာသာဖြေဖူးပါတယ်။ အခုတော်တော်သက်သာသွားပါပြီ။
ဆက်ဆံမှုမရှိသူဆိုရင် လိင်ကတဆင့်ကူးစက်ရောဂါမရှိနိုင်ပါ။ ပိုးသေဆေးမလိုပါ။ အနာသက်သာဆေးတခုခုကိုသာ ၂-၃ ရက်သောက်ပါ။
Fri, Nov 23, 2012 at 1:19 PM
ကာကွယ်မဲ့ လိမ်ဆက်ဆံခြင်းမှ ကူးစက်ခြင်း၊ ပါးစပ်မှကူးစက်ခြင်း၊ စိုစွတ်သောအဝတ်အစားတွင် ပိုးရှိက ကူးစက်နိုင်ခြင်း၊ လိင်အင်္ဂါရှိ အနာများမှ ကူးစက်နိုင်ခြင်းရှိတယ်လို့ လေ့လာမှတ်သားရပါတယ်။ ကျနော်နားမလည်တာက ၂ နဲ့ ၃ ပါ။ ရောဂါရှိသောလူနှင့် ပါးစပ်ခြင်းနမ်းစုပ်ရုံနဲ့ ကူးစက်နိုင်သလား။ ရောဂါရှိသော လူအသုံးပြုသော ရေခွက်မှ ကူးစက်နိုင်သလား။ စွတ်စိုသော အဝတ်အစားတွင် ရောဂါသည် မည်သည့်အချိန်ထိ ခိုအောင်း နိုင်ပါသလဲ။ ကျနော် အသက်က ၃၁ ပါ။ ယခု ဂနိုရီးယား ဟုယူဆရသော ရောဂါ ကုသနေပါတယ်။ အိမ်ထောင်ရှိပြီး ၄ နှစ်အရွယ် သား တစ်ယောက် ရှိပါတယ်။ ဆီးပူတာတွေတော့ ပျောက်ပြီ။ ဒီရက်ပိုင်းအတွင်း ဘယ်ဘက်ဒူးခေါင်းက မတရား ထိုးကိုက်သဖြင့် အရိုးဆရာဝင်သွားပြရာ ဒူးဆစ်အတွင်း ရောဂါဝင်တယ်လို့ ပြောပါတယ် အဲ့ဒီရောဂါက ဂနိုရောဂါပိုးလား သိချင်ပါတယ်။ ညာဘက်မျက်လုံးကလဲ မျက်ဝတ် တွေ ထွက်ထွက်နေပါတယ်။ ဂနိုနှင့်ဆိုင်ပါသလား။
မေးချင်တာက ဘယ်ရောဂါလဲ။ ဂနိုဘဲလား။ အရင်က ဂနိုရီယား အကြောင်းမေးပြီး၊ အခုအမေးမှာ ကာလသားရောဂါလို့ ခေါင်းစဉ်တပ်ထားတယ်။ ဂနိုက ပါးစပ်ကနေ မကူးပါ။ ပိုးတွေက စိုတာမှာပိုအသက်ရှင်နိုင်လို့ ကူးနိုင်တာဖြစ်တယ်။ အစိုဓါတ်အပြင် အပူချိန်စတာတွကလဲ သက်ရောက်လို့ တိတိကျကျ ဘယ်နှစ်နာရီစတာ ပြောရခက်တယ်၊ ရေခွက်ကနေ မကူးပါ။ ဂနိုအတွက် ဆေပတ်လည်ရင် စိုးရိမ်စရာမရှိပါ။ အဆစ်ကိုတော့ ကူးနိုင်ပါတယ်။ ဆေးကုရင်ပျောက်ပါမယ်။ မျက်စိကိုလဲ ရောက်နိုင်တယ်။ ဆရာ့စာတွေထဲမှာ ပါမယ်ထင်ပါတယ်။
Fri, Nov 23, 2012 at 5:09 PM
သမီး အသက်က ၂၉ နစ်ပါ။ 31 Oct 2012 မှာကလေး မွေးထားပါတယ်။ နို့က ထွက်ထွက်လာချင်း ချဉ်နေတယ်။ ဘယ်လို လုဎ်ရမလဲ သိချင်လို့ပါဆရာ။
မစိုးရိမ်ပါနဲ့။ နို့သန့်ရှင်းရေးလုပ်ပါ။ ထွက်ထွက်ချင်းနို့ကို ညှစပြစ်ပါ။ နောက်တော့ ပုံမှန်ဖြစ်လာပါမယ်။
Fri, Nov 23, 2012 at 6:59 PM
သမီး အသက် (၂၈)နှစ် ရှိပါပြီ။ ချစ်သူနဲ့ အောက်တိုဘာ (၂၅ရက်) နေ့က အတူနေဖြစ်ခဲ့ပါတယ်။ သမီး ရာသီလာရက်က (၁၈ရက်)နေ့ပါ။ အခု (၂၄ရက်)အထိ မလာသေးပါ။ သမီးအလွန်ကြောက်နေပါတယ်ရှင်။ ကိုယ်ဝန်များရှိသွားနိုင်လားဟင်။ သမီးတို့က ယူမှာပါ ဒါပေမယ့် အဆင်သင့်မဖြစ်ကြသေးပါဘူး။ စိတ်အလိုလိုက်မိသွားပါတယ်ဆရာ။ ကူညီပါအုန်းနော်။ သမီးဘယ်လိုဖြေရှင်းရမလည်းဆိုတာကိုပါ။ (ချုပ်နေတာထင်ပီး ထန်းလျှက်နဲ့ ဂျင်းလည်း ပြုပ်သောက်ပါတယ်။ ကေသီပန်လည်း (၁၅လုံး)လောက်ရှိပြီ သောက်ပါတယ်။) ဒါပေမယ့် မထူးလို့ပါဆရာ။ ယူလို့လည်း မဖြစ်နိုင်သေးလို့ပါ။ သမီးသေသာသေလိုက်ချင်တော့တယ်ဆရာရယ်။
ဆရာက ကိုယ်ဝန်ဖျက်မပေးပါ။ ဖျက်နည်းလဲမပေးပါ။ ဆေးစာတွေတော့စုံအောင်ေ၇းတာမို့ ရေးပြီးသာ ရှာယူပါ။ အခုမေးတဲ့ (ဆိုက်) မျာလဲ ရှိချင်ရှိမယ်။ ဆရာ့ (ဆိုက်) မှာတော့ အသေအခြာရှိပါတယ်။
Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/medical-abortion-1.html
Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/medical-abortion-2.html
Medical abortion (3) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/03/medical-abortion-3.html
Abortion မလိုချင်တဲ့ ကိုယ်ဝန် http://dts-medicaleducation-adult.blogspot.in/2012/04/abortion.html
Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ http://dts-medicaleducation-adult.blogspot.in/2012/04/abortion-complications.html
Abortion Pills ဖျက်ဆေးတွေအကြောင်း http://dts-medicaleducation-adult.blogspot.in/2012/03/abortion-pills.html
Fri, Nov 23, 2012 at 10:42 PM
ကျွန်တော့ဆီးခုံမှာ ကြွက်နို့ဖြစ်နေပါတယ်။ ကျွန်တော့ ကောင်မလေးက ဆီးပိုးရှိပါတယ်။ တစ်ခါလိမ်းဆေး အနီရောင်တင်ဒါနံနဲ့ လိမ်းလိုက်တာခြောက်ပြီး ကျွတ်သွားတယ်။ ခုပြန်ဖြစ်နေပါတယ်။ ဆေးလည်း စစ်ပြီးပါပြီ။ တစ်ခါတည်း ဘယ်လိုပျောက်အောင် ဆေးလိမ်းရမလည်းခင်ဗျား။ လေဆာနဲ့ဖြတ်ရမလား။ ဘယ်ဆေးခန်း ကောင်းလည်းဆရာ။
• Warts ကြွက်နို့ http://dts-medicaleducation.blogspot.com/2009/08/warts.html
Sat, Nov 24, 2012 at 12:09 AM
တံတွေးကနေ hiv စစ်တဲ့ဟာကို ဘယ်လိုခေါ်ပါသလည်း ခင်ဗျား။ ဘယ်မှာဝယ်လို့ရပါသလည်းခင်ဗျား။
HIV screening tests စမ်းသပ်နည်းများ
ယမုန်နာဆေးခန်း - အမေးအဖြေ (၉၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




