12
Dec

အမေးအဖြေ (၉၇) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. ကျမအသက် (၃ဝ) (့) မှာနေပါတယ်။
2. ကျွန်မ အသက်က 29 အိမ်ထောင်ရှိပါတယ်။
3. Vimax ဆိုတဲ့ ယောက်ျားဆေးက ဒီမှာဝယ်လို့ရပါသလား။
4. ကျွန်မ ကိုယ်ဝန် ၂၃ ပတ်ရှိပါပြီ။
5. ယောက်ျားအင်္ဂါကြီးအောင်၊ ဆက်ဆံတဲ့အခါ
6. ရာသီလာတာနဲ့ ကိုယ်ဝန် ရနိုင်မရနိုင်ကိုလည်းမေးဖူးပါတယ်။
7. ကျွန်တော့်မှာ ချစ်သူရှိပါတယ်။
8. သမီး (့) မှာ အလုပ်လုပ်ပါတယ်။
9. လိင်အင်္ဂါ ယားယံခြင်းအတွက် အသုံးပြုသင့်သည့်ဆေးဝါးများကို
10. ကျွန်မလေ အဖြူဆင်းပြီး ယားတဲ့ဝေဒနာကိုခံစားရတာ
11. ကိုယ်ဝန်မရအောင် တားဆေးသောက်ကြတယ်ဆိုတာ
12. ကျွန်တော်က ရန်ကုန်ကပါ။
13. ကျွန်တော် နာမည်က (့) ပါ။
14. ကျွန်မ အသက်က 29 အိမ်ထောင်ရှိပါတယ်။
15. ကျနော့် အသက် 28 ပါ။ ကလေးလိုချင်လို့ပါ။

Sat, Nov 24, 2012 at 9:06 AM
ကျမအသက် (၃ဝ) (့) မှာနေပါတယ်။ 11th November က အမျိုးသားနဲ့ အကာအကွယ်မပါပဲ ဆက်ဆံမိပါတယ်။ အမျိုးသားကတော့ အပြင်မှာပဲသုတ်ရည်စွန့်ထုတ်ပါတယ်။ နောက်ရက် Ecee2 Levonorgestrel ကိုလည်း ၁၂ နာရီခြားပြီး သောက်ခဲ့ပါတယ်။ ယခု ဆရာထံစာရေးသော 24th November အထိ Menstruation မလာသေးသဖြင့် ကိုယ်ဝန် ရှိနေနိုင်ပါသလား ဆရာ။ မနေ့က Pregnancy Tester နှင့်ဆီးစစ်တော့ Negative ပဲပြပါတယ်ရှင့်။ ဒါပေမယ့် Menstruation မလာသေးသဖြင့် စိတ်ပူနေမိပါတယ်။ ကလေးယူဖို့ အဆင်သင့်မဖြစ်သေးလို့ပါ။

Ecee2 လဲစနစ်တကျသောက်တယ်။ Pregnancy test ကလဲ negative ပြတယ်ဆိုရင် ကိုယ်ဝန်မဟုတ်ပါ။ အရေးပေါ်တားဆေးကြောင့် ရာသီလာရက် ပြောင်းစေတယ်။ များသောအားဖြင့် စေလာပေမဲ့ တချို့ကနောက်ကျတယ်။ မစိုးရိမ်ပါနဲ့။ နောက်တပတ်နေလို့မှ မလာသေးရင် ဆီးထပ်စစ်ပါ။

Sat, Nov 24, 2012 at 11:35 AM
ကျွန်မ အသက်က 29 အိမ်ထောင်ရှိပါတယ်။ 11 လ အရွယ်ကလေးတယောက်လည်း ရှိပါတယ်။ ကလေးမွေးပြီး 45 ရက်ပြည့်ကတည်းက ကိုယ်ဝန်တားဆေး ထိုးထားပါတယ်။ ကလေးကိုလည်း မိခင်နို့ပဲ တိုက်ပါတယ်။ ဆေး နောက်ဆုံးထိုးခဲ့တာက Nov 3 ရက် ကပါ။ 3 လ ခံဆေးပါ။ အခုရက်မှာမှ သွေးပေါ်လာလို့ပါ။ သွေးက အများကြီးလည်း မဟုတ်ပါဘူး။ အရင်လတွေထိုးတုန်းက မပေါ်ပဲ အခုမှပေါ်လာလို့ စိုးရိမ်လို့ပါ။ ဘာဖြစ်တာလဲ သိချင်ပါတယ်။ ဖြစ်ရိုးဖြစ်စဉ်ပဲလား။ ဖြေကြားပေးပါဆရာရှင့်။

၃-၁၁-၂ဝ၁၂ မှာ သုံးလခံတားဆေးထိုးပြီး၊ ၂၃-၁၁-၂ဝ၁၂ လောက်မှာ သွေးဆင်းတယ်လို့ ပြောချင်တာပါလား။ ဟုတ်ရင် စိုးရိမ်စရာမရှိပါ။ သွေးနည်းတာလဲ ပူစရာမရှိပါ။ တယောက်နဲ့တယောက် မတူကြပါ။

Sun, Nov 25, 2012 at 10:30 PM
Vimax ဆိုတဲ့ ယောက်ျားဆေးက ဒီမှာဝယ်လို့ရပါသလား။ ဘယ်မှာဝယ်ရမလဲနဲ့ တန်ဖိုးလေးပြါေ့ပာပေးပါ။

ဘယ်နိုင်ငံအတွက်မေးလဲ မသိပါ။ မြန်မာပြည်ဆိုရင် ဆရာ မြန်မာပြည်မှာနေရတာမဟုတ်လို့ မသိပါ။

Mon, Nov 26, 2012 at 8:26 AM
ကျွန်မ ကိုယ်ဝန် ၂၃ ပတ်ရှိပါပြီ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာ ၁ ပတ်ကျော်နေပါပြီဆရာ။ ဘာဆေးသောက်ရမလဲ၊ ဘာလုပ်ရမလဲ အကြံပေးပါဦးရှင်။ အလုပ်တစ်ဖက်နဲ့မို့ နေ့ခင်းဘက်လည်း ပြန်မအိပ်ရပါဘူး။ အိပ်ရေးမဝတော့ မူးလည်းမူးပါတယ်ဆရာ။

Pregnancy and Sleeping pills ကိုယ်ဝန် နဲ့ အိပ်ဆေး http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-sleeping-pills.html

Mon, Nov 26, 2012 at 5:25 AM
ယောက်ျားအင်္ဂါကြီးအောင်၊ ဆက်ဆံတဲ့အခါ ကြာကြာဆက်ဆံနိုင်အောင်၊ သုတ်အားကောင်းအောင် ဘာတွေလုပ်ဆောင်သင့်ပါသလဲ။ မိန်းမတွေ အလိုကိုပြည့်အောင် ကြာကြာဆက်ဆံနိုင်အောင် ဘာတွေ ဘယ်လို ဆောင်ရွက်သင့် ပါသလဲ။ အသက်(၂၉)၊ အိမ်ထောင်မရှိသေး၊ (အိမ်ထောင်ပြုရန် အစီစဉ်ရှိ။)

Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း (၁) General ယေဘုယျ http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-1.html
Penis enlargement (2) ကျားအင်္ဂါ ကြီးစေခြင်း (၂) Injection ဆေးထိုးနည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-2.html
Penis enlargement (3) ကျားအင်္ဂါ ကြီးစေခြင်း (၃) Andropenis နည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-3.html
Penis enlargement (4) ကျားအင်္ဂါ ကြီးစေခြင်း (၄) Analysis သုံးသပ်ချက် http://dts-medicaleducation-adult.blogspot.in/2012/05/penis-enlargement-4.html
Penis enlargement (5) ကျားအင်္ဂါ ကြီးစေခြင်း (၅) Pump and others လေစုပ်ကရိယာ http://dts-medicaleducation-adult.blogspot.in/2012/04/penis-pump.html
Penis enlargement (6) ကျားအင်္ဂါ ကြီးစေခြင်း (၆) Complications ဆိုးကျိုးတွေ http://dts-medicaleducation-adult.blogspot.in/2012/08/penis-enlargement-5-complications.html
Sperm and Semen သုက် နဲ့ သုက်ရည် http://dts-medicaleducation-adult.blogspot.in/2012/04/sperm-and-semen.html
Sperm Color သုက်၏အရောင် နှင့် Hematospermia သုက်ထဲသွေးပါခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/sperm-color-hematospermia.html
Sperm comes from သုက်ရည် ဘယ်ကလာသလဲ http://dts-medicaleducation-adult.blogspot.in/2012/06/sperm-comes-from.html
Sperm Count သုက်ပိုးများစေနည်း http://dts-medicaleducation-adult.blogspot.in/2012/03/sperm-count.html
Female Orgasm (1) အမျိုးသမီး ပြီးခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/female-orgasm-1.html
Female Orgasm (2) အမျိုးသမီး ပြီးတာကို ပိုနားလည်လာပြီ http://dts-medicaleducation-adult.blogspot.in/2012/03/female-orgasm-2.html
Male Orgasm ယောက်ျား ပြီးခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/male-orgasm.html

Sun, Nov 25, 2012 at 7:44 PM
ပထမတခါတုန်းက ရာသီလာတာနဲ့ ကိုယ်ဝန် ရနိုင်မရနိုင်ကိုလည်းမေးဖူးပါတယ်။ တော်တော်လေးလည်းရှင်းသွားပါပြီ။ အခုမေးချင်တာက ကျွန်တော့်ချစ်သူ ကောင်မလေးက ရာသီသွေးလာနေတာ ဒီလ (၇) ရက်ကနေ စလာတာ ဒီနေ့ (၂၅) ရက်နေ့ထိ မရပ်သေးဘူး။ သူပြောတာကတော့ အခုနောက်ပိုင်းလာတဲ့သွေးတွေက ပုံမှန်မဟုတ်သလို ပဲတဲ့။ ခေါင်းတွေဘာတွေ ကွဲပြီးထွက်တဲ့ သွေးတွေ လိုမျိုးပဲတဲ့။ တော်တော်လေးလည်း စိတ်ပူနေလို့ မနက်ဖြန်တော့ ဆေးခန်းသွားပြခိုင်းထားတယ်။ နိုင်ငံခြားမှာဆိုတော့ ဆေးခန်းပြရတာလည်း သိပ်မလွယ်ဘူးဆရာရယ်။ ဘာကြောင့် ဘယ်လို ဖြစ်နိုင် တယ်ဆိုတာကို ပြောပြပေးပါအုံး။ မိန်းကလေးရဲ့အသက်က (၂၄)။ အိမ်ထောင်က မရှိသေးပါဘူး။ ကျွန်တော်နဲ့တော့ အတူတူဆက်ဆံဖူးပါတယ်။ တလ ဆယ်ခါလောက်တော့ ဆက်ဆံမိပါတယ်။ အကာအကွယ်သုံးပါတယ်။ ရာသီစလာတဲ့ (၇) ရက်နေ့ကဘဲ အကာအကွယ်မဲ့ ဆက်ဆံမိတာ။ အရင်လတုန်းက ပုံမှန်ပဲလာတာ။ တခါလာရင် (၅) ရက်လောက်တော့ကြာပါတယ်။ ဟိုးရှေ့လတွေတုန်းကတော့ တခါတလေ ၂ လနီးပါးလောက်တော့ ထိန်တတ်တယ်။

ပြောတဲ့အတိုင်းဆိုရင် ကိုယ်ဝန်ကို မစဉ်းစားဘဲနေနိုင်ပြီ။ တားဆေးလဲ မသောက်ဘူးလား မပြောတတ်ပါ။ တားဆေ; (ပုံမှန်တားဆေး၊ အရေးပေါ်တားဆေး) တွေကနေ ရာသီကို ပြောင်းစေနိုင် တယ်။ မြန်မာဆေးလဲ သောက်-မသောက် မသိရပါ။ တချို့မြန်မာဆေးတွေကလဲ ရာသီကိုပြောင်းစေတယ်။ ဒီချက်တွေကိုဖယ်ထုတ်နိုင်ရင် စိတ်ဖိအားကြောင့်ဖြစ်နိုင်တာကို စဉ်းစားရမယ်။ ဘာ့ကြောင့်ဖြစ်ဖြစ် စိုးရိမ်စရာမရှိပါ။ ဒါပေမဲ့ သွေးအားနည်းစေနိုင်လို့ သံဓါတ်ပါအားဆေး ကြာကြာသောက်ပါ။ သွဓါတ်ပါအစားအသောက်ရွေးစားပါ။ ဗီတာမင် စီ သောက်ပေးနိုင်ပါတယ်။

Sun, Nov 25, 2012 at 10:56 PM
ကျွန်တော့်မှာ ချစ်သူရှိပါတယ်။ သူအသက်က ၂၃ ပါ။ ကျွန်တော်နဲ့ အသက်တူပါတယ်။ သူက အရင်ရည်စား ရှိဘူးပါတယ်။ ၅ ယောက်လောက်ပါ။ သူက sex အကြောင်းကို တော်တော်လေးသိနေပါတယ်။ oral sex ကိုတောင် တော်တော် သိပါတယ်။ အဲဒါ ကျွန်တော် doubt ဖြစ်နေ ပါတယ်။ သူက Masturbation လဲမလုပ်ပါဘူးတဲ့။ သူရဲ့ Vagina ထဲကိုလဲ ဘာမှမထည့်ပါဘူးတဲ့။ hayman ရှိ-မရှိ သိနိုင်ပါလားဆရာ။ ကျွန်တော် ကတော သူနဲ့တခါမှ မဆက်ဆံဘူးပါဆရာ။ အဲဒါ သူကို အပျိုတကယ်စစ်လား စစ်ဆေးချင်ပါတယ်။ သူကတော့ အပျို တကယ်စစ်ကြောင်း အာမခံပါတယ်တဲ့။ စစ်ဆေးလို့လဲရပါတယ်တဲ့။ အဲဒီတော့ ကျွန်တော်လဲ doubt တွေရှင်းသွားအောင် စစ်ဆေး ချင်ပါတယ်။ မြန်မာနိုင်ငံမှာ ဆေးရုံကဆရာဝန် (OG) တွေနဲ့ စစ်ဆေးလို့ ရနိုင်ပါသလား။ ရိုလျှင် သိလိုပါတယ်ဆရာ။

ဆရာရဲ့  Virginity (1) အပျို တကယ် စစ်ပါတယ်၊ True virgin အပျိုစစ်၊ Virginity fraud အပျိုရည် ပျက်ခြင်း အစရှိတာတွေလဲ ဖတ်ပါတယ်။ ဒါပေမဲ့ အကုန် နားမလည်လို့ပါ။ Fourchette။ Posterior commissure အဲဒါလေးတွေကို picture နဲ့ ရှင်းပြပေးစေလိုပါတယ်။ ကျွန်တော် medical term ကို နားမလည်နိုင်လို့ပါ။။

အပျိုမှေးကို စစ်ပေးဘို့ ဆေးရုံ၊ ဆေးခန်းတွေမှာ သွားပြောလို့တော့ မဖြစ်နိုင်လောက်ဘူး။ ရောဂါမဟုတ်လို့ပါ။
ပြောလို့ရတဲ့ OG တဦးကိုဆွေးနွေးနိုင်မယ် ထင်ပါတယ်။ နာလည်မှုပေးလောက်တဲ့ဆရာဝန်ကိုလဲ ပြောပြရင် ရနိုင်ပါမယ်။
ကိုယ်တိုင်တွေ့ကြုံတဲ့အခါမှာလဲ သိလာနိုင်လောက်ပါတယ်။
ဒီလိုနေရာကပုံတွေတော့ ဆရာ့ဆိုက်မှာ မတင်လိုပါ။ အများကြည့်လို့သင့်မှာ မဟုတ်ပါ။ ကြည့်လိုသူတွေအတွက် ခုခေတ်မှာ ပုံရှာရတာ အင်မတန်လွယ်နေတာမို့ ဖါသာရှာစေချင်ပါတယ်။

I want to know your advice. I love her ,but cant accept if not real virgin! What should I do? Ofcourse I am confused about that and doubtful on her! So is there no more way to make sure?

I agree. Your desire is very normal. However I, a doctor should not give advice for social matters. Good luck!

Sun, Nov 25, 2012 at 10:24 PM
သမီး (့) မှာ အလုပ်လုပ်ပါတယ်။ သမီးအမျိုးသားကလဲ အတူအလုပ်လုပ်နေပါတယ်။ သမီးတို့ ကလေးမယူချင်သေးလို့ အမျိုးသား မြန်မာပြည်ကို အလည်ပြန်ချိန်က အီးဇီးတူး ဆိုတဲ့ အရေးပေါ်တားဆေး ဝယ်လာပါတယ်။ မြန်မာပြည်က ဆေးဆိုင်ကပြောလိုက်တာ ကာမ မဆက်ဆံခင်မှာ ဆေးနှစ်လုံးစလုံးကို ကြိုသောက်ရတယ်လို့ ပြောလိုက်ပါတယ်။ အဲဒီ ဆေးက အမှန်တကယ် စိတ်ချရပါသလား။ ဘယ်လိုသောက်ရတယ် ဆိုတာကို အတိကျမသိလို့ပါ။ သမီး အမျိုးသားကတော့ ကလေးရလဲ ယူမယ်ပြောနေတာ သမီးကတော့ ကလေး မယူချင်သေးလို.ပါ ငွေရှာနေချိန်မှာ မလိုးလားအပ်တာတွေ ဖြစ်လာ မှာကြောက်လို့ ဆရာထံကို အကူညီတောင်းမိတာပါ။ မြန်မာပြည်က ဆေးဆိုင်တွေကတော့ လုံးဝစိတ်ချရတယ် ပြောပေးမဲ့ ဆရာတို့လို ပညာရှင်တွေပြောတာမဟုတ်တော့ စိုးရိမ်လို့ပါ။ ဘယ်လို ကြိုတင်သောက်ရတယ် ဆိုတာကို ပြောပေးပါဆရာ။

Emergency contraception အရေးပေါ် တားဆေး
လိင်ဆက်ဆံပြီး မြန်မြန်သုံးလေ စိတ်ချရလေဖြစ်တယ်။ ဆက်ဆံအပြီး ၃-၅ ရက်အတွင်း သုံးနိုင်တယ်။ ၂၄ နာရီ အတွင်း သောက်ရင် ၉၅%၊ ၂၄-၄၈ နာရီအတွင်းသောက်ရင် ၈၅%၊ ၄၈-၇၂ နာရီအတွင်းသောက်ရင် ၅၈% စိတ်ချရတယ်။ ၅ ရက်အထိ သုံးနိုင်ပေမဲ့ စိတ်ချရတဲ့ ရာနှုန်း မသိရသေးဘူး။ Progestin (Levonorgestrel) 1.5 mg တလုံး တကြိမ်တည်း၊ ဒါမှမဟုတ် 750 μg နှစ်ခါခွဲ သောက်နိုင်တယ်။ အမေရိကားမှာ Progestin-only pills (POPs), Plan B, Emergency contraception (EC), Emergency contraceptive pills (ECPs), Morning-after pill, Day after pills နာမည် အမျိုးမျိုးနဲ့ ခေါ်တယ်။ မြန်မာ၊ ဗီယက်နမ် နဲ့ အိန္ဒိယမှာ ECee2 နာမည်နဲ့ ရတယ်။

ဘေးထွက်-ဆိုးကျိုးတွေ = ၂ဝ% ခေါင်းကိုက်၊ မူးချင်သလိုဖြစ်၊ ၁၄% ဗိုက်အောက်ပိုင်းနာ၊ ၁၂% ပျို့၊ ရင်သားတင်း၊ ရာသီဆင်းရက် မမှန်တာတွေ ဖြစ်တတ်တယ်။ ပျို့-အန်ခြင်သူတွေက အအန်သက်သာဆေး Vitamin B6, Avomin, Vomistop သောက်နိုင်တယ်။ ခေါင်းကိုက်ရင် အကိုက်အခဲပျောက်ဆေး Diclofenic, Ibuprofen တမျိုးမျိုး သောက်နိုင်တယ်။ ဆက်ပြီး ကာကွယ်လိုရင် အခြားနည်းတွေကို သုံးရမယ်။ RU486, Mifestone, Mifeprex တွေလို သားပျက်စေတဲ့ ဆေးမဟုတ်ဘဲ သန္ဓေ မတည်အောင်သာ လုပ်ပေးတာဖြစ်တယ်။

Sun, Nov 25, 2012 at 7:18 PM
လိင်အင်္ဂါ ယားယံခြင်းအတွက် အသုံးပြုသင့်သည့်ဆေးဝါးများကို ဖော်ပြပေးပါ။

Fungal jock itch ယောက်ျား ကပ်ပယ်အိတ်-မှိုရောဂါ ကုသနည်းများ http://dts-medicaleducation-adult.blogspot.in/2012/03/fungal-jock-itch.html

Sun, Nov 25, 2012 at 7:12 PM
ကျွန်မလေ အဖြူဆင်းပြီး ယားတဲ့ဝေဒနာကိုခံစားရတာ ၂ လ၊ ၃ လလောက်ရှိပါပြီ။ ကျွန်မဆေးခန်းတွေဘာတွေပြရမှာလည်း ကြောက်တယ်။ ပြီးတော့ရှက်လည်း ရှက်လို့ပေါ့နော်။ သူများတွေပြောပြောနေတဲ့ သားအိမ်ခေါင်းကင်ဆာတွေ ဘာတွေ ဖြစ်မှာလည်း ကျွန်မကြောက်တယ်။ ကျွန်မ ဘယ်လိုလုပ်ရမှန်းမသိပါဘူး။ အဖြူဆင်းတာကလေ ကျွန်မရာသီလာပြီး ၄-၅ ရက်လောက်ဆို စပြီးခံစားရတယ်။ ပထမဆုံးက ဒီတိုင်းအဖြူရည်လေးလောက်ထွက်ပြီး နောက် ၂ ရက်လောက်ဆို အရမ်းနံတဲ့အနံ့ဆိုးနဲ့အတူ အဖြူဖတ်တွေထွက်တယ်။ ပြီးတော့ အရမ်းယားတယ်။ အဲ့ဒါ ကျွန်ဘယ်လိုဆေးတွေသောက်သင့်လဲဆိုတာ ကျေးဇူးပြုပြီး ညွှန်ပြပေးပါလားရှင်။ ဆေးခန်းတွေသွားပြရမှာကိုရှက်တယ်။

စာထဲကအတိုင်းလိုက်နာပါ။ လိုသေးရင် တိုက်ရိုက် အချက်အလက်အစုံနဲ့ရေးမေးပါ။ ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါ။

Sun, Nov 25, 2012 at 5:24 PM
ကိုယ်ဝန်မရအောင် တားဆေးသောက်ကြတယ်ဆိုတာ အိမ်ထောင်သည်တွေသောက်တာကိုတော့ သိပါတယ်။ အဲံ့လိုမဟုတ်ပဲ ကိုယ့်ချစ်သူနဲ့ အတူတူနေမိသွားလို့ အကာအကွယ်မပါပဲနဲ့ အဲ့လိုမျိုးဆို ဘာဆေးကို အမြန်ဆုံးသုံးသင့်ပါသလဲ။ တချို့ပြောကျတာတော့ easy 2 ဆိုလား ezy 2 ဆိုလား သေချာတော့မသိပါဘူး၊ အဲ့ဒါလေးသိချင်လို့ပါ။ အတူတူနေပြီး အမြန်ဆုံး ဘာဆေးသောက်သင့်လည်းဆိုတာ၊ ဘယ်လိုသောက်ရမလဲလည်း သိချင်ပါတယ်။ အဲ့ဆေးသောက်လို့ ဘာထိခိုက်မှုတွေရှိလည်း သိချင်ပါတယ်။

Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-pill-types.html
Birth Control Methods How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-how-decide.html
Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-pill-types.html
Birth Control Pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု http://dts-medicaleducation-adult.blogspot.in/2012/05/birth-control-pills-faqs.html
Birth control pills for emergency contraception ပုံမှန်တားဆေးကို အရေးပေါ်အသုံးချနည်း http://dts-medicaleducation-adult.blogspot.in/2012/09/birth-control-pills-for-emergency.html

Thu, Nov 22, 2012 at 7:25 PM
ကျွန်တော်က ရန်ကုန်ကပါ။ အသက်က ၂၅ နှစ်ရှိပါပြီ။ ကျွန်တော့် ကောင်မလေးက ၂၁ ပါ။ ပြီးခဲ့တဲ့အပါတ်က ကောင်မလေးနဲ့ ကျွန်တော်နဲ့ တွေ့ပြီးတော့ လက်နဲ့လုပ်ပေးတာ အဲ့တုန်းကတော့ ဖီးတက်နေလို့တဲဘာမှမပြောဘူး။ အဲ့ကနေ အိမ်ပြန်ရောက်တော့မှ ငိုနေတော့တယ်။ အထဲထဲကအောင့်လို့တဲ့ဆရာ။ ၂ ရက် ၃ ရက်လောက်နေတော့ သက်သာသွားမယ်ဆိုပြီး နေခိုင်းလိုက်တာ။ ခု ၁ ပါတ်ပြည့်နေပြီ နာတယ်တဲ့ဆရာ။ အထဲထဲက အောင့်တာလို့ပြောတယ်။ ဆေးခန်းလည်းမသွားဘူးလို့ပြောတယ်။ အဲ့ဒါ ဘယ်လို ဖြစ်တာလဲ မသိဘူးနော်။ ဆေးညွန်းဖြစ်ဖြစ် အကြံလေးပေးပါ။ ကျွန်တော်လည်း စိတ်ပူပြီး အိပ်မပျော်နိုင်တော့ဘူးဗျာ။

တပါးသူရဲ့လက်ကနေ မတွေ့ဘူးသေးတာပါမယ်။ ပိုးစတာလဲပါနိုင်တယ်။ ပိုးဆိုတာ လိင်ကတဆင့် ကူးနေကြမဟုတ်တာလဲဖြစ်နိုင်ပါတယ်။ ဆီးအောင့်တာလဲဖြစ်နိုင်သေးတယ်။ ဘာဘဲဖြစ်ဖြစ် အနာ သက်သာဆေးသောက်ရမယ်။ Ibuprofen ကို တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်၊ ၂-၃ ရက်ဆိုရပါမယ်။ ဆီးအောင့်ပါရှိနေရင်၊ Norflox 400mg တခ့သောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၄ ရက်။ အဖြူဆင်းတာပါရှိနေရင် Metronidazole တခ့သောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၄ ရက်။

ပြဿနာတွေက တောက်လျှောက်တက်နေပါပြီ။ မနေ့မနက်က ဆေးဝယ်ပြီး မနက်တခါနဲ့နေ့လည်တခါတိုက်ပါတယ်။ အရမ်းမူးလာတယ်ဆိုလို့ ညနေက မတိုက်ပါဘူး။ ညကျတော့ ရာသီလာကပါတယ်။ မနက်ကျတော့ အရမ်းအောင့်လို့ဆိုပြီး ဆေးကို မနက် ၁ ခါသောက်လိုက်တာ့ ခုတော့ ဖျားနေပြီဆရာရေ။

အမျိုးသမီးဆရာဝန်ကိုပြပါ။

Sat, Nov 24, 2012 at 8:48 PM
ကျွန်တော် နာမည်က (့) ပါ။ အသက်က 28 ပါ။ နေတာက (့) မှာပါ။ ဆရာရေးထားတဲ့ Early ejaculation (3) သုက်လွှတ်စောခြင်း (၃) မှာ (နောက်တနည်းကတော့ Stimulation လိင်စိတ်ကြွတာကို နည်းစေအောင် Local anesthetic cream (Xylocaine 2-5%) ထုံဆေးသုံးတယ်။) လို့ ရတယ်လို့ ရေးထားပါတယ်။ အဲဒါ ဆေးနာမည်လေးနဲ့ အသုံးပြုပုံလေး ပြောပြပေးပါလား။

ထုံဆေးသုံးနည်းကို စာတွေထဲမှာပါပါတယ်။ ထုံစေချင်တဲ့နေရာကိ လိမ်းထားရင် ၅ မိန်စလောက်ကစပြီး ထုံမယ်။ ၃ဝ မိနစ် ဝန်းကျင်အထိကြာတယ်။ ခံစားမှု နည်းလို့တော့ သာယာမှုနည်းစေတယ်။

Sat, Nov 24, 2012 at 11:35 AM
ကျွန်မ အသက်က 29 အိမ်ထောင်ရှိပါတယ်။ 11 လ အရွယ်ကလေးတယောက်လည်းရှိပါတယ်။ ကလေးမွေးပြီး 45 ရက်ပြည့်ကတည်းက ကိုယ်ဝန်တားဆေးထိုးထားပါတယ်။ ကလေးကိုလည်း မိခင်နို့ပဲ တိုက်ပါတယ်။ ဆေးနောက်ဆုံးထိုးခဲ့တာက Nov 3 ရက်ကပါ။ 3 လ ခံဆေးပါဆရာ။ အခုရက်မှာမှ သွေးပေါ်လာလို့ပါ။ သွေးက အများကြီးလည်းမဟုတ်ပါဘူး။ အရင်လတွေထိုးတုန်းက မပေါ်ပဲ အခုမှပေါ်လာလို့ စိုးရိမ်လို့ပါ။ ဘာဖြစ်တာလဲ သိချင်ပါတယ်။ ဖြစ်ရိုးဖြစ်စဉ်ပဲလားဆရာ။

၃-၁၁-၂ဝ၁၂ မှာ သုံးလခံတားဆေးထိုးပြီး၊ ၂၃-၁၁-၂ဝ၁၂ လောက်မှာ သွေးဆင်းတယ်လို့ ပြောချင်တာပါလား။ ဟုတ်ရင် စိုးရိမ်စရာမရှိပါ။ သွေးနည်းတာလဲ ပူစရာမရှိပါ။ တယောက်နဲ့တယောက် မတူကြပါ။

Sat, Nov 24, 2012 at 10:30 AM
ကျနော့် အသက် 28 ပါ။ ကလေးလိုချင်လို့ပါ။ ကျနော်အမျိုးသမီးကတော့ 27 ပါ အိမ်ထောင်ကျတာ 2 နှစ်ကျော်ပါပြီ။ ကလေးယူတာတော့ 1 နှစ်ကျော်ပါပြီ။ ကလေး မရသေးလို့ပါ။ ကျနော့် သုတ်ပိုးလဲ စစ်ပြီးပါပြီ ကောင်းပါတယ်။ ကျနော့်အမျိုးကမီးကတော့ သားအိမ်ခြစ်ပြီးပါပြီ။ သားဥပြွန်ကတစ်ဖက်ပိတ်နေပါတယ်။ (OG) ခြစ်ခိုင်းလို့ပါ။ ခြစ်ပြီတာလဲ 4 လလောက်ရှိပါပြီ။ ကိုယ်ဝန်မရသေးလို့ပါ။ သားဥပြွန်တစ်ဖက်ပိတ်တာ ကလေးကော်ရနိုက်ပါ့မလားဆရာ။

Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/fallopian-tube-procedures-for.html

ယမုန်နာဆေးခန်း - အမေးအဖြေ (၉၇) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top