12
Dec

အမေးအဖြေ (၉၈) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. သမီး မိတ်ဆွေတစ်ယောက် ၂၂ ရက်နေ့က ကလေးမွေးပါတယ်။
2. Ecee2 တားဆေးကို ၂ လုံး တခါတည်း သောက်မိရင်ရော
3. ပွင့်ပွင့်လင်းလင်း ပြောပြပါရစေဆရာ။
4. ကျွန်မတို့လင်မယား ကလေးရရန်ဆရာဝန်ပြတာ၊
5. ကျွန်တော်ရဲ့ ဇနီးခြေထောက် နှစ်ဖက်လုံးမှာ
6. doctor ရှင့် သမီးအသက် ၂ဝ ရှိပါပြီ။
7. ကျွန်တော့ချစ်သူကောင်မလေးရဲ့
8. I am 24 years old, single and live in Yangon
9. ကျွန်မနာမည် (့) ပါ။ အသက်က ၂၉ နှစ်ပါ။
10. ဆီးခုံကနေ ဗိုက်နားထိ ကိုက်နေပါတယ်။
11. I'm (့) I am 20 years old I live in (့)။
12. အမျိုးသားနဲ့အတူနေ ဖြစ်တာက 29 & 301112 ပါ။
13. ဆက်ဆံပြီး ဘယ်နှစ်ရက်မြောက်နေ့မှာ ဆီးစစ်ရမလဲဆရာ။
14. ဆီးခုံကနေ ဗိုက်နားထိ ကိုက်နေပါတယ်။
15. AIDS ရောဂါနဲ့ပက်သက်ပြီး ကုသခြင်း၊ ဖြစ်ပွါးပုံ၊

Mon, Nov 26, 2012 at 1:09 PM
သမီး မိတ်ဆွေတစ်ယောက် ၂၂ ရက်နေ့က ကလေးမွေးပါတယ်။ သားလေးပါ။ ကလေးရဲ့ အင်္ဂါက အထဲက ဥလေးက နှစ်လုံး လုံးပါမလာဘူး။ ဆရာဝန်တွေက အခုတော့ ဓာတ်မှန်ရိုက်ထားကြတယ်။ အဖြေကတော့ မသိရသေးဘူး။

Undescended testicle ကျားအစိ အောက်မကျခြင်း http://dts-medicaleducation-adult.blogspot.in/2012/08/undescended-testicle.html ကိုဖတ်ပါ။

Tue, Nov 27, 2012 at 2:08 AM
Ecee2 တားဆေးကို ၂ လုံး တခါတည်း သောက်မိရင်ရော အကျိုးအာနိသင်က တူတူဘဲလား သောက်လို့ဖြစ်လား ဆိုတာလေး သိချင်လို့ပါ။

ဆေးညွှန်းအရတော့ ၁၂ နာရီခြာရတယ်။ တခါတည်း ၂ လုံးသောက်တာအတွက် လေ့လာချက် မတွေ့ဘူးသေးလို့ မပြောနိုင်ပါ. ထိရောက်တာလဲရှိနိုင်ပါတယ်။

Mon, Nov 26, 2012 at 7:18 PM
ပွင့်ပွင့်လင်းလင်း ပြောပြပါရစေဆရာ။ ကျွန်တော်အိမ်ထောင် ကျတာခြောက်နှစ် ရှိပါပြီ။ ကျွန်တော့်မိန်းမနဲ့ ဆက်ဆံလျှင် အလွန်ဆုံးနှစ်မိနစ်လောက် ကြာတယ်။ ဒါကြောင့် မိန်းမကို oral sex နည်းဖြင့် အရင် သူ့ကို အရင်ပြီးအောင် လုပ်ပေးပြီးမှ ကျွန်တော် သူ့ကို ဆက်ဆံပါသည်။ ဒါကြောင့် နှစ်ယောက်ပြိုင် တူပြီးအောင် သူပြီးခါနီး အချိန်လောက်မှာ သူမ၏ အင်္ဂါထဲသို့ထည့်၍ ဆက်ဆံသောအခါ သူမမှာ မပြီးပဲ ကျွန်တော်သာ ပြီးသွာသည်။ ကျွန်တော်၏ မိန်းမသည် ပါးစပ်ဖြင့် ဆက်ဆံလျှင်သာ ကျေနပ်မူ အထွတ်အထိပ်သို့ ရောက်သည်။ ကျွန်တော်၏ ဖွားဖက်တော်သည် ပါးစပ်လောက် အသုံးမဝင် သကဲ့သို့ ဖြစ်နေသည်။ နှစ်ယောက်စလုံးပြိုင် တူပြီးချင်ပါသည်။ မည်ကဲ့သို့ ပြုမူ ရပါမည်နည်း။ oral sex ဖြင့် ရေရှည်ဆက်ဆံပါက မည်သည့် ဆိုးကျိုးများ ဖြစ်လာနိုင်သနည်း။

အခုလိုဖြစ်တာမှာ ယောက်ျားဘက်က ချို့ယွင်းတာလို့ တရားသေ မယူဆသင့်ပါ။ မိန်းမက အဲလိုနည်းမှာ ပိုပြီးကို ပိုပြီးသာယာလို့ ဖြစ်နိုင်ပါတယ်။ သုက်လွှတ်စောတာကို ကောင်းလာမဲ့ နည်းတွေကိုလဲ ကြိုးစားသင့်ပါတယ်။
Early ejaculation (1) သုက်လွှတ်စောခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/early-ejaculation-1.html
Early ejaculation (2) သုက်လွှတ်စောခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/early-ejaculation-2_09.html
Early ejaculation (3) သုက်လွှတ်စောခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/03/early-ejaculation-3.html
Oral practice ဆက်ဆံရာတွင် ပါးစပ်ကို အသုံးပြုခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/oral-practice.html
Female Orgasm (1) အမျိုးသမီး ပြီးခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/female-orgasm-1.html
Female Orgasm (2) အမျိုးသမီး ပြီးတာကို ပိုနားလည်လာပြီ http://dts-medicaleducation-adult.blogspot.in/2012/03/female-orgasm-2.html

Tue, Nov 27, 2012 at 8:33 AM
ကျွန်မတို့လင်မယား ကလေးရရန် ဆရာဝန်ပြတာ၊ ဆေးစစ်တာတွေ လုပ်ပါတယ်ရှင်။ ကျွန်မ သားအိမ် အာလ်ထရာဆောင်း ရိုက်ထားတာလဲ ကျွန်မဆရာ့ဆီပြဖူးပါတယ်။ Pap Smear လဲစစ်ပြီး Result ကိုလဲနားမလည်လို့ ဆရာ့ဆီ Email နဲ့ မေးပြီးပါပြီရှင်။ ကျွန်မသိချင်တာက သွေးဖြူဥတွေ့တာလို့ ဆရာအဖြေမှာဖတ်ရပါတယ်။ ပိုးယဉ်ရင် တွေ့တတ်တယ် ဆိုတော့ ဘာပိုးပါလဲရှင်၊ သွေးဖြူဥကဘာလို့ PapSmear မှာပေါ်တာပါလဲရှင်။ နောက်တစ်ခုက ကျွန်မပိုးသတ်ဆေးတွေ သောက်နေစဉ်ရက်အတွင်းမှာလဲ နားတွေယားပါတယ်ရှင်။ နီရဲလာပြီး ဆေးသောက်တာ ကုန်သွားတော့ မယားတော့ပါဘူး။ ဆရာဝန်ပြောတဲ့အတိုင်း ရာသီလာရင် ဆေးခန်ပြန်လာပြီး ဆေးယူဆိုလို့ သွားယူပါတယ်။ ကျွန်မထင်တာတော့ မျိုးဥကြွေဆေးနဲ့ တူတယ်။ ဒုတိယရက်ကနေ စသောက်ခိုင်းတယ်။ တစ်နေ့ ၂ လုံး၊ ၅ ရက်စာ၊ အမျိုးသားကိုတော့ Homon ဆိုပြီး အိတ်ပေါ်မှာရေးထားတယ်။ ညိုညိုအတောင့်တွေ တစ်နေ့ကို ၂ လုံး ဆေးအဖြူ တစ်နေ့ ၁ လုံး ၂ ပတ်စာ ပေးပါတယ်။ Folic Acid နဲ့ Omega3 ကတော့ ကျွန်မအတွက် တစ်နေ့ ၁ လုံး။ အမျိုးသားက Omega3 တစ်နေ့တစ်လုံး သောက်ခိုင်းပါတယ် နေ့စဉ်ပေါ့။ ရာသီကတော့ ရှေ့လ ၃ဝ.၁ဝ.၂ဝ၁၂ ကစလာတာပါ။ ၃ ရက်နေ့မှာ ပြီးပါတယ်။ ၅ ရက်ပါရှင်။ ခုဒီလ ၂၅ ရက်နေ့က သွေးရောင် နဲနဲလေး တွေ့ပါတယ်။

ရာသီလာတာဆိုရင် နောက်နေ့တွေဆို လာပြီ။ ခုတော့ ၂၆ ရက်နေ့ကလဲ ကန်တော့ပါဆရာ အတွင်းခံ နဲနဲလေးစွန်းရုံပါဘဲ။ ခုဒီမနက်မှာလဲ ရာသီလာသလို ဂွမ်းထုပ်ခံစရာခုထိ မလိုသေးပါဘူး။ အရင်လတွေဆို အဲလို မဟုတ်ပါဘူးရှင်။ ဘာဖြစ်နေတာလဲဆိုတာ သိချင်ပါတယ်ရှင်။ နောက်တစ်ခုက မိန်းမတစ်ယောက်က မျိုးဥကြွေဆေးကို ဘယ်နှစ်ကြိမ် သောက်လို့ရပါသလဲရှင်။ ဆရာ့စာတွေထဲမှာ ရေးထားတာက ၃ လမှ ၆ လ ထိပေးတတ်တယ်လို့ တွေ့ပါတယ်ရှင်။ ခုလိုမေးရတာ အကြောင်းရှိပါတယ်။ ခုလက်ရှိ ဆရာဝန်မနဲ့ မပြခင် အရင် ၁ နှစ်လောက်က ကျွန်မတို့ နေတဲ့နေရာနဲ့ တော်တော်ဝေးတဲ့နေရာက မြန်မာ ဆရာဝန်နဲ့ ပြတုန်းက ၂ လဘဲ ပြခဲ့ပါတယ်။ သားဖွားမီးယပ် အထူးကုတော့ မဟုတ်ပါဘူး။ မြန်မာလိုပြောတော့ ကျွန်မ နားလည်လွယ်တာပေါ့။ သိချင်တာလဲ ပြန်မေးလို့ရတယ်။ ကျွန်မကို မျိုးဥကြွေဆေး ပထမလက တစ်နေ့ ၁ လုံး ၅ ရက်။ နောက်လ တစ်နေ့ ၂ လုံး ၅ ရက်ပေးပါတယ်။ အဲ့ဒါလဲ ကလေးမရခဲ့ပါဘူး။ စစ်ဆေးမှုတွေတော့ မလုပ်ပေးခဲ့ဘူး။ အမျိုးသားကိုလဲ ဆေးမပေးဘူး။ နောက်ပိုင်း ကျွန်မ စာအုပ်လုပ်တာ ပါမစ်ကပ်ရနဲ့မို့ မသွားဖြစ်တော့ပါဘူး။ ဝေးကလဲဝေးလို့ပါ၊ မျိုးဥကြွေဆေးကို အဲ့ဒီတုန်းက သောက်ခဲ့ဖူးပါတယ်။ နောက်ပိုင်း ဆရာ့စာတွေဖတ်ပြီး မျိုးဥ ကြွေ-မကြွေသိချင်တာနဲ့ Ovulation Test ဝယ်ပြီးတိုင်းပါတယ်။ ၂ ကြောင်းပြပါတယ်။ မျိုးဥကြွေတာပေါ့နော်။ ခုပြနေတဲ့ မလေးမ ဆရာဝန်ကိုတော့ မပြောတတ်လို့ မပြောပြတော့ဘူး။ ခုလက်ရှိပြနေတဲ့ ဆရာဝန်မဆီလဲ ဆက်ပြသင့် မပြသင့်၊ ဆေးခန်း တစ်ခါသွားရင် တုံကင်ယူရ စောင့်ရနဲ့ တစ်နေကုန်ပါတယ်။ အမျိုးသားကိုတော့ ၃ လနေမှ စစ်မယ်လို့ပြောပါတယ်။

• “ပိုးယဉ်ရင် တွေ့တတ်တယ်” ဆိုတာတော့ အရင်ဖြေတာကိုပြန်ဖတ်မှ သိတော့ပါမယ်။
• သောက်ခိုင်းတာ မျိုးဥထွက်ဆေးဖြစ်မှာပါ။
• မျိုးဥထွက်တယ်ဆိုတာ ကောင်းတယ်။ တဆင့်တိုးတက်လာတာပေါ့။
• မျိုးဥထွက်ဆေးပေးနည်းလဲ စာထဲမှာရေးထားပါတယ်။ မထွက်သေးသူတွေကို နောက်တခါ ဆေး ၂ ဆ တိုးသောက်စေတယ်။ ၅ဝ ကနေ ၁ဝဝ ဖြစ်မှာပေါ့။
• ကိုယ်ဝန်ရတယ်ဆိုတာ အကြောင်းတရား များတယ်။ မျိုးဥထွက်ရမယ်၊ မျိုးဥနဲ့ သုက်ပိုးတွေ့ရမယ်။ သုက်ပိုးတွေက အရေအတွက်ရော အရည်အသွေးပါ ကောင်းရမယ်။ ပေါင်းစပ်နိုင်အောင် သားအိမ်ပြွန်လမ်း ကောင်းရမယ်။ ပေါင်းစပ်ပြီးရင် သားအိမ်အတွင်းနံရံမှာ လာတွယ်ကပ်ရမယ်။
• အဖြူဆင်းတာ ခဏခဏမဖြစ်ဘူးရင် သားအိမ်ပြွန်လမ်းကောင်းနေမှာပါ။
• အမျိုးသားကိုတော့ သုက်ပိုး မစစ်ရသေးရင် စစ်ရမယ်။
• အားဆေးတွေ ကောင်းပါတယ်။
• ဆရာရေးတဲ့ သားသမီးမရသေးတဲ့စာတွေလဲ အချိန်ရရင် ဖတ်ပြီးလိုက်နာပါ။

Tue, Nov 27, 2012 at 1:38 PM
ကျွန်တော်ရဲ့ ဇနီးခြေထောက် နှစ်ဖက်လုံးမှာ သွေးကြောတွေကြွပြီးရောင်နေပါတယ်။ ပြီးတော့နာတယ်လို့ ပြောပါတယ်ခင်ဗျာ။ အဲဒါဘာဖြစ်တာလဲခင်ဗျာ။ ဇနီးမှာကတော့ ကိုယ်ဝန် (၄) လောက်ရှိနေပါတယ်။ အရင် သားဦးမွေးတုန်းကတော့ ဘာမှမဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ကတော့ အခု (့) နိုင်ငံမှာရှိနေပါတယ်။ လူးဆေးများရှိရင် ညွှန်ပြပေးပါလို့ မေတ္တာရပ်ခံပါတယ်။

Pregnancy Pains ကိုယ်ဝန်ဆောင် ဝေဒနာ (၂ဝ) http://dts-medicaleducation-adult.blogspot.in/2012/03/pregnancy-pains.html

Tue, Nov 27, 2012 at 8:35 PM
သမီးအသက် ၂ဝ ရှိပါပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် သားအိမ်နဲ့ပတ်သက်ပြီး သေသေချာချာမသိပါဘူး။ သားအိမ်ကနေ မိန်းကလေး သုတ်ပိုးက ဘယ်လိုဖြစ်လဲ မသိပါဘူး၊ ယောက်ျားလေးတွေဆို သုတ်က အပြင်ကိုထွက်ကြတယ်။ မိန်းမလေးတွေမှာ ကျတော့ရော ဘယ်လိုလဲမသိလို့ပါ။ သမီးမေးတာ doctor ခေါင်းရှုပ်သွားမလားမသိဘူး။ သမီးက မမေးတတ်ဘူးဖြစ်နေတယ်။ နောက် ecee2 တားဆေး အကြောင်းလည်း သေသေချာချာ သိချင်ပါတယ်။

• သုက်ဆိုတာ ယောက်ျားတွေ Orgasm လိင်စိတ်ပြည့်ဝချိန်မှာ Penis လိင်တံအဖျား (ဆီးသွားတဲ့အပေါက်ကနေ) Male ejaculation ပန်းထွက်တယ်။ Semen သုက်ရည်ထဲမှာ Sperm သုက်ပိုးခေါ်တဲ့ ကလေးရစေနိုင်တာ ပါတယ်။
• မိန်ကလေးတွေက သုက်မထွက်ကြပါ။ မိန်းကလေးတွေမှာ Orgasm လိင်စိတ်ပြည့်ဝသွားရင် အရည်တမျိုးတော့ ထွက်တယ်။ ဗဂျိုင်းနားမှာ ပိုပြီး စိုစွပ်လာမယ်။ ရှားပါးတဲ့ အမျိုးသမီးတွေကတော့ Female ejaculation ပန်းထွက်သလိုလဲ ဖြစ်တတ်တယ်။ မိန်းမတိုင်းကထွက်တာထဲမှာ ကိုယ်ဝန်ရစေမဲ့အရာ ဘာမှမပါပါ။
• မိန်းမတွေမှာ ရာသီလတိုင်းမှာ ယေဘုယျ လလယ်ရက်မှာ Uterus သားအိမ်ရဲ့ ဘေးတဖက်စီမှာရှိတဲ့ လက်တဆစ်လောက်သာရှိတဲ့ Ovary မျိုးဥအိမ်ကနေ Ovum မျိုးဥလေးတခုတိတိထွက်နေတယ်။ ဒီလိုထွက်နေတာဟာ လိင်ကိစ္စနဲ့ ဘယ်လိုမှ မဆိုင်ဘူး။ အပျိုဖြစ်ကတည်းကနေ သွေးမဆုံးခင်အထိ (ကိုယ်ဝန်မရှိရင်) ပုံမှန်ထွက်နေတာ ဖြစ်တယ်။
• ယောက်ျားတွေမှာတော့ လူပျိုဖြစ်ကတည်းကနေ (ရောဂါမရှိရင်) သေတဲ့အထိ သုက်ထွက်နိုင်ကြတယ်။
• Pregnancy ကိုယ်ဝန်ရတယ်ဆိုတာ ယောက်ျားဆီကလာတဲ့ သုက်ပိုးတွေနဲ့ မိန်းမကနေလစဉ်ထွက်နေတဲ့ မျိုးဥ တွေ့ဆုံ-ပေါင်းစပ်ရမယ်။
• ယောက်ျားက မိန်းမရဲ့ ဗဂျိုင်းနားအတွင်းဆုံးနေရာမှာ သုက်လွှတ်မယ်။
• သုက်ရည်တွေက သားအိမ်ဝကနေ သားအိမ်ထဲဝင်မယ်။ မျိုးဥအိမ်ကထွက်ထားတဲ့ မျိုးဥနဲ့ Uterine tube သားအိမ်ပြွန်တနေရာမှာတွေ့ပြီး ချက်ချင်း ပေါင်းစပ်မှုဖြစ်မယ်။
• ချက်ချင်း (ဆဲလ်) တခုတည်းကနေ ဆတိုးပွါးများလာမယ်။ ပွါးများမှုဖြစ်စဉ်လုပ်နေရင်း သားအိမ်ထဲကို ပြန်ဝင်လာမယ်။
• နောက်ဆုံး သားအိမ်အတွင်းနံရံတနေရာမှာ တွယ်ကပ်မြုပ်ဝင်တာကို Implantation သန္ဓေရတယ်လို့ ခေါ်တယ်။
• Ecee2, Morning after pills, Norlevo, Pill 72, Plan B, Plan B One-Step စတဲ့ အရေးပေါ်တားဆေးဆိုတာ (၁) ယောက်ျားသူက်ပိုးတွေ သားအိမ်ထဲဝင်မလာအောင် သားအိမ်ဝမှာရှိတဲ့ အချွဲရည်ကိုစေးပြစ်စေမယ်၊ (၂) မျိုးဥမထွက်နိုင်အောင်လုပ်မယ် (၃) သားအိမ်နံရံကို ပေါင်းစပ်ပြီးသာ သန္ဓေလာတွယ်ကပ်တာ မလုပ်နိုင်အောင် တားမယ်။

http://dts-medicaleducation-adult.blogspot.in/ ထဲမှာသိချင်တာ၊ သိသင့်တာတွေ အကုန်လောက် ပါပါတယ်။ အောက်ဆုံးမှာ မာတိကာရှိတယ်။ ကြိုက်တာရွေးဖတ်ပါ။

Sun, Dec 2, 2012 at 4:57 PM
ကျွန်တော့ချစ်သူကောင်မလေးရဲ့ ဘယ်ဘက်ရင်သားမှာ အကျိတ်ခဲတခုတွေ့ရပါတယ်။ ဘာရယ်လို့တော့ အမည်မတပ် တတ်ပါ။ ကင်ဆာလို့ပဲ ထင်ပါတယ်။ အဲဒါကြောင့် ဆောင်ရန် ရှောင်ရန်၊ ကာကွယ်ရန် အတွက် ဖြေကြားပေးစေလိုပါတယ်။

ဖြစ်တဲ့သူရဲ့ အသက် မသိပါ။ ကောင်မလေးဆိုတော့ အသက်မကြီးသေးဘူးထင်ပါတယ်။ အသက်ငယ်သူတွေက ကင်ဆာ ဖြစ်ဘို့အခွင့်အလမ်း အင်မတန်နည်းကြပါတယ်။ ထပ်သိချင်ရင် ဒီအတိုင်း ပြန်မေးနိုင် ပါတယ်။ ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါ။

Sun, Dec 2, 2012 at 12:03 AM
I am 24 years old, single and live in Yangon I want to ask you some question But i know that you don't want to answer again and again because you normally write at your website for this question And I already read your Penis Enlargement-3 (Andropenis Way) repeatedly. Sir said that the way is the least side-effect and the best effective way so just test Now I want to buy and test penis extender, Is could be effective? I also want to know your advises.

I wrote what I know (I have studied) I do not treat individual one online Device seems better than medicines which have side effects Do not try any injection

Sat, Dec 1, 2012 at 9:25 PM
ကျွန်မနာမည် (့) ပါ။ အသက်က ၂၉ နှစ်ပါ။ ကလေးက လက်ရှိ ၁ ယောက် နှင့် ကိုယ်ဝန် ၅ လပါ။ ကလေး မီးဖွားပြီးရင် သားဆက်ခြားဖို့အတွက် သိချင်လို့ပါ။ လက်မောင်းထဲမှာ ထည့်တဲ့ ဆေးရဲ့ ကောင်းတဲ့ အချက်နှင့် မကောင်းတဲ့ အချက် သိချင်လို့ပါ။ ကျွန်မက ဝမှာကြောက်လို့ပါ။ ကျွန်မက တားဆေး အရင်ကသောက်တာ တော်တော် ဝပါတယ်။ ထိုးဆေးနှင့်က မတည့်ပါဘူး။ ကျေးဇူးပြု၍ ဖြေပေးပါနော်။ လိပ်စာက (့)၊ ရန်ကုန်မြို့ပါ။

Contraceptive implant (1) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၁)
Contraceptive implant (2) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၂) တွေကိုဖတ်ပါ။

Sat, Dec 1, 2012 at 10:08 AM
ဆီးခုံကနေ ဗိုက်နားထိ ကိုက်နေပါတယ်။ ဘေးစောင်းအိပ်လို့ အဆင်မပြေဘူးဖြစ်နေပါတယ်။ ပေါင်ထိပါအရင်းက ကိုက်နေတာကြောင့် ကြာကြာထိုင်လို့ မရပါဘူး။ အဲဒါဘာကြောင့် ဖြစ်တာပါလဲ။ ဘာဆေးသောက်သင့်ပါသလဲ။ ဆီးခုံတစ်ဝိုက် ကိုက်နေတာဘာကြောင့်ပါလဲ။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက အတိုင်းမေးပါ။

Sat, Dec 1, 2012 at 2:40 PM
I'm (့) I am 20 years old I live in (့)။ OG သွားပြဖူးပါတယ်။ menstration မလာလို့ပါ။ ဆရာဝန်က မေးပါတယ်။ ပေါင်ကျသွားလား။ ပြီးတော့ ခေါင်းကိုက်လားတဲ့။ နောက်ပြီးတော့ ဆီးစပ်ကိုက်လား၊ breast ကနေ အဖြူရောင်တွေလို ထွက်လာတဲ့။ အဲ့ဒါကိုဘာလို့ မေးတာလဲလို့ သိချင်လို့ပါ။ ဖြေကြားပေးစေချင်ပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါ။

I am female I am 20 years old အခုတလော ကြာကြာထိုင်လို့ မရဘူး ဖြစ်နေပါတယ်။ ထိုင်တာကြာသွားရင် ပေါင်ရင်းနားက အရိုးက နာလာပါတယ်။ အဲ့ဒါဘာဖြစ်လို့ပါလဲ။ ပြီးတော့ ဆီးခုံးအရိုးတွေ ကိုက်နေပါတယ်။ ဘာဖြစ်လို့လဲလို့ သိချင်ပါတယ်။ လိမ်းဆေးတွေလိမ်းတာလဲ မသက်သာပါဘူး ဖြစ်နေလို့ပါ။ လွန်ခဲ့တဲ့ ၁ လ လောက်ကတော့ ဆေးထိုးဘူးပါတယ်။ အဲ့ဒါနဲ့များဆိုင်သလား။ ကင်ဆာတော့ မဖြစ်လောက်ပါဘူးနော်။ fri တွေကတော့ ပိန်လာတယ်လို့ ပြောပါတယ်။ ဘာကြောင့် ဖြစ်နိုင်ပါသလဲ။ ဗိုက်တွေလဲ အောင့်နေပါတယ်။ ဖြေကြားပေးပါနော်။

မိန်းကလေးဖြစ်တာနဲ့ အသက်တော့သိရပြီ။ ရာသီ မလာတာဖြစ်သူတိုင်းကို အိမ်ထောင်ရေး၊ ဆက်ဆံရေး မေးပါလိမ့်မယ်။ ကိုယ်ဝန်မဟုတ်တာကို ဖယ်ထုတ်ရမယ်။ ဟော်မုန်း ကမောက်ကမဖြစ်လား သိချင်မယ်။ ကြာကြာထိုင်မရတာ ဘယ်လောက်ကြာနေပြီလဲ။ အရိုးနာလို့ ဓါတ်မှန်ရိုက်ဘူးလား။ ဆေးထိုးဘူးတာက ဘာဆေးလဲ၊ ဘာအတွက်လဲ။ ဗိုက်အောင့်တာ ဘယ်လောက်ကြာပြီလဲ။ ဗိုက်ရဲ့ ဘယ်နေရာလဲ။ ဆရာဝန်နဲ့ ပြောဆို ဆက်ဆံတဲ့အခါ သူငယ်ချင်းတွေဆီ ရေးသလို၊ ပြောသလို မသင့်ပါ။ တိတိကျကျ ဖြစ်သင့်ပါတယ်။ ဘယ်အချက်တွေ ပါသင့်တယ်ဆိုတာ ၂ ခါပြန်ပို့ထားပါတယ်။

Sat, Dec 1, 2012 at 2:10 PM
အမျိုးသားနဲ့အတူနေ ဖြစ်တာက 29 & 301112 ပါ သောက်သင့် မသင့် သိချင်လို့ပါ။ Ecee 2 ကို ဆေးသောက်တာပါ 3 ရက်အတွင်း သောက်ပါတယ် အခုက ဖြစ်ပြီး နောက်ရက် ရာသီလာပါတယ်။ လာနေကျရက် ထက်တရက်စောပါတယ်။ သမီးတို့က ၄ လ တကြိမ်ပဲ ပေါင်းဖြစ်လို့ အခြားတားဆေးမသုံး ဖြစ်လို့ပါ။

ဘာကိုသိချင်တာလဲ မရှင်းပါ။ Ecee2 လို အရေးပေါ်တာဆေးကို မေးတာလား။ အရေးပေါ်တားဆေးကို ခဏခဏ မသောက်သင့်ပါ။ စာတွေရေးထားပါတယ်။ ဒီလိုဆေးသောက်ရင် ရာသီလာရက် ပြောင်းမယ်။ ပုံမှန်တားဆေး၊ တားနည်းကို အားကိုးသင့်ပါတယ်။

Emergency Contraception (5) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂) http://dts-medicaleducation-adultblogspotin/2012/03/emergencyhtml ကိုဖတ်ပါ။

အမျိုးသားက နယ်မှာတာဝန်ကျပါတယ်။ အမြဲတမ်း ၅ လတကြိမ် ၆ လတကြိမ်သာ ပြန်လာနိုင်ပြီး ပေါင်းဖက်နိုင်ပါတယ်။ ဒါကြောင့် အခြား သားဆက်ခြားနည်းကိုလဲ မသုံးဖြစ်ပဲ အရေပေါ်နည်းကိုပဲ ၁ နှစ် ၂ ကြိမ်မှ ၃ ကြိမ် သောက် ဖူးပါတယ်။ ကိုယ်ဝန်မရခဲ့ပါဘူး။ ကလေးယူဖို့က နောက် ၁နှစ်လောက်မှ အမျိုးသား မြို့ ပေါ်ပြန်ရောက်မှသာ အဆင်ပြေပါမယ်ဆရာ။ အရေးပေါ် တားဆေးနဲ့ ပတ်သတ်ပြီး ၃ ရက်အတွင်း ၅ ရက်အတွင်း ၂ လုံးကို တပြိုင်တည်း သို့ ၁၂ နာရီခြားသောက်ရန် ကလေးရှိနေလျှင် သို့ သွေးဆင်းနေလျှင်မသောက်ရဘူးလို့ သိထားပါတယ်။

အခု ကျမတို့အဖြစ်က ဒီလိုပါ။ အမျိုးသားနဲ့ အတူနေဖြစ်တာ (၂၉ နှင့် ၃၀.၁၁.၁၂) ပါ။ ၃၀.၁၁.၁၂ ညဘက်မှာ ရာသီစလာပါတယ်။ .ပုံမှန်လာရက်ကတော့ ၁ ရက်နေ့ပါ။

အရင်က သိထားဖူးတာလဲ ရာသီမလာမီ ၇ ရက်နဲ့ ရာသီလာပြီး ၇ ရက်ကြားဆို ကိုယ်ဝန် မရနိုင်ဘူးလို့လဲ မှတ်သားဖူးတော့ သမီးအဖြစ်က ဆေးမသောက်ပဲ နေရမလား သောက်လိုက်ရမလား ဆိုတာ ဆရာကိုတိုင်ပင်တာပါ...မြန်မြန်လေးဖြေကြားပေးပါနော် ဆရာ။

အတူနေပြီး ၁-၂ ရက်အတွင်း ရာသီလာရင် တားဆေး-တားနည်း မလိုတော့ပါ။ အရေးပေါ်တားဆေးကို အတူနေပြီး ၇၂ နာရီအတွင်းသောက်တာက ၁၂ဝ နာရီထက်စိတ်ချရမယ်။ မြန်လေ ထိရောက်မှုပိုလေဖြစ်တယ်။ သောက်ရင်လဲ ပဌမတလုံးနောက် နောက်တလုံး ၁၂ နာရီခြာတာက အကောင်းဆုံးဖြစ်တယ်။

ကျေးဇူးတင်ပါတယ် ဆရာ။ တော်သေးတယ်၊ ဆေးသောက်မိရင် ဆေးယဉ်ပါတာ ဖြစ်တော့မလို့။

ဒီဆေးမျိုးက ဆေးမယဉ်ပါ။ ဘေးထွက်ဆိုးကျိုးသာရှိတယ်။

Sat, Dec 1, 2012 at 11:31 AM
ဆက်ဆံပြီး ဘယ်နှစ်ရက်မြောက်နေ့မှာ ဆီးစစ်ရမလဲဆရာ။ သမီးက ၂၈ ရက် ၁၁ လမှာဖြစ်ခဲ့ပါတယ်။ ဆီးဘယ်အချိန်မှာ စစ်ရမလဲညွှန်းပေးစေလိုပါတယ်။

Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း http://dts-medicaleducation-adultblogspotin/2012/05/pregnancy-tests-1html ကိုဖတ်ပါ။

Thu, Nov 29, 2012 at 9:24 AMSat, Dec 1, 2012 at 10:08 AM
ဆီးခုံကနေ ဗိုက်နားထိ ကိုက်နေပါတယ်။ ဘေးစောင်းအိပ်လို့ အဆင်မပြေဘူးဖြစ်နေပါတယ်။ ပေါင်ထိပါအရင်းက ကိုက်နေတာကြောင့် ကြာကြာထိုင်လို့မရပါဘူး။ အဲဒါဘာကြောင့် ဖြစ်တာပါလဲ။ ဘာဆေးသောက်သင့်ပါသလဲ။ ဆီးခုံတစ်ဝိုက် ကိုက်နေတာဘာကြောင့်ပါလဲ။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက အတိုင်းမေးပါ။

Fri, Nov 30, 2012 at 5:48 PM
AIDS ရောဂါနဲ့ ပက်သက်ပြီး ကုသခြင်း၊ ဖြစ်ပွါးပုံ၊ လက္ခဏာ၊ ကာကွယ်ခြင်းစတဲ့ ဗဟုသုတတွေ သိချင်ပါတယ်။

HIV အတွက် Truvada ဆေး http://dts-medicaleducation-adultblogspotin/2012/07/hiv-truvada_17html
HIV - How to live with a positive person အတူနေမယ် မကူးစေရ http://dts-medicaleducation-adultblogspotin/2012/05/hiv-how-to-live-with-positive-personhtml
HIV Acute infection ချက်ချင်းဖြစ်လာသော HIV ကူးစက်ခြင်း http://dts-medicaleducationblogspotcom/2011/11/acute-hiv-infection-hivhtml
HIV and AIDS drugs (1) ခုခံအားကျရောဂါ ဆေးတွေ (၁) http://dts-medicaleducationblogspotcom/2012/01/hiv-and-aids-drug-treatmenthtml
HIV and AIDS drugs (2) ခုခံအားကျရောဂါ ဆေးတွေ (၂) http://dts-medicaleducationblogspotcom/2012/01/hiv-medicines-arthtml
HIV - How to live with a positive person အတူနေမယ် မကူးစေရ http://dts-medicaleducation-adultblogspotin/2012/05/hiv-how-to-live-with-positive-personhtml
HIV and AIDS ခုခံစွမ်းအားကျ ဗိုင်းရပ်စ် နဲ့ ရောဂါ http://dts-medicaleducationblogspotcom/2008/10/human-immunodeficiency-virus-hiv-and_27html
HIV and CD4 စီ-ဒီ-ဖိုး http://dts-medicaleducation-adultblogspotin/2012/05/hiv-and-cd4-and-viral-loadhtml
HIV and Oral Sex ပါးစပ်သုံးပြီး လိင်ဆက်ဆံတာနဲ့ (အိတ်ခ်ျအိုင်ဗွီ) http://dts-medicaleducation-adultblogspotin/2012/03/hiv-and-oral-sexhtml
HIV Duo Test ဆိုတာဘာလဲ http://dts-medicaleducation-adultblogspotin/2012/07/hiv-duo-testhtml
HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ http://dts-medicaleducation-adultblogspotin/2012/03/hiv-faqhtml
HIV latest news သတင်းများ http://dts-medicaleducation-adultblogspotin/2012/05/hiv-latest-newshtml
HIV medicines Side effects (1) ART ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများ http://dts-medicaleducationblogspotcom/2012/01/hiv-medicines-side-effects-1-arthtml
HIV medicines Side effects (2) ART ဆေး ဘေးထွက်-ဆိုးကျိုးတွေ နည်းအောင်နေခြင်း http://dts-medicaleducationblogspotcom/2012/01/hiv-medicines-side-effects-2-arthtml
HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ http://dts-medicaleducationblogspotcom/2011/11/hiv-opportunistic-infectionshtml
HIV screening tests စမ်းသပ်နည်းများ http://dts-medicaleducation-adultblogspotin/2012/11/hiv-screening-testshtml
HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း http://dts-medicaleducation-adultblogspotin/2012/04/hiv-sexual-transmission-hivhtml
HIV Summary (အိတ်ခ်ျအိုင်ဗွီ) အတိုချုပ် http://dts-medicaleducationblogspotcom/2011/11/hiv-summaryhtml
HIV testing kits စစ်ဆေးနည်း သတိပေးချက် http://dts-medicaleducationblogspotcom/2011/11/warning-over-hiv-home-test-kitshtml
HIV Tests (1) စမ်းသပ်နည်းများ http://dts-medicaleducationblogspotcom/2011/11/hiv-tests_27html
HIV Tests (2) အမေး-အဖြေ http://dts-medicaleducationblogspotcom/2011/11/hiv-testshtml
HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ http://dts-medicaleducationblogspotcom/2011/03/hiv-testshtml
HIV vaccine reduces infection အားတက်ဖွယ် HIV ကာကွယ်ဆေး သုတေသနအဖြေတခု http://dts-medicaleducationblogspotcom/2009/09/24-9-09-hiv-vaccine-reduces-infectionhtmlV
HIV victims in Myanmar မြန်မာ့ HIV-AIDS တိုက်ဖျက်ရေး၏ သားကောင်များ http://dts-medicaleducationblogspotcom/2011/12/victims-of-myanmars-hivaids-strugglehtmlV
HIV ကာကွယ်ဆေး မျောက်တွေကို စမ်းသပ်နေပြီ http://dts-medicaleducationblogspotcom/2012/01/hivhtml
HIV အတွက် တနေ့တခါ သောက်ရမဲ့ ဆေးသစ် http://dts-medicaleducation-adultblogspotin/2012/05/hivhtml
HIV ဆေးသစ် Edurant ကို FDA က အသိအမှတ်ပြုလိုက်ပြီ http://dts-medicaleducationblogspotcom/2011/05/hiv-edurant-fdahtml
HIV/AIDS Myths and Facts (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) အထင်မှား နဲ့ အမှန်တရား http://dts-medicaleducationblogspotin/2012/04/hivaids-myths-and-factshtml

ယမုန်နာဆေးခန်း - အမေးအဖြေ (၉၈) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top