18
Dec

အမေးအဖြေ (၉၉) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. အမှန်အတိုင်းပြောရရင် ကျွန်တော် အိမ်ထောင်စပြီးကျတော့
2. ဆရာရှင့် သမီးက 28/11/12 တုန်းက သမီးချစ်သူနဲ့
3. ကျွန်တော့ အသက်ကတော့ ၁၉ နှစ်ပါခင်ဗျ။
4. ဆရာခင်ဗျာ သုတ်ရေ အရောင်ဘယ်နှစ်မျိုးရှိပါလဲ။
5. ကျနော် Penile Yeast infection ဖြစ်နေတယ်ထင်လို့ပါ။
6. ဆရာရှင့် သမီးခုနိုဝင်ဘာ (13) မှာ ဆက်ဆံပြီး
7. အိမ်ထောင်ဖက်က ဘီပိုး chronic ဆိုရင်
8. သမီးအသက် ၂ဝ ရှိပါပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင်
9. ဆရာကျွန်တော်ရဲ့ အင်္ဂါအရေပြားရဲ့အောက်ထိပ်ဝမှာ
10. သမီး တစ်ခုလောက်သိချင်လို့ပါ။
11. သမီးသိချင်တာက ကိုယ်ဝန် ၁ဝ ပတ်နှင့် လေယာဉ်စီး ရ/မရ
12. ကျွန်မ ဖြစ်နေတဲ့ အဖြူဆင်းခြင်း အကြောင်းလည်း
13. ကိုယ်ဝန်ဆောင်ကာလမှာ အစာမကြေဖြစ်ရင်
14. HIV ပိုးရှိတဲ့သူက ခွဲစိတ်ကုသလို့ရပါသလား၊
15. ကျွန်တော် KTV ကောင်မတယောက်နဲ့ လိင်ဆက်ဆံ ခဲ့မိတယ်ခင်ဗျ..

Fri, Nov 30, 2012 at 5:47 PMV
အမှန်အတိုင်းပြောရရင် ကျွန်တော် အိမ်ထောင်စပြီးကျတော့ ကျွန်တော်အမျိုးသမီးက ရာသီလာနေပါတယ်။ အဲ့ဒီ အချိန်မှာ အတူမနေပါဘူး။ ဒါပေမဲ့ တစ်လလောက်ကျတော့ ကိုယ်ဝန်ရှိနေပြီ။ကျွန်တော့် ကလေး မွေးတော့ယောက်ျားလေးပါ။ ကိုးလကျော်လောက်နဲ့ မွေးတာပါ။ သူများတွေက ဝိုင်းပြီးစတော့ သံသယ ဝင်မိသွားလို့မေးတာပါ ဆရာ။

အဲဒီအချိန်မှာ အတူမနေပါဆိုတာတော့ သိပ်မရှင်းပါ။ အိမ်ထောင်ကျချိန်မှာ ရာသီလာတာမှန်ရင် အဲဒီအရင်က နေဘူးတာဆိုလဲ ကိုယ်ဝန်မရစေခဲ့ပါ။ အိမ်ထောင်ကျပြီးနောက် အတူနေတာကနေသာ အခု ကလေးရတာဖြစ်ပါမယ်။

Thu, Nov 29, 2012 at 8:44 PM
ဆရာရှင့် သမီးက 28/11/12 တုန်းက သမီးချစ်သူနဲ့ လိင်ဆက်ဆံသလိုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မိန်းမကိုယ်အပေါက်ထဲကို သူ့အင်္ဂါ မသွင်းခဲ့ပါဘူး။ အပြင်ဖက်နံရံတွေနဲ့သာတွေ့ထိခဲ့တာပါ။ အဲ့လိုဖြစ်နေတုန်းမှာ သူ့သုတ်ရည်ထွက်တာ သိသိချင်းပဲ သူဖယ်ခဲ့ပါတယ်။ အဲ့ဒါ သမီးသားအိမ်ထဲကိုများ သုတ်ပိုးများရောက်သွားပြီး ကိုယ်ဝန်များ ရှိနိုင်ဖယ်ဖယ်ချင်းပဲ ရေနဲ့တော့ ဆေးထုတ်ခဲ့ပါတယ်၊ စိုးရိမ်လို့ပါ။ သမီးက ရာသီ မမှန်သူပါ။ အခုမလာတာ ၄ လလောက်ရှိပါပြီ။ ရာသီထိန်နေတုန်း ဖြစ်ခဲ့တာဆိုတော့ ဘာမှန်းမသိဘူးရှင့်။ ဆရာညွှန်ပေးပါအုံး။

ကိုယ်ဝန်မရဘို့ များပါတယ်။ သေခြာချင်င်း ဆီးစစ်ပါ။ ရာသီမမှန်တာ အတွက်ဆေးကုသမှု ယူသင့်ပါတယ်။ စာတွေရေးထားတာကို လိုမယ်ထင်ရင် ဖတ်ပါ၊ လိုက်နာပါ။
Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁) http://dts-medicaleducationblogspotcom/2011/04/menstruationhtml
Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂) http://dts-medicaleducationblogspotin/2011/04/menstruation_25html

Thu, Nov 29, 2012 at 1:52 PM
ကျွန်တော့ အသက်ကတော့ ၁၉ နှစ်ပါခင်ဗျ။ ကျွန်တော့ကောင်မလေး အသက်ကတော့ ၁၈ နှစ်ပါ။ ပြီးခဲ့တဲ့ တစ်ရက်က ကျွန်တော့ကောင်မလေးနဲ့ ပထမဆုံး အကြိမ် အတူတူနေခဲ့မိပါတယ် သူနဲ့နေပြီးတဲ့ အချိန်မှာ ကျွန်တော် သုတ်ရည်ကို အပြင်မှာပဲ လွှတ်ခဲ့ပါတယ်။ သူ့အဂါင်္ထဲမှာ မလွှတ်ခဲ့ပါဘူးခင်ဗျာ။ ကွန်ဒုံးလည်း မသုံးခဲ့မိပါဘူး။ ကောင်မလေးကို တားဆေးပါတယ်ခင်ဗျ။ ဒါပေမဲ့သူက side effect တွေရှိလို့ မသောက် ရဲဘူးလို့ ပြောပါတယ်ခင်ဗျ။ ကောင်မလေးမှာ ကိုယ်ဝန်ရမရ ကျွန်တော် သိချင်ပါတယ်ခင်ဗျ။ အရေးကြီးတာမို့ အမြန်ဖြေကြားပေးစေချင်လိုပါတယ်။

အတူနေချိန်မှာ မိန်းကလေးက ရာသီလာပြီး ဘယ်နှစ်ရက်ရှိပြီလဲ။ လလယ်လောက်ဆိုရင် ရချင်ရနိုင်တယ်။ လာပြီးကာစ နဲ့ မလာခင်ရက်တွေဆိုရင်တော့ မရနိုင်ပါ။ သုတ်ကို အပြင်စွန့်နည်းက ၁၈% ရနိုင်တယ်။ သေခြာချင်ရင် ဆီးစစ်ပါ။ ဆေးတိုင်းမှာ ဘေးထွက်-ဆိုးကျိုးရှိတယ်။ အခုလိုအခြေအနေမှာ အရေးပေါ်တားဆေး မသောက်ခဲ့လို့ မလိုချင်တဲ့ ကိုယ်ဝန်ရပြီး ဖျက်ရတယ်ဆိုရင် ပိုဆိုးပါလိမ့်မယ်။

Thu, Nov 29, 2012 at 1:52 PM
ဆရာခင်ဗျာ သုတ်ရေအရောင်ဘယ်နှစ်မျိုးရှိပါလဲ။ အရောင်နဲ့ ကျမ္မာရေးကိုပြောပေးပါလား။

Sperm and Semen သုက် နဲ့ သုက်ရည်
Sperm Color သုက်၏အရောင် နှင့် Hematospermia သုက်ထဲသွေးပါခြင်းတွေကိုဖတ်ပါ။

Thu, Nov 29, 2012 at 1:10 PM
ကျနော် Penile Yeast infection ဖြစ်နေတယ်ထင်လို့ပါ။ အသက်က ၂၃ နှစ်ပါ။ စဖြစ်တာတော့ လိင်တံထိပ်မှာ အနီစက်ကလေးတွေပေါ်လာပြီး ယားယံတာပါဆရာ။ အဲ့ဒီနောက် Foreskin ကလဲ အရေပြား ခြောက်သွေ့ပြီး ယားလာပါတယ်။ မနက် အိပ်ယာထထချင်း ရေဖန်ခွက်ထဲ တံတွေးထွေးပြီး စမ်းသပ်ကြည့်ပါတယ်။ Yeast Infection လက္ခဏာပါဆရာ။ Clotrimazole 1% cream လိမ်းတော့ သက်သာပါတယ်။ တစ်ပါတ်လောက် လိမ်းပြီး အရေပြား အပေါ်ယံက ယားယံတာတွေ သက်သာပေမယ့် နှစ်ပါတ်ကြာတဲ့အခါမှာ လိင်တံထိပ်က အဖြူရည် အနည်းငယ် ဆင်းပါတယ်။

သဘောင်္တက်ရမှာမို့ သွေးလဲစစ်ပြီးပါပြီ။ လိင်မှတဆင့်ကူးစက်သော ရောဂါများ မရှိပါ။ ပျောက်သွားပြီထင်ပြီး လိမ်းဆေးမလိမ်းရင်လဲ ယားယံတာတွေပြန်ဖြစ်ပါတယ်။ သောက်ဆေး သောက်ရန် လိုအပ်ပါသလား သိချင်ပါတယ်။ ဘယ်လိုဆေးမျိုးသောက်ရမယ်၊ တစ်နေ့ ဘယ်နှစ်ကြိမ်၊ ဘယ်လောက် ကြာကြာသောက်ရမလဲဆိုတာ ညွှန်ကြားပေးပါ။ စဖြစ်တဲ့နေ့မှစပြီး ယနေ့ထိဆို တစ်လခွဲရှိပါပြီ။ Penile Discharge ဖြစ်နေ တာတော့ နှစ်ပါတ်ကျော်ပါပြီ။ သဘောင်္တက်ရမှာမို့ ဖြစ်နိုင်ရင်ဆေးကိုဒီကပဲဝယ်သွားချင်ပါတယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေလဲ သိချင်ပါတယ်။ အခုလောလောဆယ်တော့ ဒိန်ချဉ်နဲ့ ကြက်သွန်ဖြူကို နေ့စဉ်စားနေတာ ဆယ်ရက်ခန့်ရှိပါပြီ။ ရောဂါလက္ခဏာတွေက ပိုမဆိုးလာပေမယ့် အရှင်းပျောက်သွားချင်လိုပါ။

ဆေးစစ်တာက VDRL သာဖြစ်မယ်။ ဆစ်ဖလစ်ကိုသာသိမယ်။ ဖြစ်နိုင်လောက်တာကို အောက်ကစာတွေထဲမှာရှာပါ။ ဆေးနည်းတွေလဲပါတယ်။ ဆရာတို့ကတော့ မြန်မာဆေးနည်း-တိုင်းရင်းနည်းတွေနဲ့ စစ်ဆေးတာရော၊ ကုသတာပါမသိလှပါ။
STDs (5) လိင်ကတဆင့် ကူးစက်ရောဂါများ အခြေခံ တွေပို့လိုက်ပါတယ်။

Thu, Nov 29, 2012 at 9:25 AM
ဆရာရှင့် သမီးခုနိုဝင်ဘာ (13) မှာ ဆက်ဆံပြီး ecee2 ကို ၇၂ နာရီအတွင်းသောက်ပါတယ်။ ဆက်ဆံစဉ်မှာလဲ အကာအကွယ်သုံးသလို သုတ်ကိုအပြင်မှာ ထုတ်တဲ့နည်းနဲ့ ဆက်ဆံခဲ့တာပါ။ ထိုနောက်ပိုင်းမှ ဒီနေ့ထိလဲ မဆက်ဆံဖြစ်ပါဘူး။ အခုသမီး ဒီလအတွက်ရာသီမလာဘူးဖြစ်နေပါတယ်ရှင့်။ ပုံမှန်လာရက်က ၂၇-၂၈ လောက်ပါ Ecee2 ကြောင့်ပဲလား ကိုယ်ဝန်များရှိသွားလို့လား ဆရာဖြေကြားပေးပါဦးရှင့်။

ပြောတဲ့အတိုင်းဆိုရင် ကိုယ်ဝန်မရလောက်ပါ။ အရေးပေါ်တားဆေးက ရာသီရက်ပြောင်းတတ်တယ်။ များသောအားဖြင့် ဆေးသောက်ပြီးမကြာခင် သွေးဆင်းတယ်။ သေခြာအောင် ဆီးစစ်ပါ။

Wed, Nov 28, 2012 at 5:31 PM
အိမ်ထောင်ဖက်က ဘီပိုး chronic ဆိုရင် ကာကွယ်ဆေးထိုးထားလည်း ကွန်ဒုံး သုံးရမှာလား ဆရာ ကာကွယ်ဆေးက ဘယ်လောက်ကြာခံပါသလဲ one circle (၃ကြိမ်) ထိုးပြီးရင် နောက်ဘယ်တော့ပြန်ထိုး ရမှာပါလဲ ဆရာ...

Engerix B (Hepatitis B Vaccine) ပဌမ-ဆေးညွှန်း ဘီိပိုး-ကာကွယ်ဆေးကို နည်းလမ်း ၂ မျိုးနဲ့ ထိုးနိုင်တယ်။ (၁) ပဌမ ၁ လုံး၊ နောက် ၁ လ အကြာ ဒုတိယ ၁ လုံး၊ နောက် ၅ လ (ပဌမ ဆေးထိုးပြီးနောက် ၆ လ) အကြာ တတိယ ၁ လုံး။ ဒီနည်းသုံးရင် ဆေးစထိုးပြီးနောက် ၇ လနေရင် ဘီပိုးကို ကာကွယ်နိုင်သွားပြီ ဖြစ်တယ်။ (၂) ဆေး ၃ လုံးကို တလစီခြား ထိုးနိုင်တယ်။ ဒီနည်းက မြန်မြန်တော့ ကာကွယ်နိုင်ပေမဲ့ ၁၂ လ အကြာမှာ စတုတ္ထ ၁ လုံး ထပ်ထိုးရမယ်။ (၃) အရေးတကြီး ဘီပိုးများတဲ့ ဒေသတွေကို ခရီးထွက်ရမယ်ဆိုရင် ဝ - ၇ -၂၁ ရက် နည်းသုံးနိုင်တယ်။ နောက် ၁၂ လ အကြာမှာ စတုတ္ထ ၁ လုံး ထပ်ထိုးရမယ်။ တချို့ကာကွယ်ဆေးက ဒီနည်းနဲ့ အကာကွယ် ယူထားရင် တသက်တာ စိတ်ချနိုင်တယ်။ တချို့ဆေးတွေက ထပ်ထိုးဘို့ လိုတယ်။ ဆေး ၃-၄ လုံး ထိုးထာပြီးနောက် ဘယ်တော့အထိ ကာကွယ်နိုင်သလဲဆိုတာ အတိအကျ မပြောနိုင်သေးပါ။ ဒါ့ကြောင့် တချို့က ၅ နှစ်နေရင် တခါ Booster dose ဆိုပြီး ထပ်ထိုးဘို့ သတ်မှတ်တယ်။
Hepatitis B Vaccine ဘီပိုး ကာကွယ်ဆေးထိုးနည်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-vaccine.html

Tue, Nov 27, 2012 at 8:35 PM
သမီးအသက် ၂ဝ ရှိပါပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် သားအိမ်နဲ့ပတ်သက်ပြီး သေသေချာချာမသိပါဘူး။ သားအိမ်ကနေ မိန်းကလေး သုတ်ပိုးက ဘယ်လိုဖြစ်လဲ မသိပါဘူး ယောက်ျားလေးတွေဆို သုတ်က အပြင်ကိုထွက်ကြတယ်၊ မိန်းမလေးတွေမှာ ကျတော့ရော ဘယ်လိုလဲမသိလို့ပါ။ သမီးမေးတာ doctor ခေါင်းရှုပ်သွားမလားမသိဘူး။ သမီးက မမေးတတ်ဘူးဖြစ်နေတယ်။ နောက် ecee2 တားဆေး အကြောင်းလည်း သေသေချာချာ သိချင်ပါတယ်။

http://dts-medicaleducation-adultblogspotin/ ထဲမှာ သိချင်တာ၊ သိသင့်တာတွေ အကုန်လောက် ပါပါတယ်။ အောက်ဆုံးမှာ မာတိကာရျိတယ်။ ကြိုတာရွေးဖတ်ပါ။
• သုက်ဆိုတာ ယောက်ျားတွေ Orgasm လိင်စိတ်ပြည့်ဝချိန်မှာ Penis လိင်တံအဖျား (ဆီးသွားတဲ့အပေါက်ကနေ) Male ejaculation ပန်းထွက်တယ်။ Semen သုက်ရည်ထဲမှာ Sperm သုက်ပိုးခေါ်တဲ့ ကလေးရစေနိုင်တာ ပါတယ်။
• မိန်ကလေးတွေက သုက်မထွက်ကြပါ။ မိန်းကလေးတွေမှာ Orgasm လိင်စိတ်ပြည့်ဝသွားရင် အရည်တမျိုးတော့ ထွက်တယ်။ ဗဂျိုင်းနားမှာ ပိုပြီး စိုစွပ်လာမယ်။ ရှားပါးတဲ့ အမျိုးသမီးတွေကတော့ Female ejaculation ပန်းထွက်သလိုလဲ ဖြစ်တတ်တယ်။ မိန်းမတိုင်းကထွက်တာထဲမှာ ကိုယ်ဝန်ရစေမဲ့အရာ ဘာမှမပါပါ။
• မိန်းမတွေမှာ ရာသီလတိုင်းမှာ ယေဘုယျ လလယ်ရက်မှာ Uterus သားအိမ်ရဲ့ ဘေးတဖက်စီမှာရှိတဲ့ လက်တဆစ်လောက်သာရှိတဲ့ Ovary မျိုးဥအိမ်ကနေ Ovum မျိုးဥလေးတခုတိတိထွက်နေတယ်။ ဒီလိုထွက်နေတာဟာ လိင်ကိစ္စနဲ့ ဘယ်လိုမှ မဆိုင်ဘူး။ အပျိုဖြစ်ကတည်းကနေ သွေးမဆုံးခင်အထိ (ကိုယ်ဝန်မရှိရင်) ပုံမှန်ထွက်နေတာ ဖြစ်တယ်။
• ယောက်ျားတွေမှာတော့ လူပျိုဖြစ်ကတည်းကနေ (ရောဂါမရှိရင်) သေတဲ့အထိ သုက်ထွက်နိုင်ကြတယ်။
• Pregnancy ကိုယ်ဝန်ရတယ်ဆိုတာ ယောက်ျားဆီကလာတဲ့ သုက်ပိုးတွေနဲ့ မိန်းမကနေလစဉ်ထွက်နေတဲ့ မျိုးဥ တွေ့ဆုံ-ပေါင်းစပ်ရမယ်။
• ယောက်ျားက မိန်းမရဲ့ ဗဂျိုင်းနားအတွင်းဆုံးနေရာမှာ သုက်လွှတ်မယ်။
• သုက်ရည်တွေက သားအိမ်ဝကနေ သားအိမ်ထဲဝင်မယ်။ မျိုးဥအိမ်ကထွက်ထားတဲ့ မျိုးဥနဲ့ Uterine tube သားအိမ်ပြွန်တနေရာမှာတွေ့ပြီး ချက်ချင်း ပေါင်းစပ်မှုဖြစ်မယ်။
• ချက်ချင်း (ဆဲလ်) တခုတည်းကနေ ဆတိုးပွါးများလာမယ်။ ပွါးများမှုဖြစ်စဉ်လုပ်နေရင်း သားအိမ်ထဲကို ပြန်ဝင်လာမယ်။
• နောက်ဆုံး သားအိမ်အတွင်းနံရံတနေရာမှာ တွယ်ကပ်မြုပ်ဝင်တာကို Implantation သန္ဓေရတယ်လို့ ခေါ်တယ်။
• Ecee2, Morning after pills, Norlevo, Pill 72, Plan B, Plan B One-Step စတဲ့ အရေးပေါ်တားဆေးဆိုတာ (၁) ယောက်ျားသူက်ပိုးတွေ သားအိမ်ထဲဝင်မလာအောင် သားအိမ်ဝမှာရှိတဲ့ အချွဲရည်ကိုစေးပြစ်စေမယ်၊ (၂) မျိုးဥမထွက်နိုင်အောင်လုပ်မယ် (၃) သားအိမ်နံရံကို ပေါင်းစပ်ပြီးသာ သန္ဓေလာတွယ်ကပ်တာ မလုပ်နိုင်အောင် တားမယ်။

Mon, Dec 3, 2012 at 9:59 PM
ဆရာကျွန်တော်ရဲ့ အင်္ဂါအရေပြားရဲ့ အောက်ထိပ်ဝမှာ အနီစက်လေးတွေပေါက်တယ် ဆရာ.. နောက်ဆုံး အကြိမ် လိင်ဆက်ဆံပြီးမှ ပေါ်လာတာပါ.. ဆေးခန်းလဲပြပြီးပါပြီ ဆေးသောက်ပြီး ပျောက်သွားပါတယ်.. တပတ်နေတော့ ပြန်ပြီး အနီးဆက်လေးတွေ ပြန်ပေါ်လာတာပါ ဆရာ.. လိင်ဆက်ဆံတဲ့ အခါမှာ တယောက်တည်းကိုပဲ ဆက်ဆံတာပါဆရာ.. အဲဒါ ဘယ်လိုဆေးတွေသောက်ရမှာလဲ ဆရာ ..ပြောပြပေးပါ။

Lesions on penis (1) ကျားအင်္ဂါ အနာများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/lesions-on-penis_31.html
Lesions on penis (2) ကျားအင်္ဂါ အနာများ (၂) http://dts-medicaleducation-adult.blogspot.in/2012/03/lesions-on-penis.html

Tue, Dec 4, 2012 at 8:52 AM
သမီး တစ်ခုလောက်သိချင်လို့ပါ။ ယောက်ျားလေး တစ်ယောက်ရဲ့လိင်တံကို မိန်းကလေးရဲ့ပါးစပ်နဲ့ ပြုလုပ်ပေးယုံနဲ့ ကိုယ်ဝန်ရနိုင်ပါသလား ဆရာ။ သုတ်လွှတ်တဲ့အချိန်လုပ်ပေးတာမျိုး ကိုပြောတာ မဟုတ်ပါဘူး။ လိင်ဆက်ဆံမှု စတင်ခြင်းမှာ ယောက်ျားလေးဘက်မှ ထွက်တဲ့ အရည်ကိုပြောတာပါ ဆရာ။ အဲဒီအရည် မိန်းမ ကိုယ်ထဲဝင်ရင်ရော ကိုယ်ဝန်ရနိုင်ပါသလား။ (သမီးစကား ရိုင်သွားရင် ခွင့်လွှတ်ပေးဖို့ တောင်းပန် ပါတယ် ဆရာ)

Oral နည်းမှာ (၁) မိန်းကလေးက ပါးစပ်နဲ့သာသုံးပေးမယ်။ ဒီထက် မဆက်တော့ဘူးဆိုရင် ကိုယ်ဝန်မရပါ။ (၂) ယောက်ျားလေးရဲ့ သုက်ရည် ပါးစပ်ထဲဝင်လဲ ဒိထက် မဆက်တော့ဘူးဆိုရင် ကိုယ်ဝန်မရပါ။
ကိုယ်ဝန်ဆိုတာ ယောက်ျားလေး သုက်ရည်က မိန်းကလေး အင်္ဂါထဲကိုဝင်မှသာ ကိုယ်ဝန်ရနိုင်တယ်။ ဒါလဲ (က) မိန်းကလေးမှာ ရာသီရက်ကလဲ ကိုယ်ဝန်ရနိုင်လောက်တဲ့ရက်ဖြစ်မယ်၊ (ခ) သားအိမ်ပြွန် ပိတ်မနေဘူး၊ (ဂ) လစဉ်မျိုးဥလဲ ထွက်နေမယ်။ (ဃ) ယောက်ျားလေးရဲ့ သုက်ရည်ကလဲ အရေအတွက်နဲ့ အရည်အသွေး ပြည့်မီရမယ်။

ဒီလိုအပ်ချက် စာရင်းက များနေပေမဲ့ အားနည်းချက်ရှိတဲ့ မိန်းကလေး၊ ယောက်ျားလေး အရေအတွက်က အင်မတန် နည်းလို့ တချက်ကလေး အနေမှားတာနဲ့ ကိုယ်ဝန်ရသွားသူတွေ မနည်းမနောရှိပါတယ်။
နောက်တချက် အဲလို (အိုရယ်) အဆင့်ရောက်နေတဲ့ အတွဲဟာ မကြာပါဘူး ရှေ့ဆက်စရာရှိနိုင်တယ်။ အကာအကွယ်ကို စနစ်တကျလုပ်ထားဘို့ ဆေးပညာသုတရှိနေသင့်ပြီဖြစ်တယ်။

Tue, Dec 4, 2012 at 9:01 AM
သမီး အသက် ၂၆ နှစ်ရှိပါပြီရှင့်။ သမီးသိချင်တာက ကိုယ်ဝန် ၁ဝ ပတ်နှင့် လေယာဉ်စီး ရ/မရ သိချင်ပါသည်ရှင့်။ လေယာဉ်စီးရန် ကြာချိန်မှာ သုံးနာရီဖြစ်ပါသည်ရှင့်။

Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-air-travel.html

Wed, Dec 5, 2012 at 3:15 PM
ကျွန်မ ဖြစ်နေတဲ့ အဖြူဆင်းခြင်း အကြောင်းလည်း မေးချင်ပါတယ်။ ဆရာဆိုဒ်ထဲမှာ ရေးထားသလိုဆို ပိုးဝင်တဲ့ လက္ခာတွေ ခံစားနေရပါတယ်။ ဒါကြောင့် ကျွန်မတို့ နားမှာ ရှိတဲ့ OG အထူးကု နဲ့ သွားပြပါတယ်။ ဆရာဝန်က သောက်ဆေး ၃ ရက်စာ ပေးလိုက်ပါတယ်။ သောက်ဆေးသောက်ပြီး ၂ လ လောက်နေတော့ အရင်လိုပဲ အဖြူဆင်း ပြီး ပြန်ယားပါတယ်။ ဒုတိယ အကြိမ်သွားပြတော့ သောက်ဆေး ၃ ရက်စာ ၊ vaginal tablet ( gyno-trosyd) ၃ ရက် ညပိုင်းထည့်ရမယ်ဆိုပြီး ပေးလိုက်ပါတယ်။ အဲဒါတွေ သုံးပြီး ၁ လခွဲလောက် ကြာတော့ အရင်လိုပဲ ပြန်ယားပါတယ်။ အထူးကုဆီ ပြရတာ ဈေးလည်းကြီးတာနဲ့ vaginal tablet နံမည်ကို မှတ်ထားပြီး (သောက်ဆေးကတော့ အလုံးလိုက် ပေးတာမို့ မှတ်မရပါ) နောက်ပိုင်း ယားလာရင် ဆေးခန်းမသွားဖြစ်ဘဲ အပြင် Pharmacy မှာဘဲ ဝယ်သုံးဖြစ်ပါတယ်။ ၃ ကြိမ်လောက် ဝယ်သုံးဖြစ်ပါတယ်။ နောက်ဆုံးအကြိမ် သုံးပြီး ၃ ရက် ကျော်တာနဲ့ ပြန်ယားပြီး အဖြူရောင် အဖတ်လိုက်တွေ ဆင်းပါတယ်။ အရမ်းလည်းယားပါတယ်။ အနံလည်း ရတယ်ရှင့်။ ကျွန်မက အိမ်ထောင် မရှိပါ။ အသက်က ၃၂ ပါ။ ပြည်ပမှာနေပါတယ်။ ကျွန်မ သိချင်တာက ဆက်ဆံဖက်လည်း မရှိဘဲ ဘာကြောင့် အခုလို ယားရတာလဲရှင်။ (တစ်ခုတော့ ရှိတယ်ဆရာ။ ကိုယ့်တိုင်တော့ masturbation တစ်ခါတလေ လုပ်ဖြစ်တယ်။ အဲဒါလည်း လက်ကို သေချာ သန့်စင်ပြီးမှ လုပ်တာပါ)

နောက်တခုက ညာဘက် (lower part of abodmen) appendix ဖြစ်တဲ့ နေရာဝန်းကျင်လောက်ကလည်း လမ်းလျှောက်တာ များရင် မတ်တပ်ရပ်တာ များရင် အောင့်တက်ပါတယ်။ အဲဒီအတွက်လည်း ဆေးခန်းမှာ သွားပြပြီးပါပြီ။ အူအတက်ရောင်တာ မဟုတ်ဘူး။ တုတ်ပြားကောင် ဖြစ်ဖို့ များတယ်ဆိုတာနဲ့ သန်ချကြည့်ပါတယ်။ အကြောင်း မထူးပါဘူး။ အရမ်းကြီးအောင့်တာ မဟုတ်ဘဲ ဘယ်ဘက် ညာဘက်ကို လက်နဲ့  ဖိကြည့်ရင် ဘယ်ဘက်က မနာပေမယ့် ညာဘက်ကျ အောင့်သလိုလို ခံစားရပါတယ်။ အခုလို ယားနေတာ သားအိမ်ကင်ဆာများရော ဖြစ်နိုင်သလားရှင့်။ OG နဲ့ ပဲ ထပ်သွား ပြရမလား၊ ကင်ဆာကိုပဲ စစ်ဆေးရမလား တခြား ဘာရောဂါများ ဖြစ်နိုင်မလဲ သိချင်ပါတယ်ရှင့်။ OG နဲ့ သွားပြရင်လည်း ဘယ်အပိုင်းကို စစ်ဆေးဖို့ ပြောရမလဲရှင့်။

အပျိုတွေ၊ အတူ မနေဘူးသူတွေမှာလဲ ဖြစ်နိုင်တယ်။ ဖန်းဂတ်စ်ကနေဖြစ်မယ်။ စိုထိုင်းတာကို ရှောင်ပါ။ အတွင်းခံ (ကော်တွန်) သာသုံးပါ။ လေသလပ်ချိန်ရှာပါ။ ထပ်ဖြစ်နိုင်တယ်။ လိုမယ်ထင်ရင် သောက်ဆေးတွေ ကို ရက်ပို သုံးပါ။ ကင်ဆာကို သံသယမရှိပါ။ ဗိုက်အောက်ပိုင်း ညာဘက်ကနာတာလဲ အဖြူဆင်းတာကနေ ဆက်ဖြစ်တာဖြစ်နိုင်ပါတယ်။ ဒီဆေးနဲ့ပျောက်မှာပါ။ သတိထားဘို့က နောင်တချိန်မှာ အိမ်ထောင်ကျရင် ကလေးရမှာ ခက်ချင်ခက်နိုင်တယ်။

1. Bacterial vaginosis ဗက်တီးရီးယားကြောင့် ဗဂျိုင်းနားရောင်ခြင်း
- First-line treatment options ပဌမဦးစားပေးဆေး
• Metronidazole 500 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။ + Metronidazole gel 0.75% မွေးလမ်းကြောင်းထဲ တညတခါ၊ ၅ ရက်ထည့်ပါ။ ဒါမှမဟုတ် Clindamycin cream 2% မွေးလမ်းကြောင်းထဲ တညတခါ၊ ၇ ရက်ထည့်ပါ။
- Alternatives ဒုတိယဦးစားပေးဆေး
• Clindamycin 300 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။ + Clindamycin ovules 100 mg တည တကြိမ် ၃ ခါ သွေးပြန်ကြောထဲထိုးပါ။

2. Candidiasis (ကင်ဒီဒိုင်ယေးဆစ်)
• Fluconazole 150-mg တခါတည်းသောက်ပါ။
• Butoconazole 2% cream မွေးလမ်းကြောင်းထဲ ၃ ရက်ထည့်ပါ။
ဒါမှမဟုတ် Butoconazole 2% cream မွေးလမ်းကြောင်းထဲ တခါတည်းထည့်ပါ။
ဒါမှမဟုတ် Clotrimazole 1% cream မွေးလမ်းကြောင်းထဲ ၇-၁၄ ရက်ထည့်ပါ။
ဒါမှမဟုတ် Miconazole 2% cream မွေးလမ်းကြောင်းထဲ ၇ ရက်ထည့်ပါ။
ဒါမှမဟုတ် Miconazole 200 mg vaginal suppository မွေးလမ်းကြောင်းထဲ ၃ ရက်ထည့်ပါ။
ဒါမှမဟုတ် Miconazole 1200 mg vaginal suppository မွေးလမ်းကြောင်းထဲ တခါတည်းထည့်ပါ။
ဒါမှမဟုတ် Nystatin 100,000 unit vaginal tablet မွေးလမ်းကြောင်းထဲ ၁၄ ရက်ထည့်ပါ။
ဒါမှမဟုတ် Tioconazole 6.5% ointment မွေးလမ်းကြောင်းထဲ တခါတည်းထည့်ပါ။

3. Genital herpes လိင်လမ်းရေယုံ
• Acyclovir 400 mg တနေ့ ၃ ကြိမ်၊ ၇-၁ဝ ရက်သောက်ပါ။
ဒါမှမဟုတ် Acyclovir 200 mg တနေ့ ၅ ကြိမ်၊ ၇-၁၄ ရက်သောက်ပါ။
ဒါမှမဟုတ် Famciclovir 250 mg တနေ့ ၃ ကြိမ်၊ ၇-၁ဝ ရက်သောက်ပါ။
ဒါမှမဟုတ် Valacyclovir 1 g တနေ့ ၁ ကြိမ်၊ ၇-၁ဝ ရက်သောက်ပါ။

4. Pelvic inflammatory disease တင်ပါးဆုံတွင်းအင်္ဂါများရောင်ခြင်း
- First-line treatment options ပဌမဦးစားပေးဆေး
• Levofloxacin 500 mg တနေ့ ၁ ကြိမ်၊ ၁၄ ရက်သောက်ပါ။ (ဆေးယဉ်လာလို့ တချို့နေရာတွေမှာ မသုံးတော့ပါ)
ဒါမှမဟုတ် Ofloxacin 400 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ (ဆေးယဉ်လာလို့ တချို့နေရာတွေမှာ မသုံးတော့ပါ)
• အဲဒီဆေးနဲ့အတူ တွဲဘို့လိုရင် Metronidazole 500 mg days တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။
- Alternatives ဒုတိယဦးစားပေးဆေး
• Ceftriaxone 250 mg IM တခါတည်းထိုးပါ + Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက် သောက်ပါ။
• အဲဒီဆေးနဲ့အတူ တွဲဘို့လိုရင် Metronidazole 500 mg days တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။
• Cefoxitin 2 g IM တခါတည်းထိုးပါ + Probenecid 1 g တခါတည်းသောက်ပါ + Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။
• အဲဒီဆေးနဲ့အတူ တွဲဘို့လိုရင် Metronidazole 500 mg days တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။

5. Trichomoniasis (ထွိုင်ကို မိုနီယေးဆစ်)
- First-line treatment options ပဌမဦးစားပေးဆေး
• Metronidazole 2 g တခါတည်းသောက်ပါ။
ဒါမှမဟုတ် Tinidazole 2 g တခါတည်းသောက်ပါ။
- Alternative ဒုတိယဦးစားပေးဆေး
• Metronidazole 500 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။

Wed, Dec 5, 2012 at 3:53 PM
ကိုယ်ဝန်ဆောင်ကာလမှာ အစာမကြေဖြစ်ရင် ဘယ်လိုဆေးမျိုးသောက်လို့ရပါသလဲရှင့်။ အခုကျွန်မကိုယ်ဝန် ၆လရှိပါပြီ။ ၃ လလောက်မှာ အယ်လ်ထွာဆောင်းတစ်ကြိမ်ရိုက်ထားပါတယ်။ နောက်တစ်ကြိမ်ရိုက်လို့ရပြီလား၊ ဘယ်အချိန်ရိုက်ရမလဲ သိပါရစေဆရာ။

ကိုယ်ဝန်အတွက်စာစာတွေ ဆရာရေးထားတာ အများကြီးဘဲ။ အချိန်ရရင်ဖတ်ပါ။ လိုက်နာပါ။ ခေါင်းစဉ်တော့ ရွေးဖတ်ပါ။ ခက်ခဲတာ၊ ဖြစ်ခဲတာတွေ ကိုယ်နဲ့မဆိုင်တာတွေ မဖတ်ပါနဲ့။ အစာမကျေတာသက်သက်ဆိုရင် အစားနဲနဲချင်း၊ အကြိမ်များများစားပါ။ စားပြီးတိုင်း ခဏနားပါ။ ကြော်တာတွေက အစာကျေခဲတယ်။ မြန်မာလျှက်ဆားကိုလဲ သွေးဖိအား မများရင်သုံးနိုင်တယ်။ လိုလာရင်တော့ Enzyme, Digestzyme ဆိုတဲ့ အစချေ (အင်ဇိုင်း) ကို မနက်စာစာပြီး တခါ နဲ့ ညာစာစားပြီးတခါသောက်ပါ။ ရက်ကြာကြာမလိုပါ။

• Polyhydramnios ရေမြွာရည် များနေခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/polyhydramnios.html
• Pregnancy - (hCG) ကိုယ်ဝန်ရှိ-မရှိစစ်တဲ့ ဟော်မုန်း http://dts-medicaleducation-adult.blogspot.in/2012/03/hcg.html
• Pregnancy - Child birth ယောက်ျား ဖေါင်စီး၊ မိန်းမ မီးနေ http://dts-medicaleducation-adult.blogspot.in/2012/05/child-birth.html
• Pregnancy - Chromosome Analysis and Amniocentesis (ခရိုမိုဇုမ်း) ခွဲခြမ်းစိတ်ဖြာခြင်း နဲ့ ရေမြွှာရည်စစ်ဆေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/08/pregnancy-chromosome-analysis-and.html
• Pregnancy - Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း http://dts-medicaleducation-adult.blogspot.in/2012/03/facts-to-get-pregnant.html
• Pregnancy - How long were you in labor? ကလေးမွေးတုံးက အချိန်ဘယ်လောက် ကြာခဲ့ပါသလဲ http://dts-medicaleducation-adult.blogspot.in/2012/04/how-long-were-you-in-labor.html
• Pregnancy - How she gets pregnant ကိုယ်ဝန်ရနိုင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/become-pregnant.html
• Pregnancy - Longer labors ကလေးမီးဖွါးရတာ အချိန်ပိုကြာလာ http://dts-medicaleducation-adult.blogspot.in/2012/04/longer-labors.html
• Pregnancy - Looking and Feeling Your Best ကိုယ်ဝန်ဆောင်မှာ ကျန်းမာပြီး ကျက်သရေပါရှိစေဘို့ အကြံကောင်း (၂ဝ) http://dts-medicaleducation-adult.blogspot.in/2012/03/looking-and-feeling-your-best-in.html
• Pregnancy - LSCS ဗိုက်ခွဲမွေးရခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/lscs.html
• Pregnancy - Normal Labor ကလေး မီးဖွါးခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/labor-pain-cervix-cx-contraction-false.html
• Pregnancy - When does it start? ကိုယ်ဝန်ရှိတယ်ဆိုတာ http://dts-medicaleducation-adult.blogspot.in/2012/03/when-does-pregnancy-start.html
• Pregnancy after tubal ligation သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ် http://dts-medicaleducation-adult.blogspot.in/2012/03/pregnancy-after-tubal-ligation.html
• Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-air-travel.html
• Pregnancy and Bleeding During Early Stage ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-bleeding-during-early.html
• Pregnancy and Conception သန္ဓေတည်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/conception.html
• Pregnancy and Ejaculation ကိုယ်ဝန် နဲ့ သုက်လွှတ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/pregnancy-and-ejaculation.html
• Pregnancy and Essential Diet ကိုယ်ဝန်ဆောင်ချိန် အထူးလိုအပ်သည့် အာဟာရများ http://dts-medicaleducation-adult.blogspot.in/2012/10/pregnancy-and-essential-diet.html
• Pregnancy and HIV ကိုယ်ဝန်နှင့် HIV http://dts-medicaleducation-adult.blogspot.in/2012/10/hiv-and-pregnancy-hiv.html
• Pregnancy and Exercise ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-exercise.html
• Pregnancy and Expected due date (EDD) ကလေး ဘယ်တော့မွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-expected-due-date-edd.html
• Pregnancy and First Para သားဦးမွေးမယ် http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-first-para.html
• Pregnancy and Good diet အစားအစာနဲ့ ကိုယ်ဝန်ရခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-good-diet.html
• Pregnancy and Hepatitis C အသဲရောင် (စီ) နဲ့ ကိုယ်ဝန် http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-hepatitis-c.html
• Pregnancy and HIV ကိုယ်ဝန်နှင့် HIV http://dts-medicaleducation-adult.blogspot.in/2012/10/hiv-and-pregnancy-hiv.html
• Pregnancy and HPV Vaccination သားအိမ်-ကင်ဆာ ကာကွယ်ဆေး နဲ့ ကိုယ်ဝန်ဆောင် http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-hpv-vaccination.html
• Pregnancy and Intrauterine Death (IUD) ကလေးအထဲမှာ သေဆုံးသွားခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-intrauterine-death-iud.html
• Pregnancy and Linea negra ကိုယ်ဝန်ရှိ-မရှိ ဗိုက်ကိုကြည့် http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-linea-negra.html
• Pregnancy and Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ http://dts-medicaleducation-adult.blogspot.in/2012/06/morning-sickness.html
• Pregnancy and Oscar Test & Triple Test ကိုယ်ဝန်ဆောင်စဉ် စစ်ဆေးနည်းများ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-oscar-test-triple-test.html
• Pregnancy and Pain relief during labor ကလေးမွေးရင် မနာချင် http://dts-medicaleducation-adult.blogspot.in/2012/04/pain-relief-during-labor.html
• Pregnancy and Painless childbirth ဗိုက်မနာဘဲ ကလေးမွေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-painless-childbirth.html
• Pregnancy and Prednisolone ကိုယ်ဝန်နှင့် (ပရက်နဆိုလုံး) http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-prednisolone.html
• Pregnancy and Preeclampsia (PET) ကိုယ်ဝန် သွေးဆိပ်တက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-preeclampsia-pet.html
• Pregnancy and Rheumatism ကိုယ်ဝန်ဆောင်နှင့် လေးဘက်နာ http://dts-medicaleducation-adult.blogspot.in/2012/05/wed-mar-28-2012-at-1009-am-ra-alaxan.html
• Pregnancy and RPOC အတွင်းမှာ အချင်းကျန်နေခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-rpoc.html
• Pregnancy and Rubella ကိုယ်ဝန် နှင့် ဂျာမန်-ဝက်သက် http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-rubella.html
• Pregnancy and Sex (1) ကိုယ်ဝန်ဆောင်စဉ် အရင်လိုနေလို့ရသလား (၁) http://dts-medicaleducation-adult.blogspot.in/2012/04/pregnancy-and-sex.html
• Pregnancy and Sex (2) ကိုယ်ဝန်ဆောင်စဉ် အရင်လိုနေလို့ရသလား (၂) http://dts-medicaleducation-adult.blogspot.in/2012/03/sex-during-pregnancy.html
• Pregnancy and Sex (3) ကလေးဖွါးပြီး အတူနေခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/sex-after-delivery.html
• Pregnancy and Sex (4) ကိုယ်ဝန်ဆောင်စဉ် သုံးနိုင်တဲ့ အနေအထားများ http://dts-medicaleducation-adult.blogspot.in/2012/04/positions-during-pregnancy.html
• Pregnancy and Sleeping pills ကိုယ်ဝန် နဲ့ အိပ်ဆေး http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-sleeping-pills.html
• Pregnancy and Ultrasound (1) ကိုယ်ဝန်ဆောင် (အာလ်ထွာဆောင်း) http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-ultrasound-1.html
• Pregnancy and Ultrasound (2) ကိုယ်ဝန်ဆောင် (အာလ်ထွာဆောင်း) http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-ultrasound-2.html
• Pregnancy and Vomiting ကိုယ်ဝန်နှင့် အန်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-vomiting.html
• Pregnancy Question ကိုယ်ဝန်အတွက် မေးခွန်း http://dts-medicaleducation-adult.blogspot.in/2012/09/pregnancy-question.html
• Pregnancy prevention by Tubal ligation အမျိုးသမီး သား-သမီး မရတော့အောင် လုပ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/tubal-ligation.html
• Pregnancy right after your period ရက်ရှောင်နည်းမှာ သတိထားစရာ http://dts-medicaleducation-adult.blogspot.in/2012/09/pregnancy-right-after-your-period.html
• Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ) http://dts-medicaleducation-adult.blogspot.in/2012/03/pregnancy-signs.html
• Pregnancy Stages ကိုယ်ဝန်ဆောင် အဆင့်များ http://dts-medicaleducation-adult.blogspot.in/2012/03/stages-of-pregnancy.html
• Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-tests-1.html
• Pregnancy Tests (2) ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်ရမဲ့ စစ်ဆေးနည်းများ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-tests-2.html
• Pregnancy Third trimester ကိုယ်ဝန်ဆောင် နောက်ဆုံး (၃) လ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-third-trimester.html
• Pregnancy, LSCS and Anesthesia ဗိုက်ခွဲမွေးတာ ဘယ်မေ့ဆေး သုံးမှာလဲ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-cs-and-anesthesia.html
• Pregnancy, LSCS and Normal labor ဗိုက်ခွဲမွေးတာ နဲ့ ရိုးရိုးမွေးတာ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-lscs-and-normal-labor.html
• Pregnancy Pains ကိုယ်ဝန်ဆောင် ဝေဒနာ (၂ဝ) http://dts-medicaleducation-adult.blogspot.in/2012/03/pregnancy-pains.html Tue, Dec 4, 2012 at 11:05 AM
HIV ပိုးရှိတဲ့သူက ခွဲစိတ်ကုသလို့ရပါသလား၊ ဥပမာ အလုံးအကျိတ်ရှိနေလို့ခွဲထုတ်ချင်တာမျိုးပါဆရာ။ HIV ပိုး ရှိတဲ့သူတွေက ကင်ဆာရောဂါဖြစ်နိုင်ပါသလား။ HIV ပိုးရှိတဲ့သူက ခွဲစိတ်ကုသလို့ရပါသလား၊ ဥပမာ အလုံးအကျိတ် ရှိနေလို့ ခွဲထုတ်ချင်တာမျိုးပါ။ HIV ပိုးရှိတဲ့သူတွေက ကင်ဆာရောဂါဖြစ်နိုင်ပါသလား။

(၁) ခွဲစိတ်ဘို့တကယ်တန်းလိုအပ်လာရင် ခွဲစိတ်ဆရာဝန်က ချင့်ချိန်ပါမယ်။ အကာအကွယ် အသေအခြာလုပ်ပြီး ခွဲပေးနိုင်ပါတယ်။ ဥပမာ ကလေးမီးဖွါးတာမျိုး။
(၂) ကင်ဆာ ဆိုတာ ဘာလို့ဖြစ်လဲ တိတိကျကျမပြောနိုင်သေးပါ။ HIV ရှိနေသူလဲ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဖြစ်ရင်တော့ ခုခံအားမကောင်းရင် မကောင်းသလို သူများတွေထက် ခံရနိုင်ပါတယ်။

ခွဲစိတ်ဆရာဝန်ကမသိပဲ ခွဲစိတ်မိရင် problem ရှိနိုင်ပါသလားဆရာ

ဆရာဝန်၊ ဆရာမ ကံဆိုးကြမယ်။ ဒါပေမဲ့ မခွဲခင်၊ မွေးလူနာမွေမပေးခင် လူနာတိုင်းကို HIV, Hepatitis B (ဘီ) ပိုး နဲ့ VDRL ဆစ်ဖလစ်ပိုးရှိ-မရှိ စစ်လေ့ရှိပါတယ်။

ပါးမှာအဖုတစ်ခုဖြစ်နေတာကို ဆရာဝန်က ကင်ဆာအကျိတ် ဖြစ်မှာစိုးလို့ခွဲထုတ်ချင်တာပါတဲ့ ဒါပေမဲ့ ဆရာဝန်က HIV ပိုးရှိမရှိမစစ်ဘူး အရင်ဆရာဝန်က စစ်ထားလို့ လူနာရှင်တွေကတော့ သိနေပါတယ်။ လူနာကိုယ်တိုင်လည်း မသိသေးပါဘူး။ လူနာကို နားလည်အောင် ပြောဖို့အရှိန်ယူနေတုန်းပါ လူနာက အသက် 59 နှစ်ပါ။

အကောင်းဆုံးအကြံအဥာဏ်လေးများရှိရင်ပေးပါဆရာ တောင်းဆိုပါတယ်ဆရာ။

သူများကိုကူညီတာကောင်းတယ်။ လူနာကိုရော ဆရာဝန်ကိုပါ သိစေသင့်ပါတယ်။ တခါတလေ ဆေးခါးကြီးတိုက်ရတယ်မဟုတ်ပါလား။

ဆရာဝန်ကသိလို့မခွဲပေးမှာလည်ကြောက်လို့ပါ။ ကင်ဆာကျိတ်ဖြစ်သွားမှာလည်းကြောက်လို့ပါ။

ခွဲစိတ်ကုသတဲ့နေရာမှာ ဆရာဝန်တွေကိုကူးတတ်သလားဆရာ ခွဲစိတ်ခန်းနဲ့ပတ်သတ်ပြီးတော့လည်း ဗဟုသုတမရှိလို့ပါ လူနာကတော့နဲနဲပိန်ပေမဲ့ ကိုယ်ခံအားကျနေတဲ့ပုံတော့မပေါ်သေးဘူးဆရာ ဆေးသောက်ဖို့တော့ မလိုလောက်သေးဘူးလို့ ထင်ပါတယ်။

HIV ပိုးက သွေးထဲနေတာ ခွဲတယ်ဆိုရာ သွေးထွက်တယ်။ လက်အိတ်နဲ့တော့ခွဲပေမဲ့ ခွဲစိတ်ကရိယာ၊ အသုံးအဆောင်၊ အဝတ်စတွေကိုပါ သွေးစိုမယ်။ နောက်လူနာကိုထပ်ခွဲရင် မကူးစေဘူး မပြောနိုင်ပါ။ ကင်ဆာကို ကုသရာမှာ ခွဲစိတ်တာတခုထဲမဟုတ်ဘဲ လုပ်နိုင်တယ်။ ခွဲရရင်လဲ သတိထားလုပ်နိုင်တယ်။ ကင်ဆာ ဟုတ်-မဟုတ် အရင်ဆုံး အသားစဖြတ်ယူစစ်ဆေးတာ လုပ်လေ့ရှိတယ်။ ဒါလဲ သွေးထွက်မှာဘဲ။ မျက်စိနဲ့တော့ မြင်ချင်မှမြင်ရမယ်။ ကရိယာတွေကိုလဲ ထိမယ်။ အကောင်းဆုံး အကူအညီ ပေးနိုင်ပါစေ။

HIV ပိုးရှိတယ်လို့ပြောပြရင် ဆရာဝန်က ခွဲပေးလို့ ရပါသလား ဆရာ သူက မခွဲပေးတော့ဘူးဆိုရင် အဲ့ဒီ အဖု/အလုံးကကြာရင် မြဲသွားပြီးတော့ ကင်ဆာ အဆင့်ကိုရောက်သွားမှာလည်း စိုးရိမ်လို့ပါ ဆရာ။ လူနာကိုရော ဘယ်လိုအချိန်မျိုးမှာ ပြောပြသင့်ပါသလဲ ဆရာ။ လူနာကတော့ ကိုယ်ခံအားလည်းကောင်းတော့ ကောင်းနေသေးတယ် ဆရာ။ သူပဲချက်ပြုပေးတယ်။ အဲ့ဒါကိုပဲ အိမ်သားတွေက စားနေကြတယ်။ ဘေးကနေသွေးမထွက်အောင် ဂရုစိုက်ပြီး ကြည့်နေတာပေါ့နော်။

ဆရာ့သဘောပြောရရင် အခုဘဲ ဆရာဝန်ကိုရော လူနာကိုပါ ပြောသင့်တယ်။ ဆရာဝန်လဲ ပိုကောင်းတဲ့နည်းကို ရှာနိုင်ပါတယ်။ ပိုးရှိနေသူကိုလဲ စိတ်အားမငယ်အောင်၊ ပိုမဆိုးအောင်၊ လူမှုရေးနှိမ်ချမခံရအောင် လုပ်ပေးရမယ်။

HIV/AIDS ကိုနှိမ်နင်းရာမျာ ပညာပေးတာ၊ အကူအညီပေးတာ၊ အကာကွယ်ပေးတာတွေအားလုံး လုပ်ကြရတယ်။ တယောက်အတွက် ထိန်ချန်ထားမိရင် အများကို ထိခိုက်မယ်။ မဟုတ်ရင် တချိန်မှာ သူလဲ နောင်တအတွက် စိတ်မကောင်းဖြစ်နေနိုင်သေးပါတယ်။

Wed, Dec 5, 2012 at 12:55 PM
ကျွန်တာ် KTV ကောင်မတယောက်နဲ့ လိင်ဆက်ဆံခဲ့မိတယ်ခင်ဗျ ကွိုင်းလည်းခံထားတယ် ၁ ရက် ၂ ရက်လည်းနေကော ကျွန်တော်ဂွေးက သေးပေါက်တာ နာနေတယ်ပြီးတော့ ဂွေးက အဖြူရည်တွေလည်း တစိတ်စိတ်နဲ့ ထွက်နေတာ.. အဲတာ HIV ပိုး ကူးစက်နိုင်ပါသလား ခင်ဗျာ... ကျေးဇူး တင်ပါတယ်..

စာကို အသေအခြာဖတ်မရပါ။ မေးခွန်း မရှင်းပါ။ ကျန်းမာရေးမှာ တိတိကျကျသာရေးရတယ်။ ဘန်းစကားလားဘာလား၊ အများ နားမလည်လောက်တာတွေ မရေးသင့်ပါ။ တချက်လွဲတာနဲ့ ဆေးကုသတာ မှားနိုင်တယ်။
Gonorrhea ဂနိုရောဂါ http://dts-medicaleducation-adult.blogspot.in/2012/03/gonorrhea.html ကိုဖတ်ပြီး လိုက်နာပါ။ HIV ကို ဆေးစစ်မှသာ သိမယ်။

ယမုန်နာဆေးခန်း - အမေးအဖြေ (၉၉) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top