27
Dec

အမေးအဖြေ Dec, 2011(3) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

၁။ စအိုအဝမှာ အဖုသေးသေးလေးတွေ ဖြစ်နေပါတယ်။
၂။ သမီးက ခဏခဏ  အံကြိတ် တတ်ပါတယ်။
၃။ Vitamin B9 (Folic Acid) 400 mcg နဲ့ 5mg နဲ့က အတူတူပါပဲလားဆရာ။
၎။ သမီးမှာ သားအိမ်နဲ့ ပတ်သက်ပြီး တစ်ခုခုခံစားနေရတယ်လို့ ထင်မိပါတယ်။
၅။ အဖြူတွေဆင်းနေတာ ၁၀ ရက်လောက်ရှိပြီ။

Mon, Dec 19, 2011 at 2:39 PM
Q: ကျွန်တော် စအိုအဝမှာ အဖုသေးသေးလေးတွေ ဖြစ်နေပါတယ်။ ကင်ဆာလား ဘာလားလဲ မသိပါဘူးဆရာ။ အဲလိုအဖုလေးတွေက အရင်သွားနှတ်တုန်းက Antibiotic သောက်ရင် အာခေါင်တို့ ဘာတို့မှာ အဖုလေးတွေပေါက်တတ်ပါတယ်။ အခု စအိုအဝမှာ အဖုလေး ဖြစ်နေပါတယ်။ ရုတ်တရတ် မသိသာပါဘူး။ ဆရာဝန်ကို ဘယ်လိုပြသင့်လဲ ပြောပြပါအုံးဆရာ။ ကင်ဆာဖြစ်မှာလဲ ကြောက်ပါတယ်။ အရင်က ဝမ်းချုပ်လို့ ဝမ်းပျော့ဆေး ခဏခဏ သောက်ရပါတယ်။ ဝမ်းမသွားတာ ကြာရင်လဲ စအို ခဏခဏ ကွဲပါတယ်၊ ဒီတခေါက်ဖြစ်တာ အဝမှာ စပ်ဖျင်းဖျင်း ဖြစ်တာနဲ့ မှန်နဲ့သေချာကြည့်တော့ အဖုလေးတွေ ဖြစ်နေပါတယ်။ ကျွန်တော်လက်နဲ့ ဖဲ့ကြည့်ပါသေးတယ် မပဲ့ပဲ သွေးပဲထွက်ပါတယ်။ မရိုမသေ ဆရာ့ဆီကို ပုံပါပို့ပေးလိုက်ပါတယ်။ ရှေ့လလောက်တုန်းကမှ ဖြစ်တာပါဆရာ။

A: ဖြစ်နိုင်တဲ့ ရောဂါမျိုးစုံရေးပြထားပါတယ်။ အသေအခြာမပြောနိုင်သေးလို့ ဆရာဝန်ပြရင် ပိုကောင်းပါတယ်။
ကျွန်တော်က (အွန်လိုင်း) ကနေ ဆေးကုပေးတာမျိုးအထိ မလုပ်ပါ။ မလုပ်သင့်လို့ပါ။ အကူအညီကိုသာ ပေးနေပါတယ်။
- Anal and perianal disorders စအိုနေရာ ရောဂါများ
- Anorectal diseases စအို-အစာဟောင်းအိမ် ရောဂါများ
- Proctitis စအို ရောင်ခြင်း

Sun, Dec 18, 2011 at 2:15 PM
ကျွန်တော့် သမီးက ခဏခဏ  အံကြိတ် တတ်ပါတယ်။ ဘာလို့လဲ ဆရာ ဖြေကြားပေးပါ။ ၂ နှစ်ပါဆရာ။

Teeth Grinding သွားကြိတ်ခြင်း ကို ပို့လိုက်ပါတယ်။

2011/12/19
Q: Vitamin B9 (Folic Acid) 400 mcg နဲ့ 5mg နဲ့က အတူတူပါပဲလားဆရာ။ ဆေးဗူးတွင် တစ်လုံးမှာ 5mg ပါတယ်လို့ ရေးထားလို့ နားမလည်လို့ပါရှင့်။

A: - Folic acid ကို Vitamin B9, vitamin Bc, Folacin, Folate လို့လဲ ခေါ်သေးတယ်။
- ပုံမှန် ကိုယ်ဝန်ဆောင် တဦးဟာ ဖေါလစ်အက်စစ် ကို တနေ့မှာ 400 to 800 mcg (04 to 08 mg) သောက်ရင် လုံလောက်တယ်။ - အထဲက ကလေးမှာ neural tube deficiency ခေါ်တဲ့ အာရုံကြော ချွတ်ယွင်းမှု ၅ဝ-၇ဝ% မဖြစ်စေဘူး။
- ကလေးကို နို့တိုက်နေချိန်မှာ 500 mcg လိုမယ်။
- တကယ်လို့ ချွတ်ယွင်းမှု ရှိနေတဲ့ကိုယ်ဝန်ဆိုရင် ဒိထက်ပိုပြီး များများပေးရတယ်။ ဥပမာ 4,000 mcg အထိပေးနိုင်တယ်။

Mon, Dec 19, 2011 at 12:26 PM
Q: ကျွန်မက အခု ကိုယ်ဝန်စယူမလို့ပါ abortion  တခါဖြစ်ဖူးပါတယ်ကိုယ်ဝန်မယူခင်ဘာအားဆေးတွေသောက်ရမလဲ၊ ပြီးတော့ ကိုယ်ဝန်ရလွယ်အောင်လို့ရော ဘာတွေသောက်ဖို့ လိုပါသလဲရှင့်။ ကျွန်မက ကိုယ်ခံအားနည်းတတ်လို့ပါ။ အသက်က ၃၂ ပါ။ ဒါဆိုရင် ဆေးဗူးမှာ ရေးထားတာက ဆေးတစ်လုံးမှာ 5mg ပါတယ်လို့ပြောထားတာကို သမီးက တစ်နေ့တစ်လုံး သောက်လို့ရပါသလားဆရာ။ သမီးက အခုကိုယ်ဝန်စယူမှာပါ။ ကျန်းမာရေးကတော့ ပုံမှန်ပါပဲဆရာ။

A: တနေ့ ၁ လုံးသာသောက်ပါ။

Thu, Dec 22, 2011 at 1:47 PM
Q: သမီးနံမည်က (့) လို့ခေါ်ပါတယ်ရှင့်။ အသက်ကတော့ (၂၆) နှစ်ရှိပါတယ်။ အိမ်ထောင်ကျတာကတော့ (၁) နှစ် ဝန်းကျင်လောက် ရှိပါပြီရှင့်။ သမီးမှာ သားအိမ်နဲ့ ပတ်သက်ပြီး တစ်ခုခုခံစားနေရတယ်လို့ ထင်မိပါတယ်။ အဲ့ဒါကတော့ ရာသီမလာခင်ကော၊ လာပြီးရင်ရော ရက်တိုင်းလိုလို အနံအသက်များပါသော အဖြူများဆင်းပါသည်ရှင့်။ အိမ်ထောင်ဖက်နှင့် အတူတူနေပြီးလျှင်လည်း တခါတခါမှာ သွေးများဆင်းတတ်ပါသည်ရှင့်။ (အမြဲတမ်းတော့ မဟုတ်ပါ) ရာသီလာပြီးသွားလျှင်လည်း ရက်ပြန်မရောက်သေးဘဲ ရာသီသွေးများ ၁ ရက် ၂ ရက် ဆက်တိုက်ဆိုသလို ပြန်၍ ဆင်းတတ်ပါသည်။ သမီးရဲ့ ကိုယ်အလေးချိန်ကတော့ အရင်နှစ်တွေထက် ပိုတက်လာခဲ့ပါတယ်ရှင့်။
တားဆေးအနေနဲ့ကတော့ တစ်လမှာ တကြိမ် နှစ်ကြိမ်သာ သောက်ဆေး သုံးပါသည်ရှင့်။ သမီးအခု ကြောက်နေရတာကတော့ သမီးမှာ သားအိမ်ခေါင်းကင်ဆာ ရောဂါကြီး ရှိနေမည်ကို စိုးရမ်ပါသည်ရှင့်။ အခုသမီးပြောတဲ့ လက္ခဏာများသည် သားအိမ်ခေါင်းကင်ဆာဖြစ်မည့် လက္ခဏာများပါလားရှင်။ ပြီးတော့ စစ်ဆေးချင်ရင် ဘယ်ဆေးကုသခန်းတွင် စစ်ဆေးရမည်၊ ဘယ်လို စစ်ဆေးရမည်၊ ကာကွယ် ဆေးထိုးလျှင် ဘယ်နှစ်လုံးထိုးရမည်နှင့် ဘယ်လောက်ကုန်ကျမည်ကို ဆရာ ပြောပြပေးနိုင်ပါမည်လားရှင်။

A: ဒီအသက်အရွယ်မှာ ကင်ဆာ မဖြစ်တာ အလွန်များပါတယ်။ ကလေးဘယ်နှစ်ယောက်ရှိပြီလဲတော့ မသိပါ။ ကလေး မများ၊ အတူနေဖေါ် မများသူတွေမှာလဲ အဖြစ်နည်းပါသေး တယ်။ အဖြူဆင်းတာဟာ ကင်ဆာမဟုတ်တာ များပါတယ်။ အရင်ဆုံး အဖြူဆင်းတာအတွက် ဆေးကုသရပါမယ်။ ဆက်ဆံချိန်မှာ သွေးနဲနဲထွက်တာကလဲ အဖြူဆင်းစေတဲ့ရောဂါနဲ့ ပတ်သက်နိုင်ပါတယ်။ ကိုယ်အလေးချိန်တက်လာတာလဲ ကင်ဆာမဟုတ်နိုင်တဲ့ အချက်တခုလို့ ပြောနိုင်သေးပါတယ်။ ဒါပေမဲ့ ဒါအားလုံးဟာ ယေဘုယျသဘောတွေသာ ဖြစ်ပါသေး တယ်။ သေခြာအောင် ဆေးစစ်ရပါမယ်။ သားအိမ်ကင်ဆာကို Pap Smear test လုပ်ရပါမယ်။ ကရိကထ မများပါ။ ဆရာရေးထားတာတွေ ဖတ်ပြီးပြီလားတော့ မသိပါ။
၁။ Cervical intraepithelial neoplasia (CIN) သားအိမ်ဝ ရောဂါတမျိုး
၂။ Cervical Cancer (Ca Cx) သားအိမ်အဝ ကင်ဆာ
၃။ Cervicitis သားအိမ်ဝ ရောင်ခြင်း
၎။ Cancer of the uterus သားအိမ်-ကင်ဆာ

ရှာမတွေ့ရင် ပြောပါ။ (HPV) သားအိမ်အဝ ကင်ဆာ ကာကွယ်ဆေး နဲ့ Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း တွေကိုတော့ အခုပို့လိုက်ပါတယ်။

December 22, 2011 7:58 AM
ကျွန်တော့် မိန်းမ ကိုယ်ဝန်ရှိတာ ၂ လနဲ့ ၅ ရက်ရှိပါပြီ။ အခုတလော အဖြူတွေဆင်းနေတာ ၁၀ ရက်လောက်ရှိပြီ။ အများကြီးတော့ မဟုတ်ပါ။ ဘောင်းဘီ စွန်းရုံသာဖြစ်ပါသသည်။ ကလေးအတွက် စိုးရိမ်ရလား။ ဘာလုပ်သင့်လဲဆိုတာ ဖြေကြားပေးပါ။

၁။ Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
၂။ Vaginitis မွေးလမ်း-ရောဂါ တွေကို ဖတ်နိုင်ပါတယ်။
ကလေးအတွက် မစိုးရိမ်ပါနဲ့။ ဘာမှမဖြစ်စေပါ။

ယမုန်နာ ဆေးခန်း - အမေးအဖြေ Dec, 2011(3) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top