23
Dec

အမေးအဖြေ (Dec,2011(၁၈ နှစ်ပြည့်မှ ဖတ်ပါ))

၁။ ရာသီမလာတာ (၂ဝ)ကျော် နေပါပြီ။
၂။ ပါးစပ်နဲ့ဆက်ဆံတာ ရောဂါရနိုင်ပါသလားခင်ဗျာ။
၃။ အပျိုအမှေးပါးက နှစ်ခါပေါက်နိုင်ပါသလားခင်ဗျာ။
၎။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဆက်ဆံဖူးတဲ့ အပျိုတစ်ယောက်ဟာ
၅။ အပျိုအစစ်တစ်ယောက်ရဲ့ တင်ပါးမှာ ဗိုက်ကြောတွေပြက်သလို
၆။ သုက်ကောင် ရင့်ကျက်ခြင်း အကြောင်းမေးလာတယ်။

2011/12/21
Q :1 ကျွန်တော့ ကောင်မလေး ရာသီမလာတာ (၂ဝ)ကျော် နေပါပြီ။ အဲဒါဘယ်လိုလုပ်ရမလဲဆရာ။ သူလဲအရင်က ရာသီမမှန်ပါဘူး။ ကျွန်တော်က ဆက်ဆံရင် ကွန်ဒုံး ပဲသုံးပါတယ်။ အသက်ကတော့ (၂၂) ရှိပါပြီ။ ကျွန်တော်ကို ကျေးဇူးပြုပြီး ဘယ်လိုလုပ်ရမလဲဆိုတာ မြန်မြန်လေး ပြန်ဖြေပေးပါ။

A :1 (၂ဝ) ကျော်ဆိုတာ မရှင်းပါ။ အသက်လား၊ ရက်လား၊ လလား။
http://www.yamunaclinic.org/ ထဲမှာ အကုန်လုံး ဖတ်နိုင်ပါတယ်။ ခဏခဏဖြေထားတာမို့ ထပ်မရေးတော့ပါ။

December 19, 2011 8:05 AM
Q 2: ပါးစပ်နဲ့ဆက်ဆံတာ ရောဂါရနိုင်ပါသလားခင်ဗျာ။
A 2: HIV and Oral Sex ပါးစပ်သုံးပြီး လိင်ဆက်ဆံတာနဲ့ (အိတ်ခ်ျအိုင်ဗွီ) http://www.yamunaclinic.org/index.php?searchword=%E1%80%95%E1%80%AB%E1%80%B8%E1%80%85%E1%80%95%E1%80%B9&ordering=&searchphrase=all&option=com_search
Oral practice ဆက်ဆံရာတွင် ပါးစပ်ကို အသုံးပြုခြင်း http://www.yamunaclinic.org/index.php?searchword=%E1%80%95%E1%80%AB%E1%80%B8%E1%80%85%E1%80%95%E1%80%B9%E1%80%80%E1%80%AD%E1%80%AF&ordering=newest&searchphrase=all&limit=20&option=com_search တွေကိုဖတ်နိုင်ပါတယ်။

Q 3: ပြီးတော့ အပျိုအမှေးပါးက နှစ်ခါပေါက်နိုင်ပါသလားခင်ဗျာ။
A 3: အပျိုမှေး ၂ ခါပေါက်တယ်ဆိုတာ တိတိကျကျပြောရရင် မဖြစ်ပါ။ တကယ်လို့ အောင်မြင်တဲ့ လိင်ဆက်ဆံရာကနေ တခါပေါက်ပြီးရင် ထပ်ပေါက်မှာ မဟုတ်ပါ။ အောင်မြင်တဲ့ဆိုတာ ဆက်ဆံဖေါ်က ယောက်ျားဖြစ်မယ်၊ အင်္ဂါကလဲ မွေးလမ်းထဲ ဝင်ရမယ်။ ပေါက်သွားတဲ့ အပျိုမှေးဟာ မဆက်ဆံဘဲနေတာ ကြာပေမဲ့ ပြန်မဆက်ပါ။ အပိတ်လိုသဘော ပြန်မဖြစ်ပါ။ ခွဲစိတ်ပြုပြင်နည်းနဲ့ ပြန်လုပ်ထားတာလဲ ရှိနိုင်သေးတယ်။ ဆက်ဆံမှုမလုပ်တာ ကြာရင် နာကျင်မှုကိုသာ ခံစားရစေနိုင်ပါတယ်။ တကယ်လို့ လိင်ဆက်ဆံရာကနေ မဟုတ်ဘဲ၊ ဥပမာ အားကစား၊ မြင်းစီး၊ ဘီးစီးလုပ်ရာကနေ တစိတ်တပိုင်း ပေါက်နိုင်တယ်။ အဲဒီမိန်ကလေးဟာ ရေးခဲ့သလို အောင်မြင်တဲ့ လိင်ဆက်ဆံမှုပြုတဲ့အခါ ပိုပြီးဒဏ်ရာသဘော ရစေနိုင်တယ်။ ဒါကို အပျိုမှေး ပေါက်တယ်လို့ ခေါ်ချင်လဲခေါ်ပေါ့။ နှစ်ခါပေါက်လို့ ပြောချင်လဲ ပြောပေါ့။

Q 4: လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဆက်ဆံဖူးတဲ့ အပျိုတစ်ယောက်ဟာ ၅ နှစ်ကြာတဲ့အချိန်မှာ ဆက်ဆံရင် သွေးထွက်နိုင်ပါသလားခင်ဗျာ။
A 4: တခါ လိင်ဆက်ဆံဘူးရင် နောက် ၅ နှစ်မကကြာလဲ အပျိုလို့ ဆရာဝန်က မသတ်မှတ်ပါ။ ဆက်ဆံရာကနေ သွေးထွက်တယ်ဆိုတာ အပျိုမှေးပေါက်လို့လဲ ဖြစ်နိုင်သလို တခြားအကြောင်းတွေလဲ စဉ်းစားနိုင်သေးတယ်။ မွေးလမ်းရောင်နေတာ၊ အရွယ်-အသက် မမျှတရင်၊ ဆက်ဆံရာမှာ ဆန်းပြားတဲ့နည်းတွေ သုံးရင်၊ အလိုမတူ ပြုကျင့်တာခံရရင် စတာတွေလဲ ဖြစ်နိုင်သေးတယ်။ ရာသီ ဒါမှမဟုတ် ကြားရက် သွေးဆင်းတာကိုလဲ မမေ့သင့်ပါ။

December 19, 2011 6:38 AM
Q 5: အပျိုအစစ်တစ်ယောက်ရဲ့ တင်ပါးမှာ ဗိုက်ကြောတွေပျက်သလို သာမန်အနေနဲ့ ဖြစ်နိုင်ပါသလား။ ဒါမှမဟုတ် လိင်ဆက်ဆံထားလို့လား ဆိုတာ သိချင်ပါတယ်ခင်ဗျာ။
A 5: Stretch Marks အကြောပြတ်ခြင်း http://www.yamunaclinic.org/index.php?option=com_content&view=article&id=296:stretch-marks&catid=30:medical-writings-&Itemid=46 မှာ ဖတ်နိုင်ပါတယ်။ ယေဘုယျပြောရရင် အပျိုဟုတ်-မဟုတ်နဲ့တော့ မဆိုင်ပါ။

2011/12/23
Q 6: ကျနော့် သူငယ်ချင်း (့) ၂၆ နှစ်က သုက်ကောင် ရင့်ကျက်ခြင်း အကြောင်းမေးလာတယ်။ ကျနော်လည်း ဖြေပေးဖို့ ခက်မိတယ်။ သူ အရမ်းသိချင်တော့ သူ့ကိုနောက်တစ်ရက် နှစ်ရက်လာခဲ့ပါလို့ ချိန်းလိုက်တယ်။ ကျနော်ထင်မိတာ ကျနော့်သူငယ်ချင်းက အိမ်ထောင်ကျပြီဆိုတော့ ယောက်ျားလေး ရချင်လို့တဲ့။ အဲဒါကြောင့် သူက သုက်ရည်ထုတ် (လိင်ဆက်ဆံ) ပြီးနောက် အချိန် ဘယ်လောက်ကြာမှ သုက်ကောင်း ရင့်ကျက်မှုရှိတဲ့ အကြောင်းသိချင်းတယ်တဲ့။ ဆရာ့အသိပေးခြင်းကို ကျနော်မှ တဆင့် လူတကာကို ဝေငှချင်မိပါတယ်။ Merry Christmas and Happy New Year to you!

A 6: ၁။ Semen Analysis သုက်ရည်ရဲ့ အရည်အသွေး
၂။ Sperm count သုက်ပိုးများစေနည်း
၃။ Sperm Color သုက်၏အရောင် နှင့် Hematospermia သုက်ထဲသွေးပါခြင်း
၎။ Hematospermia သုက်ထဲသွေးပါခြင်း
၅။ Baby Boy ကလေးမွေးရင် (ယောက်ျားလေး) ရချင်သလား တွေကို ဖတ်နိုင်ပါတယ်။

ယမုန်နာ ဆေးခန်း - အမေးအဖြေ (Dec,2011(၁၈ နှစ်ပြည့်မှ ဖတ်ပါ))

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top