၁။ ကောင်မလေးက အခုအချိန်ထိ ဓမ္မတာ မလာသေးဘူးဖြစ်နေပါတယ်။
၂။ ကိုယ်ဝန်ဖျက်ချဖူးရင် ကိုယ်ဝန်ထပ်ရနိုင်ပါ့မလားဆရာ။
၃။ ခဏလေး ပြီးသွားတယ်။
2012/1/3
ကျွန်တော် နာမည်က (့) ပါ။ အသက်က ၂၄ နှစ် ပါ။ ရုံးဝန်ထမ်းတစ်ယောက်ပါ။ ကျွန်တော့်မှာ ချစ်သူရှိပါတယ်။ ကျွန်တော့်ကို့ တစ်ကြိမ် အရင်းနှီးဆုံးအထိ အတွေ့ခံယူဖူး ပါတယ်။ ကျွန်တော် သူ့ကို ဆေးသောက်တာမျိုး မလုပ်စေချင်ပါဘူး။ ဆေးကြောင့်ဖြစ်လာမဲ့ ဘေးထွက် ဆိုးကျိုးတွေ မဖြစ်စေချင်လို့ပါ။ ကျွန်တော်တို့ ထိတွေ့တုန်းက ကျွန်တော် ပြီးခါနီး အပြင်ကို ထုတ်ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့် ကောင်မလေးက အခုအချိန်ထိ ဓမ္မတာ မလာသေးဘူးဖြစ်နေပါတယ်။ ကျွန်တော်တို့ တွေ့ဖြစ်တာက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကပါ။ မနက်ဖန်ဆို ၁ လ ပြည့်တော့မှာပါ။ နှစ်ဖက် မိဘတွေက သဘောတူပေမဲ့ စေ့စပ်ထားခြင်း မပြုရသေးပါဘူး။ ကျွန်တော်လဲ အလုပ်တစ်ဖက်နဲ့မို့ ဆေးခန်းဆေးရုံတွေမှာ အကြံပေး တိုင်ပင်မှုလဲ မပြုလုပ်နိုင်သေးပါဘူး။ ကိုယ်ဝန် ရှိ-မရှိကို တိတ်တိတ်လေး စစ်ဆေးလို့ရတာလေး အကြံပြု ပေးစေချင်ပါတယ်။ ရှိနေခဲ့လျှင် ကျန်းမာရေးနဲ့ ညီညွတ်သော တားဆီးမှုမျိုး လမ်းပြပေးဖို့ တောင်းဆိုပါတယ်။
၁။ Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း
၂။ Different Methods of Contraception ပဋိသန္ဓေတားနည်းများ
၃။ Contraception and nonmedical view ကိုယ်ဝန် တားနည်းတွေဟာ အပြစ်လွတ်ပါသလား
၎။ Medical abortion ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း
၅။ Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂)
၆။ Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ
January 2, 2012 7:28 PM
ကိုယ်ဝန်ဖျက်ချဖူးရင် ကိုယ်ဝန်ထပ်ရနိုင်ပါ့မလားဆရာ။
ကိုယ်ဝန်ပျက်ကျ-ဖျက်ချပြီးရင်လဲ နောက်ထပ် ကိုယ်ဝန်တွေ ထပ်ရနိုင်ပါတယ်။ ဒါက ယေဘုယျသဘော ပြောတာပါ။ မိန်းကလေးရဲ့ အသက်အရွယ်၊ တခြားရောဂါ ရှိ-မရှိ၊ ကိုယ်ဝန်ကို ဘယ်လိုနည်း ပျက်ခဲ့-ဖျက်ခဲ့သလဲ ဆိုတာတွေကိုလဲ ကြည့်ရပါအုံးမယ်။
2012/1/2
ကျနော့် နာမည် (့) ပါ။ အသက် ၂၉ နှစ်ပါ။ ကျနော့်မှာ အိမ်ထောင်ရှိပါတယ်။ အိမ်ထောင်ကျတာ ၆ နှစ်ကျော်ပြီ။ ကျနော် လိင်ဆက်ဆံရင် ခဏလေး ပြီးသွားတယ်။ ပြီးတော့ တခါတလေ လိင်တံထိပ်ဖျားလေးမှာ နာတယ်။ တခါတလေ ဆီးလည်း အောင့်တယ်။ အရင်တုန်းက တစ်ခါမှမဖြစ်ဘူး။ လွန်ခဲ့တဲ့ ၈ လလောက်က စဖြစ်တာ။ ပြီးတော့ လိင်တံ နှိုးကြားလာရင် အရည်ကြည်လေးတွေ ထွက်တယ်။
ဆီးအောင့်တာနဲ့ ပန်းအဖျားနာတာ ဆက်နေမယ်။ ယောက်ျားဆီးအောင့်ခြင်းစာ ပါးလိုက်ပါတယ်။ အရည်ကြည်ထွက်တာဟာ Foreplay လိင်စိတ်ဖြစ်ပေါ်လာလို့ ထွက်တာဖြစ်မယ် ထင်ပါတယ်။ ပိုးဝင်လို့ အဖြူရည်ထွက်တာဆိုရင် မဆက်ဆံဘဲနဲ့လဲ ထွက်နေမယ်။ သုက်လွှတ်စောခြင်း စာ ၃ ပုဒ်လဲ ပို့လိုက်ပါတယ်။ နည်းလမ်းတွေကို အားကိုးပြီး အဆင်ပြေ လာမယ်လို့ ယုံကြည်ပါ။
၁။ Urethritis in Men ယောက်ျားတွေ ဆီးအောင့်ရင်
၂။ Early ejaculation (1) သုက်လွှတ်စောခြင်း (၁)
၃။ Male orgasm ယောက်ျား ပြီးခြင်း
၎။ Early ejaculation (2) သုက်လွှတ်စောခြင်း (၂)
ယမုန်နာဆေးခန်း - အမေးအဖြေ - Jan, 2012(1) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




