၁။ Prostitute တစ်ယောက် နဲ့ ဆက်ဆံခဲ့တယ် ဆရာ။
၂။ ecee2 က တစ်လကို ဘယ်နှစ်ကဒ်ထက် ပိုသုံးမယ်ဆိုရင်
၃။ နေတိုင်းလိုလို သုတ်လွတ်ချင်တယ်။
၎။ B positive phit yin a sin lone wa ma shi aung load loz ya par ta lar?
၅။ လလည် တတိယပတ်လောက်မှာ အတူနေခဲ့မိတယ်။
2011/11/14
This is (့). I'm working in (့). I would like to ask you about Blood test.
လွန်ခဲ့တဲ့ ၅ လလောက်က Prostitute တစ်ယောက် နဲ့ ဆက်ဆံခဲ့တယ် ဆရာ။ အဲဒီတုန်းက ကွန်ဒွမ် ပေါက်သွားခဲ့တယ်။ အခု ကျွန်တော် ဆေးဆက်ပြီးပါပြီ။ Negative ပါ ဆရာ။ ဒါပေမဲ့ စိတ်ပူနေပါသေးတယ် ဆရာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် ကြားဖူးတာက ၆ လကျော်မှ ဆေးဆက်တာ ပိုကောင်းတယ်ဆိုကြလိုပါ။ ကျွန်တော် အိပ်လို့မပျော်ပါဘူး။ စားလို့လဲ မရပါဘူး။ အဲဒီစိတ်နဲ့ ပေါ့ ဆရာရယ်။ ကျွန်တော့်ကို ကူညီတဲအနေနဲ့ နဲနဲလောက် ရှင်းပြပေးစေချင်ပါတယ် ဆရာ။
I would like to give you a call if I have chance. I really worry about my blood test that do I need to go to clinic again or I don't need to. I'm indecisive.
"ဆေးစစ်" တာကို ရေးတာထင်ပါတယ်။ ဆစ်ဖလစ် အတွက် VDRL စစ်ရမယ်။ HIV အတွက် သပ်သပ်စစ်ရမယ်။
၁။ HIV Tests စမ်းသပ်နည်းများ
၂။ HIV and AIDS
၃။ HIV Tests အမေး-အဖြေ
၎။ STDs/STIs General Recommendations
၅။ VDRL နဲ့ TPHA စစ်ဆေးခြင်း တွေကို ဖတ်နိုင်ပါတယ်။
2011/11/14
အရေးပေါ်တားဆေး ecee2 က တစ်လကို ဘယ်နှစ်ကဒ်ထက် ပိုသုံးမယ်ဆိုရင် ဘေးဖြစ်နိုင်ပါသလဲ။ တစ်လကို အများဆုံး ဘယ်နှစ်ကဒ်လောက် သုံးသင့်ပါသလဲဆရာ။ တခြား နည်းတွေ လေ့လာပြီးပါပြီ အရေးပေါ်တားဆေးနဲ့ပဲ အဆင်ပြေလို့ပါ။
၁။ Emergency contraception (1) အရေးပေါ် တားဆေး (၁)
၂။ Emergency Contraception (2) အရေးပေါ်တားဆေးများ (၂)
၃။ Q and A Pills တားဆေး အမေး-အဖြေ တွေကို ဖတ်နိုင်ပါတယ်။
2011/11/12
ကျွန်တော်ကတော့အသက် (၂၆) ရှိပါပြီ။ နေတာကတော့ (့) မှာပါ။ အခုထက်ထိ ကာမ မဆက်ဆံသေးဘူးပါ။ ကျွန်တော့် အားနည်းချက်ကတော့ နေတိုင်းလိုလို သုတ်လွတ် ချင်တယ်။ တစ်ခါတစ်လေဆို တစ်နေ့ကို နှစ်ခါလောက် သုတ်လွတ်တယ်။ ကျန်မာရေးဗဟုသုတနည်းတာလား ရောဂါများရှိနေလား အရမ်းစိုးရိမ်တယ်။ အပျော်အပါးလဲ ဝါသနာ မပါဘူး။ ကျွန်တော်မှာ ချစ်သူရှိပါတယ်။ သူတစ်ယောက်တည်းပဲ ကျွန်တော်ရည်ရွယ်ပါတယ်။ ကျွန်တော် ဖြစ်နေတာရောဂါများလား။ ဆေးဝါးများရှိရင် လမ်းညွန်ပေးပါဆရာ။
ပုံမှန်ဖြစ်တတ်တာလို့ ပြောနိုင်တာဖြစ်ပါတယ်။ မစိုးရိမ်ပါနဲ့။ အရွယ်ရောက်တာနဲ့ ယောက်ျားတယောက်ဟာ ယောက်ျားနဲ့ ဆိုင်တာမှန်သမျှ ဖြစ်ပေါ်လာတယ်။ ဆက်ပြီး တိုးတက် လာတယ်။ အဲဒါတွေထဲမှာ မျိုးပွါးဘို့အရေးလဲပါတယ်။ သုက်ရည်က ထွက်ဘို့လိုရင် ကိုယ်တိုင်စေ့ဆော်လို့ (မာစတာဘေးရှုင်း) ကြောင့်ဖြစ်ဖြစ်၊ လိင်ဆက်ဆံလို့ကြောင့်ဖြစ်ဖြစ် ထွက်သလို အလိုလိုထွက်တာလဲဖြစ်တယ်။ ရောဂါရယ်လို့ မဟုတ်ပါ။ ဒါကြောင့် တခုခုလုပ်ပါလို့လဲ အကြံပေးစရာ မလိုပါ။ အချိန်နဲ့ အတွေ့အကြုံကနေ ကုစားမှာပါ။ ရည်ရွယ်ထား သူအတွက်လို့ သဘောထားတာ လူမှုပိုင်းအရသာမက ကျန်းမာရေး အတွက်ပါ ကောင်းပါတယ်။
2011/11/11
B positive phit yin a sin lone wa ma shi aung load loz ya par ta lar?
kar ma sat san tar 1shock pee yin innGar ka tate ma lar chin woo SaYar
Bite pu nay tar ko yaw SaYar chat aung load loz ya ma lar
Name az
adyangon
ageover18
Please write Burmese or English as our teachers taught us. I am not used to read or write of such ကျေးဇူးပြုပြီး မြန်မာလိုဖြစ်ဖြစ်၊ အင်္ဂလိပ်လိုဖြစ်ဖြစ် ဆရာတွေကနေ သင်ပေးတဲ့အတိုင်း ရေး-မေးစေချင်ပါတယ်။ ကျွန်တော့်အတွက် အခုလို အရေးအသားက အဆင်မပြေပါ။
I am a medical professional who should not make a single mistake for the patient who wants to seek my advice or treatment. The complaints of the patient must be read or heard word by word carefully. One misinterpretation may cause my reputation. Sorry! ဆရာဝန်တယောက်ဖြစ်နေလို့ အကြံဥာဏ်တောင်းခံသူ၊ ဆေးကုသခံချင်သူ လူနာအတွက် အမှားမခံနိုင်ပါ။ လူနာပြောသမျှ တကြောင်းချင်း၊ တလုံးချင်းကို အသေအခြာ မှတ်ရပါတယ်။ အဓိပ္ပါယ်ကောက်တာ လွဲသွားရင် ကျွန်တော့် ဆရာဝန်သိက္ခာ ကျစေနိုင်ပါတယ်။
Sun, Nov 13, 2011 at 2:37 PM
အသက် (၂၅)နှစ်ပါ။ ရာသီလာရက်က လဆန်းရက် ပထမပတ်ပါ။ လလည် တတိယပတ်လောက်မှာ အတူနေခဲ့မိတယ်။ နောက် ၁ ရက်ကစပြီး (OK) တားဆေး တလကဒ် တနေ့ ၁ လုံးပဲ သောက်ပါတယ်။ နောက်လ ရာသီပေါ်ရက်မှာ ညပိုင်းခေါင်းလျှော်မိလိုက်တယ်။ ရာသီပျောက်သွားလို့ပါ။ အဲဒါ ကိုယ်ဝန် စစ်ရမလား။ သို့မဟုတ် ရာသီပေါ်စေရန် သောက်ဆေး ရှိ၊မရှိ သိချင်ပါတယ်။ ကိုယ်ဝန်ယူရန် အခက်အခဲရှိပါသည်။
ရာသီလာတယ်ဆိုရင် ၁ ရက်ထဲဖြစ်ဖြစ် ကိုယ်ဝန်ရခဲ့တာ မဟုတ်နိုင်ပါ။ လလည်ရက်တွေမှာ အတူနေရင် ကိုယ်ဝန်ရစေနိုင်ပါတယ်။ ကြိုတင်ကာကွယ်မှု ဂရုပြုပါ။ ဆီးစစ်တာ မမှားပါ။
ယမုန်နာဆေးခန်း - အမေးအဖြေ (nov,2011 (3))




