17
Nov

အမေးအဖြေ (Nov,2011(4))

၁။ ရာသီလာပြီး ၁၉ ရက်လောက်မှာ အမျိုးသားနဲ့ အတူနေရင်
၂။ အနှိပ်ခန်းမှာ အဲဒီက ကောင်မလေးကို
၃။ ကျွန်တော် ezeee2 ဆေးလိုက်ရှာတယ်။
၎။ ပြီးတာ အရမ်းမြန်လွန်းနေပါတယ်။

2011/11/16
ကျွန်မ တစ်ခုလောက် သိချင်လို့ပါ။ ရာသီလာပြီး ၁၉ ရက်လောက်မှာ အမျိုးသားနဲ့ အတူနေရင် ကိုယ်ဝန်ရနိုင်လား။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာရော အဖြူဆင်းတတ်လား။ ကျွန်မက အခု ရာသီတော့ မလာဘူး။ အဖြူတွေ ဆင်းနေတယ်။  ဆီးစစ်ကြည့်တော့ တစ်ကြောင်းက ထင်းထင်းပေါ်တယ်။  တစ်ကြောင်းက မှုန်မှုန်လေး ပေါ်တယ်။ ဒါဆိုရင် ကိုယ်ဝန်ရှိနေပြီလား။

ရာသီလာတဲ့လ တခုက ဘယ်လောက်လဲ အပေါ်မှာ မူတည်တယ်။ အများအားဖြင့် ၁၉ ရက်ဆိုတာ ကိုယ်ဝန်ရစေနိုင်တဲ့ ရက်တွေထဲမှာ ပါတယ်။ ရေးထားတာတချို့ ပို့ပေးပါတယ်။
၁။ Calendar method ပြက္ခဒိန်နည်း
၂။ Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း
၃။ Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်းတွေ ပို့လိုက်ပါတယ်။

Wednesday, November 16, 2011 9:47 PM
ပြီးခဲ့တဲ့တပါတ်က နာမည်ကြီးဟိုတယ်တစ်ခုရဲ့ အနှိပ်ခန်းမှာ အဲဒီက ကောင်မလေးကို Masturbation ကို လက်နဲ့ လုပ်ခိုင်းပြီး၊ သူ့ကိုလဲ Masturbation လုပ်ပေးမိပါတယ်။ အခုအဲတာကို အရမ်းစိုးရိမ်နေပါတယ်။ ဘာဖြစ်နိုင်ပါသလဲဆရာ။ အိမ်ထောင်လဲရှိပါတယ်။ အရမ်းစိုးရိမ်လွန်းသဖြင့် အိပ်မပျော်တာ ကြာပါပြီ။ Masturbation ပဲလုပ်ပါသည် ကျန်တာဘာမှမလုပ်ပါ။ HIV Test က ချက်ခြင်းစစ်လို့ ရပါသလား။ Masturbate လုပ်ပေးစဉ် လက်တွင် အနာတော့မရှိပါ။ နောက် လက်သည်းကြား(လက်ညှိး)တွင် နည်းနည်းတော့ အောင့်ပါသည်။

တကယ်လို့ မိန်းကလေးမှာ လိင်ကတဆင့် ကူးစက်ရောဂါ တခုခု ရှိနေမယ်၊ ကိုယ့်မှာ အနာ-အဆာ ရှိနေမယ်၊ အနာ-အဆာရှိတာနဲ့ အဲဒီ မိန်းကလေးရဲ့ မ-အင်္ဂါကထွက်တဲ့ အရည်တမျိုးမျိုးနဲ့ ထိတွေ့မယ်ဆိုရင် ကူးစက်နိုင်မယ်။ စိုးရိမ်ရင် ဆေး(သွေး) စစ်နိုင်ပါတယ်။
STDs အကြောင်း၊ HIV/AIDS အကြောင်းတွေ ရေးထားပါတယ်။ သွေးစစ်တာတွေလဲ ရေးထားပါတယ်။ ရှာမတွေ့ရင်တော့ ပြောပါ။
၁။ HIV Tests စမ်းသပ်နည်းများ
၂။ HIV Tests အမေး-အဖြေ တွေ ပို့လိုက်ပါတယ်။

ကိစ္စပြီးနောက် လက်ကို စစ်ဆေးရာ လက်သည်းခွံနှင့် လက်ကြားတွင် နည်းနည်းအောင့်ခြင်းကို ပြောတာပါခင်ဗျား။ အဲဒီအောင့်သည်ကို လက်ဖြင့်ဖိကြည့်တော့လည်း ဘာသွေးမှ မထွက်ပါ။ အဲဒီလိုဆိုရင်ဘာမှ မဖြစ်နိုင်ပါဘူးနော်။

စမ်းသပ်နည်းအကြောင်းစာတွေ ပို့လိုက်ပြီ ထင်ပါတယ်။ အောင့်တာ-နာတာမျိုးက အဲလိုလုပ်ခဲ့တာကနေဖြစ်တာ မဟုတ်နိုင်ပါ။
STDs ကူးစက်ရောဂါဆိုရင် အဲဒီနေရာမှာ လာဖြစ်ရင် အနာလိုဖြစ်မယ်။ ကုလို့လွယ်တာမျိုးဖြစ်မယ်။ HIV မဟုတ်နိုင်ပါ။

2011/11/16
ဆရာ အားလုံး အဆင်ပြေချောမွေ့ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါရစေ။ ကျွန်တော် လွန်ခဲ့တဲ့လ ၁၇ ရက်နေ့က ကျွန်တော့် ရည်းစားနဲ့ လိင်ဆက်ဆံလိုက်မိတယ်။ ပြီးတော့ သုတ်လည်း အပြင်ကို မထုတ်မိဘူး။ နောက်တော့ ကျွန်တော် ezeee2 ဆေးလိုက်ရှာတယ်။ မရှာတတ်တာနဲ့ သူကလည်း ဆေးခန်းမသွားချင်တာနဲ့၊ ကြားဖူးနားဝနဲ့ ကေသီပန် ပဲဝယ်ပြီး ၂၂ ရက်နေ့မှာ သောက်ထားလိုက်တယ်။ ကေသီပန် ကိုတော့ ဆေးပတ် လည်အောင် သောက်ပါတယ်။ ခုရာသီလာရက်မှာ မလာသေးဘူးဆရာ။ ပြီးတော့ ဒီနေ့ ပျို့တယ် အန်တယ်လို့ ပြောတယ်။ မနက်ဖြန်ဆိုရင် တစ်လပြည့်ပြီ။ လောလောဆယ်ဘယ်လိုလုပ်ရမလဲမသိတော့လို့ပါ။ တားဆေး ဘယ်ဆေးကို ဘယ်လို နေရာက ၀ယ်ရင် အဆင်ပြေနိုင်သလဲဆိုတာ ညွန်ပေးပါလားဆရာ။

မြန်မာဆေး၊ တိုင်းရင်းဆေးတွေကို ဆရာ သိပ်မသိပါ။
Urine for pregnancy test ဆီးစစ်ပါ။
အပေါင်းပြရင် ဆရာ မတတ်နိုင်ပါ။ ဆောရီး။ လုပ်ပေးနိုင်တဲ့ ဆေးခန်း၊ ဆရာဝန်သာရှာပါ။ ဆရာက မြန်မာပြည်က ဆေးပညာဘွဲ့ရထားသူမို့ ဖျက်နည်းကို မပေးနိုင်ပါ။ ဖျက်လဲ မပေးနိုင်ပါ။ ဆေးပညာ သုတအတွက်သာ ရေးပါတယ်။ ဆုတောင်းပေးလို့ အများကြီး ကျေးဇူးတင်ပါတယ်။

November 17, 2011 12:11 AM
ကျွန်တော်ကတော့ ပြီးတာ အရမ်းမြန်လွန်းနေပါတယ်။ ဘယ်လိုမှ ထိန်းလို့လည်း မရပါဘူး။ အဲဒါက စိတ်နဲ့ ဆိုင်တာလား ဒေါက်တာ။ ပြီးတော့ ကြာအောင် ဘယ်လိုများလုပ်ရမလဲဆိုတာ သိချင်ပါတယ်။
Early ejaculation (1) သုက်လွှတ်စောခြင်း (၁) http://www.yamunaclinic.org/index.php?option=com_content&view=article&id=2768:early-ejaculation-1-&catid=34:adult-readings&Itemid=49 နဲ့
Male orgasm ယောက်ျား ပြီးခြင်း http://www.yamunaclinic.org/index.php?option=com_content&view=article&id=2762:male-orgasm-&catid=34:adult-readings&Itemid=49 တွေကို ဖတ်နိုင်ပါတယ်။

ယမုန်နာ ဆေးခန်း - အမေးအဖြေ (Nov,2011(4))

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top