1. ကလေးယူတော့မယ်လို့ ဆုံးဖြတ်ထားရင် ဗမာချက်ဆေးသောက်လို့ရပါသလားရှင်။
2. ကျွန်တော့်အသက်က ၃ဝ ပါ၊ အမျိုးသမီး အသက်ကလဲ ၃ဝ ရှိပါပြီ။
3. We are working in (့) now. We married 5 and half years ago.
4. တကယ်လို့ ကလေး (၃) ယောက် ဗိုက်ခွဲမွေးရင် နောင်တချိန် ကိုယ့်ကျန်းမာရေးအတွက်
5. ကျွန်မသူငယ်ချင်းတစ်ယောက်က သိချင်တာပါ။
6. ဆရာ viagra က သောက်ပြီးရင် ခေါင်းမူးတာတို့ လူကနှုန်းနေတာတို့ ဖြစ်တက်လား။
7. I would like to ask the medical questions about our fertility problem.
8. သမီးက ၃ လတစ်ခါလောက်မှ ရာသီလာတတ်သူပါ။
9. မြန်မာနိုင်ငံကပါ။ အသက် 24 နှစ်ရှိပါပြီ။
10. ကျွန်တော့်ဇနီးမှာ ကလေးနို့တိုက်မိခင်ဖြစ်ပါတယ်ဆရာ။
Sat, Dec 15, 2012 at 6:39 PM
ကလေးယူတော့မယ်လို့ ဆုံးဖြတ်ထားရင် ဗမာချက်ဆေးသောက်လို့ရပါသလားရှင်
ဆရာက မြန်မာဆေး၊ တိုင်းရင်းဆေးတွေကို သိပ်မသိပါ။ ညွှန်းလဲမညွှန်းပါ။
Sat, Dec 15, 2012 at 9:19 PM
ကျွန်တော့်အသက်က ၃ဝ ပါ၊ အမျိုးသမီး အသက်ကလဲ ၃ဝ ရှိပါပြီ။ အိမ်ထောင်ကျပြီး လပိုင်းနဲ့ ကျွန်တော်က အလုပ်လုပ်ဖို့ထွက်လာရပါတယ်။ အခု ခွင့်ရလို့ ၁ဝရက်လောက်ပြန်မလို့ပါ။ အရင်က အတူတူနေရင် ကွန်ဒွမ် သုံးပါတယ်။ ကလေးကို နောက်တစ်နှစ်လောက်မှ ယူမယ်လို့ စဉ်းစားထားလို့ပါ။ အခု ပြန်ရင်တော့ ကွန်ဒွမ် မသုံးချင်တော့ဘူး။ တူတူနေမှာ ၁ဝရက် ဆိုပေမယ့် ကျွန်တော်စိတ်ချချင်လို့ တစ်လတားနည်း တစ်ခုခုကို သုံးမယ်လို့ စဉ်းစားမိပါတယ်။ အမေးအဖြေထဲက ကိုယ်ဝန်တားတဲ့နည်းလမ်းတွေကို အရင်ဖတ်ပါတယ်၊ နောက်ဆုံး စားဆေးနည်းကို ရွေးလိုက်ပါတယ်။ မြန်မာပြည်မှာ ဝယ်လို့ရတဲ့ ၂၈ လုံးပါ Marvelon 28 pill ကိုဝယ်ပြီး သောက်ခိုင်းလိုက်ပါတယ်။ ခက်တာက ခေါင်းမူးတာပါ။ စသောက်တဲ့နေ့ကနေ ဒီနေ့ထိ တစ်နေကုန်မူးနေတာလို့ ပြောတယ်။ ကိုယ်တွေလက်တွေလဲ ကိုက်တယ်လို့ ပြောတယ်။ မျက်လုံးက ပူပြီး အခိုးတွေ ထွက်နေသလိုပဲလို့ ပြောတယ်။ ဆရာ့ ဆေးစာတွေထဲမှာ တားဆေး မသောက်သင့်တဲ့ သူတွေထဲမှာ ခေါင်းမူး-ခေါင်းကိုက်ရောဂါ ရှိသူတွေ မသုံးသင့်ဖူးလို့ ဖတ်ရပါတယ်။ ကျွန်တော့် အမျိုးသမီး ကတော့ နှစ်ရက်လောက် ညပိုင်း အိပ်ယာဝင်နောက်ကျလိုက်ရင် နောက်နေ့ တစ်နေကုန်လောက် ခေါင်းမူးနေတက်တာမျိုး ရှိပါတယ်။ (၁) ဆေးကို ဆက်သောက်သင့်လား၊ ရပ်ပစ်ရမလား။ (၂) ရပ်ပစ်ရမယ် ဆိုရင် ၁ဝရက်တာ အကွာအကွယ်ဖြစ်စေဖို့၊ တစ်ခြားနည်းလမ်း ဘာရှိမလဲ ဆရာ (၃) အခုချိန်ကျမှ ထိုးဆေးကို ပြောင်းသုံးလို့ရမလား ဆရာ။ ရာသီစလာတဲ့ ရက်ကနေတွက်ရင် ၅ ရက်တော့ ကျော်သွားပြီ။ (၄) အရေးပေါ်ဆေး Ecee2 ကို တစ်ခါသောက်ဖူးပါတယ်။ ညပိုင်းသောက်ပြီးတော့ မူးပေမယ့် နောက်နေ့တော့ ခေါင်းမမူးတော့ပါဘူး။ အရေးပေါ်ဆေးနဲ့ ပါတ်သက်တဲ့ အမေးအဖြေတွေမှာ မေးတဲ့သူတွေက တစ်ကြိမ် အတူတူနေပြီး အရေးပေါ်ဆေးကို သုံးတယ်ဆိုတာမျိုးတွေပဲ ဖက်ရတယ်။ တစ်ကြိမ်ထက်မက တူတူနေပြီး သောက်ရင်ကော ရပါသလား။ ရတယ်ဆိုရင် ၁ဝ ရက်စာအတွက် အရေးပေါ်ဆေး Ecee2, 72pill တို့ကိုပဲ သုံးရက်တစ်ကြိမ် ဒါမှမဟုတ် နှစ်ရက်တစ်ကြိမ်လောက် သုံးရမလား။ အရေးပေါ်ဆေးကို အရေးပေါ်မှသာ သုံးသင့်တယ်လို့ ရေးထားတာတွေလဲ ဖတ်ရပါတယ်။
နောက်တံဆိပ်တခုကို ပြောင်းသောက်လို့တော့ ကာကွယ်မှု ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဟော်မုန်း ၂ မျိုးတားဆေးတွေက တခုနဲ့တခု အတော်ဆင်တယ်။ တမျိုးသောက်လို့ ခေါင်းမူး စတာဖြစ်ရင်လဲ နောက် တမျိုးမှာ ဖြစ်နိုင်တယ်။ ဟော်မုန်း တမျိုးထဲပါတာမျိုး သောက်ရင်၊ ထိုးရင်တော့ရပေမဲ့ နောက်တလမှသာ လုပ်သင့်တယ်။ ထိုးဆေးထိုးလို့ရတယ်။ ဒါပေမဲ့ ၇ ရက်လောကအတွင်း မသေခြာပြန်ဘူး။ ၁ဝ ရက်တည်း အတွက်ဆိုရင် အရေးပေါ်တားဆေးသာ သုံးရတော့မယ်။ တားဆေးလဲမသောက်ဘဲ အတူနေပြီးနောက် ၃ ရက်အကြာမှာ တခါသောက်နိုင်တယ်။ ၃ ရက်အတွင်းနေတဲ့အကြိမ်ကို တွက်စရာမလိုပါ။ ရာသီ လာရက်တော့ ပြောင်းလိမ့်မယ်။ ဆေးသောက်အပြီး ၆-၇ ရက်မြောက်မှာ သွေးဆင်းချင်ဆင်းမယ်။ သွေးဆင်းရင် နောက်ထပ် ၃-၅ ရက်အထိ အကာကွယ်မလိုနိုင်ပါ။
Sun, Dec 16, 2012 at 9:16 AM
We are working in (့) now. We married 5 and half years ago. We are both 38 years old. Since we married, we never use contraceptive like condom or take medicine. We avoid the day only. Now we plan to have kids but can't get. Actually my sister is doctor (OG). She ask me to take Fertomid - 50 after menstrual for 5 days (one day each) for three months. This three months after taking medicine we make love alternate day .After took for 3 months still i didn't conceive. This month i take 2 tables for 5 days. My last menstrual was on 6 to 8 Dec. I took medicine 9 to 13 for five days (2 tablets each). But don't know this month I can conceive. Now our relationship is ok. But only problem is my orgasm takes 15 to 20 minutes starting from this year. We hardly get orgasm together especially me. So my hubby said if i don't get orgasm that's why I can't conceive. Is it true? I would like to know.
It is not true that orgasm plays a role for conception. The medicine, dose and course are correct. However it will help you to ovulate. If ovulation is the only problem it will be solved by this medication. There are other defects we have to correct: If the woman has closed or narrow uterine tube, if the man's sperm is weak both quantity and quality, if dates of intercourse are away from date of ovulation. Be encouraged because there are alternatives to treat infertility.
Please read all my writings on this topic.
Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-1.html
Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/infertility-2.html
Infertility (3) ကလေးမရနိုင်သေးခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/09/infertility-3.html
Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/fallopian-tube-procedures-for.html
Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-and-tb.html
Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/tb-and-infertility.html
Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-treatments.html
Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-treatments-2.html
Sun, Dec 16, 2012 at 10:13 AM
တကယ်လို့ ကလေး (၃) ယောက် ဗိုက်ခွဲမွေးရင် နောင်တချိန် ကိုယ့်ကျန်းမာရေးအတွက် လိုအပ်ရင် ဗိုက် ထပ်ခွဲလို့ ရပါသေးသလားရှင်။
ခုချိန်အထိ ဗိုက်ခွဲမွေးတာကို အများဆုံး ၃ ခါအထိသာ ဆရာဝန်တွေက လုပ်ပေးပါတယ်။ ဗိုက်ခွဲတယ်လို့ မေးတာက ကလေးမွေးဘို့ ဟုတ်-မဟုတ် မသိပါ။ တခြားအကြောင်းတွေကြောင့်တော့ ခွဲဘို့လိုရင် ခွဲနိုင်ပါတယ်။ ဥပမာ အစာအိမ်ပေါက်တာ၊ အူအတက်ပေါက်တာ စသဖြင့်။
Sun, Dec 16, 2012 at 12:31 PM
ကျွန်မသူငယ်ချင်းတစ်ယောက်က သိချင်တာပါ။ သူကကိုယ်ဝန် (2) ပတ်နဲ့ သွေးဆင်းပြီး ပျက်ကျသွားပါတယ်။ သူရဲ့ချစ်သူနဲ့က အဝေးဆီမှာဆိုတော့ သတင်းပဲပို့ပေးဖြစ်ပါတယ်။ သူကမယုံကြည်ပါဘူးတဲ့။ သူတို့နှစ်ယောက်တွေတော့ ကောင်းလေးက ကောင်မလေးရဲ့ချက်ကိုကြည့်ပါရစေတဲ့။ ကိုယ်ဝန်ပျက်တာနဲ့ ချက်ကြည့်တာ ဆိုင်ပါသလား။ ဘယ်လိုလက္ခဏာများ ကျန်ရှိနေတတ်ပါလဲ။
ဆရာဝန်တွေကတော့ အဲဒါကိုကြည့်ယုံနဲ့ မသိကြဘူး။ ကိုယ်ဝန်ရင့်သူဆိုမှသာ ဗိုက်ကြောပြတ်တာကျန်ချင် ကျန်နိုင်တယ်။ ကျန်တာတော့ အပြင်ကနေကြည့်ပြီး မသိနိုင်ပါ။ ဆီးစစ်ရင်တော့ ကိုယ်ဝန်ရှိတဲ့ မျဉ်း ၂ ကြောင်းပေါ်နေပါမယ်။ တချို့ ကရိယာဆိုရင် အပေါင်း ပြမယ်။
Sun, Dec 16, 2012 at 4:19 PM
ဆရာ viagra က သောက်ပြီးရင် ခေါင်းမူးတာတို့ လူကနှုန်းနေတာတို့ ဖြစ်တက်လား။ သူက ကောင်းတယ်လို့ ဆရာစာတွေထဲမှာ ဖတ်ဖူးတယ်။ ဒါပေမဲ့ ကျနော်သောက်တော့ အရင်ကထက်စာရင် လိင်တံက ထပါတယ် ဒါပေမဲ့ ထင်သလောက်မဖြစ်ဘူး။ အဲဒါ ဘာလိုပါလဲ။ လိင်တံကြွက်သား အားနည်းတာလား ဒါမှမဟုတ် လိင်စိတ်အားနည်း လာလို့ဖြစ်တာလားဆရာ။ ဆေးသောက်ပြီးနောက်တရက် ကျတော့ ခေါင်းမူး တာတို့ လူနှုန်းတာတို့တော့ဖြစ်တယ်။
ဆေးသောက်သူတွေ ဖြစ်တာ မတူတတ်ဘူး။ အများအားဖြင့် ခေါင်းကိုက်တယ်။ သိပ်တော့မကြာလှပါ။ အကိုက်အခဲပျောက်ဆေး မသောက်လဲရတယ်။ ပန်းလန်းဘို့ဆိုတာ အချက်အလက် အများကြီး ကနေဖြစ်စေ တယ်။ လိင်အင်္ဂါဆီကို သွေးတွေပိုပြီး စီးလျှောက်စေလို့ ဒီဆေးက ကောင်းစေတယ်။ ဖြစ်စေတတ်တဲ့ တခြားအကြောင်းတွေ ရှိနေရင်တော့ ပြင်ရမယ်။ စိတ်ကိုတော့ တင်းဘို့ အလွန်လိုအပ်တယ်။ အလားတူ တံဆိပ်မတူဆေးတွေလဲရှိသလို တခြားဆေးတွေလဲရှိတယ်။ စာတွေရှာဖတ်နိုင်ပါတယ်။
Erectile Dysfunction 10 Things ယောက်ျားတွေကို ဒုက္ခပေးနိုင်တဲ့ အချက် (၁ဝ) ချက် http://dts-medicaleducation-adult.blogspot.in/2012/03/10-things-that-can-deflate-your.html
Erectile Dysfunction ပန်းသေ-ပန်းညှိုး http://dts-medicaleducation-adult.blogspot.in/2012/03/erectile-dysfunction-ed.html
Erectile Dysfunction Medicines (1) ကျား-လိင်အင်္ဂါ မသန်မာစေတဲ့ဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/ed-medicines.html
Erectile Dysfunction Medicines (2) ကျား-လိင်အင်္ဂါ သန်မာစေတဲ့ဆေးများ http://dts-medicaleducation-adult.blogspot.in/2012/08/erectile-dysfunction-ed.html
Erectile Dysfunction Risk ပန်းသေ-ပန်းညှိုး သာက်ဆေး သတိပေးချက် http://dts-medicaleducation-adult.blogspot.in/2012/03/erectile-dysfunction-risk.html
Sun, Dec 16, 2012 at 3:37 PM
I would like to ask the medical questions about our fertility problem. We married last 2 and half years ago. We have never used any contraceptive things in my life. My cycle is 28 days. During mid of my cycle ( day 12 to day 14 ), we tried it alternatively. I tried the ovaluation kit(clear blue) to make sure my ovaluation times. I tested my urine early morning ( around 6 am). After intimate, I lay down around 15 to 20 mins in the bed. Unluckily, till now, there is no sign of preganancy. This early year 2012, I checked our problems with Professor Daw San San at Shin Pa Gu Clinics when we went back together to Yangon. She asked me to take the medicine for 5 days. After 5 days, tried to make baby. Still no luck. I have attached the medical check up documents for us.
I do not see if you got ovulation corrected with that medicine. Hopefully it will help. I see sperm actively motile = 35 which should be >50%. Therefore I send my writings on it.
Sperm count သုက်ပိုးများစေနည်း
Sperm Viability and Motility သုက်ပိုးအားနည်းခြင်း
Sperm and Semen သုက် နဲ့ သုက်ရည်
Mon, Dec 17, 2012 at 8:50 AM
သမီးက ၃ လတစ်ခါလောက်မှ ရာသီလာတတ်သူပါ။ လိင်ဆက်ဆံပြီး တစ်ပတ်လောက်နေတော့ သွေးတစ်စက်နှစ်စက်ပဲ ဆင်းတယ်။ အဲ့တာက ရာသီလာတာလား။ ကိုယ်ဝန်ရှိနိုင်လားဆရာ။ တစ်စက်နှစ်စက်လောက် ဆင်းပြီးနောက်ပိုင်း ဗိုက်နာတယ်ဆရာ။ အဲ့တာရာသီလာတာလား သိချင်ပါတယ်ရှင့်။ တစ်ခါမှ တစ်စက်နှစ်စက်ပဲ မဆင်းဖူးလို့ ပါ။
ဒီအတိုင်းတော့ ပြောမရသေးပါ။ ရာသီလမမှန်သူဖြစ်နေတာရယ်၊ ဆက်ဆံတာက ရာသီရက်နဲ့ ဘယ်လောက်အကြာမှာ ဖြစ်တာရယ်မသိလို့ မပြောနိုင်သေးပါ။ သေခြာချင်ရင် ကိုယ်ဝန်အတွက် ဆီးစစ်ပါ။ ရာသီမှန်အောင်လုပ်ပါ။ ရေးထားတယတွေရှိတယ်။ OG နဲ့ ပြတာကောင်းတယ်။ စာထဲပါတာကိုလဲ ကိုယ်နဲ့ဆိုင်တာကို လိုက်နာနိုင်ပါတယ်။
Mon, Dec 17, 2012 at 9:08 PM
မြန်မာနိုင်ငံကပါ။ အသက် 24 နှစ်ရှိပါပြီ။ ဆီးကျင်တာက 2 ရက်ပါ။ ပြည်လိုက်လာတာက 3 ရက်ရှိပါသည်။ ဆီးသွားလျှင် စပ်ပါသည်။ အိမ်ထောင်/ကလေးမရှိပါ။ နေ့ပိုင်းတွင် မသိသာသော်လည်း ညဘက်နှင့် မနက်စောစော ဆီးသွားလျှင်အလွန်စပ်ပါသည်။
Mon, Dec 17, 2012 at 9:18 PM
ယောက်ျားလေးပါလား။
ယောင်္ကျားလေးပါ ခင်ဗျာ
Urethritis in Men ယောက်ျားတွေ ဆီးအောင့်ရင်
Urinary Tract Infection (3) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/08/uti.html
Urinary Tract Infection (2) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/07/urinary-tract-infections.html
Urinary Tract Infection (1) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/07/urinary-tract-infection-1.html
ရေသောက်များတဲ့နေ့ ဆိုရင်တောသက်သာပါသည်။ ဆီးပြွန်မှ ပြည်အနည်းငယ်လည်းထွက်ပါသည်။ ဖျားတော့မဖျားပါ။ အစားအသောက်လည်း စားကောင်ပါသည်။ ပြည်ထွက်သည် ကိုစိုးရိမ်မိပါသည်။
ဆေးနည်းတွေပါပါတယ်။
Tue, Dec 18, 2012 at 7:25 AM
ကျွန်တော့်ဇနီးမှာ ကလေးနို့တိုက်မိခင်ဖြစ်ပါတယ်ဆရာ။ ခုသတိထားမိတာက ကလေးကတဖက်ပဲစို့ပါတော့တယ်။ ပြီးတော့နို့ကလဲ တဖက်ကြီးတဖက်သေးဖြစ်နေပါတယ်။ အဲဒါဘာလုပ်လို့ရပါသလဲဆရာ။
မစို့တဲ့ဘက်မှာ နို့ရည်အောင်းနေမယ်။ ကြာရင် နို့နာလဲ ဖြစ်တတ်တယ်။ နို့ထွက်လဲ နည်းတာဖြစ်နိုင်တယ်။ ဒါကြောင့် ကလေးကို စို့အောင်ကြိုးစားပေးပါ။ နောက်ပြီး Breast pump/Sucker နို့စုပ်ကရိယာနဲ့ စုတ်ထုတ်ပေးပါ။ နို့နာမဖြစ်အောင် Hot water bottle အပူကပ်ပေးပါ။ နာလာ၊ တင်းလာရင် Paracetamol အနာသက်သာဆေး သောက်ပါ။ ပိုးဝင်သလို ပိုနာ၊ ပိုနီရဲလာရင် Antibiotic (Ampicillin/Cloxacillin) ပိုးသေဆေးပါသောက်ရမယ်။
Tue, Dec 18, 2012 at 10:31 AM
ကလေးက အဲဒီတလုံးကို ဘယ်လိုမှတိုက်လို့ မရပါဘူး။ အဲဒါကြောင့်မစို့တာကြာလို့ ပြန်သေးသွားတာပါဆရာ။ တလုံးကတော့ စို့နေတုန်းဆိုတော့ ကြီးနေတာပါ။ မစို့တဲ့ အလုံးကနာတာတို့ တင်းတာတို့တော့ မဖြစ်ပါဘူး။ အကြီးတလုံး အသေးတလုံးဖြစ်နေတာပါပဲ။ အဲဒါဘာလုပ်ရမလဲမသိလို့ပါ။ သူများတွေပြောတာတော့ ပြန်မပျောက်တော့ဘူးဆိုလို့ပါ။
ဘာမှ မလုပ်တာဘဲကောင်းတယ်။ နို့ဖြတ်ချိန်မှာ အရွယ် သိပ်မကွာသလိုတော့ဖြစ်လာနိုင်တယ်။ အရင်ကလို အတူတူတော့ ဖြစ်မလာဘို့များတယ်။ ရောဂါမရစေနိုင်ပါ။ သေးသွာပြီဆိုရင် ကလေးမစို့တာ ကြာနေပြီ ထင်တယ်။ နို့နာမဖြစ်လောက်တော့ပါ။ သူများနိုင်ငံတွေမှာ အလှအပကိုသိပ်ဂရုစိုက်လိုသူတွေဆိုရင်တော့ သေးတာကို ပိုကြီးအောင် ခွဲစိတ်ပြုပြင်တတ်ကြတယ်။ ရင်သားခွဲစိတ်ပြုပြင်တဲ့ စာရေးထားတာ ရှိပါတယ်။
Breast Beauty ရင်သားအလှ http://dts-medicaleducation-adult.blogspot.in/2012/04/beauty-of-breast.html
Breast Conditions ရင်သား ကျန်းမာရေး http://dts-medicaleducation-adult.blogspot.in/2012/03/breast-conditions.html
Breast Enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါ http://dts-medicaleducation-adult.blogspot.in/2012/03/breast-enlargement.html
Breast Implant ရင်သားအတု http://dts-medicaleducation-adult.blogspot.in/2012/07/breast-implant.html
ယမုန်နာဆေးခန်း - အမေး အဖြေ (၁၀၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




