1
Jan

အမေး အဖြေ (၁၀၅) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. အရေးပေါ်တားဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေထဲမှာ
2. ကျွန်တော် အသက် 27 ပါ။
3. မောင်နှမ တစ်ဝမ်းကွဲ ယူတာ ပြဿနာဖြစ်နိုင်ပါသလား။
4. ကျွန်တော်ဟာ အသက် ၃၈ နှစ်၊ အိမ်ထောင်နှင့် ကလေးတစ်ယောက်ဖခင်ဖြစ်ပါတယ်။
5. သမီးအသက် (၃ဝ) ပါ။ အိမ်ထောင်ကျပြီး အခု (့) မှာနေပါတယ်။
6. ကျမမျိုးဥကြွေဆေးသောက်တာ 6 လပြည့်လို့ရပ်ထားတာ 1 လပြည့်ပါပြီ။
7. Ecee2 ရဲ့ အသုံးပြုပုံလေးကို သိချင်ပါတယ် ဆရာ
8. ၂၈.၄.၂ဝ၁၂ နေ့က ကျနော်တို့ လက်ထပ်ထားပါတယ်။
9. နားနဲ့မနာ၊ ဖဝါးနဲ့သာနာပါခင်ဗျ။ ကျွန်တော်အခု အသက် ၂ဝ ပါ။
10. ဆရာပြီးခဲ့တဲ့ တစ်ပတ်လောက်က ကျွန်တော့်လိင်အင်္ဂါထိပ်ဖူးပေါ်မှာ
11. ဆရာ လူပျို ဖြစ်တဲ့ အချိန်မှာ နို့မချေပေးခဲ့လို့ ထင်ပါတယ်။
12. ကျွန်တော် အသက် 27 ပါ။
13. ကန်တော့ပါဆရာ အရေးပေါ်တားဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေထဲမှာ ရင်သားတင်းတာပါတာတွေ့ရပါတယ်။
14. ကျနော် ဆီးသွားတဲ အခါ ပူပြီးနာနေပါတယ်ခင်ဗျာ ဆီးလဲ ခဏခဏ သွားပါတယ်
15. သမီးက အသက် ၃၄ နှစ် အပျိုပါ။

Fri, Dec 28, 2012 at 9:01 AM
အရေးပေါ်တားဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေထဲမှာ ရင်သားတင်းတာပါတာတွေ့ရပါတယ်။ ရင်သားတင်းတာမဟုတ်ဘဲ နို့သီးခေါင်းလေးတွေနာတာ၊ နို့အ၀ိုင်းအညိုရောင်ရင့်လာတာရော ဖြစ်နိုင်ပါသလားဆရာ။ Ecee2 ကိုဆက်ဆံပြီး 24 နာရီအတွင်း 12 နာရီခြားပြီး တိုက်ခဲ့တာပါ။ တစ်ခြား မူးတာအန်တာ ဘာမှမဖြစ်ခဲ့ပါဘူးဆရာ။ ကိုယ်ဝန်ရှိမရှိ ဆီးစစ်မှာပါဆရာ။ ဒါပေမဲ့ ဆက်ဆံထားတာ ရက်သိပ်မကြာသေးလို့ မစစ်သေးတာပါ။ နို့အဝိုင်းအရောင်ရင့်တာက ဒီနေ့မှ သတိထားမိပါတယ်။ နို့သီးခေါင်းလေးတွေ နာတာကနည်းနည်းတော့ ကြာပါပြီဆရာ။

မိန်းကလေးတွေ Nipple နို့သီးထိပ်ဖျား နဲ့ Areola အရောင်ရင့်အဝိုင်းအရောင်က ပြောင်းတယ်။ ဟော်မုန်းကြောင့် ပြောင်းတာပါ။ Hormone ဟော်မုန်းဆိုတာမှာ အဓိက ကိုယ်ဝန်နဲ့ဆိုင်တယ်။ Pregnancy ကိုယ်ဝန်ဆိုတာ တချို့က ရှိလို့ရှိမှန်းမသိဘဲ Missed period ရက်ကျော်တယ်ဘဲထင်တာမျိုး၊ Miscarriage အလိုလိုပျက်ကျတာမျိုး၊ Abortion တမင်တကာ ဖျက်တာမျိုးတွေကတော့ နားလည်နိုင်တယ်။ Emergency pills အရေးပေါ်တားဆေးကြောင့်လဲ ဖြစ်နိုင်တယ်။

သန္ဓေတည်ချင်သလိုအဆင့်မှာကတည်းက ဟော်မုန်းအပြောင်းအလဲဖြစ်တယ်။ ကျားသုက်ပိုးနဲ့ မ-မျိုးဥတို့ တွေ့ရင် ပေါင်းစပ်ပြီး (ဆဲလ်) ပွါးတာ ချက်ချင်းဖြစ်တယ်။ တွေ့ဆုံ-ပေါင်းစပ်-ဆဲလ်ပွါးနေရင်း သားအိမ်ပြွန် တနေရာကနေ သားအိမ်ထဲဆင်းလာပြီး တွယ်ကပ်စရာလိုက်ရှာတယ်။ အရေးပေါ်တားဆေး၊ ကိုယ်ဝန်ဖျက်ေးတွေက ဒီဖြစ်စဉ်ရဲ့ တနေရာရာကို တားဆီး၊ ဖျက်ဆီးတယ်။ ဖြစ်စဉ် ရင့်ရင်ရင့်သလို ဟော်မုန်း ထွက်တယ်။ ဟော်မုန်းဆိုတာက ကိုယ်ဝန်ဖြစ်စဉ် ရပ်သွားသွား၊ ဆက်ဖြစ်ဖြစ် ထွက်ပြီးသားဟော်မုန်းကသွေးထဲမှာရှိနေတယ်။ သက်ရောက်မှုတွေဖြစ်စေတယ်။

နို့အုံ၊ နို့သီး၊ နို့အရောင်ရင့်အဝိုင်း နာတာလဲအဲလိုဘဲ။ ပုံမှန်ရာသီလာတာကြောင့်လဲ နာတာ၊ တင်းတာဖြစ်နိုင်တယ်။

Fri, Dec 28, 2012 at 1:46 PM ကျွန်တော် အသက် 27 ပါ။ အမြဲတမ်းထိုင်ပြီးတော့ ကွန်ပျူတာအလုပ်လုပ်ပါတယ်။ မရိုမသေတစ်ခုလောက်မေးပါရစေ။ ကျွန်တော့် ညာဘက်ဝှေးစေ့က အလိုလို အောင့်နေတာ 5 ရက်လောက်ရှိပါပြီး။ ပထမရက်ကတော့ သိသိသာသာအောင့်ပါတယ်။ ဒါပေမယ့် အပြင်းထန်မခံနိုင်လောက်အောင်တော့ မဟုတ်ပါ။ နောက်ရက်ကနေခုချိန်ထိတော့ အနည်းငယ် အောင့်နေပါသေးတယ်။ အဲဒါမျိုး တစ်ခါမှမအောင့်ဘူးပါဘူး။ တစ်ခါတစ်လေ လိင်စိတ်ဖြစ်ပြီး အကြာကြီးတင်းနေတယ့် အချိန်မျိုးမှာတော့ ခဏတာ အောင်သလို မျိုးဖြစ်ဖူးပါတယ်။ တစ်ခြား လိင်ရောဂါလည်း ဘာမှမရှိပါဘူး။ အခုအောင့်တာက အူကျ တာမျိုးတော့ မဟုတ်ပါ။ အရွယ်အစားလည်း မပြောင်းပါ။ ဘောလုံးကန်ရင်း မတော်တဆထိမိလို့ အောင့်သလိုမျိုး ခံစားရတာပါဆရာ။ သတိထားပြီး ကျွန်တော့လက်နဲ့ စမ်းကြည့်တဲ့အခါ အကြောလိုမျိုး မာမာလေးတော့ စမ်းမိ ပါတယ်ဆရာ။ အဲဒါကတော့ မအောင့်ပါဘူး။ ဂွေးစေ့ အဖျားနားကိုစမ်းကြည့်တော့ အောင့်သလို ခံစားရပါတယ်။ တစ်ခုခုဖြစ်မှာစိုးရိမ်လို့ ဘာဖြစ်တယ်ဆိုတာသိပါစေဆရာ။

Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/07/epididymitis-and-orchitis.html
Varicocele (ဗေရီကိုဆီးလ်) http://dts-medicaleducation-adult.blogspot.in/2012/08/varicocele.html

Mon, Dec 31, 2012 at 1:02 AM
ဆရာခင်ဗျာ။ မောင်နှမ တစ်ဝမ်းကွဲ ယူတာ ပြဿနာဖြစ်နိုင်ပါသလား။ ဘုရားရှင် မင်းသားဘဝမှာ သာကီမင်းမျိုးတွေ အမျိုးချင်း ထပ်ခဲ့သေးတာပါ။ ယဉ်ကျေးမှုက ခုခေတ်ကျမှ လက်မခံချင်ကြတော့တာလဲ ဆိုတာ ဖြေကြားပေးစေလိုပါသည်။

Incest ဆွေမျိုးနီးစပ် လက်ထပ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/07/incest.html

Sun, Dec 30, 2012 at 1:37 PM
ကျွန်တော်ဟာ အသက် ၃၈ နှစ်၊ အိမ်ထောင်နှင့် ကလေးတစ်ယောက်ဖခင်ဖြစ်ပါတယ်။ ဆေးလိပ်မသောက်၊ ကွမ်းမစားပေမယ့် အရက်တော့ပုံမှန်သောက်ဖြစ်ပါတယ်။ ကာယဗလလေ့ကျင့်ခန်း ပုံမှန်လေ့ကျင့် ပါတယ်။ ကျွန်တော်က အဝေးရောက်နေလို့ မိန်းမ လိုက်စားမှုမရှိပေမယ့် musterbation တော့လုပ်ပါတယ်။ တစ်နေ့မှာ ကျွန်တော် သုံးကြိမ်မြောက် လုပ်မိချိန်မှာ သုတ်ဟာသွေးလို့ ယူဆရတဲ့ အနီရောင်ဖြစ် ထွက်လာပါတယ်။ ကျွန်တော်လည်း လန့်သွားပြီး သုံးရက်လောက် မလုပ်ဖြစ်ပါ။ လေးရက်မြောက်မှာ တစ်ကြိမ်ထပ်လုပ်တော့လည်း အနီရောင်သုတ်သွေးပဲ ထွက်လာပါတယ်။ ကျွန်တော့်မှာ ဘာရောဂါများ ရှိနေပါသလဲခင်ဗျာ။ နောက်ပြီး ဘယ်လိုဆရာဝန်နဲ့ တိုင်ပင်သင့်သလဲဆိုတာ ညွှန်ကြားပေးစေလိုပါတယ်။

Sperm Color သုက်၏အရောင် နှင့် Hematospermia သုက်ထဲသွေးပါခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/sperm-color-hematospermia.html

Sun, Dec 30, 2012 at 12:20 PM
သမီးအသက် (၃ဝ) ပါ။ အိမ်ထောင်ကျပြီး အခု (့) မှာနေပါတယ်။ သမီးရဲ့ ကျန်းမာရေးရာဇဝင်ကို အရင်ပြောပါရစေ။ ၂ဝဝ၆ မှာ သမီးနှင့်သမီးချစ်သူ လွန်မိပြီးကိုယ်ဝန် ရသွားခဲ့ပါတယ်။ အိမ်ထောင်ပြုရန် အဆင်သင့်မဖြစ်သေးလို့ ကိုယ်ဝန် (၃) လမှာ ဖျက်ခဲ့မိပါတယ်။ သားအိမ်တော့မခြစ်ခဲ့ပါ။ နောက်ပိုင်း ရာသီလာရင် အရမ်းအောင့်ပြီး အခဲလေးများ ပါလာတတ်ပါတယ်။ သမီးလဲပေါ့နေခဲ့ပြီး ဆေးခန်းလဲ မပြ မိခဲ့ပါ။ နောက်ပိုင်း ပိုဆိုးလာပြီး ရာသီလာချိန် အရမ်းအောင့်အရမ်းနာပြီး ဘာမှလဲစားမဝင်ပါ။ သို့သော်

ရာသီလာပြီးရင် ပုံမှန်အတိုင်းပြန်ဖြစ်ပါတယ်။ ၂ဝ၁ဝ မှာမခံမရပ်နိုင်အောင် ဗိုက်အောင့်လာပြီး ရန်ကုန်မှဆရာဝန်နှင့်ပြရာ left ovary နားမှာ Endometriosis Cyst ဟုဆိုပါတယ်။ left ovary မှာသွေးခဲများ ပိတ်နေလို့ left ovary ကို Specialist မှ ဖြတ်ထုတ်ပေးခဲ့ ပါတယ်။ ဆရာဝန်မှ right ovary သို့ ထပ်မဖြစ်အောင်ဆိုပြီး (၃) လခံ Depo ကိုတစ်ပတ်တစ်ကြိမ် (၂) လတိတိ (၈) ကြိမ်ထိုးခိုင်းခဲ့ ပါတယ်။ (၃) လခြားတစ်ခါ ဆရာဝန်နှင့်ပြရာမှာလည်း ကောင်းနေခဲ့ပါတယ်။ ၂ဝ၁၂ ဖေဖော်ဝါရီ မှာသမီး အိမ်ထောင်ပြုပြီး အမျိုးသားရှိရာ နိုင်ငံခြားသို့ မလိုက်ခင် ဆရာဝန်နှင့် ထပ်ပြရာ right ovary မှာလဲ Endometriosis Cyst စဖြစ်နေပြီး ငုံးဥလောက် ရှိပြီးထပ်ခွဲဖို့ ပြောပါတယ်။ နိုင်ငံခြားမှာ (၃) လကြာပြီး Myanmar ပြည် ပြန်လာပြီး ဆရာဝန်နှင့်ထပ်ပြရာ Cyst (၁ဝ) ဖြစ်နေပြီး right ovary ကိုပါထပ်ခွဲဖို့ ပြောပါတယ်။ သမီးရော အမျိုးသားပါ စိတ်အရမ်း ဆင်းရဲခဲ့ရပါတယ်။ အသိတစ်ယောက်ပြောလို့ အခြားဆရာဝန် ပြောင်းပြရာ right ovary ထုတ်စရာမလိုပဲ operation လုပ်ပြီးခြစ်ထုတ်ပေးခဲ့ပါတယ်။ သို့သော် ခွဲပြီးနောက်ပိုင်း အခုထိ (၃) လအတွင်း ရာသီလာချိန် အရမ်းကိုက်ပြီး အထူးသဖြင့် အလယ်ရက်တွေ မခံမရပ်နိုင်အောင် နာပါတယ်။ ဆရာဝန်က အရင်အရှိန်ကြောင့်ဆိုပြီး အကိုက်ခဲပျောက်ဆေး Spacovin 40 ပေးသော်လဲ မသက်သာပါ။ အရမ်းနာလို့ Diclo Denk 100 စအိုထဲထည့်လိုက်မှသက်သာပါတယ်။ သို့သော် ထိုဆေးသုံးပြီးရင် ဝမ်းချုပ်သွားပြိး သွေးဆင်းလဲ နည်းသွားပါတယ်။ စိုးရိမ်မိတာက Diclo Denk 100 သည်ဆရာဝန် ပေးသောဆေး မဟုတ်လို့ ဘေးထွက် ဆိုးကျိုး များပါသလား။ ဆရာဝန်ကတော့ကိုယ်ဝန်ရှိပြီး ကလေးရသွားရင် သူ့အလိုလို ပျောက်ကင်းသွားမည်ဟု ပြောပါတယ်။ သမီးတို့လည်း ကလေးအရမ်းလိုချင်ပေမဲ့လည်း အခုထိ မအောင်မြင်သေးပါ။ သမီးမှာ right ovary ပဲရှိတော့လို့ ကလေးရနိုင်ပါသေးလား။ နောက်ပြီး right ovary မှာ Endometriosis Cyst ထပ်ဖြစ်မှာ အရမ်းစိုးရိမ်နေမိပါတယ် ဆရာ။

Diclo-Denk ဆေးဟာ Diclofenac Na ဖြစ်တယ်။ နာတာကိုက်တာ ဆိုးရင်သုံးတယ်။ ဥပမာ acute joint inflammations ရက်တိုအဆစ်ရောင်ခြင်း၊ ဂေါက်၊ နာတာရှည်အဆစ်ရောင်ခြင်း၊ ရူမက်တစ်အဆစ်ရောင်ခြင်း၊ အိုမင်းအဆစ်ရောင်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတွေ ဖြစ်တယ်။
Tablet 50-150 mg ဆေးပြားကို တနေ့မှာ ၁-၃ ခါခွဲပေးတယ်။
Suppository စအိုထဲထည့်တာကို တနေ့ ၁ ခါထည့်ရတယ်။
Ampoule 1 amp ထိုးဆေးကို ကုသမှု အစရက်မှာ တရက်တခါထိုးတယ်။
သောက်ေးတွေက အစာနဲ့နီးနီးသောက်ရမယ်။
ဆေးနဲ့မတည့်သူ မသောက်ရ။ သွေးရောဂါရှိသူ၊ သွေးမခဲတတ်သူ၊ သွေးယိုတတ်သူ၊ အစာအိမ်နာ-လေနာရှိသူ၊ ကလေးငယ်တွေ၊ ကိုယ်ဝန် နောက်ဆုံး ၃ လရောက်နေသူတွေ မသင့်ပါ။
ဘေးထွက်-ဆိုးကျိုးတွေ = အစာလမ်းသွေးယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ အားယုတ်ခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း၊ ခါင်းမူးခြင်း၊ ကိုယ်ရောင်ခြင်းတွေဖြစ်တယ်။ ရှားရှားပါးပါးဖြစ်တတ်တာတွေကတော့ အသဲ၊ ကျောက်ကပ်၊ သွေးထိခိုင်ခြင်းတွေ ဖြစ်တယ်။
Endometriosis (2) သားအိမ်ရောဂါ (၂) http://dts-medicaleducation-adult.blogspot.in/2012/08/endometriosis-2.html
Endometriosis (1) သားအိမ်ရောဂါ (၁) http://dts-medicaleducation-adult.blogspot.in/2012/08/endometriosis-1.html

Sun, Dec 30, 2012 at 9:08 AM
ကျမ မျိုးဥကြွေဆေးသောက်တာ 6 လပြည့်လို့ရပ်ထားတာ 1 လပြည့်ပါပြီ။ ဒီလ ရာသီမလာဘဲ ရက်ကျော်နေတာ 2 ရက်လောက်တော့ ရှိပါပြီ။ ဗိုက်တွေ ဘာတွေလည်း မနာပါဘူး။ ရင်သားတော့ နည်းနည်း တင်းပါတယ်။ ဆရာရဲ့ကိုယ်ဝန်ဆောင် လက္ခဏာတော့ ဖတ်ကြည့်ပါတယ်။ အဲဒါတွေ ကိုယ်ဝန် 3-4 လမှ ဖြစ်တာလားဆရာ။ စစ်တော့ မစစ်ရသေးပါဘူး။ ဆေးရုံက 3 ရက်နေ့ ချိန်းထားတော့ အဲဒီမှာစစ်ကြည့် မလားလို့ပါ။ အခုနည်းနည်းတော့ အန်ချင်တယ်။ ခါးတွေဘာတွေတော့ မကိုက်ပါဘူးဆရာ။ ရင်သားတော့နည်းနည်း နာပါတယ်။ အဲဒါကရော ကိုယ်ဝန်စရှိရင်ဖြစ်တက်ပါသလားဆရာ။ စိတ်လည်းနည်းနည်း တိုပါတယ်။ အရင်ဆေးသောက်နေတုန်းကတော့ 4 ရက်လောက်က ကျော်ဖူးပါတယ်။ အဲဒီတုန်းကတော့ ဗိုက်အောင့်တယ်။ ခါးနာပါတယ်။ ကြောက်လည်းကြောက်နေတယ်။ ကိုယ်ဝန်ပဲရှိမလား၊ သားအိမ်ရောဂါ တခုခုပဲ ဖြစ်နေမလားဆိုပြီးတော့ပါ။ ဝမ်းပဲသာရမလား၊ ဝမ်းပဲနည်းရမလားမသိပါဘူးဆရာ။

ခုရက်နဲ့ ခုလိုဖြစ်တာ ပြောလို့တော့မရသေးပါ။ အပြုသဘောဘက်ကတွေးထင်တာကောင်းတဲ့အကျင့်ဖြစ်ပါတယ်။ ဒါပေမဲ့ မျှော်လင့်ထားတာ မဟုတ်သေးရင်တော့ စိတ်မပျက်တတ်အောင်လဲ အလေ့အကျင့်လုပ်ပါ။ ဆီးစစ်တော့မှသာ အဖြေမှန်ထွက်ပါမယ်။ ကံကောင်းပါစေ။

Sat, Dec 29, 2012 at 2:48 PM
Ecee2 ရဲ့ အသုံးပြုပုံလေးကို သိချင်ပါတယ် ဆရာ သူ့ကို ဆက်ဆံပြီးတာနဲ့ နှစ်လုံး စလုံးတစ်ပြိုင်တည်း တစ်ခါတည်း သောက်လိုက်လို့ အဆင်ပြေလားဆရာ။ ဘာဆိုးကျိုးရှိနိုင်လဲဆရာ။ Depo injection ထိုးတာကရော ဘယ်အချိန်မှာ ထိုးသင့်လဲ ဆရာ သူရဲ့အလုပ်လုပ်ပုံက ရောဆရာ သူက 100% စိတ်ချရပါ့မလားဆရာ။ side effect ရောရှိလားဆရာ။ တစ်ခြားစိတ်အချရဆုံး နည်းလမ်းတွေရှိရင် ဗဟုသုတအနေနဲ့ ပြောပြပေးပါ ဆရာ။

Emergency Contraception (1) အရေးပေါ်တားဆေးများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-1.html
Emergency Contraception (2) အရေးပေါ်တားဆေးများ (၂) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-2.html
Emergency Contraception (3) အရေးပေါ်တားဆေးများ (၃) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-contraception-3.html
Emergency Contraception (4) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၁) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-2.html
Emergency Contraception (5) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂) http://dts-medicaleducation-adult.blogspot.in/2012/03/emergency.html
Emergency pills အရေးပေါ်တားဆေး ထိရောက်မှု http://dts-medicaleducation-adult.blogspot.in/2012/11/emergency-pills.html
Depo Provera သုံးလခံ ထိုးဆေး http://dts-medicaleducation-adult.blogspot.in/2012/04/depo-provera.html

Sat, Dec 29, 2012 at 1:12 PM
၂၈.၄.၂ဝ၁၂ နေ့က ကျနော်တို့ လက်ထပ်ထားပါတယ်။ လက်မထပ် ခင် နှစ်ပတ်အလိုမှာကတည်းက အတူနေပါတယ်။ နှစ်ပတ် အတူနေပြီးမှ ကလေးယူဖို့ အဆင်မပြေနှိုင်သေးတာကြောင့် ၃ လခံ တားဆေး ထိုးလိုက်ပါတယ်ဆရာ။ ဆရာဝန်ကတော့ အတူနေပြီးမှ ဆေးထိုးတာမို့ မသေချာဘူးလို့ပြောပါတယ်။ တစ်ကယ်လည်း ကိုယ်ဝန်မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုချိန်ထိ ကျနော့်အမျိုးသမီးမှာ ဓမ္မတာမလာဘူးဖြစ်နေတယ်လို့ ပြောပါတယ်။ရှေ့နှစ်ထဲမှာ ကလေးယူဖို့ ဆုံးဖြတ်ထားလို့ ဓမ္မတာမလာတာကြာပြီမို့ ကလေးယူဖို့အခက်အခဲဖြစ်မှာဆိုးလို့ပါ။ ဒါကြောင့် ဓမ္မတာ ပုံမှန်ဖြစ်အောင် ဘာဆေးတွေများ စားဖို့လိုအပ်မလဲ လို့ သိချင်လို့ပါ ဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ ဆရာ

ကိုယ်ဝန်မရှိခဲ့ဘူးဆိုတာ ဘယ်လိုသေချာပါသလဲ။ ကိုယ်ဝန်အတွက် ဆီးစစ်ပါသလား။ အမျိုးသမီးရဲ့ အိမ်ထောင်မကျခင်က ရာသီအခြေအနေသိချင်တယ်။ (အာလ်ထွာဆောင်း) ရိုက်ဘူးသလား။ OG ပြဘူးသလား သိချင်တယ်။

ကိုယ်ဝန်မရှိတာသေချာပြီး ရာသီမလာရင်တော့ ရာသီမှန်စေတာ ကောင်းပါတယ်။ ကိုယ်ဝန်မရှိတာ သေချာလို့ ရာသီမှန်ခင်ျရင် ၃ လခံထိုးဆေးထက် တနေ့ ၁ ပြား၊ တလ ၂၈ ရက်သောက်ရတဲ့ တားဆေးက ပိုသင့်တယ်။ ဒီဆေးက ရာသီ လမှန်စေမယ်။ ဆင်းတာနည်းစေမယ်။ ဆင်းချိန်မှာ နာတာသက်သာစေမယ်။ ၃-၄-၅ လသောက်ရတယ်။

ထိုးဆေးက အများအားဖြင့် ရာသီ နည်းတာ၊ မလာတာဖြစ်တတ်တယ်။ တယောက်နဲ့တယောက် မတူတာတော့ရှိတာပေါ့။

ထိုးဆေး ထိုးပြီးဖြစ်လို့ (၁) OG နဲ့တိုင်ပင်ပါ။ ဒါမှမဟုတ် (၂) ၃ လပြည့်ရင် တားဆေး စားဆေးပြောင်းသောက်ပါ။

ကျွန်တော့် အမျိုးသမီး ကလေးမွေးထားတာ ၃ လ ရှိပါပြီဆရာ၊ ရိုးရိုးမွေးတာပါ။ သန္ဓေခြားဖို့ ၃ လဆေး ထိုးထားပါတယ်။ မွေးပြီးမှ ကျွန်တော်နဲ့ အတူနေတာ ၃၊ ၄ ကြိမ်ရှိပါပြီ။ အတူနေတိုင်းလည်း သူ့မိန်းမ ကိုယ်အဝက အရမ်းနာပါတယ်။ သေသေချာချာ ကြည့်မိတော့ Vagina အဝမှာ အသားတစ်လေးတစ်ခုက သွေးခြေဥ သလိုနီနေပါတယ်။ သေးပေါက်ပြီးတိုင်း ဆေးတဲ့အခါမှာလည်း စပ်နေပါတယ်တဲ့။ တားဆေး ထိုးပြီးကတည်းက ရာသီ အဆက်မပြတ်လာနေလို့ OG နဲ့လည်း ပြန်မပြဖြစ်သေးပါဘူး။ သားအိမ်ခေါင်း ကင်ဆာတွေဘာတွေကော ဖြစ်နိုင်သလားဆရာ။ ဘာလုပ်သင့်တယ်ဆိုတာ အကြံဥာဏ်လေးပေးပါ ဆရာ။

ကလေးအမေရဲ့ အသက်၊ ကလေး ဘယ်နှစ်ယောက်မွေးပြီး၊ မွေးတုံးက ချုပ်ရသလား။ နဲနဲဖြစ်ဖြစ် စုပ်ပြဲတာဖြစ်သေးလား။ အရင်ကကော တားဆေး-ထိုးဆေး ထိုးဘူးသလား။ အဖြူဆင်း သလား။ မေး တာတွေ ပြန်မသိရခင် ပြောရရင် ကင်ဆာ မဟုတ်ဘို့ များပါတယ်။

မေးတဲ့သူဆီမှာ အင်တာနက် အခက်အခဲ ရှိချင်ရှိမှာပါ။ ဆရာ့ဆီကို အရင်မေးတာက ပြန်ရှာမရဘူး။ အခုမေးတဲ့ အီးမေးလ် ကနေ မေးခဲ့တာ မဟုတ်ဘူးထင်တယ်။ ဆရာမေးတာကိုဖြေတာမှာလဲ မစုံသေးဘူး။ အမျိုးသမီး အသက် မသိသေးပါ။ အရင်မေးခဲ့တာ မသိတော့ပါ။

ခုထိသိရတာတွေကနေ ပြောရရင် ကင်ဆာတော့ မဟုတ်လောက်ပါ။ ဆရာဝန်တော့ပြရမယ်။ အသားစဆိုတာက မသေချာလို့ အနာလား၊ အကျိတ်လား မပြောနိုင်ပါ။ ဖြစ်နိုင်တာက အနာ၊ ဒါမှမဟုတ် ရင်းနေတာ တခုခုရှိမယ်။ ပိုးသေဆေး နဲ့ အနာသက်သာဆေး လိုမယ်။

၃ လ ခံတားဆေးက များသောအားးဖြင့် ရာသီနည်းတယ်။ ထိုးကာစလတွေမျာတော့ မမှန်တာပိုဖြစ်တတ်တယ်။ ဆရာပြောနိုင်သေးတာ ဒီလောက်သာဖြစ်ပါတယ်။ ဆရာက မေးတဲ့သူတိုင်းကို တိုက်ရိုက်ဖြေပါတယ်။ ဘလော့ထဲကိုတော့ ဖြတ်တောက်ပြီးမှတင်တာပါ။ ဘယ်သူကမေးတယ်ဆိုတာကို တခြားဖတ်တဲ့သူတွေ မသိစေပါ။

Sat, Dec 29, 2012 at 1:37 AM
နားနဲ့မနာ၊ ဖဝါးနဲ့သာနာပါခင်ဗျ။ ကျွန်တော်အခု အသက် ၂ဝ ပါ။ လွန်ခဲ့သော ၁ လ ခွဲ လောက်ကစပြီး ပေါင်ခြံမှာ ယားတယ်ခင်ဗျ။ အလကားနေရင်း ယားနေတာတော့မဟုတ်ပါ။ တို့မိ၊ ထိမိမှ ယားတာမျိုးပါ။ ညပိုင်းဆို ပိုသိသာပါတယ်။ အစတုန်းကတော့ ရိုးရိုးယားနာဖြစ်မယ်ထင်ပြီး ဘာမလုပ်ပဲထားခဲ့ပါတယ်။ အခုက အဖြူကွက်တွေထွက်လာပြီး အရင်ကထက် အကွက်ပိုကျယ် လာတယ်ခင်ဗျ။ အနီဖုလည်း နဲနဲထွက် လာတယ်။ ပိုလည်းယားလာတယ်။ တခါတခါ ရေထိရင် တော်တော်စပ်တယ်။ ပေါင်ခြံနှစ်ဖက်လုံးမဟုတ်ဘဲ တစ်ဘက်ပဲခင်ဗျ။ အခြားကိုယ်လက်တွေတော့ ဘာမဖြစ်သေးဘူး။ အဲဒါ ဘာဖြစ်တာလဲသိချင်ပါတယ်ခင်ဗျ။ ပျောက်အောင်ကုနိုင်မယ့် လိမ်းဆေး၊သောက်ဆေးလည်း ညွှန်းပေးစေချင်ပါတယ်ခင်ဗျ။

Calamine lotion လိမ်းဆေးတနေ့ ၂ ခ့လိမ်းပြီး Cetrizine tabletစားဆေး တည ၁ ပြားသောက်ပါ။ တပါတ်နေလို့မှ မပျောက်သေးရင် ထူးခြားချက်နဲ့အတူ ပြန်ပြောပါ။

Fri, Dec 28, 2012 at 10:35 PM
ဆရာပြီးခဲ့တဲ့ တစ်ပတ်လောက်က ကျွန်တော့် လိင်အင်္ဂါထိပ်ဖူးပေါ်မှာ အနီဖုလေးတွေ ပေါက်နေလို့ဆိုတာ ကျွန်တော် တစ်ခါမေးဖူးပါတယ်။ ဆရာပြန် ပို့ပေးတဲ့စာတွေလည်း ဖတ်ရပါတယ်။ ဒါပေမယ့် ဘယ်အမျိုး အစားထဲပါမှန်း မသိလို့ အခုတစ်ခါ ပုံနဲ့တွဲပို့ပေးလိုက်ပါတယ်။ အဲဒီအနီဖုလေးတွေက နာလည်းမနာဘူး၊ ယားလည်းမယားပါဘူးဆရာ။ အရင်ကတစ်ခါ ဖြစ်ရင် ဘယ်လောက်ကြာတယ်ဆိုတာ မှတ်မထားမိပါဘူး။ အခုတစ်ခေါက်တော့ နှစ်ပတ်လောက်ရှိပါပြီ။ အရင်ကလည်း ဒီလိုပဲအနီဖုလေးတွေ သုံးလေးဖုလောက်ထွက်လာလိုက်၊ ပြန်ပျောက်သွားလိုက်ပါပဲ၊ နာတာ ယားတာတော့မဖြစ်ဖူးပါဘူး။ သက်သာပျောက်ကင်းမယ့် လိမ်းဆေးဖြစ်စေ၊ သောက်ဆေးဖြစ်စေသိလိုပါတယ်။ ရှောင်ရမယ့်အချက်တွေရှိရင်လည်းသိလိုပါတယ်။ ကျွန်တော့်အသက်က(၂၇)နှစ်ပါဆရာ၊ မြန်မာပြည် မှာနေ ပါတယ်။ နောက်တစ်ခုက ကျွန်တော် ငယ်ငယ် ကရေအိတ်ကြီးလို့ ရေအိတ်ခွဲထုတ်ရတယ်လို့ လူကြီးတွေ ပြောဖူးပါတယ်ဆရာ၊ ရေအိတ် ဆိုတာဘယ်လိုမျိုးပါလဲ၊ ဘာတာဝန်ထမ်းဆောင်ပါသလဲ သိလိုပါတယ် ဆရာ။

Doxycycline တခါသောက် 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ်
Tetracycline တခါသောက် 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ်
Erythromycin တခါသောက် 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။

Fri, Dec 28, 2012 at 9:15 PM
ဆရာ လူပျို ဖြစ်တဲ့ အချိန်မှာ နို့မချေပေးခဲ့လို့ ထင်ပါတယ်။ အခု အပျို နို့လိုပဲ ကြီးနေတယ်။ ကူညီပါဦးဆရာ။ အသက် ၂၄ နှစ်၊ နေရာ (့)။

လူပျိုဖြစ်လဲ နို့နေရကို ချေစရာမလိုပါ။ ကြီးနေတယ်ဆိုတာ တဖက်လား၊ နှစ်ဖက်လား၊ တခြား သူများနဲ့မတူတာ ဘာရှိသေးလဲ။ ဒီအတွက် ဆေးစစ်သလား။

Fri, Dec 28, 2012 at 1:46 PM
ကျွန်တော် အသက် 27 ပါ။ အမြဲတမ်းထိုင်ပြီးတော့ ကွန်ပျူတာအလုပ်လုပ်ပါတယ်။ မရိုမသေတစ်ခုလောက်မေးပါရစေ။ ကျွန်တော့်ညာဘက်ဝှေးစေ့က အလိုလို အောင့်နေတာ 5 ရက်လောက်ရှိပါပြီ။ ပထမ ရက် ကတော့ သိသိသာသာအောင့်ပါတယ်။ ဒါပေမယ့် အပြင်းထန်မခံနိုင်လောက်အောင်တော့ မဟုတ်ပါ။ နောက်ရက်ကနေ ခုချိန်ထိတော့ အနည်းငယ်အောင့်နေပါသေးတယ်။ အဲဒါမျိုး တစ်ခါမှမအောင့်ဘူးပါဘူး။ တစ်ခါတစ်လေ လိင်စိတ်ဖြစ်ပြီး အကြာကြီးတင်းနေတယ့် အချိန်မျိုးမှာတော့ ခဏတာ အောင်သလိုမျိုး ဖြစ်ဖူးပါတယ်။ တစ်ခြား လိင်ရောဂါလည်း ဘာမှမရှိပါဘူး။ အခုအောင့်တာက အူကျတာမျိုးတော့ မဟုတ်ပါ။ အရွယ်အစားလည်း မပြောင်းပါ။ ဘောလုံးကန်ရင်း မတော်တဆ ထိမိလို့အောင့်သလိုမျိုး ခံစားရတာပါဆရာ။ သတိထားပြီး ကျွန်တော့လက်နဲ့ စမ်းကြည့်တဲ့အခါ အကြောလိုမျိုး မာမာလေးတော့ စမ်းမိပါတယ်ဆရာ။ အဲဒါကတော့ မအောင့်ပါဘူး။ ဂွေးစှေ့ အဖျားနားကို စမ်းကြည့်တော့ အောင့်သလိုခံစားရပါတယ်။ တစ်ခုခုဖြစ်မှာ စိုးရိမ်လို့ ဘာဖြစ်တယ်ဆိုတာ သိပါစေဆရာ။

Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း

Fri, Dec 28, 2012 at 9:01 AM
ကန်တော့ပါဆရာ အရေးပေါ်တားဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေထဲမှာ ရင်သား တင်းတာပါတာတွေ့ရပါတယ်။ ရင်သားတင်းတာ မဟုတ်ဘဲ နို့သီးခေါင်းလေးတွေ နာတာ၊ နို့အဝိုင်း အညိုရောင် ရင့်လာ တာရော ဖြစ်နိုင် ပါသလားဆရာ။ Ecee2ကို ဆက်ဆံပြီး 24 နာရီအတွင်း 12 နာရီခြားပြီး တိုက်ခဲ့တာပါ။ တစ်ခြားမူးတာအန်တာ ဘာမှမဖြစ်ခဲ့ပါဘူး ဆရာ။ ကိုယ်ဝန်ရှိမရှိ ဆီးစစ်မှာပါဆရာ။ ဒါပေမဲ့ ဆက်ဆံထားတာ ရက်သိပ်မကြာသေးလို့ မစစ်သေးတာပါ။ နို့အဝိုင်း အရောင်ရင့်တာက ဒီနေ့မှ သတိထားမိပါတယ်။ နို့သီးခေါင်းလေးတွေ နာတာက နည်းနည်းတော့ ကြာပါပြီဆရာ။

မိန်းကလေးတွေ Nipple နို့သီးထိပ်ဖျား နဲ့ Areola အရောင်ရင့် အဝိုင်းအရောင်က ပြောင်းတယ်။ ဟော်မုန်းကြောင့် ပြောင်းတာပါ။ Hormone ဟော်မုန်းဆိုတာမှာ အဓိက ကိုယ်ဝန်နဲ့ ဆိုင်တယ်။ Pregnancy ကိုယ်ဝန် ဆိုတာ တချို့က ရှိလို့ရှိမှန်းမသိဘဲ Missed period ရက်ကျော်တယ်ဘဲထင်တာမျိုး၊ Miscarriage အလိုလိုပျက်ကျတာမျိုး၊ Abortion တမင်တကာ ဖျက်တာမျိုးတွေကတော့ နားလည်နိုင်တယ်။ Emergency pills အရေးပေါ်တားဆေးကြောင့်လဲ ဖြစ်နိုင်တယ်။ သန္ဓေတည်ချင်သလိုအဆင့်မှာကတည်းက ဟော်မုန်းအပြောင်းအလဲဖြစ်တယ်။ ကျားသုက်ပိုးနဲ့ မ-မျိုးဥတို့ တွေ့ရင် ပေါင်းစပ်ပြီး (ဆဲလ်) ပွါးတာ ချက်ချင်းဖြစ်တယ်။ တွေ့ဆုံ=ပေါင်းစပ်-ဆဲလ်ပွါးနေရင်း သားအိမ်ပြွန်တနေရာကနေ သားအိမ်ထဲဆင်းလာပြီး တွယ်ကပ်စရာလိုက်ရှာတယ်။ အရေးပေါ်တားဆေး၊ ကိုယ်ဝန်ဖျက်ေးတွေက ဒီဖြစ်စဉ်ရဲ့ တနေရာရာကို တားဆီး၊ ဖျက်ဆီးတယ်။ ဖြစ်စဉ်ရင့်ရင်ရင့်သလို ဟော်မုန်းထွက်တယ်။ ဟော်မုန်းဆိုတာက ကိုယ်ဝန်ဖြစ်စဉ် ရပ်သွားသွား၊ ဆက်ဖြစ်ဖြစ် ထွက်ပြီးသားဟော်မုန်းကသွေးထဲမှာရှိနေတယ်။ သက်ရောက်မှုတွေဖြစ်စေတယ်။

နို့အုံ၊ နို့သီး၊ နို့အရောင်ရင့်အဝိုင်း နာတာလဲအဲလိုဘဲ။ ပုံမှန်ရာသီလာတာကြောင့်လဲ နာတာ၊ တင်းတာဖြစ်နိုင်တယ်။

Thu, Dec 27, 2012 at 9:50 PM
ကျနော် ဆီးသွားတဲ အခါ ပူပြီးနာနေပါတယ်ခင်ဗျာ ဆီးလဲ ခဏခဏ သွားပါတယ် ဆီးသွားပြီးရင်လဲ ဆီးမကုန်ဘူးလိုထင်ပါတယ်ခင်ဗျာ အထဲမှာကျန်နေပါတယ် ဖြစ်တာကတော ၁ လလောက်တောရှိပါပြီး ကျနော် မှာ မိန်းမမရှိပါဘူးခင်ဗျာ မိန်းမလဲ မလိုက်စားပါဘူးခင်ဗျာ ဒါပေမယ့် ယောကျာင်္းလေးဆိုတော တခါတလေ ကိုယ့်ဘာသာ စိတ်ဖြေတာလေတွေရှိပါတယ် ခင်ဗျာ အဲလို လုပ်ပြီးသွားရင် ပိုပြီးနာကျင်ပါတယ် ခင်ဗျာ ကျနော် အခု မလေးရှားမှာ အလုပ်လုပ်ပါတယ် ကိုယ့်နိုင်ငံ မဟုတ်တော ဆေးခန်းက ဆရာဝန်တွေနားလည်အောင် မပြောပြတတ်ဘူးဖြစ်နေတယ် ကျနော်ဖြစ်နေတာကို ပါ ကျနော်ဘာရောဂါဖြစ်နေတာလဲ ဘယ်လိုကုရမလဲ ဆိုတာ လမ်းညွန်းပေးပါ။ ကျနော် အသက်က ၂၆ နှစ်ပါ။ ကျနော်ပြောပြတာ အပြည်စုံရင် ကျနော်ကို ထက်မေးပေးပါနော်။

Urethritis in Men ယောက်ျားတွေ ဆီးအောင့်ရင်

Thu, Dec 27, 2012 at 12:04 PM
သမီးက အသက် ၃၄ နှစ် အပျိုပါ။ ရာသီစလာထဲက ဗိုက်ကအရမ်းအောင့်ပါတယ်၊ စစလာခြင်းတရက်ပါဘဲ၊ Postan 500 (Mefenamic Acid 500 mg)ရင်ကောင်းသွားရော၊ နောက်ရက်တွေဆိုမနာတော့ပါဘူး ဆရာ၊ အခုနောက်ပိုင်းကြတော့ အဲ့လိုမဟုတ်ပဲ ရာသီလာတဲ့ ၄ ရက်လုံး မခံမရပ်နိုင်အောင် ဗိုက်အောင့်အောင့်ပြီး အရမ်းလာပြီး ဆေးသောက်လို့လဲမရ၊ သွေးပေါင်တွေလဲကျပြီးတော့ ၃-၄ ရက်လုံး မလှုပ်နိုင်ပဲ အိပ်ရာထဲလဲနေရတာ့ ရာသီလာမှာတောင် အရမ်းကို ကြောက်နေပါတယ်။ ၃ လလုံး အဲ့လိုပဲဖြစ်နေတော့ ဆေးခန်းသွားပြပြီး Ultrasound ရိုက်လိုက်တာ၊ အလုံး၂ လုံး တွေ့တယ်လို့ပြောပါတယ်၊ result ရေးထားတာကတော့
-A submucous fibroid measures 2.2cm
-Culs
Lt culs - A multiloculated cyst (6.7*6.1)cm with internal echoes is noted
Rt ovary is normal in size & appearance.
POD - clear
-Liver,spleen,pancreas - Normal in size & echotexture.
-Kidneys & bladder - Normal.
Comments: (1) Submucous fibroid (2) Lt endometriotic cyst
အခု သမီးကို Mervelon 28 ကို နံပါတ် ၂၁ အထိ ၆လ သောက်ခိုင်းပါတယ်။ (အောက်ဆုံးက ဆေးသေးသေးလေတွေ (နံပါတ် ၂၂-၂၈) ကို မသောက်ခိုင်းပါဘူး။) ၆ လပြည့်လို့ Ultrasound ပြန်ရိုက်ကြည့် လို့ ကောင်းရင်လဲ ကောင်းသွားမယ် မကောင်းပဲပိုကြီးလာရင်တော့ ခွဲရမယ်လို့ ပြောပါတယ်။ အခုဆေးသောက်တာ ၂ လရှိပါပြီ။ ဆေးသောက်နေတဲ့ အချိန်မှာ ရာသီတော့ မလာတော့ပါဘူး၊ ရာသီ မလာဘူး ဆိုတော့ အရမ်းကိုပျော်ပါတယ် လူလဲသက်သာပါတယ်။ ဒါပေမယ့် လူတကိုယ်လုံး တက်တက်ကြွကြွမရှိပဲ မလှုပ်ချင်အောင်ဖြစ်ပါတယ် ဒေါသတွေလဲ အရမ်းထွက်ပြီး တခုခုပြောရင် ပြန်ပြန်အော်နေလို့ပါ အရင်ကအဲ့လိုမဟုတ်ပါဘူး ဆရာ။ ဆံပင်တွေလဲအရမ်းကျွတ်ပြီး ဝက်ခြံတွေလဲပေါက်ပါတယ် အဲ့ဒါ ဆေးရဲ့ side effect ကြောင့်ဖြစ်တာမလားဆရာ။

အိမ်ကိုပြောတော့လဲ အိမ်ကလူတွေက အဲ့လိုသာဖြစ်ရင် တားဆေးစားတဲ့ မိန်းကလေးတွေအကုန် အဲ့လိုတွေဖြစ်နေမှာပေါ့တဲ့။ အဲ့ဒီ side effect တွေ သက်သာအောင် ဘာတွေလုပ်ရမလဲ ပြောပြပေးပါနော် ဆရာ၊ ဝက်ခြံပျောက်ပြီး ဆံပင်ကျွတ်တာလဲရပ်အောင်ပေါ့။ အခုဆို သမီးရဲ့ ဗိုက်ကလဲပူလာပြီးတော့ ဆီးလဲသိပ်ပြီး မထိန်းထားနိုင်ဘူး၊ တခါတလေဆို ဗိုက်က တဆစ်ဆစ်နဲ့ အောင့်ပါတယ်။ သမီးသိချင်တာနောက် တခုက သမီးက အိမ်ထောင်ပြုဖို့ အစီစဉ်ရှိပါတယ် ကြာတော့ ကြာအုံးမှာပါ အဆင်မပြေသေးလို့ပါ၊ အဲ့လိုဖြစ်နေလို့ ကလေးကော ရနိုင်ပါသေးလားဆိုတာ သိချင်ပါတယ်ရှင်။ ခုတလော အဲ့လိုဖြစ်တဲ့ မိန်းကလေးတွေ များလာလို့ပါ၊ သမီး သူငယ်ချင်း ၁ ယောက်လဲ အဲ့လိုမျိုးဖြစပါတယ် သူကတော့ ဆေးသောက်နေရင်းနဲ့မှာ ရာသီတွေအရမ်းလာလို့ ခွဲထုပ်လိုက်ပါတယ်။ နောက်အသိထဲက တယောက်က ပေါက်ထွက် သွားလို့တဲ့ ဆေးရုံတင်လိုက်ရတယ်။ အဲ့လို သားအိမ်မှာ အလုံးဖြစ်နေတဲ့ မိန်းကလေးတွေအတွက် ဆောင်ရန် နဲ့ ရှောင်ရန်တွေကိုပါ ပြောပြ ပေးစေချင်ပါတယ်။

ဆောရီး။ ဖြစ်တတ်တဲ့ရောဂါပါ။ အခံရဆိုးတယ်။ ကံကောင်းတာက ကင်ဆာ မဟုတ်ပါ။ စိတ်တော့မပျက်ပါနဲ့ ကုသရတာလဲ ခက်တယ်။ အချိန်ယူရတယ်။

အကျိတ်က ၂ မျိုးဖြစ်နေတယ်။ Fibroid ဆိုတာက သားအိမ်အကျိတ်။ ဒါက သိပ်စိုးရိမ်စရာမရှိပါ။ သေးလဲသေးသေးတယ်။ သားအိမ်အပြင်အဖုံးလွှာအောက်မှာဖြစ်လို့ ရာသီလာတာ၊ ကိုယ်ဝန်ဆောင်တာအတွက် မထူးစေပါ။ ဒါပေမဲ့ ကြီးလာနိုင်တယ်။

နောက်တခုက Lt endometriotic cyst အခုလိုခံစားနေရတာတွေကိုဖြစ်နေစေတာဖြစ်တယ်။ သားအိမ်ရောဂါတမျိုးဖြစ်တယ်။ ရေးထားတာတွေကို ပို့လိုက်ပါတယ်။ ပြနေတဲ့ သားဖွါး-မီးယပ်အထူးကုကနေ အကောင်းဆုံးလုပ်ပေးပါလိမ့်မယ်။

အိမ်ထောင်ပြုလို့တော့ရပါတယ်။ ပုံမှန်လိုတော့ အဆင်ပြေချင်မှတော့ ပြေပါမယ်။ တချို့မှာ အတူနေရင် မနာသင့်ဘဲနာတာမျိုး ဖြစ်တတ်တယ်။ လူတိုင်းတော့မဟုတ်ပါ။
Endometriosis (1) သားအိမ်ရောဂါ (၁)
Endometriosis (2) သားအိမ်ရောဂါ (၂)

Thu, Dec 27, 2012 at 4:24 PM
သမီးအသက်က ၂၅ နှစ်ပါ။ရန်ကုန်မှာနေပါတယ်။ သမီး၁၁လပိုင်းက သအိမ်ခြစ်ထားပါတယ်။ ဆေးရုံမှာတော့မဟုတ်ပါဘူး။ ခြစ်ပြီးနောက် သွေးတွေလာပါတယ်။ ၂ ကြိမ်ပါ။ ကုန်သလောက်နီးပါးဆင်းပါတယ်။ တစ်ကြိမ်လာရင်လဲ ၄ ရက် ၅ ရက်လောက် လာပါတယ်။ ခုဒီလမှာလဲ ၂ ကြိမ်လာနေပါတယ်။ သွေးကတော့ မဲမနေပါဘူး နံလဲမနံပါဘူး။ ခဏခဏလာတော့ နဲနဲစိတ်ပူလာလို့ပါ။ ဘာလုပ်သင့်လဲဆိုတာ အကြံပေးပါဆရာ။

သားအိမ်မခြစ်ခင်က ရာသီ ဘယ်လောက်ကြာအောင်ထိန်သလဲ မသိပါ။ ဆင်းစရာကုန်အောင်ဆင်းပါလိမ့်မယ်။ နောက်တခါ ကိုယ်ဝန်မယူချင်သေးရင် တားဆေး၊ တားနည်း စနစ်တကျသုံးသင့်ပါတယ်။ သားအိမ်ကို ခဏခဏခြစ်ရတာ မကောင်းလှပါ။ သွေးအားကောင်းဆေး (သံဓါတ်) ဆေး သောက်သင့်ပါတယ်။
Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ

Thu, Dec 27, 2012 at 2:53 PM
ကျွန်တော့်နာမည် ဦး (့) ပါ။ အသက်ကတော့ ၅၄ နှစ်ရှိပါပြီ။ ကျွန်တော် ရောဂါတစ်ခုဖြစ်သလို ခံစားနေရပါတယ်။ ထင်တာကတော့ ဆီးကြိတ်ရောင်တာ၊ ကြီးတာလို့ ထင်တယ်။ ဆရာဝန်တွေဘာတွေတော့ မပြကြည့်ရသေးဘူး။ ကင်ဆာတွေဘာတွေ ဖြစ်နေမှာလည်းစိုးရိမ်လို့ မေးကြည့်ရတာပါ။ အသက်က ရလာပြီဆိုတော့ ဘယ်မှလည်းမသွားဖြစ်ဘူး ကျွန်တော်သိသလောက်တော့ ဆီးကျန်တာပဲ ဖြစ်မယ်ထင်တယ်။ ဘယ်လို လုပ်ရမလဲ အကြံဥာဏ်ပေးပါဦး။ အဲဒီလိုရောဂါအကြောင်း ရှင်းရှင်းလင်းလင်းသိချင်လို့ ဖြေပေးပါဦး။

BPH ခေါ်တဲ့ ယောက်ျား ဆီးကျိတ်ကြီးတာ ဖြစ်ဘို့များပါတယ်။ ဆီးကုန်အောင်မသွားနိုင်တာဘဲ ခံစားရအုံးမယ်။ ကင်ဆာအတွက် မစိုးရိမ်ပါနဲ့အုံး။ သေချာအောင် ဆီးလမ်းအထူးကုဆရာဝန်ကိုပြသင့်ပါတယ်။ သိပ်ကြီးလာရင် အချိန်မတော် ဆီးလုံးဝမထွက်နိုင်ဘဲ အရေးပေါ်ဖြစ်တတ်တယ်။

Thu, Dec 27, 2012 at 12:20 PM
I already had D&C on November 21. But just till not yet get my period, at this moment I had sex with my husband 3 times. First time we used condom and second and third had unprotected sex. Please tell me now if I am being pregnant. Please reply me.

I am not clear your situation. If the unprotected sex was 5-7 days after D+C, it is possible that you are pregnant. If you want to be sure, do urine for pregnancy test. If you do not want pregnancy, be advised to use contraception systematically. All writings can be read in my Blog.

ဒေါက်တာတင့်ဆွေ - အမေး အဖြေ (၁၀၅) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top