1. သမီး အရင်ကလည်း ဆရာ့ဆီမေးတွေ ပို့ပြီး ဆရာ့ဆီက အကြံဥာဏ်ကောင်းတွေ
2. ဆရာနဲ့ ကျွန်တော်နဲ့ အီးမေးလ် အမေးအဖြေ လုပ်ထားတွေတောင် ကြာနေပြီ။
3. သွေးလုံးက ဖိအားကြောင့် ပေါက်ထွက်တယ်ဆိုရင် ကိုယ်လက်လေ့ကျင့်ခန်း လုပ်လိုရပါမလားဆရာ။
4. ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူက အသက် ၂၄ ပါ။
5. ၆ ရက်အတွင်း Ecee2 ၂ လုံး နဲ့ Lovo 72 ၂ လုံးစီ သောက်မိတာပါ။
6. ကျွန်တော့် အမျိုးသား အင်္ဂါထိပ်မှာ အရည်ကြည်က
7. ကိုယ်ဝန်ရှိနေစဉ် သွေးဆင်းတယ်ဆိုတာ
8. မိန်းကလေး တယောက်ကို ကိုယ်ဝန်ရှိနေ-မရှိနေကို
9. ကျွန်တော့် မျက်နှာမှာဝက်ခြံပေါက် ပျောက်သွားတဲ့အခါကျရင်
10. ဆရာရေးတဲ့ဆေးစာတွေ ဖတ်ရပါတယ်။
11. ဒေါက်တာ ကျွန်တော် ဆီးလမ်းကြောင်းပိုးဝင်လို့ ဆရာပြောတဲ့
12. ကျွန်တော့ ကောင်မလေးက အရင်လက ရာသီလာတာ
13. တချို့ကပြောတယ် ဆက်ဆံတဲ့အခါ မဆက်ဆံခင်
14. သမီး အသက် ၂၄ နှစ်၊ အခု သားဦးကိုယ်ဝန် ၂ဝ ပတ်ရှိပါပြီဆရာ။
15. ကျွန်တော်က (့) မှာနေပါတယ်။
Tue, Jan 1, 2013 at 9:28 AM
သမီး အရင်ကလည်း ဆရာ့ဆီမေးတွေပို့ပြီးဆရာ့ဆီက အကြံဥာဏ်ကောင်းတွေရခဲ့ဖူးပါတယ်။ သမီးကို အခုလည်းကူညီပါဦးနော် ဆရာ။ သမီး အသက် ၂၄ နှစ်၊ အခု သားဦးကိုယ်ဝန် ၂ဝ ပတ်ရှိပါပြီဆရာ။ Ultra Sound ရိုက်တော့ footling breech position ဖြစ်နေပါတယ်တဲ့ဆရာ။ အရင် အချင်းကျတာကတော့ အပေါ်တက်လာပေမယ့် နဲနဲကျန်သေးတယ်လို့ပြောပါတယ်ဆရာ။ သမီးစာတွေဖတ်ကြည့်တော့ အခုချိန်က မစိုးရိမ်ရဘူးလို့တော့ သိရပါတယ်ဆရာ။ ကလေးကို ပုံမှန်အခြေအနေ ပြန်ရောက်အောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ လမ်းညွှန်ပေးပါနော် ဆရာ။
မစိုးရိမ်ပါနဲ့။ ၂ဝ ပါတ်က စောပါသေးတယ်။ ကလေးအနေအထား ပြောင်းနေမယ်။ ကိုယ်ဝန်ရင့်ချိန် ထပ်ရိုက်ခိုင်းမယ်။ အချင်းကလဲ သားအိမ်အဝ အတွင်းနားကနေ ဝေရာကိုရောက်ရမယ်။ ဒါလဲ ရင်းလာမှ ပိုသိမယ်။ အနေအထိုင်၊ အစားအသောက်ဆိုတာတွေ ဆရာရေးထားတာ အများကြီးပါ။ ခေါင်းစဉ်ရွေး အေးအေးဆေးဆေး ဖတ်ပြီး လက်လှမ်းမီတာ လိုက်နာပါ။ စာရှာမရရင် ပြောပါ။
http://dts-medicaleducation-adult.blogspot.in/ကျန်းမာ-ချမ်းသာကြပါစေ။
Tue, Jan 1, 2013 at 1:10 AM
ဆရာနဲ့ကျွန်တော်နဲ့ အီးမေးလ် အမေးအဖြေ လုပ်ထားတွေတောင် ကြာနေပြီ။ ကျွန်တော်လည်း ခေါင်းထဲမှာ မေ့မေ့ပျောက်ပျောက်တောင်ဖြစ်နေပြီ။ ကျွန်တော့် ချစ်သူလည်း ကျန်းမာရေးက ဘာမှမဖြစ်ဘူး။ ဟိုဟာပြီးတည်းက ရာသီတော့ မလာသေးဘူး။ အခုစိတ်ပူတာက. http://burmeseclassic.com/health_detail.php?id=633&type=1 အဲဒီလင်ခ်မှာ မေး/ဖြေ ထားသလိုဆို ဆရာပြောတာနဲ့ ကလွဲနေ သလိုဖြစ်နေပြီ။ စိတ်ပူလို့ ဆရာ့ဆီ မေးလ်ထပ်ပို့လိုက်တာ။ အကြောင်းပြန်ပေးပါအုံးဆရာရယ်။
လင့်ခ်ကို ဖတ်လိုက်ပါတယ်။ ဆရာဝန်တွေက ဖြစ်နိုင်ချေတွေ သီအိုရီတွေကို ထည့်စဉ်းစားပြီးဖြေရပါတယ်။ ဖြစ်နိုင်တာတွေက ရှားရှားပါးပါးတွေရော၊ ဆန်းဆန်းပြားပြားတွေရော ပါနေမယ်။ ဒါကြောင့် စာဖတ်ရသူတွေ စိတ်ရှုတ်နိုင်ပါတယ်။ ဆရာဝန်က % ပြည့်အာမခံတယ်ဆိုတာ မရှိသလောက်ပါ။ ကိုယ်ဝန်တားနည်းပေါင်းစုံထဲမှာ အတူမနေခြင်းကသာ ရာနှုန်းပြည့်လို့ပြောနိုင်ပါတယ်။ ကာကွယ်မှု အများဆုံးပေးနိုင်တဲ့နည်းကို ရွေးကြရတယ်။ ပုံမှန်တားနည်းသုံးပါ။ လိုအပ်သေးရင် အရံတားနည်းပါတွဲပါ။ စိုးရိမ်သူတိုင်း ဆီးစစ်ပါ။
Mon, Dec 31, 2012 at 5:35 PM
သွေးလုံးက ဖိအားကြောင့် ပေါက်ထွက်တယ်ဆိုရင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်လိုရပါမလားဆရာ။ အလုံးက သေးနိုင်တဲ့ အနေအထားရော ရှိပါမလား။ ဘယ်လိုပြုမူနေထိုင်ရမယ်၊ ဘယ်လိုအစားစာတွေ စားသုံးသင့်တယ်ဆိုတာ ပြောပြပေးးပါ။
လေ့ကျင့်ခန်း၊ အလုပ်အကိုင်ကြောင့်တော့ မဖြစ်တတ်ပါ။ သွေးများလာပြီး အဖုံးလွှာပါးလွန်းမှသာ ပေါက်နိုင်တယ်။ သွေးယိုထွက်နောတမျိုး မဟုတ်ပါ။ဒါကလဲ ဖြစ်နိုင်ချေသာပြောတာဖြစ်တယ်။ အစား အသောက်ကြာင့် ထူးခြားမှာမဟုတ်ပါ။
Mon, Dec 31, 2012 at 3:43 PM
ကျွန်တော်နဲ့ကျွန်တော့်ချစ်သူက အသက် ၂၄ ပါ။ ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူက မိဘချင်းသဘောတူထားပြီးသားပါ။ ဒါပေမဲ့ လူငယ်သဘာဝ အချစ်နယ် ကျွန်မိပါတယ် ဆရာ။ ကျွန်တော်တို့ကလည်း ယူဖို့ ကလည်း မဖြစ်နိုင်သေးလို့ ဆရာ့ကို အားကိုးတကြီးတိုင်ပင်အကြံဥာဏ်ယူချင်လို့ပါခင်ဗျာ။ နားနဲ့မနာ ဖဝါးနဲ့နာ ပါလို့ တောင်းပန်ချင်ပါတယ်။ ကျွန်တော့် သုတ်သွေးကပဲ သန်တာလား ဘယ်လိုလားလဲတော့ မပြောတတ်ဘူး ဆရာ ဒီလ 12 ရက်နေ့ နေ့လည်ပိုင်းလောက်က ဖြစ်ခဲ့တာပါ။ ကျွန်တော်ပြီးတော့ သုက်ရည်ကို မထိန်းနိုင်ဘဲ နည်းနည်း သူမထဲဝင်သွားပါတယ်။ အတိအကျပြောရရင် ရာသီလာပြီး ၇ ရက်ထဲ မပါပါဘူး။ သူရာသီ ဆုံးသွားတာက ဒီဇင်ဘာ 1 ရက်နေ့ပါ။ ခါတိုင်းဆို အင်္ဂလိပ် 24 ဒါမှမဟုတ် 25 ဆိုလာနေကျပါ။ ခုအဲလိုမဟုတ်ဘဲ ခုထိကို ရာသီမလာသေးဘူး။ တစ်ခါတစ်လေ သူနောက်ကျတယ် လို့လည်း ပြောပါတယ်။ နောက်ကတာက တစ်ပါတ်တဲ့။ ကျွန်တော် အရမ်းစိတ်ပူနေတယ်။ တကယ်လို့ ကိုယ်ဝန်ရှိတယ်ဆိုရင် ဘယ်လို လက္ခဏာပြတယ်ဆိုတာ ဖတ်သင့်သလောက် ဖတ်ထားပါတယ်။
ဒါပေမဲ့ သူနဲ့တူနဲ့ အချက်က တစ်ခုပဲရှိတာပါ။ အဲဒါက နို့သီးလေးရဲ့ အပြင်ဘက် အမဲစက်ဝိုင်းမှာ အဖုလေးတွေ ထနေတာပါပဲ။ မိဘချင်း သဘောတူထားတယ်ဆိုပေမဲ့ ဒီလိုဖြစ်လာတယ် ဆိုတော့ ကျွန်တော် အရမ်းနောင်တ ရမိပါတယ်။ ဒါပေမဲ့ ခုချိန်မှာ လွန်လားမှီလားတော့ မသိတော့ပါဘူး။ ဆက်ဆံလို့ ပြီးပြီးချင်းမှာ ဆေးသောက်ဖို့ကလည်း မေ့နေပါတယ်။ သုံးရက် အတွင်းသောက်ရမှာ ကိုလည်း မသောက်လိုက် မိဘူးဆရာ။ တကယ်လို့ သူ ဇန်နဝါရီ ၂ ရက်နေ့ မှာမလာဘူးဆိုရင် သူ့ မှာကိုယ်ဝန် ရှိနေပြီပေါ့ အဲလိုလား။ တကယ်လို့ ရှိတယ်ဆိုရင်လည်း ကိုယ်ဝန်က (၁) လသားတောင် မရှိသေးဘူးဆိုတော့ ဘယ်လို လုပ်ပြီး ကာကွယ်ရမလဲ ဆိုတာကို အကြံဥာဏ်ပေးစေချင်ပါတယ်။ နည်းလမ်း လေးများရှိရင် ပြောပြစေလိုပါတယ်။ ဆေးထိုး ဆေးသောက်နည်းလေးများရှိမလားဆရာ။ ဘယ်လိုလုပ်လုပ် သူနဲ့ခု အခြေအနေမှာယူဖို့ ဆိုတာ မဖြစ်နိုင်သေးလို့ပါ။
Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/medical-abortion-1.html
Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/medical-abortion-2.html
Medical abortion (3) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/03/medical-abortion-3.html
Mon, Dec 31, 2012 at 12:28 PM
၆ ရက်အတွင်း Ecee2 ၂ လုံး နဲ့ Lovo 72 ၂ လုံးစီ သောက်မိတာပါ။ အတုတွေပေါ်တယ် ကြားလို့ ပြီးတော့ စိတ်မချလို့ ၂၄ နာရီ အတွင်း Ecee2 ရယ် ၇၂ နာရီ အတွင်း Levo 72 တို့ကို နှစ်လုံး စီတစ်ပြိုင် တည်းသောက်လိုက်တာ။ အဲ့ဒါဆိုးကျိုး ဘယ်လောက်ဖြစ်နိုင်လဲ သိချင်ပါတယ် ဆရာ side effect တွေက လူတိုင်းဖြစ်နိုင်လားဆရာ။
အပြောရခက်တယ်။ ဆေးအစစ်ဆိုရင်လဲ ၆ ရက်ဖြစ်နေလို့ စိတ်မချရပါ။ ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးတွေ ခံစားရနိုင်တယ်။ အတုဆိုရင် ဘယ်လို အတုလဲ မသိနိုင်လို့ ပြောမဖြစ်ပြန်ပါ။ အရေးပေါ်တားဆေး၊ တားနည်း၊ ပုံမှန် တားဆေး၊ တားနည်းတွေ အကုန်လောက် ရေးထားပါတယ်။
Wed, Jan 2, 2013 at 11:49 AM
ကျွန်တော့် အမျိုးသား အင်္ဂါထိပ်မှာ အရည်ကြည်က တခါတခါ စွတ်ဆိုလေ့ရှိနေတာ တလနီးပါလောက်ရှိနေပြီဖြစ်တယ်။ ဆီးသွားတဲ့အခါမှာလည်း တခါတရံ ပူသလို ခံစားမှုမျိုးဖြစ်နေပါတယ်။ ဒါကြောင့် ထိုင်းက ဆေးရုံတခုမှာ ဆီးစစ်တဲ့အခါ ဆရာဝန်က Cifran OD Ciprofloxacin Extened Release Tablets 1000 Mg ဆေး ၅ လုံး သောက်ဖို့ ပေးလိုက်ပါတယ်။ ဆေးကို ကုန်အောင်သောက်ခဲ့ပေမယ့် အဲ့ဒီ ရက်ပိုင်းက သောက်မိတာမျိုးလည်း ရှိခဲ့ပါတယ်။ အဲ့ဒီကနေ့ ၂ ပတ်လောက် ကောင်းကောင်းမွန်ဖြစ်ဖြစ်နေရာကနေ နောက်ပိုင်းမှာတော့ လိင်ဆက်ဆံမှု ရှိခဲ့ပြီး အခု မနက်ခင်း အိပ်ယာထနဲ့ ဆီးမသွားဖြစ်တဲ့ အခါတွေမှာ အင်္ဂါထိပ်မှာ အရည်ကြည် စွတ်ဆိုမှုက ပြန်ဖြစ်နေပါတယ်. အနံအသက်လည်း နေ့စဉ် သန့်ရှင်းပေမယ့် အနံ တခု ရှိလာပါတယ်။ ကြားထဲ လိင်ဆက်ဆံမှုလည်း ရှိခဲ့တဲ့တော့ လိင်ဆက်ဆံဖော်မှာရော သက်ရောက်မှု ရှိနိုင်ပါသလား။ အဲ့ဒါ ဘာကြောင့်လဲဆိုတာလေး သိချင်ပါတယ်ဆရာ။ လိုအပ်ရင်လည်း ဆေးညွှန်းလေး ပေးစေချင်ပါတယ်ဆရာ။
Gonorrhea ဂနိုရောဂါ
Wed, Jan 2, 2013 at 9:41 AM
ကိုယ်ဝန်ရှိနေစဉ် သွေးဆင်းတယ်ဆိုတာ ဘယ်လောက်များများ ဆင်းလဲ သိချင်ပါတယ် ဆရာ။ ကျွန်မတို့ ဇနီးမောင်နှံက သားသမီးယူဖို့ ကြိုးစားနေကြတာပါ။ ပြီးခဲ့တဲ့လ အထိ ရာသီပုံမှာလာခဲ့ပြီး ဒီလမှာ ပုံမှန် လာရမယ့် ရက်ထက် (၇)ရက်လောက် စောပြီး သွေးဆင်းနေပါတယ်။ ဒါဟာ ပုံမှန်သွေးဆင်းတာလား ကိုယ်ဝန်ရှိတာလားဆိုတာ ဘယ်လိုခွဲခြားသိနိုင်မလဲ သိချင်ပါတယ်ဆရာ။
သွေးဆင်းရင် ကိုယ်ဝန်မဟုတ်ဘို့က ပိုများတယ်။ ကိုယ်ဝန်ရှိကာစ ဆင်းတယ်ဆိုတာ ရာသီလာသလို မဟုတ်ပါ။ ကိုယ်ဝန်တိုင်းလဲ မဆင်းပါ။ ဆင်းတာကလဲ စွန်းယုံသာဆင်းမယ်။ သေချာဘို့ကတော့ ဆီးစစ်ရမယ်။
Wed, Jan 2, 2013 at 7:28 AM
၁) မိန်းကလေးတယောက်ကို ကိုယ်ဝန်ရှိနေ-မရှိနေကို အပြင်ပန်းကနေဘယ်လိုသိနိုင်မလဲ။
၂) မိန်းကလေးအနေနဲ့ရော ဘယ်လိုသိနိုင်မလဲ (အလွယ်ကူဆုံး/အပြင်ပန်း)
၃) ကိုယ်ဝန်စရှိရင်ရော ဘယ်လိုလက္ခဏာတွေ စပြမှာလဲ (ခေါင်းမူး/အော့အန် စသဖြင့်)
၎) ကိုယ်ဝန်ဘယ်နစ်လလောက်ဆိုရင် လက္ခဏာတွေစပြမှာလဲ။
၅) ကိုယ်ဝန်လို့စသိလိုက်ချိန်မှာ ရာသီပေါ်ဆေးတွေ သောက်ရင်ရောဘာဖြစ်နိုင်မလဲ။
Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)
Wed, Jan 2, 2013 at 7:18 AM
ကျွန်တော့်မျက်နှာမှာဝက်ခြံပေါက် ပျောက်သွားတဲ့အခါကျရင် အမည်းစက်တွေ ကျန်ကျန်ခဲ့တယ်။ ဆေးနည်း သို့မဟုတ် နည်းလမ်းကောင်းလေးရှိရင် ဖြေကြားပေးပါအုံးဆရာ။
Acne ဝက်ခြံ ရောင်စုံ
Tue, Jan 1, 2013 at 10:22 PM
ဆရာရေးတဲ့ဆေးစာတွေဖတ်ရပါတယ်။ အဲဒီထဲမှာ ရာသီလာတာမမှန်တာဆိုတာကိုဖတိမ်လိုက်ပါတယ်။ အဲဒါကို သိပ်မရှင်းလို့ပါ။ ကျွန်တော့်မှာချစ်သူရှိပါတယ်။ သူက ရာသီလာတဲ့ရက်မတူးဘူးဖြစ်နေလို့ပါ။ တစ်လမှာ၂၅ ရက်နဲ့ လဲလာတယ်။ ၂၃ ရက်နဲ့လဲလာတယ်။ အဲလိုရက်မမှန်ဘူးဖြစ်နေပါတယ်။ အဲဒါ အန္တရာယ်ရှိပါသလားဆရာ။
မိန်းကလေး အတော်များများ မမှန်တာဖြစ်တတ်တယ်။ ၂-၃ ရက်သာလွဲလို့ စိုးရိမ်စရာမရှိပါ။ လမှန်နေဘို့က ရက်မှန်တာထက် အရေးကြီးတယ်။ လူကလဲ နေကောင်းနေရင် ဆေးမလိုပါ။
Tue, Jan 1, 2013 at 10:21 PM
ဒေါက်တာ ကျွန်တော် ဆီးလမ်းကြောင်းပိုးဝင်လို့ ဆရာပြောတဲ့ Doxycycline 100mg သောက်တာ ပျောက်ကင်းလုနီးပါး ဖြစ်နေပါပြီ သို့သော် မာစတာဘေးရှင်း စမ်းလုပ်ကြည့်သည့်အခါ အင်္ဂါ မာလာသော်အခါ ဆီးပြွန်အတွင်း မှ အလွန်နာပါသည် မည်သည့်ဆေးဆက်သောက်ရမည်ကိုလည်း ပြောပြပေးပါဦးခင်ဗျာ
ရောင်နေတာ မပျောက်သေးတာဖြစ်နိုင်ပါတယ်။ အနာသက်သာဆေးလဲသောက်ပါ။ အနာသက်သာဆေးက မနာပေမဲ့လဲ ရောင်တာသက်သာဘို့ သောက်ရတာဖြစ်တယ်။
Paracetamol, Ibuprofen တခုခုသောက်ပါ။ တခါသောက် ၁ လုံး၊ တနေ့ ၂-၃ ကြိမ်၊ ၄-၅ ရက်။
Tue, Jan 1, 2013 at 8:45 PM
ကျွန်တော့ ကောင်မလေးက အရင်လက ရာသီလာတာ 6.12.2012 ရက်နေ့ပါဆရာ။ ကျွန်တော် ခဏခဏမေးဖူးပါတယ်။ ဆရာမှတ်မိမယ်ထင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ဆက်ဆံပြီးတော့ Ecee2 တိုက်ခဲ့တယ် လို့ပြောဖူးပါတယ်။ အရေးပေါ်တားဆေးကို အရမ်းအရေးကြီးမှ သင့်မှန်း သိပေမဲ့ ဒီလမှာရက်သိပ်မခြားဘဲ ဆက်ဆံမိတာကြောင့် Ecee2 ကို ရက်သိပ်မခြားဘဲ တိုက်ခဲ့ပါတယ်ဆရာ။ အခု ကျွန်တော်ပြောချင်တာက သူဒီနေ့ 1.1.2013 ရက်နေ့မှာ ရာသီလာတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အရောင်က အညိုဖျော့ဖျော့တွေ ဖြစ်နေတယ်လို့ ပြောပါတယ်။ ကျွန်တော်စိတ်ပူလိုပပါဆရာ။ အဲလိုမျိုးဖြစ်တက်ပါသလားခင်ဗျာ။ ဘာဆေးသောက်ရမလဲမသိလို့ပါဆရာ။ သူ့အသက်က 25 ပါဆရာ။ အရင်လတွေကလည်း ရာသီရက်သိပ်မမှန်တက်သူပါ။ ပြီးတော့ လာရင်လည်း ကိုက်တယ်လို့ပြောပါတယ်။ သူကဆရာရဲ့ဆိုဒ်တွေဖတ်ပြီး ရာသီရက်မှန်အောင် ပုံမှန်တားဆေးသောက်ရင် ကောင်းမလားမသိဘူးဆိုပြီး ပြောနေပါတယ်။ သူခုရာသီလာတာ အညိုဖျော့ရောင်ဖြစ်နေလို့ပါဆရာ။
ရာသီဆင်းတဲ့ အရောင်အတွက် စိုးရိမ်စရာမရှိပါ။ လမှန်ဘို့သာလိုတယ်။ ဆေးတွေသောက်ထားလို့လဲ ခါတိုင်းနဲ့မတူတာဖြစ်နိုင်တယ်။
Tue, Jan 1, 2013 at 5:30 PM
တချို့ကပြောတယ် ဆက်ဆံတဲ့အခါ မဆက်ဆံခင် မိန်းမအင်္ဂါကို လျှာနဲ့လျှက်ပေးတာက သူ့အတွက်စိတ်ကို ပြည့်စေတယ်၊ ကိုယ့်အတွက်စိတ်ကိုပြည့်စေတယ် ဆိုတာကရော ဘယ်လိုသဘောရပါသလဲဆရာ။ လုပ်သင့်သလား မလုပ်သင့်သလား။ သူ့ကိုဆန္ဒပြည့်စေချင်တယ်ဆရာရယ်။ ဘယ်လိုလုပ်ပေးသင့်ပါသလဲ။ သူ့ကိုဆန္ဒပြည့်အောင် ကိုယ့်ရဲ့အင်္ဂါကိုပဲ စုပ်ခိုင်းရမလား။ အကြံညဏ်လေးပေးပါအုံးဆရာရယ်။
Oral practice ဆက်ဆံရာတွင် ပါးစပ်ကို အသုံးပြုခြင်း
Tue, Jan 1, 2013 at 9:28 AM
သမီး အသက် ၂၄ နှစ်၊ အခု သားဦးကိုယ်ဝန် ၂ဝ ပတ်ရှိပါပြီဆရာ။ Ultra Sound ရိုက်တော့ footling breech position ဖြစ်နေပါတယ်တဲ့ဆရာ။ အရင် အချင်းကျတာကတော့ အပေါ်တက်လာပေမယ့် နဲနဲကျန်သေးတယ်လို့ ပြောပါတယ်ဆရာ။ သမီးစာတွေဖတ်ကြည့်တော့ အခုချိန်ကမစိုးရိမ်ရဘူးလို့တော့ သိရပါတယ်ဆရာ။ ကလေးကို ပုံမှန် အခြေအနေပြန်ရောက်အောင် ဘယ်လိုနေထိုင်ရမယ် ဆိုတာ လမ်းညွှန်ပေးပါ။
မစိုးရိမ်ပါနဲ့။ ၂ဝ ပါတ်က စောပါသေးတယ်။ ကလေးအနေအထား ပြောင်းနေမယ်။ ကိုယ်ဝန်ရင့်ချိန် ထပ်ရိုက်ခိုင်းမယ်။ အချင်းကလဲ သားအိမ်အဝ အတွင်းနားကနေ ဝေရာကိုရောက်ရမယ်။ ဒါလဲ ရင်းလာမှ ပိုသိမယ်။ အနေအထိုင်၊ အစားအသောက်ဆိုတာတွေ ဆရာရေးထားတာ အများကြီးပါ။ ခေါင်းစဉ်ရွေး အေးအေးဆေးဆေး ဖတ်ပြီး လက်လှမ်းမီတာ လိုက်နာပါ။ စာရှာမရရင် ပြောပါ။
http://dts-medicaleducation-adult.blogspot.in/
Fri, Jan 4, 2013 at 1:15 PM
ကျွန်တော်က (့) မှာနေပါတယ်။ ကျွန်တော့်မှာ ကောင်မလေးလဲရှိပါတယ်။ ကျွန်တော့်အသက် ၂၃ နှစ်ရှိပါပြီ။ တစ်ခါမှ လိင်မဆက်ဆံဘူးပါဘူးး ပြီးခဲ့တဲ့ရက်က ကောင်မလေးနဲ့ လိင်ဆက်ဆံဖို့ကြိုးစားခဲ့ပါတယ်။ ကျွန်တော့်ရဲ့လိင်က သူနဲ့စကာနီးကျမှ မမာဘူးဖြစ်နေတယ်ဆရာ။ ကျွန်တော်လဲ မာစတာဘေးရှင်း မကြာခဏလုပ်ပါတယ်။ ပုံမှန်ပါဘဲ။ သူနဲ့စပြီးဆက်ဆံတော့မှ အဲ့လိုမထဘူးဖြစ်နေတယ်။ အဲ့ဒါရောဂါလားဆရာ။ ဘယ်လိုကြောင့်ဖြစ်တယ်ဆိုတာလေးကို ရှင်းပြပေးစေချင်ပါတယ်။
Erectile Dysfunction (4) ပန်းသေ-ပန်းညှိုး (၄)
ယမုန်နာဆေးခန်း - အမေး အဖြေ (၁၀၇) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




