10
Jan

အမေး အဖြေ (၁၀၉) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. ကျွန်တော်က (့) နိုင်ငံမှာ အလုပ်လုပ်နေတာပါ။
2. Bartholin's abscess အကြောင်း အသေးစိတ်သိချင်ပါတယ်ဆရာ
3. ကျွန်တော်ကို အများစုက ပိန်သွားတယ်လို့ပြောပါတယ် ဆရာ။
4. ကျွန်တော့် ကောင်မလေးက ၁၁/၂ဝ၁၂ မှာ ရာသီမလာပဲ ၁၂/၂ဝ၁၂မှာပြန်လာတယ်။
5. သမီးပွင့်ပွင့်လင်းလင်းသိချင်တာလေးရှိလို့ပါ။
6. ဆရာရှင့် ကျမကတော့ အသက်က 24 ပါရှင့်
7. ကျွန်တော်လွန်ခဲ့တဲ့ ၁၁ လလောက်တုံးက လိင်ပျော်ပါးဖူးပါတယ်ဆရာ။
8. ကျွန်တော့ အသက် 19 ပါ။
9. ဆရာရှင့် ရိုသေလေးစားစွာ အားနာစွာဖြင့်ထပ်မံအကြံတောင်းခံလိုပါသည်ရှင့်။
10. ကျွန်တော်နာမည်က (့) ပါ။
11. ကျွန်တော့်ကောင်မလေး အကြောင်းပါ။
12. ကျွန်တော်ကရန်ကုန်ကပါ။ ကျွန်တော်က အသက် 23 နှစ်ရှိပါပြီ။

Tue, Jan 8, 2013 at 1:55 PM
ကျွန်တော်က (့) နိုင်ငံမှာ အလုပ်လုပ်နေတာပါ။ အသက်၂၅နှ စ်ပါ။ လွန်ခဲ့တဲ့ ၂ ပတ်လောက်က ပေါင်ခြံတွေမှာ ယားနာလေးတွေ ထွက်လာပါတယ်။ ပုံမှာပါတဲ့ အတိုင်းပါပဲ။ ပြည်ဖုလေးတွေ ထွက်လာပြီး နောက်တော့ပေါက်ပြီး ခြောက်သွားပါတယ်။ ဒီလိုမျိုး လွန်ခဲ့တဲ့ ၁နှစ်လောက်ကလည်း ဖြစ်ဖူးပါတယ်။ ၂ လလောက်နေတော့ ပြန်ပျောက်သွားတယ်။ အခုက ဒုတိယ အကြိမ်ပါ။ သတိထား မိတာက ဆောင်တွင်းမှာ ထွက်ပါတယ်။ ဒီနိုင်ငံကအေးတော့ ရေပူနဲ့ချိုးရပါတယ်။ ရေပူချိုးပြီးရင် ထွက်လာတတ်ပါတယ်။ ပေါင်ခြံမှာပဲ ရှိပါတယ် တခြားနေရာမှ မရှိပါဘူး။ သက်ဆိုင်မှုရှိမရှိတော့ ဆရာက ရှင်းပြပေးစေလို ပါတယ်။ နောက်တခုက လိင်တံထိပ်မှာ ဖုလုံးလေး ထွက်နေလို့ပါ။ သူကဖြစ်နေတာ ၃-၄ နှစ်လောက်ရှိနေပါပြီ။ မနာလည်းမနာပါဘူး ယားလည်းမယားဘူး။ ဖုလုံးဆိုပေမယ့် မာမနေပါဘူး။ နှိပ်လိုက်ရင် ဘာမှမရှိပါဘူး အပြင်မှာသာ ဖေါင်းထွက်နေတာပါ။ ဘာမှမဖြစ်တော့ ဆေးခန်းလည်း မပြခဲ့ပါဘူး။ အခုဆရာ့ဆောင်းပါတွေ ဖတ်မိတော့မှ လိင်အင်္ဂါကြွက်နို့ဖြစ်နေမလားဆိုပြီး စဉ်းစားမိလို့ပါ ကျွန်တော်က ဆေးပညာ ဗဟုသုတလည်း နည်းတော့ ဆရာမှ အပြည့်အစုံရှင်းပြပေးစေချင်ပါတယ်။ အဲ့ဒီဟာ မဖြစ်ခင်က လိင်ဆက်ဆံဖူးပါတယ်။ နောက်နှစ်ထဲမှာ ကျွန်တော် အိမ်ထောင်ပြူဖို့လည်းရှိပါတယ်။ အိမ်ထောက်ဖက်ကို ကူးစက်နိုင် မစက်နိုင်ရယ်၊ ရင်သွေးရော ကူးစက်နိုင်ပါသလား။ ယားနာထွက်တာနဲ့ လိင်တံထိပ်ကဖုလုံးဟာ ဆက်စပ်မှုရှိပါသလား ခင်ဗျာ။ ဆောင်ရန် ရှောင်ရန်များကို ပြည့်စုံစွာ ဖြေကြားပေးစေချင်ပါတယ်။ ပုံတွေပါ ရိုက်ပေးလိုက်ပါတယ်။

နှစ်မျိုးဖြစ်နေတယ်။ ယားတာ၊ ရေနွေးချိုးပြီးဖြစ်တာတွေက (အလာဂျီ) သဘောဖြစ်နိုင်တယ်။ မတည့်တာကနေဖြစ်တာမျိုးပါ။ Cetrizine ဆေးပြား တနေ့ ၁ ပြားသောက်ပါ။ Calamine lotion ဆေးလိမ်းပေးနိုင်တယ်။ သက်သာပြီးလဲ မသင့်တာနဲ့တွေ့ရင်ပြန်ဖြစ်နိုင်တယ်။ အင်္ဂါမှာဖြစ်နေတာက နဲနဲဆန်းတယ်။ လိင်ကတဆင့်ကူးစက်ရေဂါတွေနဲ့ မတူသလိုဘဲ။ ဆရာဝန်ပြသင့်တယ်။ အရေပြားအထူးကု၊ ဆီးလမ်းအထူးကု။ ခွဲစိတ်အထူးကု ညွှန်ပါလိမ့်မယ်။ အိမ်ထောင်ကျရင် ကူးစက်တာ မပြောနိုင်သေးပါ။

Tue, Jan 8, 2013 at 5:34 PM
Bartholin's abscess အကြောင်း အသေးစိတ်သိချင်ပါတယ်ဆရာ

Bartholin's cyst (ဘာသိုလင်-ဆစ်စ်)
• Abscess ခူနာ ခေါ်သော ပြည်တည်နာ http://dts-medicaleducationblogspotcom/2010/04/blog-posthtml
• Boil မွေးကျွတ်နာ http://dts-medicaleducationblogspotcom/2010/09/boilhtml

Tue, Jan 8, 2013 at 5:31 PM
ကျွန်တော်ကို အများစုက ပိန်သွားတယ်လို့ပြောပါတယ် ဆရာ။ အဲဒါကျွန်တော် “ဝ”ချင်ပါတယ်ဆရာ။ သူများတွေကပိန်အောင် ဝိတ်ချပေမဲ့ ကျွန်တော်ကတော့ “ဝ”ချင်ပါတယ်ဆရာ။ ဘယ်လို နေထိုင်စားသောက်ရမယ်ဆိုတာ လမ်းညွှန်ပေးပါနော်။

Weight gain လှယုံမက ဝချင်သေးရင်

Tue, Jan 8, 2013 at 5:24 PM
ကျွန်တော့် ကောင်မလေးက ၁၁/၂ဝ၁၂ မှာ ရာသီမလာပဲ ၁၂/၂ဝ၁၂မှာပြန်လာတယ်။ အဲဒီမတိုင်ခင် အဖြူဆင်းတယ်။ လာပြန်တော့ ပထမ ၃ရက်မှာ သွေးခဲတုံးတွေနဲ့ များတယ်။ နောက်တော့ နဲနဲ ချင်းလာနေတယ်။ ၁ပတ်မကတော့ဘူး မရပ်သေးဘူးဖြစ်နေတယ်။ အစ ရာသီမလာတော့ ကိုယ်ဝန်ရှိပြီထင်နေတာ။ baby check နဲ့စစ်တော့လည်းပေါ်ဘူး။ လနုလို့လား။ ဘာဖြစ်တာလဲ။ ဆရာဝန်တစ်ဦး နဲ့ပြကြည့်ချင်ပါတယ်။ လမ်းညွှန် အကြံပေးပါ။

ဆရာဝန်နဲ့ပြတာ ကောင်းပါတယ် OG ကိုပြသင့်ပါတယ်။ ကိုယ်ဝန်အတွက် ဆီးစစ်နည်းအကြောင်းကိုလဲ ဖတ်ချင်ရင် ဖတ်နိုင်ပါတယ်။ ၁၂ လမှာလာသူဟာ ၁၁ လ တုံးကမလာခဲ့တာက ကိုယ်ဝန် ဟုတ်ချက်လဲ ဟုတ်ပြီး ပျက်သလိုဖြစ်တာကြောင့် ဆင်းတာ ပုံမှန်မဟုတ်တာလဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆီးစစ်တာ မပေါ်လို့ ကိုယ်ဝန်ရှိခဲ့တာ မဟုတ်ပြန်ဘူး။ ရာသီရက်ဆိုတာ အဲလိုဘဲ အပြောင်းအလဲရှိတယ်။ ကိုယ်ဝန်ပျက်တာ မဟုတ်ရင် စိုးရိမ်စရာမရှိပါ။ ဆင်းတာ များရင် ရက်ကြာရင် သွေးအားနည်းစေတတ်လို့ သံဓါတ်ဆေးသောက်ပါ။ ဆင်းတာ နည်းစေဘို့ အထောက်အကူရအောင် ဗီတာမင် စီ ၅ဝဝ အားလဲ သောက်နိုင်ပါတယ်။

Tue, Jan 8, 2013 at 4:42 PM
သမီးပွင့်ပွင့်လင်းလင်းသိချင်တာလေးရှိလို့ပါ။ သမီးအမျိုးသားက နယ်မှာအလုပ်လုပ်နေသူပါ။ သမီးဆီကို တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါလောက်ပြန်လာတက်ပါတယ်။ အဲ့ဒီလိုပြန်လာတဲ့အချိန်တိုင်းမှာ သမီးတို့တွေ ဘာအကာအကွယ်မှမသုံးဘဲ ဆက်ဆံပါတယ်ဆရာ။ သမီးတို့က ယူထားတာလည်း သိပ်မကြာသေးတော့၊ အမြဲတမ်းလည်း အတူတူမနေဖြစ်တော့ ပုံမှန်တားဆေး မသောက်မိပါဘူးဆရာ။ ဒါပေမဲ့ အရေးပေါ်တားဆေး Ecee2 ကို သောက်မိပါတယ်။ အရေးပေါ်တားဆေးတွေက တကယ့်အရေးပေါ်မှ သောက်ရတယ်ဆိုတာ ဆရာဆိုဒ်တွေ ဖတ်ရလို့ သမီး သိသွားပါတယ်ဆရာ။ သမီးကရာသီလမမှန်တက်သူဆိုတော့ ရက်ရှောင်နည်း တွက်ရတာလည်းအဆင်မပြေလို့ပါ။ ကွန်ဒုံးသုံးဖို့ကျတော့လည်း လင်မယားဆိုတော့ မသုံးဖြစ်ပါဘူးဆရာ။ သမီးတို့က တစ်လမှာ 2 ကြိမ်လောက်သာ အနည်းဆုံးဆက်ဆံဖြစ်တဲ့အတွက် သမီးသိချင်တာက သမီး ဘယ်လိုဆေးမျိုး သောက်ရမလဲဆိုတာပါဆရာ။ ဆရာရဲ့ တားဆေးတားနည်းဘယ်ဟာရွေးမလဲ၊အရေးပေါ်တားဆေးအရေးကြီးမှသုံးရတယ်။ အဲ့ဒီ့ဆိုဒ်တွေ အားလုံး ဖတ်ပြီးပါပြီဆရာ။ သမီးဘာလုပ်ရမလဲမသိလို့ပါ။ အကြံညဏ်ပေးပါအုံးဆရာ။ သမီးတို့အခြေနေက ခုချိန်မှာ ကလေးမလိုချင်သေးလို့ပါ။

စာတွေလဲဖတ်ထားတာဆိုတော့ ကိုယ်တိုင်ဘဲ ရွေးသင့်တယ်ထင်ပါတယ်။ ကိုယ့်လိုအပ်ချက်၊ ကိုယ်လက်လှမ်းမီတာ၊ ကိုယ့်ကျန်းမာရေး (၃) ချက်အရ အကောင်းဆုံးရွေးပါ။ ပုံမှန်နည်းတခုခုကိုပိုစဉ်းစားသင့်ပါတယ်။ ရာသီရက်လဲ မှန်စေချင်ရင်တော့ ဟော်မုန်း ၂ မျိုးတွဲ၊ တနေ့ ၁ လုံး၊ တလ ၂၈ လုံးသောက်ဆေးက တချက်ခုတ် ၂ ချက်ပြတ် ဖြစ်နိုင်ပါတယ်။

Tue, Jan 8, 2013 at 12:48 PM
ဆရာရှင့် ကျမကတော့ အသက်က 24 ပါရှင့် အိမ်ထောင်သည်တစ်ယောက်ပါရှင့်။ ကလေးတော့မရသေးသလို ကိုယ်ဝန် မရရန်အတွက်လဲ သုံးလခံဆေး ထိုးထားပါတယ်ရှင့်။ ခုကျမရဲ့မိန်းမိကိုယ်မှ အနံနံနေခြင်းနှင့် ဆီးကျင်ခြင်းများ ဖြစ်နေပါတယ်ရှင့်။ ဆီးကတော့ ခုဆရာဖော်ပြထားသလို အရောင်တွေဘာတွေ မပြောင်းပါဘူးရှင့်။ ဒါပေမယ့် အေးရင် အရမ်းအောင့်ပြီး ကျင်နေပါတယ်ရှင့်။ ပြီးတော့လဲ မိန်းမကိုယ်ကလဲ အရမ်းနံတယ်လို့ ကျမယောက်ျားကပြော ပါတယ်ရှင့်။ အဲဒါလေဆရာ အနံ့မနံအောင် ဘာလုပ်ရမလဲရှင့်။ ကျမခု ph care ကိုတော့သုံးပြီး မိန်းမကိုယ်ကို ဆေးပါတယ်ရှင့်။ မရပါဘူးရှင်။ လိင်ဆက်ဆံပြီးချိန်မှာ အရမ်းကိုနံပါတယ်တဲ့ ဆရာရှင့်။ ကျမယောက်ျားက အဲဒါကိုမနံအောင် ဆရာဝန်တွေ ဆီပြပါဆိုတော့ ကျမလဲ ယောက်ျား ရခါစဆိုတော့ ရှက်လို့မပြရဲလို့ပါရှင့်။ သူကဆေးတဲ့အခါမှာ မိန်းမကိုယ် အထဲထိ ဆေးခိုင်း ပါတယ်ရှင့်။ အဲလိုကျတော့လဲ ကျမနှိုက်ပြီး မဆေးရဲလို့ပါရှင့်။ ကြောက်လို့ပါရှင့်။ ကျေးဇူးပြုပြီးဆရာ သောက်ဆေးသုံးဆေးလေး အနံပျောက်ပြီး ဆီးကျင်ပျောက်ဆေမယ် ဆေးလေး ညွန်ပြပေးပါလို့ မေတ္တာရပ် ခံအပ်ပါတယ်ရှင့်။ ဆီးကတော့ဆရာအများသွားရပါတယ်ရှင့်။ ခဏခဏလဲ သွားရပါတယ်ရှင့်။ ပြီးတော့ဆရာအဝတ်တွေတနေကုန်လျော်ပြီးရေကိုင်ကြာတဲ့နေ့ဆိုပိုပြီးဆီးကျင်ပါတယ်ရှင့်။ (အနံပျောက်နည်းလေးနဲ့ ဆီးကျင်ပျောက်မဲ့နည်းလမ်းလေးကို တိတိကျကျလေးနဲ့ လိုရင်းတိုရှင်းလေး ဖြေကြားပေးစေလိုပါတယ်ရှင့်)

Vaginal odor (ဗဂျိုင်းနား) အနံ့ဆိုးနေခြင်း

Tue, Jan 8, 2013 at 11:20 AM
ဆရာကျွန်တော်လွန်ခဲ့တဲ့ ၁၁ လလောက်တုံးက လိင်ပျော်ပါးဖူးပါတယ်ဆရာ။ ဆေးစစ်တာလည်း ၃ လတကြိမ် ၂ ခါ စစ်ပြီးပါပြီဆရာ။ မရှိဘူးဆရာ။ အဖုနဲအနီအပြင်တွေထွက်လို အရေပြားဆရာဝန်စီကိုလွန်ခဲတဲ့ ၂ လလောက်က ပြခဲ့တယ်ဆရာ။ ကျွန်တော်လေ နောက်ကျောမှာအဖုတွေပေါက်တယ်ပြီးတော့ အနီအင်ပြင်လိုထွက်လိုပြတောဆရာ ပထမနေ့ကေ ဆးကိုတော့ မမှတ်လိုက်မီဘူး။ နောက်တစ်ပတ်ကြတော့ fluconazole capsules 200mg (forcan-200) နဲ့ loratadine 10mg ပေးပါတယ်ဆရာ။ နောက်တပတ်ကြတော့ flugal 150 (fluconazoleUSP 150mg) ရယ် loratadine10mg နဲ့ လိမ်းဆေး cloben-g ပေးတယ်ဆရာ။ ကျွန်တော်ဖြစ်တာကဘာရောဂါလည်းဆရာဖြေပေးပါအုံး။ အဖုတွေက ဝက်ခြံလိုပြောပြီး အနီတွေကပွေးလို့ ပြောတယ်ဆရာ။ ခုအဖုတွေက ပြန်များလာတယ်ဆရာ။ ဘယ်လိုလုပ်ရမလဲဆရာအကြံပေးပါ

ဆေးတွေကတော့ မှို (ဖန်းဂတ်စ်) ဆေးတွေဖြစ်တယ်။ ကောင်းပါတယ်။ ဆရာဝန်လဲပြထားတာမို့ သက်သာ ပျောက်ကင်းပါလိမ့်မယ်။

Tue, Jan 8, 2013 at 9:47 AM
ကျွန်တော့ အသက် 19 ပါ။ ကျွန်တော့်ကောင်မလေးနဲ့ လွန်ခဲ့တဲ့တစ်ပတ်က ဖြစ်ခဲ့ကျပါတယ် အခုလကုန်လို့ လဝက်လောက်ရှိတော့မယ်ဆရာ။ သူရာသီမလာသေးလို့ သူကိုယ်ဝန်ရနေပြီထင်ကြလို့ နှစ်ယောက်လုံး စိတ်သောကရောက်နေရပါတယ်ဆရာ။ ကျွန်တော်တို့ အယ့်တုံးက ကျွန်တော်မပြီးခဲ့ပေမယ့် အရေကြည်ထဲမှာ သုတ်ပိုးပါတတ်တယ်ဆိုတာ ဖတ်လိုက်ရလို့ လန့်နေရပါတယ် အယ့်တာ ကိုယ်ဝန်မဖြစ်ခင် ကိုယ်ဝန် မရအောင် ဘာဆေးတိုက်ရမယ် ဆိုတာ ညွန်ကြားပေးပါဆရာ 29 ရက်နေ့ကဖြစ်တာပါ အခုဆို 8 ရက်နေ့အထိသူ ဘာရာသီမှ မလာသေးလို့ပါဆရာ။

ဆရာက ကိုယ်ဝန်ရနေတာကိုတော့ ပျက်စေအောင် လုပ်မပေးနိုင်ပါ။ သေချာအောင် ဆီးစစ်ပါ။ သုတအဖြစ်သိချင်ရင် ဖတ်စရာတွေ အောက်က လင့် တွေမှာ ဖတ်နိုင်ပါတယ်။
Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း http://dts-medicaleducation-adultblogspotin/2012/05/pregnancy-tests-1html
Pregnancy Tests (2) ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်ရမဲ့ စစ်ဆေးနည်းများ http://dts-medicaleducation-adultblogspotin/2012/05/pregnancy-tests-2html
Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁) http://dts-medicaleducation-adultblogspotin/2012/04/medical-abortion-1html
Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂) http://dts-medicaleducation-adultblogspotin/2012/03/medical-abortion-2html
Medical abortion (3) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃) http://dts-medicaleducation-adultblogspotin/2012/03/medical-abortion-3html
Medical abortion (4) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၄) http://dts-medicaleducation-adultblogspotin/2012/05/misoprostolhtml

Tue, Jan 8, 2013 at 8:30 AM
ဆရာရှင့် ရိုသေလေးစားစွာ။ အားနာစွာဖြင့်ထပ်မံအကြံတောင်းခံလိုပါသည်ရှင့်။ ကျမ၏ မိန်းမကိုယ်မှ ထွက်သောအနံ့အသက်မှာ အရမ်းကိုနံနေပါတယ်ဟု ကျမယောကျာ်းက ပြောပါတယ်ရှင့်။ အဲလို မနံပဲ မွှေးနေအောင် ဘယ်လိုလုပ်ရပါမလဲရှင့်။ ကျမသူများတွေသုံးသလို Ph care လဲသုံးပါတယ်ရှင့်။ မရပါဘူးရှင့်။ ပြီးတော့ဆရာ ကျမမှာဆီးကလဲ ခဏခဏ ကျင်နေပါတယ်ရှင့်။ ဆေးသောက်လဲ မပျောက်ပါဘူးရှင့်။

Women smell အမျိုးသမီး အနံ့မကောင်းခြင်း

Tue, Jan 8, 2013 at 2:57 AM
ကျွန်တော်နာမည်က (့) ပါ။ အမျိုးသမီးက အေးအေးပါ။ အသက်က ၃ဝ နဲ့ ၃၁ ပါ။ ခလေးက ၃ ယောက်ရှိပါတယ်။ နောက်ထပ် ကလေး မယူချင်တော့ပါ။ လက်ရှိနေတာက (့) နိင်ငံမှာပါ။ မေးလိုတာက အမျိုးသမီး သားကြောဖြတ်မယ့်ကိစ္စပါ။ အမျိုးသမီးက ပထမ ၃ လ ထိုးဆေး ထိုးထားပါတယ်။ ထိုးပြီး တပတ်လောက်ကြာမှ လင်မယားအဖြစ်တစ်လအတူနေဖြစ်ပါတယ်။ နောက်တစ်လမှာ ဆီးစစ်ကြည့်တော့ ကိုယ်ဝန် တစ်လရှိနေပါတယ်။ ဒါနဲ့ ကိုယ်ဝန်ကို စုပ်ထုတ်လိုက်ပါတယ် (ဆေးခန်းတခုမှာပါ)။ ထိုအချိန်မှစပြီး ကျွန်တော်တို့၂ယောက် လင်မယားလိုလည်းမအိပ် မနေတော့တာအခုထိပါ။ ဒါပေမယ့် အမျိုးသမီးမှာ ရာသီမဆင်းတော့ပါ။ တခါတရံတစက်၂ စက် စိုရုံလောက်သာလာပြီး အမျိုးသမီးဟာ ၆ လလောက်အထိ ရာသီ မဆင်းတော့ပါ။ ဒါနဲ့ ဆရာဝန်ရဲ့ အကြံပေးချက်နဲ့ အမျိုးသမီးဟာ ကိုယ်ဝန် တားဆေးကဒ် တကဒ်ကို စားပြီးနောက် ရာသီဆင်းပါတော့တယ်။ တော်တော်များများကို ဆင်းပြီး အနံ့အသက်လည်း မကောင်းဘူးလို့ပြောပါတယ်။ အခု ရာသီပုံမှန်ပြန်ဆင်းတာ တစ်လ ရှိပြီပေါ့။ အမျိုးသမီးက သားကြောဖြတ်ချင်နေပါတယ်။ ဒီအချိန်မှာ သားကြောဖြတ်လို့ ရပါသလား။ ရာသီစက်ဝန်း ပုံမှန်ပြန်လည်ခါစအချိန်မှာ သားကြောဖြတ်ခြင်းသည် ရာသီစက်ဝန်းကိုထိခိုက်နိင်ပါသလား။ ဒီအချိန်မှာ သားကြောဖြတ်ခြင်းကြောင့် ကျန်းမာရေး ဆိုးကျိုးများ ဖြစ်နိင်ပါသလား ဆရာ။ ဆရာ့ရဲ့ ကိုယ်ဝန်တားနည်း များစွာကိုလည်း ဖတ်ပြီးပါပြီ။ လက်မောင်းအောက် အပ်ထည့်တာသားအိမ်ထဲ ပစ္စည်းတခုခု ထည့်ထားတဲ့နည်းတွေက ၆ လ တနှစ်ထိ ရာသီ မမှန်တာမျိုးတွေ ဖြစ်တတ်တယ်ဆိုလို့ ထိုနည်းများကိုလည်း မသုံးချင်ပါ။ ဖေဖော်ဝါရီလမှာ တခြားနိင်ငံတခုသို့ ပြောင်းရွှေ့ရမှာဖြစ်တဲ့အတွက် သားကြောဖြတ်တာကို အခုတခါတည်း လုပ်သွားချင်ပါတယ်။ အဒါ လုပ်သင့်။ မလုပ်သင့်။ ဆိုးကျိုး ဘယ်လောက်များများ ဖြစ်နိင်။ မဖြစ်နိင် ဆိုတာ သိချင်ပါတယ်ဆရာ။

သားကြောဖြတ်ခြင်းဟာ လမ်းကြောင်းကို အသေပိတ်လိုက်တာသာဖြစ်တယ်။ ဟောမုန်းနဲ့မသက်ဆိုင်လို့ ရာသီ၊ လိင်စိတ်စတာတွေ ပြောင်းလဲမှု မဖြစ်စေပါ။ လိင်စိတ်မှာတော့ ကာယကံရှင်ရဲ့ စိတ်ကူးစိတ်သန်းအရ နည်းတာရော များတာပါဖြစ်နိုင်တယ် သားကြောဖြတ်လို့ တိုက်ရိုက်ဖြစ်စေတာတော့ မဟုတ်ပါ။ စာ ၂ ပုဒ် မဖတ်ရသေးရင် ဖတ်ဘို့ ပို့ပါတယ်။ ကလေး ၃ ယောက်ဆိုတာ အရေအတွက် မဆိုးပါ။ ရာသက်ပန် ကလေး မရစေတော့တာဖြစ်လို့တော့ အပြန်ပြန်အလှန်လှန် စဉ်းစားပြီးမှသာ ဆုံးဖြတ်စေချင်ပါတယ်။ နောင်တချိန်မှာ စိတ်ပြောင်းလာသူတွေကို ဆရာတွေ့ဘူးတယ်။ ဖြတ်ထား တာကို ပြန်ရအောင်လုပ်ရတာက သိပ် လက်ဝင်ပြီး မသေခြာပါ။ ၅-၁ဝ နှစ်အထိထည့်ထားနိုင်တဲ့ IUCD/IUD ကိုလဲ စဉ်းစားသင့်ပါတယ်။ သူကလဲ ဟော်မုန်းမပါလို့ ရာသီ၊ လိင်စိတ်ကို တိုက်ရိုက် သက်ရောက်စရာမရှိပါ။ အနည်းငယ်တော့ ပြောင်း သူတွေကို တွေ့ဘူးပါတယ်။ လိုအပ်မယ်ထင်ရင် စာရေးထားတာကို ဖတ်နိုင်ပါတယ်။

Tubal ligation အမျိုးသမီး သားသမီး မရတော့အောင် လုပ်ခြင်း http://dts-medicaleducation-adultblogspotin/2012/05/tubal-ligationhtml
Pregnancy after tubal ligation သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ် http://dts-medicaleducation-adultblogspotin/2012/03/pregnancy-after-tubal-ligationhtml
Birth Control Methods How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ http://dts-medicaleducation-adultblogspotin/2012/03/birth-control-how-decidehtml
Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adultblogspotin/2012/03/birth-control-pill-typeshtml

Tue, Jan 8, 2013 at 2:13 AM
ကျွန်တော့်ကောင်မလေး အကြောင်းပါ။ သူမအသက် (၃၈)နှစ် ပါ။ သူမက ဆရာဝန်နဲ့ပြရမှာ ရှက်နေပါတယ်ဆရာ။ သူမပုံမှန် ရာသီလာတာစောပါတယ်။ (၂၁)ရက်ခြား လာပါတယ်။ ရာသီလာရင် (၃)ရက်ကြာ ပါတယ်။ ဒီဇင်ဘာလ ၁၂/၁၃/၁၄ ရက်နေ့ မှာရာသီလာခဲ့ပါတယ်။ ဒီ(၂၂) ရက်နေ့ မှာ ကျွန်တော် နဲ့ အတူနေသလို ဖြစ်ခဲ့ပါတယ်။ ဆက်ဆံတဲ့ အဆင့်တော့ မရောက်ခဲ့ကြပါ။ ခဏသာ အပြင်ပိုင်းမှာသာ ထိတွေ့ မိကြပါတယ်။ ဒီဇင်ဘာ (၂၄/၂၅)ရက်မှာ ရာသီမဟုတ်ဘဲ အညိုရောင်တွေဆင်း တယ်လို့ ပြောပါတယ်။ ဒီဇင်ဘာ (၂၆)ရက်နေ့ မှာ ရာသီအနည်းငယ် ဆင်းလာပြီး ရပ်သွားပါတယ်။ ယနေ့အထိ ရာသီမလာသေးပါ။ အဲဒါကြောင့် (၁) ကိုယ်ဝန်ရှိနိုင်ပါသလား။ (၂) ဆေးဝါး သောက်သုံးရမှာလား။ (၃) ကျွန်တော်တို့ ခလေးရနိုင် သေးရဲ့ လား။ သူမက ဇန်(၁)ရက်မှ စပြီး လေ့ကျင့်ခန်း (bodybuty) လုပ်နေပါတယ်ဆရာ။

ကျွန်တော်တို့ မေလ ရောက်မှ လက်ထပ် ရမှာပါဆရာ။ အားကိုးစွာဖြင့် အကူအညီ တောင်းခံအပ်ပါသည်။ ဆက်ဆံတာ ယောက်ျားလေးက အပြီးအထိမရောက်ရင် ကိုယ်ဝန်မရနိုင်ပါ။ ရာသီ ၂၁ ရက်တခါလာတာ ပုံမှန်လို့ပြောနိုင်ပါတယ်။ ဆင်းတာ အနည်း-အများ၊ အရောင် စိုးရိမ်စရာမရှိပါ။ ကလေးမရနိုင်တော့တဲ့အချက် မတွေ့ရပါ။ သုတအဖြစ်သိလိုတာရှိရင် အောက်က လင့်ခ် မှာ ခေါင်းစဉ်ရွေးဖတ်နိုင်ပါတယ်။

အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ http://dts-medicaleducation-adultblogspotin/

Mon, Jan 7, 2013 at 9:11 PM
ကျွန်တော်က ရန်ကုန်ကပါ။ ကျွန်တော်က အသက် 23 နှစ်ရှိပါပြီ။ လက်ရှိကျွန်တော်ခံစားနေရတဲ့ ရောဂါကတော့ နားကောင်းကောင်း မကြားရတာပါပဲ။ ကျွန်တော်နား 2 ဖက်မှာ ဘယ်ဖက်အခြမ်းက နားက ဘာအသံမှ မကြားရဘူး ဖြစ်နေတယ်ဆရာ။ ကျွန်တော်ငယ်ငယ်က အဲဒါကိုဖြစ်နေမှန်းမသိဘူး။ နောက်မှ ကျွန်တော်ဖုန်းပြောတော့မှ သတိထားမိတာညာဖက်နဲ့ ပြောနေရင်းနားအူလာလို့ ဘယ်ဖက်ပြောင်းပြောတော့ ဘာအသံမှမကြားရဘူးဆရာ။ ကျွန်တော်နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံသွားပြတော့ အဲဒီကဆရာမက ကျွန်တော့်ကို earphone ပုံစံ နားအကြားစမ်းကိရိယာနဲ့ စမ်းတယ်ဆရာ။ ညာဖက်နား ကတော့ ကောင်းကောင်း ကြားတယ်ဆရာ။ ဘယ်ဖက်နားကတော့ ဘာအသံမှကိုမကြားရတာ နောက်ဆုံး အသံအမြင့်ကြီး လုပ်တော့မှ နည်းနည်းကြားရတယ်။ အဲဒါလည်းဆရာရယ် ဘယ်ဖက်ကကြားရသလား၊ ညာဖက်ကဘဲ ကြားရသလားဆိုတာဆိုတာ ကျွန်တော် မခွဲခြားနိုင်ဘူးဖြစ်နေတယ် အသံကအရမ်းကျယ်တော့လေ အဲဒါပြီးတော့ ဆရာမက စစ်ဆေးပြီးထွက်လာတဲ့ စာရွက်ကိုကြည့်ပြီး မင်းနားက ကုလို့  မရတော့ဘူးလို့ ပြောတယ်ဆရာ။ ကျွန်တော် အဲဒီစကားကိုကြားပြီးတော့လေ တစ်ကိုယ်လုံး နုံးပြီး စိတ်ဓာတ်တွေကျပြီး လူလည်း သေချင်စိတ်ပေါက်သွားတယ်ဗျာ။ အခုဆိုရင် ပိုဆိုးတာက ညာဖက်လည်း သိပ်မကြားချင်ဘူး။ အလုပ်ထဲမှာလည်း နားမကြားလို့ အဆင်မပြေဘူးဆရာ။ အားလုံးကလည်း နားလေးလို့ ခေါ်နေတာကို စိတ်ပျက်တယ်ဗျာ။ ကျွန်တော်ကို ဆရာမကနားကြား ကိရိယာလည်းတပ်လို့ မရဘူးပြောတယ်ဆရာ။ တပ်ရင်လည်း သိပ်မကြားရဘူး။ တပ်လည်းမတပ်ချင်ဘူးဆရာရယ်။ ကျွန်တော်ကို အဆင်ပြေမယ့် နည်းလမ်းလေး ပေးပါဆရာ။ ကျွန်တော်နား 2 ဖက်လုံး ကောင်းကောင်းကြားချင်တယ်ဆရာ။

Hearing loss သောတအာရုံ

ဒေါက်တာတင့်ဆွေ - အမေး အဖြေ (၁၀၉) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top