12
Jan

အမေး အဖြေ (၁၁၀) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. ကျနော့်နာမည် မောင် (့) ပါ။
2. ဆရာရှင့် အရေပြားအောက်ဆေးချောင်းထည့်ခြင်း ကောင်းကျိုး ဆိုးကျိုးကို သိချင်ပါတယ်။
3. သမီးအမျိုးသားမှာ B ပိုးရှိနေပါတယ်။
4. ကျွန်တော်သူငယ်ချင်းတယောက် သူ့လိင်တံကနေ သုတ်ရည်တွေ အလိုလိုထွက်နေပါတယ်ဆရာ။
5. ယခုအောက်မှာ ဆရာတင်ထားပေးတာကိုကူးယူဖော်ပြထားတဲ့ Cytotec ဆေးအကြောင်း
6. သမီးက အသက် ၂၈ ပြည့်တော့မှာပါ။
7. သမီးနဲ့ သမီးကောင်လေးအကာအကွယ်မပါပဲ နေထိုင်မိပါတယ်။
8. သမီးလွန်ခဲ့တဲ့ တပတ်က PAP Smear စစ်ပါတယ်။
9. သမီးက 1.1.2013 မှာ ရာသီစလာပါတယ်ဆရာ။
10. ကျွန်မအသက်က 20 ပါ။
11. ကျွန်တော် အကူအညီလေးတောင်းချင်လို့ပါ။
12. ပါးစပ်နဲ့ လိင်ဆက်ဆံရင် HIV ကူးစက်နိုင်ပါသလားခင်ဗျာ။
13. ဒါနဲ့ ကာကွယ်ဆေးအခြေအနေကရောဆရာ။
14. ဆရာ့မေးလ်က ကျွန်မပူပင်သောကကို တော်တော်လေး ဖြေဖျောက်ပေးပါတယ်။

Wed, Jan 9, 2013 at 2:44 AM
ကျနော့်နာမည် မောင် (့) ပါ။ ကျနော့်အသက်က ၂၅ နှစ်ပါ။ လူပျိုပါ။ (့) မှာ အလုပ်လုပ်နေရပါတယ်။ ကျနော့်ညာဖက်ဝှေးစေ့နာနေပါတယ်ဆရာ။ လွန်ခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့က ကျနော့်ကောင်မလေးနဲ့ ချိန်းတွေ့ပြီး လိင်ဆက်ဆံမိပါတယ်။ နောက် ၃ ရက်လောက်မှာ ကျနော့် ဝှေးစေ့အောင့်လို့ လက်နဲ့စမ်းကြည့်တော့ ညာဖက်ဝှေးစေ့နေက်ဖက်မှာ အကြောထုံးသလို အကျိတ်လို အမာခဲ အခဲတစ်ခဲကို စမ်းမိပါတယ် ခင်ဗျာ။ ဝှေးစေ့နဲ့ တဆက်တည်းပါ။ လက်နဲ့ ကိုင်ကြည့်မှ နာပါတယ်။ ထိကြည့်မှနာပါတယ်။ သေးပေါက်တာ သုတ်လွှတ်ကြည့်တာလည်း ပုံမှန်ပါ။ ကျနော် စိုးရိမ်လို့ ဆရာဝန်နဲ့ ပြကြည့်ပါတယ်။ ဒါပေမယ့် (့) မှာက ဆရာဝန်တွေဟာ ကျနော်တို့လိုနိုင်ငံခြားက အလုပ်လာလုပ်တဲ့လူတွေကို ဂရုမစိုက်ပါဘူးခင်ဗျာ။ မြန်မာဆိုရင် ပိုပြီးနှိမ်ပါတယ် ခင်ဗျာ။ ကျနော်က ဝှေးစေ့နာတယ်လို့ပြောတာကို တရုတ်လူမျိုး ဆရာဝန်က နားရွက်ကို စစ်ဆေးပါတယ်ခင်ဗျာ။ ပြီးတော့ ၁ဝ ရက်စာသောက်ဆေးပေးလိုက်လို့ အခုဆေးသောက်နေပါတယ် ခင်ဗျာ။ ကျနော်တော်တော်လေးကို စိတ်ဓာတ်ကျမိပါတယ်။ ဘာလုပ်ရမလဲ။ ဘယ်ဆရာဝန်ကို သွားပြရမလဲ မသိပါဘူးခင်ဗျာ။ အရမ်းလည်းကြောက်လန့်မိပါတယ်။ နောက်တော့မှ သူငယ်ချင်တစ်ယောက်ရဲ့ အဆက်အသွယ်နဲ့ ဆရာ့အီးမဲလ်လိပ်စာရလို့ ဆရာ့ဆီ ဆက်သွယ်တာပါ။ ဖျားတာနာတာလည်းမရှိပါ။ ဒါပေမယ့် ဒီလိုမဖြစ်ခင် ၄ ရက်လောက်က ကျနော်သေးပေါက်ပြီးသွားရင် သေးကျန်နေသလိုခံစားရပါတယ်။ ကျနော့်အလုပ်က ၁၂ နာရီ လမ်းလျှောက်လုပ်ရပါတယ်ဆရာ။ ကျနော် ဘာလုပ်သင့်တယ် ဘာဆေး စားရမယ် ခွဲစိတ်ကုသဖို့လိုမလိုဆိုတာကို ဆရာအကြံပေးစေချင်ပါတယ်ခင်ဗျာ။

မေးတာထဲမှာ ကျားအစေ့နာသူကို ဆရာဝန်ကနားရွက်စမ်းတယ်ဆိုလို့ ပြုံးမိသဗျာ။ Mump (မန့်) ခေါ်တဲ့ ပသိရောင်တာ ဖြစ်မလားလို့ နားရှေ့နားက တံတွေးထွက် အကျိတ်ကြီးနေ-မနေ စမ်းတာပါ။ တွဲဖြစ်တတ်တယ်။
Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း

Wed, Jan 9, 2013 at 3:11 PM
ဆရာရှင့် အရေပြားအောက်ဆေးချောင်းထည့်ခြင်း ကောင်းကျိုး ဆိုးကျိုးကို သိချင်ပါတယ်။ ကျွန်မ အသက်က ၃၅ နှစ်၊ ကလေး ၁ ယောက်ရှိပါတယ်။ အခု ကျွန်မနဲ့ အမျိုးသားက ရက်ရှောင်ပြီနေပါတယ်။ ဆေးတွေသောက်ရတဲ့ ဆိုးကျိုးကို ကြောက်လို့ပါ။ အခုအရေပြားအောင်ဆေးချောင်းထည့်အကြောင်းသိချင်လို့ ကျေးဇူးပြုပြီးဖြေကြာပေးပါရှင်။

Contraceptive implant (1) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၁) http://dts-medicaleducation-adultblogspotin/2012/04/contraceptive-implant-1html
Contraceptive implant (2) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၂) http://dts-medicaleducation-adultblogspotin/2012/03/contraceptive-implant-2html

Wed, Jan 9, 2013 at 3:11 PM
သမီးအမျိုးသားမှာ B ပိုးရှိနေပါတယ်။ သမီးကကာကွယ်ဆေးထိုးပြီး အောင်ထားပါတယ်။ သားသမီးလိုချင်ပါတယ်။ ကလေးအတွက် ကူးနိင်ပါလား။ ကလေးအတွက် ဘာတွေကြိုတင်ပြင်ဆင်ရမှာလဲ။ သမီးကလေးအရမ်းလိုချင်တယ်။ သမီးမှာပိုးမရှိတဲ့အတွက် ကူးနိင်ပါသလားဆရာ။ သမီးအမျိုးသားနဲ့ အတူတူနေလို့ရှိရင်ရော ကူးနိင်ပါသလား။

• Hepatitis B (1) အသဲရောင် ဘီ ပိုး (၁) http://dts-medicaleducationblogspotcom/2009/08/hepatitis-bhtml
• Hepatitis B (2) အသဲရောင် ဘီ ပိုး (၂) http://dts-medicaleducationblogspotcom/2011/04/hepatitis-bhtml
• Hepatitis B and breastfeeding ဘီ ပိုးရှိမိခင် နဲ့ ကလေးနို့တိုက်ခြင်း http://dts-medicaleducationblogspotcom/2011/11/hepatitis-b-and-breastfeedinghtml
• Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး http://dts-medicaleducationblogspotcom/2011/11/hepatitis-b-immune-globulinhtml
• Hepatitis B in Myanmar မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာ http://dts-medicaleducationblogspotcom/2011/12/blog-posthtml
• Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း http://dts-medicaleducationblogspotin/2012/05/hepatitis-b-medical-treatmenthtml
• Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း http://dts-medicaleducationblogspotcom/2011/11/hepatitis-b-vaccinehtml

Wed, Jan 9, 2013 at 10:12 AM
ကျွန်တော်သူငယ်ချင်းတယောက် သူ့လိင်တံကနေ သုတ်ရည်တွေ အလိုလိုထွက်နေပါတယ်ဆရာ။ နောက်ပြီးတော့ အိပ်နေရင်လည်း ထွက်ပါတယ်ဆရာ။ တပတ်ကိုသုံးလေးရက်လောက် ထွက်ပါတယ်ဆရာ။ ဖြစ်နေတာကတော့ (၃) နှစ်လောက်တော့ရှိပါပြီ။ ဘာရောဂါလဲသိခြင်ပါတယ်။ ဘာဆေးသောက်ရမလဲ ကျေးဇူးပြုပြီးပြောပြပေးပါ။ အခုသူ့ အသက်က (၂၂) နှစ်ပါ။
Wet dream အိပ်နေတုံးမှာ သုက်ထွက်တာ

Wed, Jan 9, 2013 at 10:19 PM
ယခုအောက်မှာ ဆရာတင်ထားပေးတာကို ကူးယူဖော်ပြထားတဲ့ Cytotec ဆေးအကြောင်း နည်းနည်းထပ်မေးပါရစေ။ သူများနိုင်ငံမှာ နေစဉ်ဆေးထိုးဖို့က မလွယ်ကူသည့်အတွက် ကိုယ်ဝန်နုသူတွေ သုံးနိုင်တဲ့ Methotrexate + Misoprostol ကို သုံးဖို့ အဆင်မပြေလို့ပါ။ Misoprostol (Cytotec) ဆေးကို တစ်လ (၄ ပတ်) ကိုယ်ဝန်အတွက် သုံးချင်ရင် ဒီကိုယ်ဝန် ၁၂ ပတ်အတွက်ထုတ်ထားတဲ့ 800 mcg ကိုဘဲ ညွှန်းထားတဲ့ဆေးညွန်းအတိုင်း သုံးရမလား၊ (သို့မဟုတ်) ဘယ်လောက် mcg ဝယ်ရမလဲ ဘယ်လိုအသုံးပြုရမလဲ ဆိုတာနဲ့ ဘေးထွက်ဆိုးကျိုးတွေရှိရင်လည်း ကျေးဇူးပြုပြီး ဖြေကြားပေးစေချင်ပါတယ်။ အခြားသော မြန်မာနိုင်ငံမှဆေးဆိုင်များတွင် ဈေးသိပ်မကြီးဘဲ အလွယ်တစ်ကူဝယ်ယူရနိုင်သည့် ဆေးနည်းတူ ဆေးကောင်းများရှိပါကလဲ နာမည်လေးများကို ဖြေကြားပေးစေလိုပါတယ်ရှင်။

ဆရာက မြန်မာပြည်မှာ နေရသေးတာမဟုတ်လို့ မြန်မာပြည်ထဲကဆေးဈေးကွက်ကို မသိပါ။ မြန်မာပြည်မှာလဲ ဆေးနာမည်ရင်း ပြောပြရင် အလားတူတာကို ဝယ်လို့ရမယ်ထင်ပါတယ်။ နောက်တချက်က ကိုယ်ဝန်ဖျက်တာကို ကိုယ်တိုင်လုပ်မပေးသလို ဆေးနည်းအနေနဲ့လဲ ဘယ်သူ့ကိုမှ လမ်းမညွှန်နိုင်ပါ။ ကျန်းမာရေးသုတအတွက်သာ ခေါင်းစဉ်စုံအောင်ရေးပါတယ်။

Wed, Jan 9, 2013 at 6:20 PM
သမီးက အသက် ၂၈ ပြည့်တော့မှာပါ။ ၂ဝ၁၁ နိုဝင်ဘာမှာ လက်ထပ်ပါတယ်။ လက်ထပ်ပြီးကတည်းက Mervalon 28 ကို သောက်ပါတယ်။ ၂ဝ၁၂ ဇူလိုင်လကစပြီး ဆေးဖြတ်ထားပါတယ်။ ဒါပေမဲ့ အခု ဇန်နဝါရီ ၂ဝ၁၃ ထိရောက်နေပါပြီ။ ကလေးလိုချင်တာ မရသေးဘူးဖြစ်နေလို့ပါ။ ဖောလစ် အက်ဆစ်ကို ဆေးဖြတ်ပြီး ၁ လလောက်က သောက်ပါတယ်။ အခုတော့ Net E -400 နဲ့ ဖောလစ်အက်ဆစ်ကို သောက်လို့ Nurse တစ်ယောက်က ပြောလို့ သောက်နေပါတယ်။ အမျိုးသားက ကလေးအရမ်းလိုချင်သလို သမီးကလည်း လိုချင်ပါတယ်။ တစ်ခုရှိတာက လပ်မထပ်ခင် ecee 2 တော့ သောက်ခဲ့ဘူးပါတယ်။ သူများတွေ ဆိုရင် ဆေးသောက်တာ ရပ်သွားတာနဲ့ ကိုယ်ဝန်တန်းကပ်ပါတယ်။ အခုသမီးတို့က ဆေးသောက်ရပ်တာလည်း ကြာပြီဆိုတော့ ဘာဖြစ်တယ်ဆိုတာလည်း သိချင်လို့ မေးတာပါ။

အရေးပေါ်တားဆေးက ရေရှည်အတွက် မစိုးရိမ်ရပါ။ သူ့ကြောင့်တော့ ကလေးမရတာ မဖြစ်စေပါ။ ကလေးရဘို့ဆိုတာ အချက်အလက်တွေ များများရှိပါတယ်။ ဖတ်စရာ စာတွေ လင့်ခ် ပို့လိုက်ပါတယ်။
Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adultblogspotin/2012/03/infertility-1html
Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adultblogspotin/2012/04/infertility-2html
Infertility (3) ကလေးမရနိုင်သေးခြင်း (၃) http://dts-medicaleducation-adultblogspotin/2012/09/infertility-3html
Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း http://dts-medicaleducation-adultblogspotin/2012/04/fallopian-tube-procedures-forhtml
Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adultblogspotin/2012/05/infertility-and-tbhtml
Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adultblogspotin/2012/03/tb-and-infertilityhtml
Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁) http://dts-medicaleducation-adultblogspotin/2012/03/infertility-treatmentshtml
Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂) http://dts-medicaleducation-adultblogspotin/2012/05/infertility-treatments-2html

Wed, Jan 9, 2013 at 5:00 PM
သမီးနဲ့ သမီးကောင်လေးအကာအကွယ်မပါပဲ နေထိုင်မိပါတယ်။ ecee2 သောက်ပါတယ်။ ဒုတိယတလုံးကို ပထမ 1 လုံးသောက်ပြီး 8 နာရီကြာမှာ သောက်လိုက်မိပါတယ်။ အဲဆေးကသောက်ပြီး နောက်ရက်သွေးဆင်းနိုင်ပါသလား။ ပုံမှန်ရက်မှပဲလာနိုင်ပါသလား ကျေးဇူးပြုပြီးဖြေပေးပါနော်။

အရေးပေါ်တားဆေးသောက်ပြီးရင် သွေးဆင်းလာမယ်။ ရာသီရက်ပြောင်းသွားမယ်။ ဆေးကို ၁၂ နာရီခြား သောက်သင့်တယ်။ အရေးပေါ်တားဆေး ခဏခဏသောက်တာ မကောင်းပါ။
Emergency Contraception (1) အရေးပေါ်တားဆေးများ (၁) http://dts-medicaleducation-adultblogspotin/2012/04/emergency-contraception-1html
Emergency Contraception (2) အရေးပေါ်တားဆေးများ (၂) http://dts-medicaleducation-adultblogspotin/2012/04/emergency-contraception-2html
Emergency Contraception (3) အရေးပေါ်တားဆေးများ (၃) http://dts-medicaleducation-adultblogspotin/2012/03/emergency-contraception-3html
Emergency Contraception (4) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၁) http://dts-medicaleducation-adultblogspotin/2012/03/emergency-2html
Emergency Contraception (5) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂) http://dts-medicaleducation-adultblogspotin/2012/03/emergencyhtml
Emergency pills Effectiveness အရေးပေါ်တားဆေး ထိရောက်မှု http://dts-medicaleducation-adultblogspotin/2012/11/emergency-pillshtml

Thu, Jan 10, 2013 at 8:59 AM
သမီးလွန်ခဲ့တဲ့ တပတ်က PAP Smear စစ်ပါတယ်။ စစ်တဲ့အကြောင်းရင်းကတော့ အဖြူဆင်းလို့ရယ်ပြီးတော့ cervical cancer ကာကွယ်ဆေးထိုးချင်လို့ရယ်ပါ။ Lab က ဒီလို အဖြေထွက်ပါတယ်။
PAP Smear Report
Smear is satisfactory for evaluation.
Endocervical and/or metaplastic cells are present.
Fungal organisms consistent with Candida spp. seen.
Negative for intraepithelial lesion and malignancy.
The PAP Smear is a screening test for cervical cancer. Problems related to sampling and reading are known to contribute to false negative and false positive results.
MICROBIOLOGY
Specimen: HVS
Culture Normal vaginal flora
တချို့ဟာတွေ ဘာကို ဆိုလိုမှန်းမသိပါဘူးဆရာ။ အဲဒါ ဘာကို ပြောတာလဲဆရာ။ ဆရာဝန်က Flagystatin pessary ကို ၁ည ၁လုံးနဲ့ ၅ည ထဲ့ခိုင်းပါတယ်။ ပြီးတော့ ကာကွယ်ဆေးကို Cervarix ကို ထိုးပေးပါတယ်။ သမီးသိချင်တာက ကာကွယ်ဆေးကို ပထမ၁ခေါက်မှာ အဲဒီဟာကို ထိုးပေးရင် နောက်အခေါက်တွေမှာလည်း ဒါပဲ ထိုးရမှာလား။ အဲဒါမရှိလို့ Gardasil ပြောင်းထိုးရင်းကောရလား။ ပြီးတော့ အမျိုးသားပါ ထိုးစရာလိုသလား။ လိုရင်သူကော ဆေးစစ်စရာလိုသေးလားလို့ပါ။

1. Endocervical and/or metaplastic cells are present.
2. Fungal organisms consistent with Candida spp. seen.
3. Negative for intraepithelial lesion and malignancy.

ဒီအဖြေ (၃) ချက်ကိုပြောရရင် -
၁။ Endocervical and/or metaplastic cells are present
ဆိုတာတော့ (ဆဲလ်) ၂ မျိုးတွေ့တယ်။ endocervical cells တွေချည်းသာတွေ့ရင်တော့ Squamous intraepithelial lesion (SIL) ဆိုတဲ့ရောဂါဖြစ်စရာဟာ မတွေ့သူတွေထက် မပိုနိုင်ဘူး။ Metaplastic cells တွေ တွေ့သူတွေကတော့ (SIL) ဖြစ်နိုင်တယ်။ Squamous intraepithelial lesions (SIL) ကို Cervical intraepithelial neoplasia (CIN) လို့လဲခေါ်တယ်။
(၂) မျိုးခွဲနိုင်တယ်။ (စစ်ဆေးချက်မှာ အခုလို အဆင့်သတ်မှတ်ချက်မပါဘူး။)
(က) Low-grade SIL = Mild dysplasia or cervical intraepithelial neoplasia type I (CIN 1) အပြော့စား၊
(ခ) High-grade SIL = Moderate or severe dysplasia, CIN II or III or carcinoma in situ (CIS) အလတ်စားနဲ့ အပြင်းစား။ အပြင်းစားကို High grade cervical intraepithelial neoplasia အုပ်စုထဲမှာထည့်နိုင်တယ်။ သူတို့ကို ဆက်စစ်ဆေးရမယ်။ ဒါပေမံ့ သူတို့ထဲက ၂% ကဘဲ Invasive cancer ကင်ဆာအဆင့်ရှိတယ်။ ၂ဝ% ကတော့ ဆေးမကုသရင် တချိန်မှာ ကင်ဆာဖြစ်လာစရာရှိတယ်။

၂။ Fungal organisms consistent with Candida spp. seen
ဆိုတာက မှို (ဖန်းဂတ်စ်) ပိုးတွေ့တာဖြစ်တယ်။ ဒါကြောင့် ဆေးပေးလိုက်တာပါ။ ပျောက်သွားပါမယ်။

၃။ Negative for intraepithelial lesion and malignancy
ဆိုတာက ကင်ဆာ (ဆဲလ်) မတွေ့ဘူးလို့ပြောတာဖြစ်တယ်။ It means your pap smear was normal (ပက်-စမီးယား) စစ်တာ ပုံမှန်ဖြစ်တယ်လို့ နိဂုံးချုပ်မှတ်ချက်ပြုတာဖြစ်ပါတယ်။

၎။ Normal vaginal flora ဆိုတာက ဗဂျိုင်းနားထဲမှာ ရှိရမဲ့ပိုးတွေကလွဲရင် ထူးခြားတာ မတွေ့ဘူးလို့ပြောတာဖြစ်တယ်။

Thu, Jan 10, 2013 at 3:57 PM
သမီးက 1.1.2013 မှာ ရာသီစလာပါတယ်ဆရာ။ 4.1.2013 မှာ 1 ကြိမ်၊ 6.1.2013 မှာ 1 ကြိမ် သမီးအမျိုးသားနဲ့ အကာအကွယ်မပါဘဲ အတူတူနေမိပါတယ်ဆရာ။ စိတ်မချလို့ 7.1.2013 ညမှာ အရေးပေါ် တားဆေး Ecee2 ကို သောက်လိုက်ပါတယ်ဆရာ။ အဲဒါ ဒီနေ့ 10.1.2013 မှာ အဖြူဆင်းတာ အ၀ါရောင်ဖျော့ဖျော့တွေ ဖြစ်နေပါတယ်ဆရာ။ နည်းနည်းလည်းများပါတယ်။ သမီးက ပုံမှန်ရာသီလာရင်တော့ 5 ရက်လောက်တော့ ကြာတက်ပါတယ်။ သမီးတို့ဆက်ဆံခဲ့တဲ့ရက်က ရာသီလာရက်အတွင်းနဲ့ လာပြီး 1 ရက်ပါဆရာ။ သမီးစိတ်ပူတာက သမီးအ၀ါရောင်အဖြူဆင်းတာကိုပါ။ ဘာကြောင့်ဖြစ်နိုင်လည်းဆိုတာသမီးမသိလို့ပါ။

အရေးပေါ်ဆေးသောက်ပြီးမှ ဆင်းတာလဲဖြစ်နိုင်တယ်။ ဆက်ဆံဘူးတဲ့ အခု ၂ ကြိမ်ဟာ တသက်တာမှာ မဌမဆုံးအကြိမ် ဖြစ်နေတာကြောင့်ဆိုရင် တမျိုး၊ အရင်ကလဲ ဆက်ဆံဘူးရင် တမျိုး စဉ်းစားရမယ်။ ဆင်းတာက ယား-မယားလဲ သိချင်တယ်။ ပြန်မဖြေခင် မစိုးရိမ်ပါနဲ့လို ပြောချင်တယ်။

Thu, Jan 10, 2013 at 4:47 PM
ကျွန်မအသက်က 20 ပါ။ စေ့စပ်ထားတဲ့ အမျိုးသားနဲ့ အကာအကွယ်မပါပဲ နေထိုင်မိပါတယ်။ လက်ထပ်ဖို့ပြောဆိုထားတဲ့အချိန်ကလည်း တော်တော်လေးကို ဝေးနေသေးပါတယ်။။ ဒါကြောင့် အရေးပေါ်ဆေး 2 လုံးတွဲ (ecee2) သောက်လိုက်ပါတယ်။ ပထမ 1 လုံးသောက်ပြီး 8 နာရီအကြာမှာ နောက် 1 လုံး သောက်လိုက်ပါတယ်။ မသေချာမှာစိုးလို့ နောက်ရက်ည 7 နာရီမှာ နောက်ထပ်တလုံးနဲ့ မနက် 5 နာရီမှာ တလုံးသောက်လိုက်မိပါတယ်။ ရင်နည်းနည်းတုန်တယ်၊ အဖြူ နည်းနည်းဆင်းပါတယ်။ အနံ့မနံပါဘူး။ တော်တော်လေးဖြူပြီး ပျစ်ချွဲနေပါတယ်။ မတော်တဆ ကိုယ်ဝန်ရမှာကိုလည်း ကြောက်ပါတယ်။ ရာသီ လာရက်က 15 ရက်နေ့ပါ။ အခုဆေးသောက်ထားတာ 5 ရက်ရှိပါပြီ။ ရာသီလာရက်ရောက်ဖို့ 5 ရက်ပဲလိုပါတော့တယ်။ ရာသီလာမှ ကိုယ်ဝန်မရတာသေချာတယ်ဆိုလို့ပါ. ဘာဆက် လုပ်သင့် သလဲ၊ စောင့်ကြည့်နေရမှာလား။ ဖြေပေးပါအုံးနော်။

ပြောတဲ့အတိုင်းဆို ကိုယ်ဝန်မရလောက်ပါ။ ဆေးသောက်နည်း စနစ်မကျပါ။ စောင့်နိုင်ပါတယ်။ ရာသီလာရမဲ့ရက်နောက်မှာ မလာသေးရင် ဆီးစစ်ပါ။

Thu, Jan 10, 2013 at 7:23 PM
ကျွန်တော် အကူအညီလေးတောင်းချင်လို့ပါ။ ယောကျာ်းလေးရဲ့ လိမ်တံအရေးပြားရှည်နေတာ ဖြတ်ချင်ပါတယ်။ ဆေးခန်းတွေမှာ မိန်းကလေးတွေ အထိုင်များတော့ မပြောရဲဘူးဖြစ်နေပါတယ်။ ကုသပေးမဲ့ ဆရာဝန်ကြီးနဲ့ တိုက်ရိုက်တိုင်ပြင်ပြီး ကုချင်ပါတယ်။ ရန်ကုန်က ဆေးခန်းလိပ်စာလေးတွေများ သိခဲ့ရင် ညွှန်ကြားပေးပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဟုတ်တယ်ဗျာ။ ယောက်ျားလေးတွေလဲ ရှက်စရာရှိရင် ရှက်တတ်ကြတယ်။ ဆေးခန်း-ဆေးရုံတွေမှာတော့ သူနာပြုဆရာမတွေကတော့ ဧည့်ကြိုမိန်းကလေးတွေထက် နားလည်မှုရော တတ်ကျွမ်းမှုပါရှိပါတယ်။ အကြံတခုပေးနိုင်တာက ပြင်ပဆရာဝန်တဦးကနေ ခွဲစိတ်ဆရာဝန်ဆီ ထပ်ဆင့်လွဲစာယူလာနိုင်တယ်။ ဆေးစာထဲမှာ ရေးပေးပါလိမ့်မယ်။ နောက်အကြံတခုကတော့ ကိုယ်တိုင် စာရွက်ပေါ်မှာ ရေးသွာနိုင်တယ်။ Long foreskin လို့ရေးနိုင်ပါတယ်။ နောက်တချက်က ဒီလိုခွဲစိတ်ပြုပြင်တာကို သာမန်ခွဲစိတ်မှုသာဖြစ်လို့ အထူးကုမဟုတ်တဲ့ ဆရာဝန်တိုင်းကနေ ခွဲပေးနိုင်ပါတယ်။ ဆရာက မြန်မာပြည်ထဲမှာ နေရသေးတာ မဟုတ်လို့ နေရာလိပ်စာတွေ အကြံမပေးနိုင်ပါ။

Thu, Jan 10, 2013 at 7:55 PM
ပါးစပ်နဲ့ လိင်ဆက်ဆံရင် HIV ကူးစက်နိုင်ပါသလားခင်ဗျာ။ ပါးစပ်နဲ့လုပ်ပေးတဲ့သူမှာ HIV ပိုးရှိရင် ပါးစပ်နဲ့ လုပ်ပေးတာကိုခံတဲ့သူမှာ ကူးစက်နိုင်ပါသလားခင်ဗျာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါခင်ဗျာ။

Oral Sex is not risk free ဆက်ဆံရာမှာ ပါးစပ်ကိုအသုံးပြုခြင်းဟာ အန္တရာယ်မကင်းပါ (၁) တယောက်မှာ HIV ပိုးရှိနေရင်၊ (၂) နှစ်ယောက်လုံးကဆေးစစ်မထားလို့ ပိုးရှိ-မရှိမသိကြရင်၊ (၃) တယောက်ယောက်ဟာ အတူနေဖေါ်များသူဆိုရင် နဲ့ (၄) တယောက်ယောက်ဟာ မူးယစ်ဆေးထိုးနေသူဆိုရင် လိင်ဆက်ဆံရာမှာ ပါးစပ်သုံးရင် HIV ကူးစက်နိုင်ချေရှိပါမယ်။

ဒါပေမဲ့ ဗဂျိုင်းနာ၊ စအိုလမ်းတွေကို အသုံးပြုတာထက် HIV နဲ့ STD လိင်ကတဆင့် ကူးစက်ရောဂါတွေ ကူးစက်နိုင်ချေ အလွန်နည်းပါတယ်။ Condoms (ကွန်ဒွမ်) သုံးပြီး ဘယ်လမ်းကိုအသုံးချချ ကူးစက်နိုင်ချေ မရှိသလောက်ပါ။

သုတေသနတွေ လုပ်ပါတယ်။ ဥပမာ Kaiser Family Foundation ကနေ အသက် ၁၅-၁၇နှစ် လူငယ်လေးတွေကို မေးကြည့်တယ်။ ၂၆% က အဲဒီပါးစပ်နည်းသုံးတာ လုံးဝမကူးလာဘူးပြောတယ်။ ၁၅%က မပြောနိုင်ဘူးလို့ဆိုတယ်။

သတိထားဘို့က လိင်ဆက်ဆံကြတာမြှ ပါးစပ်နည်းတမျိုးတည်းနဲ့ အဆုံးသတ်တယ်ဆိုတာက ရှားပါးတယ်။ နောက်နည်းတွေကိုပါ ဆက်တွဲပြီးဆက်ဆံတယ်ဆိုရင် ဒီကူးစက်မှုဟာ ပါးစပ်ကြောင့် ဟုတ်မယ်၊ မဟုတ်ဘူး ခွဲခြားလို့ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ပါးစပ်တခုတည်းသာဖြစ်လောက်ကြမဲံ ကလေးတွေကို လေ့လာရတာဖြစ်မယ်။

နောက်ထပ်သိစရာတခုက တကယ်လို့ တယောက်ယောက်မှာ ပါးစပ်၊ နှုတ်ခမ်းအနာအဆာရှိနေရင်၊ သွေးထွက်တာ ရှိနေရင် တခြား STD ရှိနေရင် HIV ကူးစက်ဘို့ အခွင့်အလမ်းပိုများတယ်။ တခြား STD တွေဆိုတာ၊ လိင်လမ်းရေယုံ၊ ဆစ်ဖလစ်၊ ဂနိုးရီးယား၊ လိင်လမ်းကြွက်နို့တွေဖြစ်တယ်။ အစာလမ်းကူးစက်ရောဂါတွေဖြစ်တဲ့ အသဲရောင် (အေ) နဲ့ ဝမ်းကိုက်ပိုးတွေလဲ ဒီစာရင်းထဲထည့်ရတယ်။

Fri, Jan 11, 2013 at 6:21 AM
ဒါနဲ့ ကာကွယ်ဆေးအခြေအနေကရောဆရာ။

HPV and Marriage သားအိမ်-ကင်ဆာ ကာကွယ်ဆေး http://dts-medicaleducation-adult.blogspot.in/2012/03/hpv-and-marriage.html
HPV Vaccine for young women သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး http://dts-medicaleducation-adult.blogspot.in/2012/10/hpv-vaccine-for-young-women.html

Fri, Jan 11, 2013 at 3:34 AM
ဆရာ့မေးလ်က ကျွန်မပူပင်သောကကို တော်တော်လေး ဖြေဖျောက်ပေးပါတယ်။ ကျွန်မတို့ အခန်း air-com က သူငယ်ချင်းတွေနဲ့ share နေရတော့ သူများလည်း အဆင်ပြေအောင်အမြဲအေးထားရပါတယ်။ ဒီနိုင်ငံမှာတော့ emergency pill က တော်တော်ဝယ်ရခက်ပါတယ်။ ကျွန်မအနေနဲ့ကလည်း အသက်တစ်ချောင်းဖြစ်လာရင် ပါနာတိပါတကံ ထိုက်ဖို့ကြောက်ရွံလှတဲ့အတွက် ဖြစ်ပြီးတာနဲ့ emergency pill ကို လက်လှမ်းမီသလောက် ရှာကြည့်ပါသေးတယ်။ အဆင်မပြေလို့လက်လျော့လိုက်ရတာပါ။ မိဘကို လုပ်ကျွေးနေမှဖြစ်မှာမို့လို့လည်း ပူပန်မှုက တော်တော်လေး ဖိစီးလှပါတယ်။ ကိုယ့်ရဲ့ ပေါ့လျှော့မှု မရှောင်နိုင်မှုအတွက်လည်း အပြစ်တင်နေမိပါတယ်။

ဆရာက ဆေးပညာလဲရေး၊ မေးတာလဲဖြေတယ်။ သတ်ပုံပြင်တာလဲ မမေးဘဲနဲ့ အပိုဆောင်းသေးတယ်။ "ပါဏာတိပါတ" (ဘလော့ခ်) မှာပြန်တင်တော့ သတ်ပုံရော၊ စာရိုက်တာတွေ့ပါ ပြင်ရတော့ အချိန်ပိုကုန်သေးတာ။ အတော်များများက စာရေးတာ။ စာရိုက်တာကို ခပ်ပေါ့ပေါ့ သဘောထားကြတာ ဆရာ စိတ်မကောင်းဘူး။ လူငယ်တွေက ပညာရေးစနစ်ခပ်ညံ့ညံ့မှာကြီးပြင်းလာကြရလို့ သူတို့ကိုတော့ အပြစ်မမြင်ပါလူး။
ဆေးပညာ-စာရေးသူ (၄) http://my-sayawun-lifeblogspotin/2012/08/blog-posthtml

ယမုန်နာဆေးခန်း - အမေး အဖြေ (၁၁၀) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top