HIV/AIDS
အကြောင်းကို ပြောကြဆိုကြတဲ့ ကမ္ဘာလုံးဆိုင်ရာဆွေးနွေးပွဲမှာ မိဘမဲ့ကလေး ၁၅
သန်းကျော်ရဲ့ အသံတွေဟာ တိတ်ဆိတ်နေပါတယ်။ သူတို့ကိုယ်စား ကျွန်ုပ်တို့က
ထုတ်ပြောပေးရမယ်။
သင်ပြောတာကို
ကြားပါစေ။
HIV/AIDS
ရန်ပုံငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ကလေးတွေရဲ့ လိုအပ်ချက်တွေအတွက် ပေးဖို့နဲ့ AIDS
တိုက်ဖျက်ရေး လုပ်ငန်းမှာ ကလေးသူငယ်တွေကို
ဦးစားပေးဖို့ ဥပဒေပြုနိုင်သူတွေဆီ သတင်းတခု ချက်ချင်းပို့ပေးပါ။ AIDS
မိဘမဲ့ ကလေးတွေအတွက် လတ်တလောဆောင်ရွက်မှုတွေ ချက်ချင်းလုပ်ပေးဖို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး
ဘန်ကီမွန်းနဲ့ စက်မှုထိပ်သီး ၈ နိုင်ငံကခေါင်းဆောင်တွေဆီ တောင်းပန်လွှာတစောင်
ပို့ဖို့အတွက် အောက်မှာပေးထားတဲ့ ပုံစံကို ဖြည့်ပေးပါ။
(ထိုပုံစံကိုဖြည့်ပြီး
စာပို့ရန်အတွက် အောက်ဆုံးမှာ ပေးထားသည့် လင့်ခ်ကို ကလစ်လုပ်လိုက်ပါ။ ထိုလင့်ခ်တွင်
ပို့ရန်စာကို အင်္ဂလိပ်ဘာသာဖြင့် အဆင်သင့်ရေးသားထားပြီးဖြစ်သည့်အတွက်၊ ထိုစာကို
အောက်တွင် မြန်မာဘာသာဖြင့် ပြန်ဆို ဖေါ်ပြထားပါသည်။)
သင် ပို့ရမယ့်စာ
ကမ္ဘာတ၀န်းမှာ ကလေးသူငယ် ၁၅ သန်းကျော်သည် AIDS ကြောင့် မိဘ ၂ ပါးစလုံး
သို့မဟုတ် မိဘ ၁ ပါး ဆုံးရှုံး ထားကြပါသည်။ ၂၀၁၀ ခုနှစ်မှာ၊ ကမ္ဘာတ၀န်းတွင်
မိဘမဲ့ကလေးအရေအတွက်သည် ခန့်မှန်းခြေ သန်း ၂၀ မှ ၂၅ သန်း အထိ မြင့်တက်လာလိမ့်မည်ဟု
မျှော်လင့်ရပါသည်။ မိဘဆုံးရှုံးရသည့်အတွက် ဖြစ်လာရသော စိတ်ဒဏ်ရာနှင့် ပတ်
သက်တာကိုပါ ဖြည့်ပြီးပြောရရင်၊ မိဘမဲ့ကလေးများသည် ကျန်းမာရေး၊ ပညာရေးနှင့်
တခြားကလေးသူငယ်တွေ အတွက် လိုအပ်သည့် ပြုစုစောင့်ရှောက်မှုများ ရရှိဖို့
နည်းပါးလာပါလိမ့်မည်။ အစာရေစာပြတ်လပ်မှု၊ နေထိုင်မကောင်းမှုနှင့် HIV
ကူးစက်မှုတို့ကလည်း မကြာခဏ ဒုက္ခပေးခံနေရမှာဖြစ်ပါသည်။ အဓမ္မလုပ်အားခိုင်းစေခံရမှု၊
ပြည့်တန်ဆာဘ၀နှင့် ကလေး စစ်သားဖြစ်မှုဆိုတဲ့ မတရားပြုကျင့်ခံရမှု ပုံစံမျိုးစုံဖြင့်
အလွယ်တကူ သားကောင်များ ဖြစ်သွားကြရတော့မည် ဖြစ်ပါသည်။
အာဖရိကတိုက်နှင့်ပတ်သက်သည့် ၂၀၀၅ G8 ခေါင်းဆောင်များ၏ ကြေညာချက်တွင်
ဖေါ်ပြထားသည်မှာ “ AIDS ကြောင့်ဖြစ်စေ၊ တခြား ကပ်ရောဂါများကြောင့်ဖြစ်စေ
မိဘမဲ့အဖြစ် ကျန်ရစ်ခဲ့သည့် ကလေးသူငယ်များ အားလုံး အတွက်
မှန်မှန်ကန်ကန်ထောက်ပံ့ကူညီပေးနိုင်တယ်ဆိုတာ သေချာစေဖို့ ကျွန်ုပ်တို့သည်
သူတို့နှင့် အလုပ်လုပ်ရ လိမ့် မည်။” ထိုကတိက၀တ်ကို အကောင်အထည်ဖေါ်ဖို့
အချိန်ကျရောက်နေပါပြီ။ G8 အဖွဲ့ဝင်နိုင်ငံများအားလုံးအပါအ၀င်၊ နိုင်ငံ စုံကျော်
အေဂျင်စီများ၊ အလှူရှင်များနှင့် အကူအညီပေးရေးအေဂျင်စီများသည် သူတို့၏ HIV နှင့်
AIDS လှူဒါန်းငွေထဲက အနည်းဆုံး ၁၀% ကို ဝေဒနာခံစားနေရသောကလေးများ နှင့်
မိဘမဲ့ကလေးများအတွက် လိုအပ်ချက်များအတွက် တိုက်ရိုက်လှူဒါန်းသင့်ပါသည်။
HIV/AIDS တိုက်ဖျက်ရေးမှာ မျှော်လင့်ချက်တွေဖြစ်စေရသည့် ကမ္ဘာတ၀န်းက
အကူအညီပေးရေး အဖွဲ့အစည်း များ၊ အစိုးရများ၊ အလှူရှင်များ၊ အကျိုးဆောင်သူများ
ဆောင်ရွက်ချက်နှင့် သင်တို့၏ ခေါင်းဆောင်မှုကို ကျေးဇူးတင်ပါ သည်။ သို့ရာတွင် AIDS
ဝေဒနာခံစားနေရသော၊ မိဘမဲ့ဖြစ်နေကြသော ကလေးသန်းပေါင်းများစွာ၏လိုအပ်ချက်များကို
ဖေါ်ပြရန် ပိုမိုလုပ်ဆောင်ရပါမည်။ အနည်းငယ်သောထောက်ပံ့မှုများသည်
ဦးစားပေးလိုအပ်သည့် မိသားစုများနှင့် အသိုင်း အ၀ိုင်းများဆီ ရောက်ရှိနေပါသည်။
ကျွန်ုပ်တို့၏ HIV/AIDS တိုက်ဖျက်ရေးစစ်ပွဲတွင် ဤကလေးသူငယ်များ၏ လိုအပ်ချက်
များကို အရေးကြီးဆုံးကိစ္စဖြစ်အောင်၊ သတိပြုစရာအကောင်းဆုံးကိစ္စဖြစ်အောင် လုပ်ဆောင်ရပါမည်။
AIDS ဝေဒနာခံစားနေရသော ကလေးများနှင့် AIDS ကြောင့် မိဘမဲ့နေရသော
ကလေးများ၏ ဆင်းရဲဒုက္ခကို ဖေါ်ပြနိုင်ရန် အလှူရှင်အစိုးရများသည် သူတို့၏ HIV/AIDS
ကိစ္စတခုလုံးအတွက် သူတို့၏ရန်ပုံငွေထဲက အနည်းဆုံး ၁၀%ကို AIDS ဝေဒနာခံစားနေရသော
ကလေးများနှင့် AIDS ကြောင့် မိဘမဲ့နေရသော ကလေးများ၏ လိုအပ်မှုများအ တွက် တိုက်ရိုက်
သုံးစွဲပေးရမည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံနှင့် အိုင်ယာလန်နိုင်ငံတို့သည်
သူတို့၏ရန်ပုံငွေထဲက အနည်းဆုံး ၁၀%ကို AIDS ဝေဒနာခံစားနေရသော ကလေးများနှင့် AIDS
ကြောင့် မိဘမဲ့နေရသော ကလေးများ၏ လိုအပ်မှုများအတွက် သုံးစွဲ ရန်
လုပ်ပိုင်ခွင့်ဥပဒေကို ပြဌာန်းခဲ့ပြီးဖြစ်ပါသည်။ ယခုအချိန် ထိုပြဌာန်းထားသော
ပေါ်လစီရည်မှန်းချက်ကို စစ်မှန်သော အရင်းအမြစ်များနှင့် သေသေချာချာ ဖြည့်ဆည်းပေးရန်
ပြုလုပ်ရမည့်အချိန်ဖြစ်ပါသည်။ ကျေးဇူးပြုပြီး၊ ဤတိုက်တွန်းချက် များသည်
ကူးစက်ရောဂါဝေဒနာခံစားနေရသော ကလေးများအတွက် အကူအညီနှင့် အမှန်တကယ်လှုပ်ရှား
ဆောင်ရွက် မှုများ ဖြစ်လာပါစေ။
ကျွန်ုပ်တို့၏ HIV/AIDS တိုက်ဖျက်ရေးတွင် ဤကလေးသူငယ်များ၏
လိုအပ်ချက်များကို အရေးကြီးဆုံးကိစ္စ ဖြစ်အောင်၊ သတိပြုစရာအကောင်းဆုံးကိစ္စဖြစ်အောင်
လုပ်ဆောင်ရပါမည်။
ဤကိစ္စနှင့်ပတ်သက်၍ သင်၏ ခေါင်းဆောင်မှုအပေါ် ကျေးဇူးတင်ပါသည်။
သစ္စာတရားဖြင့်
(အထက်ပါစာကို ဖတ်ပြီးပါက ကမ္ဘာ့ခေါင်းဆောင်များဆီ ထိုစာကိုပို့ရန်
အောက်က လင့်ခ်ကို ကလစ်လုပ်လိုက်ပါ။)
Source : http://www.worldaidsorphans.org/content/advocacy_letter
(စာပေးပို့တဲ့အခါ ဘယ်သူ့ဆီကို ပေးပို့ချင်တယ် ဆိုတာကို ရွေးပါ။ ကြယ်ပြထားတဲ့ "*"
အချက်အလက်တွေကို ပြည့်စုံအောင် ဖြည့်မှသာ မိမိပို့မယ်စာကို ပေးပို့နိုင်မှာပါ။)
ဘာသာပြန် - တင်အေး




