23
Aug

အသေအခြာ ကိုယ်ဝန်တားခြင်း

ကျွန်မ ချစ်သူနဲ့ ဒီလ ၃ ရက်နေ့ (3 August 2011) မှာ ကွန်ဒုံးသုံးပြီး သေသေချာချာ ချစ်ခဲ့ပါတယ်။ ကွန်ဒုံးကလည်း ဆရာရဲ့ အသိပညာပေးစာထဲမှာပါတဲ့ ၉၂ % ကာကွယ်နိုင်တဲ့ ကွန်ဒုံးမျိုးပါ။ ကြားအချိန်မှာလည်း ကွန်ဒုံးတစ်ခုထပ် လဲခဲ့ပါတယ်။

ပြီးခါနီး ချစ်သူရဲ့ သုတ်ကိုလည်း အပြင်မှာဘဲ လွှတ်စေခဲ့ပါတယ်။ ကျွန်မကိုယ်ကိုလည်း စင်ကြယ်စွာ ရေဆေးကြောခဲ့ပါတယ်။ ကွန်ဒုံး နှစ်ခုလုံးကို ရေထည့်ပြီး စစ်ဆေးကြည့်တဲ့ အခါမှာလည်း ရေစက်ကျလာမှ မတွေ့ရှိရတဲ့အတွက် အပေါက်အပြဲ မရှိတာ တွေ့ရပါတယ်။ ဒီအခြေအနေတွေအားလုံးက ကိုယ်ဝန်ရစေနိုင်လား မရစေနိုင်လားသိပါရစေရှင်။ ကျွန်မ ကုန်ခဲ့တဲ့လက ၁၅ ရက်နေ့မှာ ရာသီ လာပါတယ်။ ကုန်ခဲ့တဲ့လ မတိုင်ခင် တစ်လကတော့ ၁၉ ရက်နေ့မှာ ရာသီလာပါတယ်။ ရာသီ လာခါနီးမှာ ဖြစ်တတ်တဲ့ အဖြူဆင်းခြင်းနဲ့ ရင်သားထိပ်နာခြင်းတွေလည်း ဒီလမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့အထိ ရာသီမလာသေးလို့ စိတ်ပူနေမိပါတယ်

ကျန်းမာရေးအတွက် ဂရုတစိုက်လုပ်တဲ့ အလေ့အကျင့် သိပ်ကောင်းပါတယ်။ Urine for pregnancy test ဆီးစစ်ပါ။ အဖြေသိရရင် ထပ်ပြောပါ။

2011/8/20
ကျွန်မ မနက်ဖြန် Clear blur နဲ့ စစ်ကြည့်လိုက်ပါ့မယ်။ ရှင်းရှင်းလင်းလင်း သိချင်တာတစ်ခုက ကျွန်မတို့ လုပ်ဆောင်ခဲ့ပုံတွေဟာ တားဆေး မသောက်သုံးဘဲနဲ့ ကိုယ်ဝန်မရစေ အောင် ထိရောက်စွာ ကာကွယ်ရာ ရောက်ပါသလား။ နောက်တစ်ခုက ကိုယ်ဝန် ရှိနေတဲ့သူဟာ အဖြူဆင်းတတ်ပါသလား။ ကိုယ်ဝန်ရှိနေသူရဲ့ လက္ခဏာတွေကိုလည်း ဖော်ပြ ပေးပါရှင်။ နောက်ဆုံးတစ်ခုကတော့ ရာသီထိန်နေခြင်းနှင့် ရာသီလာနေစဉ် ခံစားရသော ကိုက်ခဲမှုများ ပျောက်စေရန် မြန်မာဆေး ကေသီပန် သောက်သုံးခြင်းဟာ သင့်တော် ပါသလား။

၁။ ဖတ်ချင်ဖတ်ဘို့ စာ ၃ ပုဒ် ရှိတယ်။
- Condoms Safety and Effectiveness (ကွန်ဒွမ်) ရဲ့ ထိရောက်မှု နဲ့ စိတ်ချရမှု အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၈)
- Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း အသက် (၁၈) နှစ်ပြည့်မှ ဖတ်ပါ (၅၈)
- Different Methods of Contraception ပဋိသန္ဓေတားနည်းများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၄)
အဲဒီစာတွေထဲမှာ တားနည်းတွေရဲ့ စိတ်ချနိုင်တဲ့ ရာနှုန်းတွေ ပါတယ်။ ရာနှုန်းအပြည့်ဆိုတာ မရှိသလောက်ပါ။
၂။ အဖြူဆင်းတာက ကိုယ်ဝန်မရှိသူသာမက၊ အပျိုစစ်တွေမှာလဲ ဖြစ်နိုင်ပါတယ်။
၃။ မြန်မာဆေးတွေအကြောင်း ဆရာသိပ်မသိပါ။ သုတေသနတွေက မရှိသလောက်မို့ ကိုးကားလို့လဲ မဖြစ်နိုင်ပါ။
၎။ ကိုယ်ဝန်ရှိရင် အမျိုးသမီးများ ထူးခြားချက်ပေါင်း ၂၅ ချက်ရှိလာမယ်။
၅။ Premenstrual syndrome (PMS) ရာသီမလာခင် ဖြစ်ချင်တာတွေ

2011/8/21
Clear blue နဲ့စစ်တာ not pregnant တွေ့ရပေမယ့် ဒီနေ့အထိ ရာသီမလာသေးလို့။ ကျွန်မ ရာသီလာခါနီးတိုင်း ခံစားနေရတဲ့ ရင်သား ထိပ်များ နာခြင်းလည်း မနာတော့လို့ စိတ်တော်တော် ပူနေမိပါတယ်ရှင်။ ဒါ့ကြောင့် ချစ်မိပြီးတဲ့ အချိန်ကနေ ၁ လအတွင်းမှာ သုံးနိုင်တဲ့ ထိရောက်တဲ့ သန္မေတားဆေး (ရန်ကုန်မြို့ထဲက ဆေးဆိုင်တွေမှာအလွယ်တကူ ဝယ်ယူနိုင်တဲ့) ဆေးနာမည် ၁ မျိုး ၂ မျိုးလောက်ကို ရေးပေးပါ။ ကျွန်မအခု (့) မှာပါ။ ကျွန်မသူငယ်ချင်းက ရန်ကုန်ကနေ (့) ရက်နေ့ မနက်စောစောမှာ ပြန်လာမှာမို့ ကျေးဇူးပြုပြီး အတတ်နိုင်ဆုံး မြန်မြန်လေး မေးပြန်ပေးပါ ဒေါက်တာရယ်။

အလုပ်များလို့တော့ မဟုတ်ပါ။ ဆီးစစ်လို့ အနုတ်ပြထားတာမို့ စိုးရိမ်စရာ မလိုလောက်တာနဲ့ မရေးဖြစ်သေးတာပါ စောင့်ကြည့် နိုင်ပါတယ်။ စိုးရိမ်သေးရင် အရင်တခါနဲ့ တပါတ်ခွါးပြီး ဆီးထပ်စစ်ပါ။ ကိုယ်ဝန် မရစေတဲ့ ဆေး-နည်း ပေါင်းစုံရေးထားတာထဲက ကြိုက်တာ ယူပါ။ ရန်ကုန်မှာ ရနိုင်တာ ဆရာမသိပါ။ (နိုင်ငံ့အပြင်မှာ နေရလို့ပါ။)

ဒေါက်တာတင့်ဆွေ - အသေအခြာ ကိုယ်ဝန်တားခြင်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top