ယခု ၂၀၀၉-၂၀၁၀ ပညာသင် နှစ်တွင် အခြေခံပညာကျောင်းအား လုံး၌
ကျောင်းကျန်းမာရေးလုပ်ငန်း စဉ် ကိုးခုရှိသည့်အနက် အစားအစာ အန္တရာယ်ကင်းဝေးရေးလုပ်ငန်း၊
မူး ယစ်ဆေးဝါး အန္တရာယ်ကြိုတင်ကာ ကွယ်ရေးလုပ်ငန်း၊ ဆယ်ကျော် သက် ကျောင်းသား၊
ကျောင်းသူများ ဆွေးနွေးဆောင်ရွက်သည့် လုပ်ငန်း သုံးခုကို အဓိက ဦးစားပေးဆောင်
ရွက်သွားမည် ဖြစ်ကြောင်းရန်ကုန် တိုင်းမိခင်ကလေးနှင့်ကျောင်းကျန်းမာ ရေးတာဝန်ခံဆရာဝန်ကြီးဒေါက်တာ
ခင်စောရီက ပြောကြားပါသည်။
''အခုပညာသင်နှစ်မှာ ကျောင်း ကျန်းမာရေး လုပ်ငန်းစဉ် အများကြီး
ထဲကနေ အစားအစာအန္တရာယ် ကင်းဝေးရေးလုပ်ငန်း၊ မူးယစ်ဆေး ၀ါး အန္တရာယ်ကြိုတင်ကာကွယ်ရေး
လုပ်ငန်း၊ ဆယ်ကျော်သက်ကျောင်း သားကျောင်းသူများ ဆွေးနွေးတိုင် ပင်ခြင်းလုပ်ငန်းကို
အဓိက ထားပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်၊ အစားအသောက်ပိုင်းမှာ အခုအပြင် မှာ
ရောင်းချနေတဲ့ အစားအသောက် တွေများမှာ ဆိုးဆေးတွေပါနေ တယ်၊ ကလေးငယ်တွေ အများစုက
လည်း ဆီကြော်မုန့်တွေ၊ အာဟာရ လုံလောက်စွာမပါရှိဘဲ ရယ်ဒီမိတ် မုန့်ထုပ်တွေစားနေကြတဲ့
အတွက် ဖြစ်တယ်၊ မူးယစ်ဆေးဝါးနဲ့ ပတ် သက်တာကတော့ ဆေးလိပ်ကင်း စင်တဲ့ကျောင်းတွေ
သတ်မှတ်ထား တယ်၊ အဲဒီကျောင်းအချို့မှာဆိုရင် ဆေးလိပ်တိုတွေကို တွေ့ရတယ်၊ အဲဒီ
ကျောင်းပရိဝုဏ်အတွင်းမှာ ဆေးလိပ်မရောင်းရဘူး၊ ကျောင်း သားတွေလဲ ဆေးလိပ်မသောက်ရ
ဘူး၊ ဆရာတွေလည်း ဆေးလိပ် မသောက်ရဘူး၊ အကယ်၍ဆိုင်တွေ က ရောင်းချတယ်လို့ စစ်ဆေးတွေ့
ရှိလာရင်သတ်မှတ်ထားတဲ့စည်းမျဉ်း စည်းကမ်းတွေနဲ့အရေးယူဆောင် ရွက်သွားမှာဖြစ်ပါတယ်''ဟု ဒေါက် တာခင်စောရီကပြောကြားခဲ့ပါသည်။
''ကျောင်းတွေကိုအလှည့်ကျဆွေး နွေးတိုင်ပင်
ဆောင်ရွက်သွားပါမယ်၊ ဥပမာ-အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီ အက်စ်အကြောင်းကို
ဆွေးနွေးမယ် ဆိုရင် ကျောင်းသားတွေက ဒီရောဂါ အကြောင်းကို ဘယ်လိုသိရှိထား တယ်၊
ဘယ်လိုနည်းတွေနဲ့ကူးစက် တယ်၊ ဘယ်လိုကာကွယ်ရမယ်ဆို တာတွေကိုမေးမယ်၊ ပြန်ရှင်းပြမယ်'' ဟု ဆရာဝန်ကြီးက ဆက်လက်ပြော ကြားခဲ့ပါသည်။ ယခုမိုးရာသီ၌သွေး
လွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည့် ရာသီရောက်ရှိလာသဖြင့် ကျောင်း များအချို့တွင်လည်း
ကာကွယ်ရေး လုပ်များကိုလည်း ပြုလုပ်လျက်ရှိ ကြောင်း သိရှိရသည်။
အခြေခံပညာကျောင်းအားလုံး၌ ကျောင်းကျန်းမာရေးလုပ်ငန်းသုံးရပ်
ဦးစားပေးဆောင်ရွက်




