နှစ်စဉ်နှစ်တိုင်း ဒေသတွင်း နိုင်ငံ များမှ ငယ်ရွယ်သော မိန်းကလေး များသည် အန္တရာယ်နှင့် ကြုံတွေ့ နိုင်သည်ကို မသိ လိုက်မသိပါဖြင့် အစုလိုက် အပြုံလိုက်စင်ကာပူ နိုင်ငံသို့  ရောက်ရှိ လာကြသည်။ ထို နိုင်ငံမှ ရှင်သန်လျှက်ရှိသည့် လိင်လုပ် ငန်းများတွင် အကြပ်ကိုင် စေခိုင်းခံရခြင်း နှင့် လှည့်ဖျားခံရခြင်းတို့ နည်းလမ်းများ ဖြင့် လိင်ကျွန်များ ဖြစ်နေကြရ သည်။ တချို့ မိန်းကလေးများသည် သိက္ခာရှိသည့် အလုပ်မျီုးရ မည်ဟု လိမ်ညာ သည့်ဂတိ စကားများကြောင့် ရောက်လာ ကြသူများ ဖြစ်သည်။ တချို့မှာ လိုလိုလားလားဖြင့် လိင်လုပ်သားလုပ်ရန် လာကြသူများလည်း ရှိကြသည်။ ထိုသူတို့ သည် ထိုလုပ်ငန်း၏ လုပ်ငန်းခွင် အခြေအနေနှင့် အခကြေးငွေ ရရှိမှုတို့ တွင် လှည့်ဖျား ခံရမှုများနှင့်ကြုံကြ ရသည်။ ထိုအမျိုးသမီး ငယ်လေးများသည် စင်ကာပူ နိုင်ငံတွင် တရားမဝင် အလုပ်လုပ်ရသည်၊ အခကြေး ငွေရယူ၍ လိင်လုပ်ငန်း လုပ်ရခြင်းသည် ထိုနိုင်ငံ၏ တည်ဆဲဥပဒေကို ချိုးဖောက်သည်ဟု ယုံကြည်ထားကြသည်။
သို့ ကြောင့် နိုင်ငံခြားမှ လာရောက်ထိုလုပ်ငန်းအလုပ်လုပ်ကြသည့် သူများအနေဖြင့် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိတရားဆွဲဆိုနိုင်ခြင်းမရှိဘဲ၊ တိတ်တိတ် ကလေးမိခင်နိုင်ငံသို့ ပြန်လေ့ ရှိကြ သည်။ သူတို့ ၏ လုပ်ခကို အလုပ်ရှင်ထံမှ အတင်း အကြပ်တောင်း ဆိုရယူနိုင် မှုမရှိကြ။ ထိုနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာအတွက် လူကုန်ကူးသည့်ပြစ်မှုများသည် သတင်းပို့ တိုင်ကြားခြင်း မရှိဘဲနှင့် တိတ်တဆိတ်တိမ်မြှုပ်ပျောက်ကွယ်နေဆဲဖြစ် နေသည်။ ထို့ ကြောင့် ထိုလိင်ကုန်ကူးသန်း ရောင်းဝယ်မှုလုပ်ငန်းသည် အလွန်အလွန့် ကို လူမသိသူမသိ ဖြစ်နေသည်။ သုတေသနပြု သူများက ထိုမိန်းကလေးများဖြစ်သည်ဟု ခေါ်ဆိုကြသည်။ သူတို့ ၏သတင်း စကားကို တိုးတိုးတိတ်တိတ်သာပြောဆိုမှု များဖြင့်သာ ကြားကြရသည်။
သို့ သော် မည်သည့်အခါမျှ သူတို့ အသိုင်းအဝိုင်းမှ အသံထွက်လေ့ မရှိကြ။ စင်ကာပူနိုင်ငံတွင် လူကုန်ကူးခံရသည့် အမျိုးသမီးအများစုသည် ၎င်းတို့  အလုပ်အကိုင်ရှာဖွေပေးရသည့် အတွက် ကုန်ကျစရိတ်၊ လေယာဉ်လက်မှတ်ခနှင့် နေထိုင်စရိတ် စသည့်ကုန်ကျစရိတ်အား လုံးကို အလုပ်ရသည့်အချိန်မှစ၍ အကြွေး ဖြင့်လုပ်ခထဲမှ စဖြတ်တောက်တော့သည်။ ၎င်းတို့ သည် ကြွေးမြီ နှောင်ဖွဲ့ခိုင်း စေခံရ ခြင်းဖြစ်သည့် လူကုန်ကူးခံရသည့် အမျိုးအစားထဲမှာ ပါဝင်သည်။ ထိုသူတို့သည် ခရီးမထွက်ခွာမှီကတည်းက ထိုသို့ ပေးဆပ်ရမည် ဖြစ်ကြောင်း အလုပ်သမားစုဆောင်း သူများက ပြောပြထားခြင်းမရှိ၊ အထူးသဖြင့် လိမ်လည်ခေါ်ယူခဲ့သည့် အလုပ်မျိုးဆိုလျှင် အလုပ်၏ သဘောသဘာဝပါ အသိပေးထားခြင်းမရှိပေ။ Straits Times သတင်းစာမှ အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန်မြို့မှ အမျိုးသမီးကို တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ရာ သူမသည်လည်း အခြားအင်ဒိုနီးရှားအမျိုးသမီးများလို ပြည့်တန်ဆာလုပ်ငန်းတွင် အကြွေးဖြင့် ရောင်းစားခံခဲ့ရသူ ဖြစ်သည်။
၂၀ဝ၇ ခုနှစ်က သူမ၏သူငယ်ချင်းဖြစ်သူ ဆာမာရမ်းမြို့စက်ရုံ တစ်ရုံတွင် အလုပ်လုပ်နေ သူက သူမကို ဘာတန်မြို့မှာ အလုပ်ရ မည်ဟုပြောဆိုကာ ခေါ်ဆောင်သွားပြီးနောက် ပြည့်တန်ဆာခေါင်းထံ သူမ၏ သူငယ်ချင်းက စင်ကာပူဒေါ်လာ ၁၄၀ဝ (10 milion rupiah) အကြွေးဖြင့်ရောင်း စားခံခဲ့ရခြင်းဖြစ်သည်။ လွန်ခဲ့သည့်နှစ်က ၄င်း၏ အမျိုးသမီးခေါင်း အလုပ်ရှင် (mamasan) က စင် ကာပူနိုင်ငံတွင် လိင် လုပ်ငန်းလုပ်ပါက ထိုထက်ငွေပိုရမည်ဟုပြောသဖြင့် လက်ခံကာ စင်ကာပူနိုင်ငံတွေင် လိင်လုပ်သား အဖြစ်လုပ်ကိုင်ရန် သဘောတူခဲ့သည်။ သို့ သော် စင်ကာပူ နိုင်ငံတွင် ထပ်မံ အကြွေး စင်ကာပူဒေါ်လာ ၂၀ဝ၀ ဖြင့်ရောင်းစားခံ လိုက်ရပြန်သည်။ မကြာလိုက်ပါ။
သူမ အလုပ်ဆင်းသည့် တပါတ်အတွင်းတွင် orchard tower အား စင်ကာပူရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခြင်းခံရပြီး ဘာတန်မြို့သို့ ပြည်နှင်ခံခဲ့ရသည်။ နောက်သုံးလအကြာမှာ ပြည်တန့် ဆာခေါင်းကပင် သူမအား နိုင်ငံကူးလက်မှတ် အတုဖြင့် စင်ကာပူသို့ ပြန်ပို့ ပြန်သည်။ စင်ကာပူနိုင်ငံရှိ Gey Lang တွင် လိင်လုပ်ငန်းလုပ်ကိုင်စေသည်။ထိုနေရာမှာလည်း တပတ်ခန့် အလုပ် လုပ်နေစဉ်အတွင်း စင်ကာပူ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးခံရကာ ပြည်နှင် ခံရပြန်သည်။ သူမအနေဖြင့် စင်ကာပူနိုင်ငံတွင် ဘာလုပ်ရမည်၊ ဘာတွေလုအပ် သည်၊ ဘာတွေဖြစ် လိမ့်မည်ကို အားလုံး သိ ရှိထားကြ သော်လည်း သူတို့ ၏ အကြွေး ယခုလောက်များလာလိမ့်မည်ကိုတော့ မသိရှိခဲ့ကြဟုဆိုသည်။
ထိုသို့ သော အကြွေးများပြန်ဆပ်ရမည်ကိုသိသည့်အတွက် စင်ကာပူနိုင်ငံမှမထွက်ခွာနိုင်ဖြစ်ရသည်။ စင်ကာပူနိုင်ငံတွင် လိင်လုပ်ငန်း လုပ်နေကြသည့် ဖိလစ်ပိုင်မှ အမျိုးသမီးများသည် စင်ကာပူ ဒေါ်လာ ၁၂၀ဝ မှ ၃၈၀ဝ ထိအကြွေးများ တင်နေကာ အင်ဒိုနီးရှားမှ အမျိုးသမီးများသည် စင်ကာပူ ဒေါ်လာ ၈၀ဝ မှ၂၅၀ဝ ထိအကြွေးများဖြင့် ကြွေးမြီးနှောင်ဖွဲ့ မှုဖြင့် လိင်လုပ်ငန်းတွင် အလုပ်လုပ် နေကြဆဲဖြစ်သည်ဟု Ecpat report (end child prostitution, Child Pornography and trafficking of Children for Sexual Purposes) ၏ တွေ့ဆုံမေးမြန်းမှု အစီရင်ခံစာမှာ ဖော်ပြထားပေသည်။
ရိုးရာလေး - အကြွေးဖြင့် စင်ကာပူတွင် အလုပ်လုပ် နေကြသူများ




