ၾသစေၾတးလ်၊
စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ အမေရိက၊ ဆိုက်ပရပ်၊ ကာတာ၊ ကနေဒါ၊ နိုင်ငံများမှ အွန်လိုင်း
သုံးစွဲသူများက စင်ကာပူနိုင်ငံတွင် နေထိုင်သော စာရေးဆရာ မအိန္ဒြာ၏ ဘလော့ဂ်တွင် တင်ထားသော
ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ သုခရိပ်မြုံ HIV/AIDS မိဘမဲ့ကလေးများ
အတွက် အလှူငွေလှူဒါန်းကြရန် နှိုးဆော်ထားသော စာများကို ဖတ်မိကြသဖြင့် အလှူငွေများကို
လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
အွန်လိုင်း
သုံးစွဲသူ (၁၁၁)ယောက်၏ အလှူငွေများကို စင်ကာပူတွင် နေထိုင်သော စာရေးဆရာ မအိန္ဒြာက စာရေးဆရာမ
မနော်ဟရီမှတစ်ဆင့် သုခရိပ်မြုံရှိ HIV/AIDS မိဘမဲ့ကလေးများအတွက် အလှူငွေ လှူဒါန်းပွဲကို
၂ဝ၁ဝ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့က ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်ဘုရားလမ်းရှိ လျှပ်တစ်ပြက် သတင်းဂျာနယ်တိုက်တွင်
ကျင်းပခဲ့ရာ အခမ်း အနားသို့ အွန်လိုင်းအလှူရှင်များကိုယ်စား စာရေးဆရာမ မနော်ဟရီ၊ သုခရိပ်မြုံမှ
အုပ်ချုပ်ရေးမှူး ဒေါ်အေးအေးမြင့်၊ အခမ်းအနားမှူး ဆရာမောင်မျိုး (ကြောင်နှစ်ကောင်)နှင့်
ဂျာနယ်မဂ္ဂဇင်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင်
ဆရာမောင်မျိုး(ကြောင်နှစ်ကောင်)မှ အွန်လိုင်းသုံးစွဲသူများက စာရေးဆရာမ အိန္ဒြာနှင့်
သူငယ်ချင်းများ၏ ဦးဆောင်ကြိုးပမ်းမှုဖြင့် ဤအလှူပွဲလေး ဖြစ်မြောက်လာခဲ့ခြင်း ဖြစ်ကြောင်း၊
အလှူငွေများကို မြန်မာနိုင်ငံတွင်းသို့ စာရေးဆရာမမနော်ဟရီမှ လက်ခံရယူလာပြီး သုခရိပ်မြုံရှိ
HIV/AIDS မိဘမဲ့ ဝေဒနာရှင်များအတွက် လှူဒါန်းပေးမည့် အစီအစဉ်ဖြစ်ကြောင်း၊ အွန်လိုင်းသုံးစွဲသူ
အလှူရှင်များက သုခရိပ်မြုံမှ စာရေးဆရာမ သန်းမြင့်အောင်နှင့် ဆရာဝန်စာရေးဆရာမစုထား တို့ကို
သိကြကြောင်း၊ ယနေ့ပွဲသို့ အွန်လိုင်းသုံးစွဲသူများ သိကြသော သုခရိပ်မြုံမှ တာဝန်ရှိသူနှစ်ဦးဖြစ်သည့်
ဆရာမသန်းမြင့်အောင်နှင့် ဆရာမစုထားတို့ မတက်ရောက်ကြသည့်အတွက် ဝမ်းနည်းဖွယ်ဖြစ်ရကြောင်း
ပြောဆိုသွားသည်။
အခမ်းအနားတွင်
စာရေးဆရာမမနော်ဟရီမှ အွန်လိုင်းသုံးစွဲသူများက HIV/AIDS မိဘမဲ့ ကလေးများအတွက် လှူဒါန်းသော
အလှူငွေ(၄၇)သိန်း ချက်လက်မှတ်ကိုလှူဒါန်းရာ သုခရိပ်မြုံမှ အုပ်ချုပ်ရေးမှူး ဒေါ်အေးအေးမြင့်က
လက်ခံရယူခဲ့သည်။
နိုင်ငံတကာမှ
ရန်ကုန်မြို့၊ သုခရိပ်မြုံရှိ HIV/AIDS မိဘမဲ့ဝေဒနာရှင်များအတွက် လှူဒါန်းရာတွင် အများဆုံး
လှူဒါန်းသူမှာ မလေးရှားနိုင်ငံသား အသက်(၁၉)နှစ်အရွယ်ရှိ ခရေတန်ဖြစ်ကြောင်း။ ခရေတန်သည်
သုခရိပ်မြုံမှ HIV/AIDS မိဘမဲ့ဝေဒနာရှင်များအတွက် အမေရိကန်ဒေါ်လာ(၅ဝဝ) စတင်လှူဒါန်းခဲ့ကြောင်း
စာရေးဆရာမ မနော်ဟရီက ပြောဆိုသွားသည်။
အခမ်းအနားတွင်
လျှပ်တစ်ပြက်သတင်းဂျာနယ် အယ်ဒီတာချုပ် ဆရာဦးမြတ်ခိုင်မှ အမှတ် တရစကား ပြောကြားရာတွင်
''မိဘမဲ့ HIV/AIDS ဝေဒနာရှင်များအတွက် နိုင်ငံတကာမှ အွန်လိုင်းသုံးစွဲသူများက တစ်ယောက်ကိုတစ်ယောက်
မမြင်ဘူးကြဘဲနှင့် ယခုလို လှူဒါန်းကြသည်မှာ အလွန်ပင်ပီတိဖြစ်စရာကောင်းကြောင်း၊ တချို့ဆိုလျှင်
မိဘမဲ့ကလေးများကို ဗန်းပြပြီး ကိုယ်ကျိုးအတွက် အသုံးချနေသည်များလည်းရှိကြောင်း၊ နိုင်ငံတကာမှ
အလှူရှင်များသည် တကယ်လိုအပ်သည့် နေရာများသို့သာ လှူချင်ကြကြောင်း၊ လုပ်စားကြသည်များကို
မိမိတို့ စာနယ်ဇင်းများမှ သိပေမယ့် မည်သို့မျှမတတ်နိုင်ကြောင်း၊ ပရဟိတလုပ်ငန်းကို အကြောင်းပြပြီး
လုပ်စားနေသူများ အနေဖြင့် ကိုယ့်လိပ်ပြာကိုယ်ရှက်သင့်ကြောင်း'' မှတ်မှတ်ရရ ပြောဆိုသွားသည်။
လျှပ်တပြက်ဂျာနယ်
- နိုင်ငံပေါင်း (၁ဝ)နိုင်ငံမှ အွန်လိုင်းသုံးစွဲသူများက သုခရိပ်မြုံရှိ HIV/AIDS မိဘမဲ့ကလေးများ
အတွက် ငွေကျပ် (၄၇)သိန်း လှူဒါန်း




