27
Jan

အကြိမ် ၉၀၀ တွင် တစ်ကြိမ်နှုန်းသာ လိင်မှတစ်ဆင့် HIV ကူးနိုင်ကြောင်း အသစ်တွေ့ရှိ

အာဖရိကတိုက်တွင် ပြုလုပ်သည့် လေ့လာစမ်းသပ်ချက်များ အရ  HIV ရောဂါပိုးရှိသူ  လိင်ဆက်ဆံဖက် အချင်းချင်းတွင် အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်မှုမှာ အကြိမ် ၉၀၀ တွင်မှ တစ်ကြိမ်သာ ဖြစ်နိုင်ကြောင်းကို အသစ်တွေ့ရှိခဲ့ရကြောင်း သိရသည်။

သို့ရာတွင် ယင်းသို့စမ်းသပ်ရာ၌ ရောဂါပိုးရှိသူ၏ သွေးထဲတွင် ရှိနေသည့် ပိုးပါဝင်မှုနှုန်း အနည်းအများအလိုက် ရလဒ်မှာ သိသိသာသာ ပြောင်းလဲနိုင်ကြောင်း ကိုလည်း လေ့လာသူ တစ်ဦးဖြစ်သော ဆီအက်တယ်ရှိ  ဝါရှင်တန်တက္ကသိုလ်မှ သုတေသနပညာရှင် James Hughes ကပြောကြားခဲ့သည်။အထူးသဖြင့် သွေးထဲတွင် ရှိနေသည့် ဗိုင်းရပ်စ်ပိုးပမာဏမှာ အခရာပင်ဖြစ်ကြောင်းနှင့် ရောဂါကူးစက်မှုတွင် အရေးပါသည့် အခန်းကပါဝင်ကြောင်းလည်း ၎င်းမှ ပြောကြားသွားခဲ့သည်။ ယခုလို စမ်းသပ်မှုတွင် ကျားမ စုံတွဲပေါင်း ၃၂၉၇ ၏ အချက်အလက်များကို ရယူပြီး အဖြေထုတ်ခဲ့ခြင်းဖြစ်ကာ HIV ရောဂါရှိသူများကိုလည်း  နှစ်နှစ်တာ ကာလအတွင်း ၎င်းတို့တွင် ရှိနေသည့် ပိုးပမာဏကိုလည်း စမ်းသပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

MRTV-4 - အကြိမ် ၉၀၀ တွင် တစ်ကြိမ်နှုန်းသာ လိင်မှတစ်ဆင့် HIV ကူးနိုင်ကြောင်း အသစ်တွေ့ရှိ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top