1
Sep

အနှိပ်ခန်းများကို မြို့နယ်အလိုက် ဒေသန္တရ အမိန့်ဖြင့် ဖမ်းဆီးအရေးယူမည်

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အနှိပ်ခန်းများအား မြို့နယ်အလိုက် ဒေသန္တရ အမိန့်ထုတ်ကာ အရေးယူသွားရန် အစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်း သိရသည်။ ထိုသို့ တရားမဝင်အနှိပ်ခန်းများ နှင့် အလှပြင်ဆိုင်အမည်ခံ အနှိပ်ခန်းများကို ဖမ်းဆီးအရေးယူရန် မြို့နယ်/ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား ယခုလ တတိယပတ်တွင် ညွှန် ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဒေသန္တရအမိန့်နှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက”ဒေသန္တရအမိန့်ဆိုတာ မြို့နယ်၊ ရပ်ကွက်တွေမှာ လိုအပ်တဲ့အခါ ထုတ် လို့ရတဲ့အမိန့်ပါ။ တိုင်းဒေသကြီးက ထုတ်ပေးစရာ မလိုဘူး။ ရပ်ကွက်ထဲမှာ ဖြစ်နေတဲ့ အကြောင်းအရာတွေကို အခါအားလျော်စွာ ထုတ်ပြန်သွားတာကို ခေါ်တာပေါ့။

မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ထုတ်လို့ရပါတယ်”ဟု ဆိုသည်။  ”ထုတ်ပြန်လို့ရမယ့် အကြောင်းအရာတွေကို မသိသေးသလို ညွှန်ကြားချက်လည်း မရောက်သေးဘူး။ အရင်က ထုတ်ပေးထားတဲ့  KTV တွေ၊ မာဆတ် တွေကို ဖမ်းမယ့် အမိန့်တောင် ပြန်နားသွားတယ်”ဟု အလုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာ နယ်နိမိတ်အတွင်းတွင် အလှပြင်ဆိုင် ၆၆ဝ နှင့် KTV ၇၉ ဆိုင်ရှိကြောင်း YCDC ၏ စာရင်း များအရ သိရသည်။

PN-039

Popular News - အနှိပ်ခန်းများကို မြို့နယ်အလိုက် ဒေသန္တရ အမိန့်ဖြင့် ဖမ်းဆီးအရေးယူမည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top