7daysnews အတွဲ ၆) အမှတ် ၂၉ (၁၁၊၁၀၊၂၀၀၇)
မိုဇမ်ဘစ်နိုင်ငံရှိ ကက်သလစ်ဘာသာရေးခေါင်းဆောင်က
ဥရောပမှ ထုတ်လုပ်သော ကွန်ဒုံးအချို့ သည် HIV ရောဂါပိုးများ ကူးစက်ခံထားရသည် ဟု ဘီဘီစီ
ကိုပြောကြားခဲ့သည်။ ဘာသာရေးခေါင်းဆောင်က ထိုကွန်ဒုံးများသည် အာဖရိက လူမျိုးများ၏ဘဝ
မြန်မြန်ဆန်ဆန် လက်စတုံးနေ ကြောင်း ထောက်ပြခဲ့ပြီး ကွန်ဒုံးသုံးစွဲရေးကို အပြင်းအထန်ကန်
့ကွက်ခဲ့သည်။
ဘာသာရေးခေါင်းဆောင်၏ ပြောကြားချက်ကြောင့် အေ့ခ်ျ အကူအညီပေးသူများအား
အကြီးအကျယ် စိတ်ပျက်သွားစေခဲ့သည်။ မိုဇမ်ဘစ် အေ့ခ်ျ ကာကွယ်တားဆီးရေးလှုံ့ ဆော်သူ မာဟန်ဂျိန်းက
“ကျွန်တော်တို့ တတွေ အေ့ခ်ျတားဆီးရေးအတွက် ကွန်ဒုံးကိုနှစ်ပေါင်းများစွာ သုံးလာတာပဲ
ဒါဟာရောဂါကို အကောင်းဆုံးကာကွယ်ပေးနေဆဲပါဘဲ” ဟူ၍ပြောကြားခဲ့သည်။ မိုဇမ်ဘစ်ရှိ လူဦးရေ
၂၉ သန်းတွင် ၁၆.၂ ရာခိုင်နှုန်းမှာ HIV ရှိနေသည်ဟုသိရပြီး နေ့ စဉ်လူဦးရေ ၅၀၀ ခန့် ကူးစက်ခံနေရသည်။




