17
Jul

ကောင်မလေးတစ်ယောက်ရဲ့ရင်ထဲကကဗျာ



မေမေ
ဒီနေကျောင်းမှာ
သမီးကိုယ့်နာမည်ကို
ပေါင်းတတ်သွားပီ
ဆရာမက
မေမေ့နာမည်ရေးပါတဲ့
စာရွက်ဗလာကို
ငေးကြည့်ရင်း
မျက်ရည်ကျလာတယ်
မေမေ့နာမည်မှ
သမီးမသိဘဲ
မေမေရယ်

ဖေဖေ
လမ်းထိပ်က သူငယ်ချင်းကို
သူ့အဖေက
စက်ဘီးစီးသင်ပေးနေတယ်
သမီးလေ
အရမ်းစီးချင်လို
သူငယ်ချင်းကို
ပူဆာမိပါတယ်
သူကနင့်အဖေကို
ဝယ်ခိုင်းပါလားတဲ့
သမီးလည်း
ဘယ်ရမလည်း
ပြန်ပြောခဲ့တာပေါ့
သမီးဖေဖေက
အဝေးကီးမှာ
အလုပ်သွားလုပ်တာလို
ပြန်လာရင်
ကားကီးပါလာမှာ
နင့်ကိုပေးမစီးဘူးလို
ဖေဖေ
လာခေါ်မယ်မှတ်လားဟင်
မြန်မြန်လာပါနော်
ဖေဖေနော်

မေမေ
ဒီနေကျောင်းမှာ
သမီးကို လူရည်ချွန်ရွေးတယ်
ဒါပေမဲ့
အုပ်ထိန်းသူပါမှ
ခရီးထွက်ရမယ်တဲ့
သူငယ်ချင်းတွေနဲထွက်သွားတဲ့
ကျောင်းကားကီးကိုကြည့်ပီး
သမီးပြုံးလိုက်တယ်
သမီးမငိုပါဘူး
မေမေရယ်
မေမေမပါဘဲလည်း
သမီးမသွားချင်ပါဘူး
သမီးကို
မေမေပြန်လာခေါ်တဲ့အခါကြမှ
တူတူခရီးသွားကြမယ်နော်

ဖေဖေ
ဒီနေဆရာမက
တိုင်းပြည်အတွက် အသက်ပေးသွားတဲ့
အာဇာနည်တွေအကြောင်း
ပြောပြတယ်
စစ်သားဝတ်စုံနဲ
ခန်ခန်ညားညားဖေဖေ့ကို
သမီးမြင်ယောင်ကြည့်တယ်
ဖေဖေကဘယ်လိုလူမျိုးလည်းဟင်
အို
ဘာပဲဖြစ်ဖြစ် သမီးဖေဖေ့ကို
ချစ်မှာပါပဲ

မေမေ
သမီးဒီနေ
နေမကောင်းဘူး အားရော့ပီး
နားထဲကလေတွေထွက်နေတယ်
ဆရာမကတော့သိပ်စိတ်မပူပါနဲတဲ့
အရင်ကရောဂါပြန်ထတာတဲ့
ခုခံအားကျဆင်းမှုရောဂါဆိုလား
ဘာလား
ပြန်မကောင်းခင်အထိ
သမီးကျောင်းမတက်ရဘူးတဲ့
သမီးစာမေးပွဲတွေကျမှာကြောက်တယ်မေမေရယ်
သမီးပညာတတ်ကီးဖြစ်မှ
မေမေနဲဖေဖေတိုကို
လိုက်ရှာနိုင်မှာလေ

ဖေဖေရေ
အခုလေ သမီးနားမှာ
လူတွေအများကီးပဲ
ဆရာဝန်မလေးတွေနဲသမီးဆရာမနဲ
ကျောင်းကသူငယ်ချင်းအချို့လည်းပါတယ်
သူတိုကသမီးကိုလာကြည့်ပီး
သမီးကို
ပန်းချီပုံလှလှလေး လာပေးတယ်လေ
သမီးရယ်
မေမေရယ် ဖေဖေရယ်
အတူတူ
လက်တွဲထားတဲ့ပုံလေး
သမီးဝမ်းသာလွန်းလို
မျက်ရည်တောင်ကျတယ်
ဖေဖေ
မြင်ရင်အရမ်းသဘောကျမှာသိလား

မေမေ
သမီးသူငယ်ချင်းက
တိုးတိုးလေးကပ်ပြောတယ်
သမီးက သေတော့မှာတဲ့
သမီးကဘာလိုသေရမှာလဲ
ငယ်ငယ်လေးရှိသေးတာ
မေမေ
သူပြောတာမယုံနဲနော်
သမီးနေကောင်းသွားရင်
မြန်မာပြည်အနှံ
မေမေ့ကိုလိုက်ရှာမယ်နော်

ဖေဖေ
ဒီနေထူးဆန်းတယ်
သမီးအနားမှာ အားလုံးက
ဝမ်းနည်းတဲ့
မျက်လုံးတွေနဲ
သမီးကိုကြည့်နေကြတယ်
ဆရာမက
သမီးလက်ထဲကို
သမီးမွေးစာရင်းလာထည့်ပေးသွားတယ်
မအားတဲ့ကြားက
သမီးဇာတိကိုသွားစုံစမ်းပေးခဲ့တယ်တဲ့
ကျေးဇူးတင်လိုက်တာ
ဆရာမရယ်

ဟင် ခေါင်းထဲမှာ မိုက်ခနဲ
နားထဲမှာလည်း
အသံတွေ ဝူးတူးဝါးတားနဲ
အားအရမ်းပျော့လာသလိုပဲ
မဖြစ်ဘူး
ဖေဖေ့နာမည်ရအောင်ဖတ်မှ
သမီးမအောင့်နိုင်တော့ဘူး
……..
…………
……………
သမီးအရမ်းမောတယ်
အသက်ရှူရတာအရမ်းခက်တယ်
မေမေ
ဖေဖေ
သမီးနေကောင်းသွားရင်
လာရှာမယ်နော် နော်
စောင့်စောင့်
နေနော်
……………….
………….
…….


*Snowflake*




(ရေးမယ်ရေးမယ်နဲ့
အခုမှရေးဖြစ်တဲ့ကဗျာလေးပါ မိဘနှစ်ဦးက စွန့်ပစ်ခံခဲ့ရတဲ့
AIDS ရောဂါသည် ကလေးမလေး တစ်ယောက်နေရာမှာ ခံစားရေးဖွဲ့ထားတာပါ
ကဗျာဆိုတာထက် ဒိုင်ယာရီတစ်ခုလိုမျို ရေးဖွဲ့ထားတာပါ။ တစ်ခါတစ်လေ မိဘတွေက
သားသမီးတွေကို မွေးဖွားသင့်မဖွားသင့် ဆုံးဖြတ်နိုင်ပေမယ့်
သားသမီးတွေကတော့ မိဘကိုရွေးချယ်ခွင့် မရှိခဲ့တာကို သတိပြုမိပါကြောင်း)

တာရာ - http://taryarkyalsin.blogspot.com/

Comments

  1. Anonymous says:

    ;(

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top