HIVရောဂါရှင်တစ်ဦး၏ ကျောက်ကပ်အား အစားထိုးကုသမိ၍ ကျောက်ကပ်ဝေဒနာရှင်တစ်ဦး
HIVရောဂါစွဲကပ်ခံရမှု အမေရိကန်နိုင်ငံတွင် ဖြစ် ပွားခဲ့ကြောင်း မတ်လ ၁၇ ရက်နေ့က အဆိုပါနိုင်ငံ၏
သတင်းထုတ်ပြန်ချက်အရ သိရ သည်။
ယင်းဖြစ်ရပ်သည် HIV ရောဂါ ကိုစတင်သိရှိခဲ့သည့် လွန်ခဲ့သော
၂၆ နှစ်တာ ကာလမှ ယနေ့အချိန် အထိ အတွင်းဝယ် ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ ခြင်းပင်ဖြစ်သည်။
အလှူရှင်သည် ၄င်းလှူမည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းအတွက် စစ်ဆေးမှု
ပြုလုပ်ခဲ့သော်လည်း စစ်ဆေးပြီးရက်နှင့် မလှူမီကြားကာလအတွင်း HIV ပိုးရှိသူတစ်ဦးနှင့်
ပေါင်းသင်းမိ၍ အဆိုပါရောဂါကို ဆင့်ပွားခံစားခဲ့ရကြောင်း၊ ထိုမှတစ် ဆင့် အလှူခံ ပုဂ္ဂိုလ်ဆီသို့
ထပ်ဆင့် ကူးစက်ခဲ့ခြင်းဖြစ်ကြောင်း၊ အလှူရှင်၏ သွေးအတွင်းသို့ ခွဲစိတ်လှူဒါန်းမှု မပြုမီ
ကာလအတွင်း AIDS ရောဂါဖြစ်စေမည့် HIVပိုးဝင်ရောက် ခြင်းအား မသိခဲ့ခြင်း မျိုးဖြစ်နိုင်ကြောင်း
ယင်းခွဲစိတ်မှုကို ပြုလုပ်ခဲ့သည့် နယူးယောက်ပြည်နယ်ရှိ ဆေးရုံတစ်ခုက ဆိုသည်။
”အလှူရှင်က ဆေးစစ်မှုပြုလုပ်ပြီးတဲ့နောက်မှာ အပျော်အပါးလိုက်စားမှု ကျူးလွန်ခဲ့တာဖြစ်နိုင်တယ်။ နောက် လှူမယ့်သူတွေလည်း ဒီအန္တရာယ်ကို သတိပြုဖို့လိုတယ်။
ဆေးရုံတွေအနေနဲ့လည်း ခွဲစိတ်ချိန်နဲ့ အနီးကပ်ဆုံး ကာလမှာ ဆေးစစ်မှုကို ထပ်မံ ပြုလုပ်ဖို့လိုတယ်”ဟု
အဆိုပါဆေးရုံမှ ပြော ရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။
နယူးယောက်ပြည်နယ်ရှိ နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးအဖွဲ့အနေ
ဖြင့် ယင်းကဲ့သို့သော မတော်တဆ လွဲချော်မှုများ မဖြစ်ပွားစေရန် ယခင် ထက်ပိုမို တင်းကြပ်သော
စစ်ဆေး မှုများ ပြုလုပ်လျက်ရှိကြောင်း၊ အလှူ ရှင်အားလုံးအား ၄င်းတို့၏ ခန္ဓာ ကိုယ်အစိတ်အပိုင်းများကို
မလှူမီ ၁၄ ရက်တာကာလ အတွင်း ဆေး စစ်မှုပြုလုပ်ပြီး HIVပိုးအပါအဝင် အသည်းရောင်အသားဝါ ဘီပိုး၊
စီပိုးနှင့် လိင်ပိုင်းဆိုင်ရာ အပြုအမူ နှင့်ပတ်သက်၍ စစ်ဆေးမေးမြန်း ခြင်း များ စနစ်တကျပြုလုပ်လျက်ရှိ
ကြောင်း သိရသည်။
”ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းမှုတွေကနေ ရောဂါပိုးထပ်ဆင့်
ကူးစက်တာတွေ ရှိလာတယ်။ အမေရိကန်နိုင်ငံမှာ လူဦးရေ ၁ သန်းကျော်က HIV ပိုးရှိတဲ့သူလို့
တွက်ချက်ထားတယ်”ဟု အထက်ပါ ဆေးရုံမှဆရာဝန်တစ်ဦးက ဆို သည်။
၂ဝဝ၉ ခုနှစ်တွင် အဆိုပါနိုင်ငံ ၌ကျောက်ကပ်အစားထိုးကုသခံရန်
လိုအပ်သည့် ဝေဒနာရှင် ၉ သောင်း နီးပါးရှိကြောင်း၊ ၁ သောင်းလေးရာ လေးဆယ့် နှစ်ယောက်မှာ
သေဆုံးပြီး လှူဒါန်းသူများမှ အလှူခံ ရရှိခဲ့ကြောင်း၊ ခြောက်ထောင့်သုံးရာ ရှစ်ဆယ့်ခုနစ်ယောက်မှာ
အသက် ရှင်နေထိုင်သူများထံမှ ရရှိခဲ့ကြောင်း သိရသည်။
ဝေမာထွန်း




